ခုခေတ်မှာ လူတိုင်းလိုလိုဟာ အောင်မြင်မှု စားဝတ်နေရေး စတာတွေရဲ့ နောက်ကို မမောနိုင်မပမ်းနိုင် ပြေးလိုက်နေကြရပါတယ်။ အဲဒီရဲ့ အကျိုးဆက်ဟာ စိတ်ဖိစီးမှုတွေ များ များ ဖြစ်ပေါ်လာတာပါ။ ဒီဘက်ခေတ်မှာ အသက်ကြီးကြီးငယ်ငယ် စိတ်ဖိစီးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီလို စိတ်ဖိစီးမှုတွေ များလာတဲ့အခါ ဘာတွေ ဖြစ်ပေါ်ခံစားတတ်ပါသလဲ။
ခေါင်းကိုက်ခြင်း
စိတ်ဖိစီးမှုတွေ အရမ်းများလာရင် လူဟာ ခေါင်းတွေအရမ်းကိုက်လာတတ်ပါတယ်။ ရောဂါကြောင့် ရာသီဥတုကြောင့် မဟုတ်ဘဲ စိတ်ဖိစီးမှုတွေ များလွန်းတာကြောင့် ဖြစ်ပေါ်လာတဲ့ ခေါင်းကိုက်ခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် ခေါင်းတွေမတရား ကိုက်လာတဲ့အခါမျိုးမှာ ရာသီဥတုကြောင့် ရောဂါကြောင့် မဟုတ်ဘူးဆိုရင် ကိုယ့်ရဲ့ စိတ်ကလေးကို ခဏအနားပေးလိုက်ပါ။ စိတ်ဖိစီးမှုတွေ အရမ်းများနေပါတယ်။

ရင်ထဲ တင်းကြပ်ဆို့တက်လာခြင်း
အသက်ရှူမဝဖြစ်လာပြီး ရင်ထဲ တင်းကြပ်ဆို့တက်လာတာဟာလည်း စိတ်ဖိစီးမှုကြောင့်ဖြစ်ပါတယ်။ စိတ်ဖိစီးမှုတွေ အရမ်းများလာတဲ့အခါ အထူးသဖြင့် ယောကျာ်းလေးတွေဟာ ကိုယ်ကြုံတွေ့နေရတဲ့ အခက်အခဲတွေအကြောင်းကို ထုတ်ဖော်ရင်ဖွင့်ဖို့ ဝန်လေးတတ်ကြပါတယ်။ ဒီလို ရင်ထဲပိတ်လှောင်ထားတာ များလာတဲ့အခါမျိုးမှာ ရင်ထဲ တင်းကြပ်ဆို့တက်လာပြီး အသက်ရှူမဝတာတွေ ဖြစ်ပေါ်တတ်ပါတယ်။

အသက်ရှူနှုန်းနဲ့ နှလုံးခုန်နှုန်းတွေ မြန်လာခြင်း
စိတ်ဖိစီးမှုများတာ ကြောက်တာ ဒါတွေဟာ အသက်ရှူနှုန်းမြန်ဆန်လာတာနဲ့ နှလုံးခုန်မြန်ဆန်လာတာတွေဖြစ်ပေါ်လာတတ်ပါတယ်။ အဲဒီ စိတ်ခံစားမှုတွေဟာ အရမ်းကို ပြင်းထန်လွန်းတာကြောင့် အခန့်မသင့်ရင် နှလုံးရောဂါတောင် ရနိုင်ပါတယ်။

စိုးရိမ်ကြောင့်ကြမှုများလာတာ
စိတ်ဖိစီးမှုတွေ များလာတာနဲ့အမျှ စိုးရိမ်ကြောင့်ကြမှုတွေကလည်း ဝင်ရောက်လာပါတယ်။ ဒါက ယောကျာ်း မိန်းမ မရွေးပါဘူး။ ဖြစ်တတ်တဲ့သဘော သဘာဝပါ။ အတတ်နိုင်ဆုံးတော့ စိတ်ဖိစီးမှုနည်းအောင် နေထိုင်ရင်း စိတ်ကိုတည်ငြိမ်အောင် လေ့ကျင့်မွေးမြူပေးသင့်ပါတယ်။

Lifestyle_Myanmar
ref-webmd