အသက်ရှင်လျှက် မြေမြှပ်ထားတဲ့ စွန့်ပစ်ကလေးကို ကယ်တင်ခဲ့တဲ့ ခွေးလေး

0
70
မသန်စွမ်းတဲ့ခွေးလေး
မသန်စွမ်းတဲ့ခွေးလေး

အသက် ၆နှစ်အရွယ် Ping Pong လို့ အမည်တဲ့ မသန်စွမ်းတဲ့ခွေးလေးဟာ ဆယ်ကျော်သက်အရွယ် မိခင်တစ်ဦးရဲ့ စွန့်ပစ်ပြီး မြေမြှပ်ထားတဲ့ ကလေးကို ကယ်တင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်လေးဟာ ထိုင်းနိုင်ငံ အရှေ့မြောက်ဘက်ရှိ ရွာလေးတစ်ရွာမှာ ပြီးခဲ့တဲ့ မေလ ၁၅ရက်နေ့ နံနက်ပိုင်းမှာဖြစ်သွားခဲ့တာဖြစ်ပါတယ်။

The Guardian သတင်းရဲ့ အဆိုအရ အဆိုပါ ခွေးလေးဟာ ကားတိုက်ခံထားရပြီး ခြေထောက် သုံးချောင်းပဲ အလုပ်လုပ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ ဘန်ကောက်မြို့ Cham Phuang ပြည်နယ် Ban Nong Kham ရွာမှာ ဖြစ်သွားတဲ့ အသက်ရှင်လျက် မြေမြှပ်ထားတဲ့ကလေးကို ရှာဖွေတူးဖော်ပြီး ကယ်တင်ပေးနိုင်ခဲ့ပါတယ်။

ကလေးကို ရှာတွေ့တဲ့အခါမှာ Ping Pong ဟာ အနီးနားမှာရှိတဲ့ လယ်သမားတွေကို ဟောင်ပြီး အချက်ပေးပါတယ်။ လယ်သမားတွေရောက်လာတဲ့အခါမှာတော့ Ping Pong ဟာ ကလေးရဲ့ ခြေထောက်ပေါ်အောင် တူးဖော်ထားပေးထားပါတယ်။ လယ်သမားတွေရောက်လာပြီး ခပ်မြန်မြန်တူးဖော်ကြည့်တဲ့အခါ မွေးကင်းစအရွယ် ကလေးတစ်ဦးဖြစ်နေပါတယ်။ အသက်ရှင်နိုင်ခြေရှိသေးတာကြောင့် ကလေးကို ခေါ်ပြီး ဆေးရုံကို ချက်ခြင်း ပို့ဆောင်ပေးခဲ့ပါတယ်။

ဆရာဝန်တွေက ကလေးကို စစ်ဆေးပြီးတဲ့အခါ ကလေးက ပုံမှန် ကျန်းကျန်းမာမာရှိကြောင်း ဘီဘီစီသတင်းမှာ ဖော်ပြပေးခဲ့ပါတယ်။ Ping Pong ရဲ့ ပိုင်ရှင်ဟာ အသက် ၄၁နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး Ping Pong ဟာ မသန်းစွမ်းတာကြောင့် သနားပြီး ခေါ်ယူမွေးစားထားတာလို့ ဆိုပါတယ်။ အခုတော့ သူ့ရဲ့ ခွေးလေးဟာ မွေးရကျိုးနပ်တဲ့ သူရဲကောင်းခွေးလေး လို့ ဆိုပါတယ်။

“Ping Pong ဟာ မသန်စွမ်းပေမဲ့ သူ့အပေါ်မှာ သစ္စာရှိပြီး ပြောစကားလည်း နားထောင်တဲ့ခွေးလေးတစ်ကောင်ပါ။ လယ်ထဲသွားတဲ့အခါမှာလည်း သူ့နဲ့ အဖော်ပြုပြီး အမြဲကူညီပေးတတ်ပါတယ်။ ဒါ့ကြောင့် တစ်ရွာလုံးကလည်း သူ့ကို ချစ်ကြတယ်။ အခုကလေးကို သူ ဘယ်လို ရှာတွေ့ခဲ့လည်းဆိုတာတော့ တကယ့်ကို အံ့သြစရာပါပဲလို့” Ping Pong ရဲ့ သခင်ဖြစ်သူက ဆိုပါတယ်။

စုံစမ်းစစ်ဆေးချက်တွေအရ ကလေးကို စွန့်ပစ်သွားတဲ့ မိခင်ဟာ ၁၅နှစ်အရွယ်ဆယ်ကျော်သက် အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမရဲ့ ဖခင်ကို ကြောက်ပြီး ကလေးကို အခုလို့ မြေမြှပ်ဖို့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သူမရဲ့ လုပ်ရပ်ဟာလူသတ်မှုမြောက်တာကြောင့် သူမအပါအဝင်စပ်နွယ်သူအားလုံး ဥပဒေအရ တရားရင်ဆိုင်နေရပါပြီ။ သူမဟာ အဲ့ဒီအချိန်က ဖခင်သိမှာကြောက်တာရယ်၊ ဒေါသဖြစ်မိတာရယ်ကြောင့် ဘာကိုမှ မစဥ်းစား မဆင်ခြင်တော့ဘဲ အခုလိုရက်စက်တဲ့အပြုအမူကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီအချိန်မှာတော့ သူမရဲ့လုပ်ရက်ကို နောင်တရလို့မဆုံးပါဘူးလို့လည်း ဆိုသွားပါတယ်။

#Lifestyle_Myanmar

#Thar_Nage

စည်းစိမ်ချမ်းသာမက်တဲ့ ရည်းစားကို သင်ခန်စားပေးပြီး လမ်းခွဲလိုက်တဲ့ အမျိုးသား

Zawgyi fonts

အသက္ရွင္လၽွက္ ေျမျမႇပ္ထားတဲ့ စြန္႔ပစ္ကေလးကို ကယ္တင္ခဲ့တဲ့ ေခြးေလး
အသက္ ၆ႏွစ္အရြယ္ Ping Pong လို႔ အမည္တဲ့ မသန္စြမ္းတဲ့ေခြးေလးဟာ ဆယ္ေက်ာ္သက္အရြယ္ မိခင္တစ္ဦးရဲ့ စြန္႔ပစ္ၿပီး ေျမျမႇပ္ထားတဲ့ ကေလးကို ကယ္တင္ခဲ့ပါတယ္။ ဒီအျဖစ္အပ်က္ေလးဟာ ထိုင္းနိုင္ငံ အေရွ႕ေျမာက္ဘက္ရွိ ရြာေလးတစ္ရြာမွာ ၿပီးခဲ့တဲ့ ေမလ ၁၅ရက္ေန႔ နံနက္ပိုင္းမွာျဖစ္သြားခဲ့တာျဖစ္ပါတယ္။ The Guardian သတင္းရဲ့ အဆိုအရ အဆိုပါ ေခြးေလးဟာ ကားတိုက္ခံထားရၿပီး ေျခေထာက္ သုံးေခ်ာင္းပဲ အလုပ္လုပ္ပါတယ္။ ဒါေပမဲ့ ၿပီးခဲ့တဲ့ ရက္ပိုင္းမွာေတာ့ ဘန္ေကာက္ၿမိဳ႕ Cham Phuang ျပည္နယ္ Ban Nong Kham ရြာမွာ ျဖစ္သြားတဲ့ အသက္ရွင္လ်က္ ေျမျမႇပ္ထားတဲ့ကေလးကို ရွာေဖြတူးေဖာ္ၿပီး ကယ္တင္ေပးနိုင္ခဲ့ပါတယ္။

ကေလးကို ရွာေတြ႕တဲ့အခါမွာ Ping Pong ဟာ အနီးနားမွာရွိတဲ့ လယ္သမားေတြကို ေဟာင္ၿပီး အခ်က္ေပးပါတယ္။ လယ္သမားေတြေရာက္လာတဲ့အခါမွာေတာ့ Ping Pong ဟာ ကေလးရဲ့ ေျခေထာက္ေပၚေအာင္ တူးေဖာ္ထားေပးထားပါတယ္။ လယ္သမားေတြေရာက္လာၿပီး ခပ္ျမန္ျမန္တူးေဖာ္ၾကည့္တဲ့အခါ ေမြးကင္းစအရြယ္ ကေလးတစ္ဦးျဖစ္ေနပါတယ္။ အသက္ရွင္နိုင္ေျခရွိေသးတာေၾကာင့္ ကေလးကို ေခၚၿပီး ေဆး႐ုံကို ခ်က္ျခင္း ပို႔ေဆာင္ေပးခဲ့ပါတယ္။ ဆရာဝန္ေတြက ကေလးကို စစ္ေဆးၿပီးတဲ့အခါ ကေလးက ပုံမွန္ က်န္းက်န္းမာမာရွိေၾကာင္း ဘီဘီစီသတင္းမွာ ေဖာ္ျပေပးခဲ့ပါတယ္။ Ping Pong ရဲ့ ပိုင္ရွင္ဟာ အသက္ ၄၁ႏွစ္အရြယ္အမ်ိဳးသားတစ္ဦးျဖစ္ၿပီး Ping Pong ဟာ မသန္းစြမ္းတာေၾကာင့္ သနားၿပီး ေခၚယူေမြးစားထားတာလို႔ ဆိုပါတယ္။ အခုေတာ့ သူ႔ရဲ့ ေခြးေလးဟာ ေမြးရက်ိဳးနပ္တဲ့ သူရဲေကာင္းေခြးေလး လို႔ ဆိုပါတယ္။

“Ping Pong ဟာ မသန္စြမ္းေပမဲ့ သူ႔အေပၚမွာ သစၥာရွိၿပီး ေျပာစကားလည္း နားေထာင္တဲ့ေခြးေလးတစ္ေကာင္ပါ။ လယ္ထဲသြားတဲ့အခါမွာလည္း သူ႔နဲ႔ အေဖာ္ျပဳၿပီး အျမဲကူညီေပးတတ္ပါတယ္။ ဒါ့ေၾကာင့္ တစ္ရြာလုံးကလည္း သူ႔ကို ခ်စ္ၾကတယ္။ အခုကေလးကို သူ ဘယ္လို ရွာေတြ႕ခဲ့လည္းဆိုတာေတာ့ တကယ့္ကို အံ့ၾသစရာပါပဲလို႔” Ping Pong ရဲ့ သခင္ျဖစ္သူက ဆိုပါတယ္။ စုံစမ္းစစ္ေဆးခ်က္ေတြအရ ကေလးကို စြန္႔ပစ္သြားတဲ့ မိခင္ဟာ ၁၅ႏွစ္အရြယ္ဆယ္ေက်ာ္သက္ အမ်ိဳးသမီးတစ္ဦးျဖစ္ၿပီး သူမရဲ့ ဖခင္ကို ေၾကာက္ၿပီး ကေလးကို အခုလို႔ ေျမျမႇပ္ဖို႔ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ သူမရဲ့ လုပ္ရပ္ဟာလူသတ္မွုေျမာက္တာေၾကာင့္ သူမအပါအဝင္စပ္ႏြယ္သူအားလုံး ဥပေဒအရ တရားရင္ဆိုင္ေနရပါၿပီ။ သူမဟာ အဲ့ဒီအခ်ိန္က ဖခင္သိမွာေၾကာက္တာရယ္၊ ေဒါသျဖစ္မိတာရယ္ေၾကာင့္ ဘာကိုမွ မစဥ္းစား မဆင္ျခင္ေတာ့ဘဲ အခုလိုရက္စက္တဲ့အျပဳအမူကို ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ ဒီအခ်ိန္မွာေတာ့ သူမရဲ့လုပ္ရက္ကို ေနာင္တရလို႔မဆုံးပါဘူးလို႔လည္း ဆိုသြားပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here