ခုနောက်ပိုင်းမှာ အမျိုးသမီးတွေရော အမျိုးသားတွေပါ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ပိုပြီးနုပျိုလာကြတာကို မြင်တွေ့ကြရမှာပါ။ အထူးသဖြင့် အနုပညာအသိုင်းအဝိုင်းက သူတွေဆို ပိုပြီး သိသာပါတယ်။ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ သူတို့ရဲ့ နုပျိုလန်းဆန်းမှုတွေကို မြင်ကြရပါတယ်။
အသားအရေမှာ အပြစ်အနာအဆာကင်းမဲ့တာ ၊ စိုပြည်တင်းရင်းတာတွေနဲ့ အရွယ်တင်နုပျိုနေတာတွေဟာ ဒီတိုင်း ဘာမှမလုပ်ဘဲ ရလာတာတွေတော့ မဟုတ်ပါဘူး။ ဒီလို နုပျိုမှုတွေကို ရနိုင်ဖို့အတွက် လုပ်ယူရပါတယ်။ ကိုယ်တိုင် ကြိုးပမ်းအားထုတ်မှုနဲ့ ဂရုတစိုက် ထိန်းသိမ်းမှုတွေကြောင့် ပိုင်ဆိုင်ရတဲ့ ရလာဒ်တွေပါ။

အသားအရေကို အနာအဆာတွေ ဖြစ်ပေါ်စေပြီး စိုပြေတင်းရင်းမှုတွေ ဆုံးရှုံးရတာဟာ ဘာ့ကြောင့်ပါလဲ။ ခြောက်သွေ့အက်ကွဲစေတဲ့ အရွယ်တင်နုပျိုမှုတွေက သူများဆီမှာကျတော့ ဖြစ်ထွန်းပြီး ကိုယ့်ဆီ ရောက်မလာဘူးဆိုရင် ဒါက ကိုယ့်ရဲ့ ပြစ်ချက်တွေကြောင့်ပါပဲ။
အရေးကြောင်းတွေနဲ့ အိုစာနေစေမယ့် အကြောင်းအရင်းတွေကတော့ ကြောက်ဖို့ကောင်းလောက်အောင် များပြားလှပါတယ်။ နေရဲ့အပူဒဏ်၊ လေထုနဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှု ၊ စိတ်ဖိစီးမှု ၊ အလုပ်ဖိစီးမှု ၊ ဟော်မုန်းအပြောင်းအလဲ စတာတွေကြောင့် အိုမင်းရင့်ရော်မှုတွေ ဖြစ်ပေါ်နေတာပါ။

အထက်က ဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကိုသာ အသိဉာဏ်ရှိရှိ တွန်းလှန်ကိုင်တွယ်နိုင်မယ်ဆိုရင် လူကြားထဲ အသက်အရွယ်ကြီးရင့်နေပေမယ့် ပျိုမြစ်နုပျိုနေဆဲ သူတစ်ယောက်အဖြစ်နဲ့ ထင်လင်းကျော်ကြားနေမှာ မလွဲပါဘူး။
Lifestyle_Myanmar
ref-marieclarie