အသက်ကြီးလာတဲ့အခါ မိဘအများစုနောင်တရတတ်ကြတဲ့ အမှား(၈)ခု

0
531

မိဘတွေအားလုံးက မိမိတို့ရဲ့ကလေးတွေကို အကောင်းဆုံးဘ၀တွေရရှိစေချင်ကြတယ်။ သူတို့ထဲက တော်တော်များများက သူတို့အတွက်ကစားစရာအသစ်တွေ၀ယ်နိုင်ဖို့ အလုပ်လုပ်ကြတယ်။ တစ်ချို့ကတော့ သူတို့ရဲ့ကလေးတွေကို စည်းကမ်းလိုက်နာစေချင်တယ်၊ တချို့ကတော့ ကလေးတွေကို ရွေးချယ်ခွင့်ပေးပြီးတော့ ဆုံးဖြတ်ချက်ချနိုင်အောင် သင်ပေးတယ်။ မိသားစုတိုင်းက ကိုယ်ပိုင်ပြုစုပျိုးထောင်နည်းတွေများစွာရှိပါတယ်။ တစ်ခုရှိတာက မိဘတွေအားလုံးမှာရှိတဲ့တူညီချက်တစ်ခုက သူတို့ပြန်လှည့်ချင်တဲ့အတိတ်က အမှားတွေရှိနေတတ်တာပါပဲ။

-Advertisement-

၁။ သူတို့ကလေးနှင့်အတူ သူတို့ရဲ့ဆက်ဆံရေးတွေကို အပြည့်အ၀မခံစားခဲ့ရဘူး

အလျင်အမြန်ကြီးထွားလာတဲ့ ကလေးတစ်ဦးက လူကြီးတွေနှင့် အမြဲအဆက်အသွယ်လိုအပ်ပါတယ်။ ဒါပေမယ့်တကယ့် အမှန်တရားမှာမိဘတွေကိုယ်တိုင်က ဒီဆက်သွယ်မှုကို လိုအပ်ပါတယ်။ ဟုတ်ကဲ့ အချိန်တွေနည်းတာသိပါတယ်။ ကလေးဂိမ်းကစားနေတဲ့အခါ မိခင်က တစ်ခုခုလုပ်ရင်အဆင်ပြေပါတယ်။ ဒါပေမယ့်လည်းပဲ ဒါကိုအလေ့အကျင့်တစ်ခုအဖြစ်ပြောင်းလဲလိုက်မယ်ဆိုရင် တစ်ချိန်ချိန်မှာ သင့်ကလေးကကြီးပြင်းလာပြီးတော့ သူတို့ရဲ့ကိုယ်ပိုင်ဘ၀မှာ နေထိုင်နိုင်ကြောင်းသတိပြုမိနိုင်ပါတယ်။


သင့်ရဲ့ဆုံးရှုံးခဲ့ရတဲ့အချိန်ကို ပြန်လည်ထုတ်ယူဖို့နည်းလမ်းမရှိပါဘူး။ ဒါကြောင့်မို့ သင့်ကလေးနှင့် ကိုယ်ခန္ဓာပိုင်းဆိုင်ရာနီးကပ်ရုံသာမက စိတ်ပိုင်းဆိုင်ရာလည်း နီးကပ်နိုင်ဖို့ ကြိုးစားပါ။ သင်နဲ့အတူတူအချိန်းဖြုန်းရတဲ့အချိန်ကို ပျော်မွေ့ပါ။


၂။ သူတို့ကလေးတွေကိုမကြာခဏအပြည့်အ၀မပွေ့ဖက်ခဲ့ဘူး

သိပ္ပံပညာရှင်တွေဟာ ကျန်းမာရေးအတွက်ပွေ့ဖက်ခြင်းရဲ့ အရေးပါမှုကို သက်သေပြနိုင်ခဲ့တယ်။ အဲဒီ့မှာ သိသာထင်ရှားတဲ့အားသာချက်တွေ အများကြီးရှိပေမယ့် သင့်ကလေးကို ပွေ့ဖက်လိုက်တာကောင်းတယ်ဆိုတာ သင်သဘောတူမှာပါ။ တစ်ခါတလေမှာ မိဘတွေဟာ အကြောင်းအမျိုးမျိုးကြောင့်အဲ့လိုမလုပ်ကြဘူး။ သူတို့အများစုက မှားယွင်းတဲ့လုပ်ရပ်တွေ (သို့) ခေတ်နောက်ကျနေတယ်။

အချိန်တွေကြာလာတာနဲ့အမျှ ကလေးဟာ ကြီးပြင်းလာပြီးတော့ သူတို့ကိုပွေ့ဖက်ခွင့်ပြုတော့မှမဟုတ်ပါဘူး။ ဒါကြောင့် ဒီအချိန်လေးကို သင်တတ်နိုင်သလောက်မြည်းစမ်းပါ။

၃။ သူတို့က ဓာတ်ပုံတွေနဲ့ဗီဒီယိုတွေကို လုံလောက်အောင်မရိုက်ခဲ့ကြဘူး

ဟုတ်ပါတယ်ဓာတ်ပုံမရိုက်ဘူးဆိုရင် ဘာမှဆိုးမှာ မဟုတ်ပါဘူး။ ဒါက ကလေးရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေ၊ သူတို့ရဲ့ ကိုယ်ကျင့်တရားအရည်အသွေးများ (သို့) ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို ထိခိုက်စေမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အနာဂတ်မှာ သင်က သင့်ဘ၀ရဲ့တန်ဖိုးအရှိဆုံးအချိန်အချို့ကို သတိရပြီးသင့်ရဲ့စိတ်လှုပ်ရှားဖွယ်အရွယ်ရောက်လာတဲ့အခါ အဲ့ဒီ့စိတ်လှုပ်ရှားမှုတွေကို မျှ၀ေချင်ကြတယ်။ မိဘတွေတော်တော်များများက ကင်မရာမသုံးခဲ့တဲ့အတွက် နောင်တရကြတယ်။

မီးရှူးမီးပန်းတွေကိုမှတ်တမ်းတင်ခြင်းကို ဘယ်တော့မှ ပြန်ကြည့်မှာ မဟုတ်ပေမယ့်လည်း သင့်ကလေးရဲ့ ပထမဆုံးခြေလှမ်းတွေကို တစ်ကြိမ်ထက်မက ကြည့်ချင်နေပါလိမ့်မယ်။ ဓာတ်ပုံအယ်ဘမ်တွေရှိခြင်းက အရေးကြီးတဲ့ဓာတ်ပုံတွေကို ထိန်းသိမ်းဖို့အကောင်းဆုံးနှင့် အယုံကြည်ရဆုံးနည်းလမ်းဖြစ်ပါတယ်။

၄။ သူတို့က သူတို့ကလေးရဲ့ပထမဆုံးစကားကို ချမရေးခဲ့ကြဘူး

ဒါဟာ အရမ်းကောင်းတဲ့အမှတ်တရတွေဖြစ်ပါတယ်။ သူတို့မရှိဘဲအလွယ်တကူနေထိုင်နိုင်ပေမယ့် သူတို့ရှိနေတာက အများကြီးပိုကောင်းပါတယ်။

၅။ ကလေးတွေကို အလုံအလောက်ဖန်တီးခွင့်မပေးခဲ့ဘူး

သင့်ကလေးနဲ့အတူ ဖန်တီးမှုဂိမ်းတွေကစားမယ်ဆိုရင် သူတို့က ကြီးစွာသောအနုပညာရှင် (သို့)ဂီတပညာရှင်တွေဖြစ်လာလိမ့်မယ်လို့ ပြောနေတာမဟုတ်ပါဘူး။ ဒါပေမယ့် အခွင့်အလမ်းရှိပါတယ်။ ပထမဦးဆုံးသင့်အနေနဲ့ သူတို့ရဲ့ကွဲပြားခြားနားတဲ့လှုပ်ရှားမှုတွေမှာ ပါ၀င်ပါ။ နောက်ပြီးသူတို့ရဲ့ စိတ်၀င်စားမှုနှင့် သူတို့ရဲ့ရွေးချယ်မှုတွေကို သတိပြုနိုင်ပါတယ်။ ဒီလိုဆိုရင် သင်က သူတို့ရဲ့အားသာချက်တွေကို ဖွံ့ဖြိုးတိုးတက်ဖို့လုပ်နိုင်ပါတယ်။ ဒုတိယအနေနဲ့ ဥပမာ အသံထွက်စာဖတ်ခြင်း၊ ကစားစရာတွေနဲ့ အတူကစားခြင်းက သူတို့ရဲ့ညဏ်ရည်၊ စိတ်ကူးစိတ်သန်းတွေကို တိုးပွားစေပါတယ်။ နောက်ဆုံးအနေနဲ့ သင်နှင့် သင့်ကလေးအတွက်ဆက်သွယ်မှုကို ပိုမိုခိုင်မာစေပြီးတော့ ဒီတစ်ခုတည်းနဲ့ အတူတကွပြုလုပ်ဖို့လုံလောက်တဲ့အကြောင်းပြချက်ဖြစ်ပါတယ်။


အတွေ့အကြုံရှိတဲ့မိဘတွေဟာ တစ်ချို့အရည်အချင်းတွေကို ငယ်ရွယ်စဥ်ကတည်းက သတိပြုမိပေမယ့်လည်း ကလေးတွေရဲ့စွမ်ရည်တွေကို သတိမထားမိတဲ့အတွက် နောင်တရတတ်ကြတယ်။

၆။ သူတို့ကို အရမ်းတင်းကြပ်စွာ သွန်သင်ဆုံးမခဲ့တယ်

မျှော်လင့်ချက်တွေပိုမိုမြင့်မားလေ၊ လူတစ်ဦးဖြစ်ရခြင်းက ပိုမိုအောင်မြင်လေလေဖြစ်တယ်ဆိုတဲ့ လူကြိုက်များတဲ့ဒဏ္ဍာရီတစ်ခုရှိတယ်။ ဒါပေမယ့်တကယ့်လက်တွေ့မှာတော့ဆန့်ကျင်ဘက် အကျိုးသက်ရောက်နိုင်ပါတယ်။ ဆိုးကျိုးတစ်ခုက သင့်ကလေးတွေနဲ့ ဆက်ဆံရေးမပြေလည်တာတွေဖြစ်လာနိုင်ပါတယ်။


အဆင့်နိမ့်တဲ့ကျောင်းသားတွေအတွက် အပြစ်ပေးခြင်းက အန္တရာယ်ရှိပါတယ်။ သင့်ရဲ့သားသမီးတွေကို အမှန်တကယ်အရေးကြီးတဲ့အရာတွေအတွက်သာ အပြစ်ပေးပါ။ ပစ္စည်းတစ်ခုခုပျက်ဆီးဆုံးရှုံးသွားခြင်းက ဘယ်သူ့အတွက်မှ ပျော်ရွှင်စရာကိစ္စမဟုတ်ပါဘူး။

၇။ တခြားသူတွေရဲ့အကြံညဏ်တွေကို လိုက်နာတယ်

အကြံပေးခြင်းကို နှစ်သက်တဲ့သူတွေရဲ့စကားကို ငယ်ရွယ်တဲ့မိခင်တွေက မကြာခဏနားထောင်ကြတယ်။ သူတို့တွေက သင့်ကိုတွေ့တဲ့အခါ သင့်ကလေးကို ဘယ်လိုအ၀တ်အစားတွေ ဆင်ယင်ရမယ်၊ ဘယ်လိုအစားအသောက်တွေကျွေးရမယ်စတဲ့ အချက်အလက်ပေါင်းမြောက်များစွာကို သင်ကြားလိမ့်မယ်။ တကယ်တော့ သင်ဟာမိဘဖြစ်ပါတယ်။ သင့်ကလေးအတွက် ဘယ်အရာထက် ဘယ်အရာကပိုကောင်းတယ်ဆိုတာ ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။ အကြံပြုချက်တွေကို နားထောင်ပါ။ သို့ပေမယ့် အားလုံးကို လိုက်လုပ်စရာမလိုပါဘူး။


နောက်တစ်ခုက သူစိမ်းတွေကို သင့်ကလေးကိုပြောခွင့်မပေးသင့်ပါဘူး။ သင်ဟာ အစဥ်အမြဲသင့်ကလေးဘက်မှာသာ နေရာယူထားပါ။ သင့်ကလေးအကူအညီလိုတဲ့အခါ သူ့ရဲ့ဘက်အမြဲရှိနေပါစေ။

၈။ ကလေးတွေရဲ့ အရေးကြီးတဲ့အချိန်တွေမှာ သူတို့ရှိမနေကြဘူး

ကျွန်တော်တို့အတွက် အရေးမကြီးဘူးထင်ရတဲ့ကိစ္စတွေဟာ သူတို့အတွက်အလေးအနက်ထားစရာ အရေးကြီးတဲ့ကိစ္စတွေဖြစ်နေတတ်ပါတယ်။ အထူးသဖြင့် ကလေးတွေဟာ ဒီလိုအချိန်တွေမှာ သူတို့ရဲ့အရင်းနှီးဆုံးတစ်ဦးဦးရှိဖို့လိုအပ်ပါတယ်။ သင့်ကလေးရဲ့မွေးနေ့ပွဲကို လွဲချော်သွားနိုင်မယ့်အကြောင်းပြချက်ကောင်းတွေရှိနေမယ်ဆိုရင်တောင် မလာဖို့မစဥ်းစားပါနှင့်။ အနာဂတ်မှာ သင်လွဲချော်သွားခဲ့တဲ့အရေးကြီးတဲ့အဖြစ်အပျက်တွေလို့ နားလည်လိုက်တဲ့အခါ စိတ်မကောင်းဖြစ်သွားရပါလိမ့်မယ်။


ခရစ်စမတ်သစ်ပင်အလှဆင်ဖို့၊ ပြဇာတ်ရုံသွားဖို့ (သို့) သူတို့ရဲ့အဖွားနဲ့အတူ လည်ပတ်ဖို့ အချိန်တွေကို ရွေးချယ်ပါ။ ဒါတွေအားလုံးက အရေးကြီးပါတယ်။ ကလေးတွေ ကြီးပျင်းလာတဲ့အခါ သူတို့အတွက် လွမ်းစရာအချိန်ကာလလေးတွေဖြစ်လာပါလိမ့်မယ်။

Lifestyle_Myanmar

Nyein_Thu

sources-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here