အသက် ၂၀၊ ၃၀ နှင့် ၄၀ အတွင်းမှာ လိုအပ်တဲ့ နေစဉ်ဗီတာမင်များ

0
428
- Advertisement -

သင့်ခန္ဓာကိုယ်ဟာ အသက် ၂၀၊ ၃၀နှင့် ၄၀ ကျော်လွန်လာရင် နေ့စဉ်ဗီတာမင်တွေ လိုအပ်လာပါတယ်။ သို့သော် ဗီတာမင်လိုအပ်ချက်က အသက်အပိုင်းအခြားအလိုက် မတူပါဘူး။ သင့်အသက်အရွယ်ပေါ် မူတည်ပြီး သင့်ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင်များကို ဂရုပြုရပါမယ်။

-Advertisement-

၁။ အသက် ၂၀အရွယ်မှာ လိုအပ်တဲ့ နေ့စဉ်ဗီတာမင်များ

လှသွေးကြွယ်နေတဲ့ ဒီအသက်အရွယ်မှာ သင်ဟာ ကိုယ်လက်လှုပ်ရှားမှုတွေ အများကြီး ရရှိနေပြီး သင့်ခန္ဓာကိုယ်က မိခင်ဘဝအတွက် ကြိုတင်ပြင်ဆင်ဖို့ စတင်နေပါပြီ။

ဗီတာမင်မျိုးစုံက သင့်ခန္ဓာကိုယ် တစ်ခုလုံးကို ခွန်အားနှင့် ခုခံနိုင်စွမ်း တိုးအောင် ကူညီပါလိမ့်မယ်။
ထို့အပြင် အသားအရေရဲ့ elasticity နှင့် ton အပြင် ကျန်းမာသော ဆံသားများကို ဗီတာမင်အေ၊ ဒီ နှင့်ဇင့်တို့မှ တဆင့်ရရှိပါတယ်။

မျိုးဆက်ပွားစနစ်အတွက် အထူးသဖြင့် ဗီတာမင် အီး၊ ဖောလစ်အက်စ်နဲ့ သံဓါတ်လိုအပ်ပါတယ်။

ဒါ့အပြင် ဗီတာမင် B6 နဲ့ B12 တို့ကြောင့် သင့်ကိုယ်ခံအားစနစ် ကောင်းမွန်စွာ လည်ပတ်ပါတယ်။

ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးအခြေအနေကို ဗီတာမင်စီစားသုံးခြင်းဖြင့် တိုးတတ်ကောင်းမွန်စေပါတယ်။

သင်နဲ့ အသင့်တော်ဆုံး အစားအစာ

တကယ်လို့ သင်ဟာ ကျန်းမာရေးနဲ့ မညီသော အစားအစာတွေကို စားရင် (သို့) နေ့လယ်စာ မစားဖြစ်တာတို့ ၊ ညနေစာ လွတ်သွားတာတို့ ခဏခဏဖြစ်ပါက အဝလွန်ခြင်း (သို့) အာဟာရချို့တဲ့မှုနှင့် အဆုံးသတ်နိုင်ပါတယ်။ ထို့ကြောင့် အသက် ၂၀အရွယ်ဆိုတာ အစာစားခြင်း အလေ့အထကောင်းတွေ စတင်ဖွံ့ဖြိုးဖို့ အကောင်းဆုံးအချိန်ဖြစ်ကြောင်း သတိရဖို့ လိုပါတယ်။

ဒီအချိန်အတောအတွင်းမှာ သင့်ခန္ဓာကိုယ်ဟာ ကြွက်သားထုထည်ကြီးထွားစေဖို့နဲ့ သတ္တုဓါတ်၊ ပရိုတိန်းတွေ လိုအပ်ပါတယ်။

ထို့အပြင် ဟင်းသီးဟင်းရွက်ဆီတွေကို ပိုစားသုံးတာက ကောင်းပါတယ်။ ကိုယ်ခံအားစနစ်ကို အားကောင်းစေဖို့ ဗီတာမင် စီ၊ ဘီနှင့် သံဓါတ်စားသုံးမှုကို တိုးပေးရပါမယ်။

၂။ အသက် ၃၀အရွယ်အတွင်းမှာ လိုအပ်တဲ့ နေ့စဉ်ဗီတာမင်များ

ဒီအသက်အရွယ်မှာ သင့်ခန္ဓာကိုယ်ဟာ လက်ရှိနဲ့ အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ ရောဂါတွေကို သူ့ဘာသာသူ ကာကွယ်ပေးပြီး စနစ်တွေအားလုံးကို ထိရောက်စွာ လည်ပတ်စေပါတယ်။ ဥပမာအားဖြင့်- အသက် ၃၀ကျော်မှာ အရေပြားရဲ့ အလုံးစုံကျန်းမာရေးနှင့် elasticity က ဗီတာမင် အေ နဲ့ ဗီတာမင် အီး စားသုံးမှုအပေါ် မူတည်ပါတယ်။

သင့်ရဲ့ ကိုယ်ခံစွမ်းအားနှင့် အာရုံကြောစနစ်တွေကို ဗီတာမင် ဘီ၊ ဗီတာမင်စီနှင့် မဂ္ဂနီစီယမ် တို့ဖြင့် အကောင်းဆုံးပြုလုပ်နိုင်ပါတယ်။ ထို့အပြင် ဇင့်၊ ဗီတာမင်အေနှင့် သံဓါတ် တို့ကြောင့် သင့်ခန္ဓာကိုယ်ရဲ့ ကျန်းမာရေး လုပ်ဆောင်မှုများကို တိုးတတ်ကောင်းမွန်စေပါတယ်။ ဖော့စဖောရက်နှင့် ကယ်လစီယမ်က သင့်ဆဲလ်တွေကို ပြန်လည်ဖြည့်တင်းပေးပါတယ်။

သင်နဲ့ အသင့်တော်ဆုံး အစားအစာ

ဒီအသက်အရွယ်မှာ နည်းနည်းချင်း ဝလာတာကို မြင်တွေ့ရမှာပါ။ ဒီဖြစ်ပျက်မှုက သင့်မှာရှိရင် ဇီဝဖြစ်ပျက်မှု နှေးလာတာနှင့်အမျှ သင်စားတဲ့ အစားအစာပမာဏကို လျှော့ချပြီး တတ်တတ်ကြွကြွ လှုပ်ရှားမှု လုပ်ရမယ့်အချိန်ပါပဲ။ ယေဘုယျအားဖြင့် ပိုကျန်းမာတဲ့ သဘာဝအစားအစာတွေကို စားဖို့ ကြိုးစားပါ။

အသုပ်

အိုမီဂါ ၃ဖက်တီးအက်ဆစ် ကြွယ်ဝတဲ့ ငါး

ဆီပူထိုး ဟင်းသီးဟင်းရွက်များ

တနေ့ကို အသီးငါးမျိုး

ကယ်လစီယမ်နှင့် သံဓါတ်ကြွယ်ဝတဲ့ အစားအစာများ

ပြုပြင်ထားတဲ့ အစားအစာများနှင့် ဟင်းခတ်အမွှေးအကြိုင်တစ်ချို့ကို ရှောင်ပါ။

၃။ အသက် ၄၀အရွယ်မှာ လိုအပ်တဲ့ နေ့စဉ်ဗီတာမင်များ

နုပျိုနေသေးတဲ့ အသက် ၄၀အရွယ်ဟာ သင့်ဘဝရဲ့ အချိန်ကောင်းတစ်ခုဖြစ်သော်လည်း သင့်ရဲ့ အားနည်းချက်တွေတကို စတင်ကာကွယ်ဖို့ လိုအပ်ပါတယ်။

ဒါ့ကြောင့် သင့်မှာ စွမ်းအင်လယ်ဗယ် နိမ့်ကျနေရင် သွေးအားနည်းနိုင်ပါတယ်။ သံဓါတ် ပိုလိုအပ်ပါတယ်။

အရိုးတွေကို ကာကွယ်ဖို့ ကယ်လစီယမ်နှင့် ဗီတာမင် ဒီ တို့ကိုသေချာစွာ စားသုံးပါ။

တကယ်လို့ သင့်မှာ စိုးရိမ်စိတ်၊ ကြွက်သားကိုက်ခဲမှုနှင့် ကြွက်တတ်မှုတွေ ရှိပါက မဂ္ဂနီစီယမ်နှင့် ပိုတတ်စီယမ်ကို စားသုံးသင့်ပါတယ်။

နှလုံးနှင့် သွေးကြောတွေရဲ့ ကျန်းမာရေးကို ကာကွယ်ဖို့ ဖောလစ်အက်ဆစ်နှင့် ဗီတာမင် B12 တို့လိုအပ်ပါတယ်။

ထို့အပြင် အင်တီအောက်ဆီဒင့်ကနေ အကောင်းဆုံးကာကွယ်မှု လိုချင်ရင် ဗီတာမင် A, C, D, နဲ့ E တို့လိုအပ်ပါလိမ့်မယ်။

သင်နဲ့ အသင့်တော်ဆုံး အစားအစာ

ဒီအရွယ်မှာ သင့်ခန္ဓာကိုယ်ဟာ ဟော်မုန်းအပြောင်းအလဲအချို့ကို စတင်ခံစားရပါလိမ့်မယ်။ ကိုယ်အလေးချိန်ပြောင်းလဲမှုကို တိုက်ဖျက်ဖို့ သော့ချက်က အင်တီအောက်ဆီဒင့်တွေ ဖြစ်ပါတယ်။ အင်တီအောက်ဆီဒင့် ကြွယ်ဝသော အစားအစာများက free radicals ရဲ့ဆိုးကျိုးသက်ရောက်မှုတွေကို တားဆီးပေးပါတယ်။ ဒီ free radicals တွေက အရွယ်မတိုင်မီ ဆယ်လူလာအိုမင်းခြင်း တရားခံတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်နေ့လျှင် သစ်သီးနှင့် ဟင်းသီးဟင်းရွက် ငါးမျိုးကို စားပေးရပါမယ်။

ဒီအသက်အရွယ်မှာ အရိုးပွရောဂါကို တိုက်ဖျက်ဖို့ ဗီတာမင် အေနှင့် ဒီ ကြွယ်ဝသော အစားအစာများကို ပိုစားပေးရပါမဘ်။

နောက်ဆုံးအနေနဲ့ ကိုယ်အလေးချိန်တိုးခြင်းကို ဖြစ်စေတဲ့ fluid retention (ဖောရောင်ခြင်း) မဖြစ်အောင် ဆားစားသုံးမှုကို လျော့ချသင့်ပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-steptohealth.

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here