အသက် ၁၇ နှစ်အရွယ်ကတည်းက ပြည်သူလူထုဆီကနေ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ပြီး အာရုံစိုက်မှုတွေကို ထိုက်ထိုက်တန်တန်ရရှိခဲ့တဲ့ Harry Stylesဖြစ်ပါတယ်။
အခုချိန်မှာ အသက် (၂၆) နှစ်အရွယ်ရှိပြီဖြစ်တဲ့ Harry ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ အသက် ၃၆ နှစ်အရွယ် မင်းသမီး Olivia Wild ကို လက်ဆွဲပြီး တွဲခေါ်နေတဲ့ ဓာတ်ပုံလေးထွက်ပေါ်လာခဲ့ပါတယ်။ ၎င်းဓာတ်ပုံထွက်ပေါ်လာပြီးနောက်မှာ ၂၀၁၂ ခုနှစ်က Daily Mail အင်တာဗျူးတစ်ခုမှာ ဖြေဆိုခဲ့တဲ့ သူရဲ့ စိတ်ကူးထဲက မိန်းကလေးပုံစံက အသက်ဝင်လာခဲ့ပါတယ်။

အင်တာဗျူးမေးမြန်းသူက ”သူမက ဘယ်အရွယ်လောက်ဆိုရင် ပိုပြီး သဘောကျမလဲ” ဆိုတဲ့ မေးခွန်းကို ၁၈ နှစ်အရွယ် Harry က ၄၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကျွန်တော့်အမေ Anne ထက် ပိုပြီးအသက်ကြီးတဲ့ ဘယ်လိုအမျိုးသမီးကိုမဆို ကျွန်တော်သဘောကျတယ်” လို့ ပြန်ဖြေခဲ့ပါတယ်။
သူ့ဘဝတစ်လျှောက်လုံးတွဲခဲ့ဖူးတဲ့ အမျိုးသမီးတွေအားလုံးကလည်း သူ့ထက်အသက်ကြီးတဲ့လူတွေချည်းပါပဲ။ Harry အသက် ၁၇ နှစ်မှာ X Factor မှာရှိခဲ့စဉ်က Host တစ်ယောက်ဖြစ်တဲ့ Caroline Flack ကို Crush ခဲ့ပါသေးတယ်။ Caroline ကလည်း Harry ရဲ့ စိတ်ကိုကောင်းကောင်းသိခဲ့ကြောင့် Storm in a C Cup ဆိုတဲ့ စာအုပ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် လူတွေက သူတို့နှစ်ဦးရဲ့ အသက်အရွယ်က ၁၄ နှစ်တောင် ကွာဟတယ်ဆိုတဲ့ ဝေဖန်မှုတွေကြောင့် relationship က အဆုံးသတ်သွားခဲ့ပါတယ်။

Harry အသက် ၁၈ နှစ်မှာတော့ အသက် (၂၀) အရွယ်အဆိုတော်/တေးရေးဆရာ Taylor Swift နဲ့ ချိန်းတွေ့တဲ့သတင်း ထွက်ခဲ့ပါသေးတယ်။ သီချင်းတွေရေးခဲ့ကြပြီး ဓာတ်ပုံတွေအတူတူရိုက်ခဲ့ကြရင်း စိတ်ကူးယဉ်ချင်စရာဆက်ဆံရေးဟာ သိပ်မကြာလိုက်ဘဲ ဒီအတိုင်းပြီးဆုံးသွားခဲ့ပါတယ်။

၂၀၁၇ ခုနှစ်မှာ မော်ဒယ်၊ မင်းသမီး Camille Rowe နဲ့ ဒိတ်ခဲ့ပါသေးတယ်။ အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ Crooner ဟာ သူ့ရဲ့ dating life နဲ့ ပတ်သက်ပြီး ကိုယ်ရေးကိုယ်တာကိစ္စတွေမှာ မကောင်းသတင်းတွေနဲ့ ကျော်ကြားသူပါ။ ပြီးခဲ့တဲ့နားရက်တွေမှာလည်း Page Six ကနေ Harry နှင့် Olivia တို့နှစ်ဦးဟာ လက်ချင်းချိတ်ပြီး California , Montecito မှာရှိတဲ့ သူ့ရဲ့ မန်နေဂျာ Jeff Azoff ရဲ့ မင်္ဂလာဆောင်ကို တက်ရောက်ခဲ့ကြတဲ့ ဓာတ်ပုံတွေကို တင်ခဲ့ပါတယ်။

ဒီဓာတ်ပုံတွေကြောင့် ချိန်းတွေ့တယ်ဆိုတဲ့ ကောလဟာလတွေ ပျံ့နှံ့ခဲ့ပါတယ်။ Harry က မင်္ဂလာဆောင်မိန့်ခွန်းမှာ Olivia ကို ”girlfriend” လို့ ခေါ်လို့ရလောက်တဲ့ ဆက်ဆံရေးရှိတယ်လို့ ပြောခဲ့ပါတယ်။ ပရိတ်သတ်တွေကလည်း ရှုပ်ထွေးတဲ့စိတ်ခံစားချက်အမျိုးမျိုးရှိနေတယ်လို့ ပြောကြပြီး သူတို့နှစ်ဦးဟာ ရင်းနှီးတဲ့ သူငယ်ချင်းအဆင့်မျှသာဖြစ်ပြီး မီဒီယာတွေက သက်သက်ဖွခဲ့ကြတယ်လို့ ဆိုကြပါတယ်။ ပရိတ်သတ်အများစုက တွစ်တာမှာ (Treat People With Kindness) #TPWK ဆိုတဲ့ Hanstag တွဲ၍ ပိုစ့်တင်ပြီး သူတို့နှစ်ဦးကို ကာကွယ်ခဲ့ကြပါတယ်။

သူတို့နှစ်ဦးမှာ ခုချိန်မှာ psychological thriller တစ်ခုဖြစ်တဲ့ ”Don’t Worry, Darling” ကို ရိုက်ကူးနေတာကြောင့် ပိုပြီး ရင်းနှီးလာနေကြတယ်လို့လည်း ပြောခဲ့ကြပါတယ်။ ဒါ့အပြင် Olivia က Vogue က ဓာတ်ပုံနဲ့ ပတ်သက်ပြီး Harry ကို ခေတ်မှီသူ၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပြီး ဖက်ရှင်ကို ထူးခြားဆန်းသစ်တဲ့ ချဉ်းကပ်တတ်သူလို့ ချီးမွမ်းခဲ့ပါတယ်။

အကယ်၍လက်ရှိမှာထွက်ပေါ်နေတဲ့ Dating သတင်းတွေသာ မှန်ခဲ့မယ်ဆိုရင် ဒီ relationship ဟာ Olivia အနေနဲ့ အမျိုးသားဟောင်းဖြစ်သူ Jason Sudeikis နဲ့ လမ်းခွဲပြီး ပထမဦးဆုံးလူထုကို ချပြခဲ့တဲ့ဆက်ဆံရေးဖြစ်ပါလိမ့်မယ်။
Lifestyle_Myanmar
Nyein_Thu
Ref-metrostyle