အသက် ၅၀ကျော်အမျိုးသမီးတွေအတွက် ကြည့်ကောင်းစေမယ့် မိတ်ကပ်လိမ်းချယ်နည်း

0
197

အသက် ၅၀ ဆိုတဲ့အသက်အရွယ်က လူအိုပိုင်းအရွယ် အသားအရေတွန့်ပြီး လှပပျိုမြစ်ခြင်းတွေ နိဂုန်းချုပ်သွား ပြီလို့ဆိုနိုင်ပါတယ်။ ဒီအသက်အရွယ် မိတ်ကပ်လိမ်းချယ်တဲ့အခါ အပြစ်အနာအဆာကင်းတဲ့ မိတ်ကပ်ဖြစ်နေဖို့ဆို အခြေခံမှန်ကန်ရပါမယ်။

-Advertisement-

၁။ Eye Cream နှင့် moisturizer တို့ကို အမြဲတမ်းစသုံးသင့်ပါတယ်။ ဒါမှသာ အရေပြားကို ရေဓါတ်ကောင်းစွာ ရရှိစေမှာ ဖြစ်ပါတယ်။

၂။ primer အောက်ခံမိတ်ကပ်က သင့်မိတ်ကပ်အိတ်ထဲမှာ အမြဲတမ်း ရှိနေသင့်ပါတယ်။ ဒါက ကြီးမားတဲ့ ချွေးပေါက်တွေကို ချုံ့ပေးပြီး အောက်ခံမိတ်ကပ်လိမ်းတဲ့အခါ အရေးအကြောင်းလိုင်းတွေ ပိုပြီးမပေါ်အောင် ကာကွယ်ပေးပါတယ်။

၃။ ရင့်ကျက်တဲ့အသားအရေအတွက် အကောင်းဆုံးအောက်ခံမိတ်ကပ်က ခရမ် သို့မဟုတ် ညီညာမှုရှိတဲ့ မိတ်ကပ်ရည် တစ်ခုခု ဖြစ်ပါတယ်။ သင့်အသားအရေသည် ဝက်ခြံနှင့် ရောင်ခြယ်တွေ မရှိဘဲ ရှင်းလင်းလျှင် မိတ်ကပ်ရည်ကို ရွေးချယ်နိုင်ပြီး အစက်အပြောက်မှဲ့ခြောက်များနှင့် သွေးကြောမျှင်များကို ဖုံးအုပ်ဖို့ ခရမ်အမျိုးအစား မိတ်ကပ်ကို ရွေးချယ်နိုင်ပါတယ်။

၄။ Concealer ကို အောက်ခံမိတ်ကပ်အပေါ်မှာ လိမ်းချယ်သင့်ပြီး ၎င်းအရောင်က လုံးဝကိုက်ညီမှု ရှိနေသင့်ပါတယ်။ မိတ်ကပ်ထူလပျစ်ကြီးဖြစ်စေတာကြောင့် concealerကို အများကြီးမလိမ်းသင့်ပါဘူး။ အမည်းစက်တွေ ၊မျက်ကွန်းညိုတာကို ဖုံးအုပ်ဖို့အတွက် သင့်အသားအရောင်ထက် ပိုဖျော့တဲ့ concealers က ကြည့်ရဆိုးစေတာကြောင့် ဝေးဝေးရှောင်ပါ။

၅။ ပေါင်ဒါမှုန့်အစား ပါးနီခရမ်နှင့် highlighter ကို အသုံးပြုပါ။

သင့်ကို ပိုပြီး တောက်ပပြီး လန်းဆန်းတဲ့ပုံပေါက်စေမှာပါ။ နှုတ်ခမ်းတွေအတွက် ရွန်းစိုတဲ့ lipstick ကိုရွေးချယ်ပါ။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here