ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO)ရဲ့စစ်တမ်းအရ အဝလွန်တဲ့ရောဂါဟာ ယနေ့ခေတ်မှာ ပြဿနာတခု ဖြစ်လာနေပါတယ်။ ပုံမှန်ထက်အဝလွန်တာက ရောဂါပေါင်းစုံကို ဖိတ်ခေါ် နေသလိုပါပဲ။ အဝလွန်နေရင် သွေးတိုး၊ ဆီးချိုနဲ့ နှလုံးအဆီပိတ်ပြီး သေတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ဒီအဝလွန်တဲ့ရောဂါဟာ လိုအပ်တာထက်ပိုစားခြင်းနဲ့ အစားအစာကို ကျန်မားရေးနဲ့အညီ မစားသုံးခြင်းတို့ကြောင့် ဖြစ်ပါတယ်။ အစာလည်းဆေး ဆေးလည်းအစာဆိုတဲ့အတိုင်း ဆေးကိုအစာစားသလို အများကြီးမစားချင်ဘူးဆိုရင်တော့ အစားအစာတွေကို ဆေးလိုသဘောထားပြီး စားသင့်ပါတယ်။ ဒီနေ့ အသက်ရှည်ရှည် နေချင်ရင် ရှောင်ရမယ့် (သို့မဟုတ်) ရှောင်သင့်တဲ့ အစားအစာတွေကို ဖော်ပြပေးသွားမှာပါ။
ပြုပြင်ထားသောအသားများ
ပြုပြင်ထားတဲ့အသားတွေဟာ စားသုံးသူတွေဆီမရောက်လာခင်မှာ ပြုပြင်ခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်ကို ကျော်ဖြတ်ရပါတယ်။ ဒီအသားတွေကို ကြာရှည်ခံအောင် အခြောက်ခံခြင်း၊အငွေ့ခံခြင်း နဲ့ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေတဲ့ နိုက်ထရိတ်ဓာတ်ဆားတွေကို ထည့်သွင်းခြင်းတွေ ပြုလုပ်ရပါတယ်။ ဒီပြုပြင်ထားတဲ့ အသားတွေကို အစားများတာက နှလုံးရောဂါနဲ့ ကင်ဆာရောဂါတွေကို ဖြစ်ပွားစေနိုင်ပါတယ်။ ဝက်အူချောင်း၊ ဝက်ဆားနယ်ခြောက်၊ အမဲသား jerky စတာတွေဟာ ပြုပြင်ထားတဲ့ အသားတွေဖြစ်ပါတယ်။
ဒီအသားတွေကို အစားများတာက ကင်ဆာနဲ့နှလုံးရောဂါဖြစ်နိုင်ချေကို ၄၄% ပိုမိုမြှင့်တက်စေပါတယ်။ ပြီးတော့ ဆီးချိုရောဂါဖြစ်ပွားမှုနှုန်းကိုလည်း ပုံမှန်ထက် ၁၉% ခန့် မြှင့်တတ်စေပါတယ်။ ဒါကြောင့် အသက်ရှည်ရှည် နေချင်တယ်ဆိုရင်တော့ ပြုပြင်ထားတဲ့ အသားတွေကို မစားကြဖို့အကြံပေးပါရစေ။

အချိုရည်များ
အချိုရည်တွေမှာ သကြားပါဝင်မှုနှုန်း အင်မတန်များပါတယ်။ ဒီအချိုရည်တွေကို ပုံမှန်သောက်သုံးမယ်ဆိုရင် သွေးတွင်းသကြားပါဝင်မှုနှုန်း မြှင့်တတ်လာမှာဖြစ်ပါတယ်။ ဒါကြောင့် အဝလွန်ခြင်းကိုဖြစ်စေပြီးတော့ ဆီးချိုရောဂါနဲ့ သွေးဖိအားမြင့်တတ်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ပြီးတော့ အချိုရည်တွေ သောက်သုံးတာက အရိုးတွေရဲ့ သတ္တုသိပ်သည်းဆကို အများကြီးသက်ရောက်မှုရှိစေပါတယ်။ အသက်ရှည်ကျန်းမာစွာနေထိုင်ချင်ရင်တော့ သကြားနဲ့ သကြားကိုအခြေခံပြီး ပြုလုပ်ထားတဲ့ အချိုရည်တွေကို အများကြီး မသောက်ကြဖို့ အကြံပေးချင်ပါတယ်။

အသင့်စား ခေါက်ဆွဲတွေ
လူတော်တော်များများက အသင့်စားခေါက်ဆွဲတွေကို စားရတာ ကြိုက်ကြတယ်။ ဒါတွေက ချက်ပြုတ်ရလွယ်ကူပြီး အရသာလည်းရှိတာကို။ ပြီးတော့ အချိန်လည်းသိပ်မပေးရတော့ ပိုအဆင်ပြေတာပေါ့။ ဒါပေမယ့် ဒီခေါက်ဆွဲတွေက ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆိုတာကိုတော့ သိထားဖို့လိုအပ်ပါတယ်။ ခေါက်ဆွဲ တွေကြာရှည်အထားခံဖို့အတွက် အန္တာရယ်ရှိတဲ့ ဓာတုဗေဒ ပစ္စည်းတွေ ကိုအသုံးပြုကြပါတယ်။
ဒီခေါက်ဆွဲတွေမှာ အာဟာရ လုံးဝမပါတဲ့ ကယ်လ်လိုရီတွေ၊ ဆိုဒီယမ်တွေနဲ့ အဆီ တွေအများကြီးပါဝင်နေပါတယ်။ ဒါတွေက သင့်ခန္တာကိုယ်ထဲမှာ ကျန်နေခဲ့ပြီးတော့ ကျန်းမားရေးဆိုးကျိုးတွေ ဖြစ်စေပါတယ်။ ဒီခေါက်ဆွဲတွေကို တပက် ၂-၃ ကြိမ်ထိ စားမယ်ဆိုရင် သွေးတွင်းသကြားပါဝင်မှုနဲ့ သွေးဖိအားမြှင့်တတ်လာတာ၊ ဝမ်းဗိုက်အဆီပိုလာတာတွေ ဖြစ်ပွားစေပါတယ်။ ဒါကြောင့်မားမားခေါက်ဆွဲနဲ့ တခြားကြာရှည်အထားခံအောင်ပြုလုပ်ထားတဲ့ ခေါက်ဆွဲတွေကို ဖြစ်နိုင်ရင် မစားကြဖို့ အကြံပေးချင်ပါတယ်။

အပေါ်ကဖော်ပြထားတဲ့ အစားအစာတွေအပြင် တခြားမစားသင့်တဲ့ အရာတွေကတော့ ဆေးသကြား၊ ဆီကြော်မုန့်၊ ပေါက်ပေါက်၊ ရေခဲမုန့်၊ ပီကေ၊ အားဖြည့်အချိုရည် တွေပဲဖြစ်ပါတယ်။
အသက်ရှည်ကျန်းမာဖို့ ဘာတွေလုပ်ရမလဲ
- တပတ်ကို လေ့ကျင့်ခန်း ၃-၄ ကြိမ်ခန့်ပြုလုပ်ပေးပါ။
- စိတ်ဖိစီးမှုကို အတတ်နိုင်ဆုံးလျှော့ချပါ။ ယောဂ ဒါမှမဟုတ် တရားထိုင်တာတွေ ပြုလုပ်ပေးပါ။
- သန့်ရှင်းလတ်ဆက်တဲ့ အစားအစာတွေကိုရွေးစားပါ။ ကျန်းမာရေးနဲ့အညီ စားသုံးပါ။
- အထက်က ဖော်ပြပေးထားတဲ့ အစားအစာတွေအားလုံးကို ရှောင်ပါ။
- ပျော်ပျော်နေပါ။ ဘယ်လိုအခြေအနေပဲရောက်ရောက် ရှေ့ဆက်သွားပါ။

Lifestyle_Myanmar
ref-thelist