အသက္ ၃၀အရြယ္မွာ လူတိုင္း ေလ့လာထားဖို႔လိုတဲ့ အေရးပါဆံုးအရာ ၁၃ ခု

0
27494
အသက္-၃၀အရြယ္

အသက္၃၀ေနာက္ပိုင္းမွ ဘဝက စတယ္လို႔ ဆိုၾကပါတယ္။ ဒီအခ်ိန္ဟာ ကၽြန္ေတာ္တို႔ရဲ႕ ေမွ်ာ္မွန္းခ်က္ေတြ၊ ဆႏၵအမွန္ေတြကို နားလည္လာၿပီး လြတ္လပ္မႈႏွင့္ အသိပညာကို ခံစားရတဲ့အခ်ိန္လည္းျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔ရဲ႕ အိမ္မက္ေတြ ျပည့္စံုုလာေစဖို႔ႏွင့္ ဘဝရဲ႕နယ္ပယ္အားလံုးမွာ ေအာင္ျမင္မႈ အမ်ားဆံုး ရရွိလာေစဖို႔အတြက္ အခ်ိဳ႕ေသာအရာေတြက သင္ယူရက်ိဳးနပ္ပါတယ္။ ဒါ့ေၾကာင့္ လူတိုင္း အသက္ ၃၀အရြယ္မွာ ျပဳလုပ္သင့္တဲ့ လိုအပ္ေသာအရာ ၁၃ခုကို ေရြးခ်ယ္ထားပါတယ္။ ေပ်ာ္ရြင္မႈခံစားရေစဖို႔ ရိုးရွင္းတဲ့ အဆင့္ ၄ဆင့္ကို ေဖာ္ျပထားတာေၾကာင့္ အဆံုးထိဖတ္ဖို႔မေမ့ပါနဲ႔။

၁။ သင္ေပ်ာ္ေမြ႕တဲ့ အလုပ္တစ္ခုကို ရွာပါ

၁။ သင္ေပ်ာ္ေမြ႕တဲ့ အလုပ္တစ္ခုကို ရွာပါ

တကၠသိုလ္တစ္ခုကေန ဘြဲ႕ရၿပီးတာႏွင့္ ကၽြန္ေတာ္တို႔ဟာ ရံုးအလုပ္၊ လခစားအလုပ္၊ အသက္ေမြးဝမ္းေက်ာင္းအလုပ္ေတြ လုပ္ကိုင္ျခင္း၊ အလုပ္ေတြ တစ္ခုၿပီးတစ္ခု ေျပာင္းျခင္းႏွင့္အတူ ဘယ္အလုပ္က ကိုယ္နဲ႔ အဆင္ေျပမလဲဆိုတာ စမ္းသပ္ၾကည့္ခဲ့ၾကပါတယ္။ သုိ႔ေသာ္ အသက္ ၃၀ေရာက္လာတဲ့အခါ ကိုယ္ရဲ႕ဝါသနာနဲ႔ ကိုက္ညီၿပီး၊ ဘဝကို ပိုၿပီး တိုးတတ္ေစမယ့္ အသက္ေမြးဝမ္းေက်ာင္းအလုပ္ကို ရွာေဖြဖို႔က အေတာ္ေလး အေရးႀကီးလာပါတယ္။ ဒါ့ေၾကာင့္ သင့္အသက္ ၃၀ေရာက္ေတာ့မယ္ဆိုရင္ အလုပ္အတည္တက်ျဖစ္ေစဖို႔ သင္ႏွစ္သက္တဲ့ အလုပ္တစ္ခုကို ရွာေဖြပါ။

၂။ ဟင္းခ်က္တတ္ဖို႔ သင္ယူပါ

၂။ ဟင္းခ်က္တတ္ဖို႔ သင္ယူပါ

သင္ဟာ ခ်က္ျပဳတ္တာကို မုန္းသည္ျဖစ္ေစ၊ ခ်က္ျပဳတ္နည္းေတြ သိေပမယ့္လည္း ခ်က္ဖို႔ မႀကိဳးစားၾကည့္မိတာျဖစ္ေစ အသက္ ၃၀အရြယ္ေရာက္ရင္ေတာ့ တျခားသူေတြထက္ ပိုေကာင္းတဲ့ ဟင္းလ်ာခ်က္တတ္ဖို႔က လိုအပ္လာပါၿပီ။ ကိုယ္ပိုင္ဟင္းလ်ာအသစ္တစ္ခု ဖန္တီးႏိုင္ဖို႔ မေၾကာက္ပါနဲ႔။ ဒါေတြက ေနာင္တစ္ခ်ိန္မွာ လိုအပ္လာမွာျဖစ္ၿပီး ဥပမာ- သင့္အိမ္ကို အေရးႀကီးတဲ့ ဧည့္သည္ေတြလာတဲ့အခါ သင္ကၽြမ္းက်င္စြာ ခ်က္ျပဳတ္ထားတဲ့ ဟင္းလ်ာက သင့္ကို ယံုၾကည္မႈေတြ ေပးစြမ္းမွာ ျဖစ္ပါတယ္။

၃။ သင့္ရဲ႕မိတ္ေဆြစစ္က ဘယ္သူေတြလဲဆိုတာ နားလည္ပါ

၃။ သင့္ရဲ႕မိတ္ေဆြစစ္က ဘယ္သူေတြလဲဆိုတာ နားလည္ပါ

ကၽြန္ေတာ္တို႔ ငယ္ရြယ္ေနတုန္း အခ်ိန္မွာေတာ့ ကၽြန္ေတာ္တို႔နားမွာ လူမ်ားစြာရွိၿပီး အသိအကၽြမ္းမိတ္ေဆြအသစ္ေတြ အလြယ္တကူ ရၾကပါတယ္။ ထိုသူေတြအားလံုးက ကၽြန္ေတာ္တို႔ရဲ႕ မိတ္ေဆြေတြျဖစ္တယ္လို႔ မၾကာခဏ မွားယြင္းစြာ ထင္မိခဲ့ၾကပါတယ္။ ဒါေပမယ့္ တခ်ိဳ႕အခ်ိန္ေတြေနာက္ပိုင္းမွာ သူတို႔ဟာ ေပ်ာက္ကြယ္သြားၾကၿပီး စစ္မွန္တဲ့ မိတ္ေဆြေတြသာ ကၽြန္ေတာ္တို႔နားမွာ က်န္ခဲ့ပါတယ္။ က်န္ခဲ့တဲ့သူေတြက ကၽြန္ေတာ္တို႔ရဲ႕ေအာင္ျမင္မႈကို ဝမ္းသာၾကသလို ကၽြန္ေတာ္တို႔ က်ရံႈးတဲ့အခါ ကူညီၾကမယ့္သူေတြပါ။ ဒါ့ေၾကာင့္ ဘယ္အခ်ိန္မဆို သင့္အတြက္ ရွိေနမယ့္ သင့္အနီးနားက လူေတြကို တန္ဖိုးထားပါ။

၄။ လူတိုင္းကို သင့္ရဲ႕ကိုယ္ေရးကိုယ္တာဘဝ အေသးစိတ္ ေျပာျပျခင္းမွ ရပ္တန္႔ပါ

၄။ လူတိုင္းကို သင့္ရဲ႕ကိုယ္ေရးကိုယ္တာဘဝ အေသးစိတ္ ေျပာျပျခင္းမွ ရပ္တန္႔ပါ

သင့္ရဲ႕ဆက္ဆံေရးခိုင္မာမႈကို ထိန္းသိမ္းခ်င္ရင္ သင့္ကိစၥေတြ၊ သင့္လက္တဲြေဖာ္နဲ႔ ရင္ဆိုင္ေနရတဲ့ ျပႆနာေတြႏွင့္ ပတ္သတ္ၿပီး လူတိုင္းကို မေျပာသင့္ဘူးဆိုတာ စိတ္ထဲမွာ မွတ္ထားပါ။ သင့္ရဲ႕စိုးရိမ္မႈေတြကို တစ္ေယာက္ေယာက္ကို မွ်ေဝခ်င္တယ္ဆိုရင္ အရင္းႏွီးဆံုးသူငယ္ခ်င္းနဲ႔ တိုင္ပင္ႏိုင္ပါတယ္။

၅။ ဦးစားေပး မွန္ကန္ပါ

၅။ ဦးစားေပး မွန္ကန္ပါ

ကၽြန္ေတာ္တို႔ဟာ ဘဝတစ္ေလ်ာက္လံုးမွာ လိုအင္ဆႏၵေတြ ျပည့္ဝဖို႔ ကိုယ္တတ္ႏိုင္တဲ့ အရာအားလံုးကို ျပဳလုပ္ဖို႔ ႀကိဳးစားေနၾကေပမယ့္ တခ်ိဳ႕အခ်ိန္ေတြမွာ ေသးငယ္တဲ့အရာေတြအေပၚ အာရံုစိုက္ဖို႔အတြက္ အေရးႀကီးတဲ့သူေတြကို လ်စ္လ်ဴရႈထားတတ္ၾကပါတယ္။ အမ်ားအားျဖင့္ မိသားစုႏွင့္အတူ ခရီးသြားတာ၊ အခ်ိန္ေပးတာတို႔ ျဖစ္ပါတယ္။ မိသားစုကို ဦးစားေပးဖို႔ႏွင့္ တတ္ႏိုင္သေလာက္ အခ်ိန္ေပးဖို႔က အေရးႀကီးပါတယ္။

၆။ အားလပ္ရက္မ်ားအတြက္ အခ်ိန္နဲ႔ေငြကို ရွာေဖြပါ

၆။ အားလပ္ရက္မ်ားအတြက္ အခ်ိန္နဲ႔ေငြကို ရွာေဖြပါ

အနားယူမႈ မရွိျခင္းက ကိုယ္ေရာစိတ္ပါ ပင္ပန္းႏြမ္းနယ္ေစပါတယ္။ ေနာက္ဆံုးေပၚစမတ္ဖုန္းေပၚမွာ ေငြမျဖဳန္းဘဲ ထိုက္တန္တဲ့ အပန္းေျဖခရီးေပၚမွာ ေငြျဖဳန္းတာက ပိုေကာင္းပါတယ္။ အျပည့္အဝ အနားယူၿပီးမွ အလုပ္ေတြကို ျပန္လုပ္ရင္ ဒီထက္ပိုၿပီး လုပ္ႏိုင္ပါလိမ့္မယ္။ ဒါ့ေၾကာင့္ အနာဂတ္အပန္းေျဖခရီးတစ္ခုအတြက္ သင့္လစာ၏ ၂၀%ကို စုေဆာင္းတဲ့ စည္းမ်ဥ္းတစ္ခု ျပဳလုပ္ပါ။

၇။ ယာဥ္ေမာင္းလိုင္စင္ျပဳလုပ္ပါ

၇။ ယာဥ္ေမာင္းလိုင္စင္ျပဳလုပ္ပါ

ယာဥ္ေမာင္းလိုင္စင္ျပဳလုပ္တာက သင့္အနာဂတ္လုပ္ေဆာင္မႈမ်ားအတြက္ လံႈ႔ေဆာ္ရာလည္း ေရာက္ပါတယ္။ ယာဥ္ေမာင္းလိုင္စင္ရလွ်င္ ကားတစ္စီးဝယ္မယ့္အေၾကာင္း စတင္ေတြးမိပါလိမ့္မယ္။ ဒါ့ေၾကာင့္သင့္ဝင္ေငြလည္းတိုးလာပါလိမ့္မယ္။ ယာဥ္ေမာင္းလိုင္စင္ရွိျခင္းက ခရီးသြားဖို႔လြယ္ကူၿပီး တကယ္လို႔ ျပည္ပသြားတဲ့အခါမွာေတာင္ ကားတစ္စီးငွားၿပီး သြားလာႏိုင္ပါတယ္။

၈။ အပိုဝင္ေငြရွာပါ

၈။ အပိုဝင္ေငြရွာပါ

အသက္ ၃၀အရြယ္မွာ အပိုဝင္ေငြ ရရွိေနသင့္ပါတယ္။ ကိုယ္ပိုင္စီးပြားေရးလုပ္ငန္း၊ freelancing စတဲ့လုပ္ငန္းမ်ား ျပဳလုပ္ႏိုင္ပါတယ္။ သင့္ရဲ႕ၿမိဳ႕က stable ျဖစ္တဲ့ ကုမၸဏီတစ္ခုမွာ အလုပ္လုပ္ေနရင္ေတာင္ သင့္အနာဂတ္ stable ျဖစ္ဖို႔ဆိုတာ အာမခံလို႔မရပါဘူး။ ဒါ့ေၾကာင့္ အြန္လိုင္းကေန ပစၥညး္ေရာင္းတာပဲျဖစ္ျဖစ္၊ အလုပ္အားလပ္ခ်ိန္မွာ content writer လုပ္တာပဲျဖစ္ျဖစ္ တျခားေနရာကေန အပိုဝင္ေငြရေအာင္ ႀကိဳးစားသင့္ပါတယ္။

၉။ မိဘအိမ္ကေန ေျပာင္းေရြ႕ပါ

၉။ မိဘအိမ္ကေန ေျပာင္းေရြ႕ပါ

အိမ္က အၿမဲတမ္းသန္႔ရွင္းေနၿပီး စားစရာဆိုလည္း အၿမဲတမ္း အဆင္သင့္ရွိေနတာေၾကာင့္ မိဘနဲ႔အတူေနရတာက အရမ္းအဆင္ေျပပါတယ္။ သို႔ေသာ္လည္း အိမ္ေထာင္ရက္သား က်လာတဲ့အခါ ၊ အသက္ ၃၀ေရာက္လာတဲ့အခါ မိဘအိမ္မွာအတူေနတာထက္ ကိုယ့္ေျခေထာက္ေပၚ ကိုယ္ရပ္တည္ဖို႔ လိုအပ္လာပါၿပီ။ ဒါမွသာ သာေရး/နာေရးကိစၥမ်ားႏွင့္ ဆပ္ျပာကဲ့သို႔ ေသးငယ္တဲ့အရာမ်ားကအစ ကုန္က်မႈေတြအေၾကာင္းကို သိရွိလာမွာျဖစ္ၿပီး ကိုယ့္ရဲ႕ဘတ္ဂ်က္ကို စီမံခန္႔ခြဲႏိုင္လာမွာျဖစ္ပါတယ္။

၁၀။ လူေရွ႕မွာ စကားေျပာဖို႔ ေလ့လာပါ

၁၀။ လူေရွ႕မွာ စကားေျပာဖို႔ ေလ့လာပါ

သူစိမ္းေတြနဲ႔ စကားေျပာရတာ၊ လူအမ်ားေရွ႕မွာ မတ္တပ္ရပ္ၿပီး စကားေျပာရတာဟာ လူအေတာ္မ်ားမ်ားအတြက္ အဆင္မေျပသလို ခံစားၾကရပါတယ္။ သင့္ရဲ႕ ဒီစိုးရိမ္မႈေတြကို ေက်ာ္လႊားဖို႔ ေလ့လာပါ။ အဲ့ဒီအခ်ိန္မွာ တည္တည္ၿငိမ္ၿငိမ္ေနပါ။ parasite စကားလံုးမ်ားကို အသံုးမျပဳတာက ေလးစားမႈႏွင့္ အာရံုစူးစုိက္မႈကို ရရွိပါလိမ့္မယ္။ စကားေျပာပိုင္ႏိုင္ျခင္းက သင့္စိတ္မလံုၿခံဳမႈကို ဖယ္ရွားေပးပါလိမ့္မယ္။ သင့္ရဲ႕ ပေရာဂ်က္ကို ေအာင္ျမင္စြာ တင္ျပႏိုင္တာကလည္း လစာတိုးေပးဖို႔အတြက္ သင့္သူေဌးကို စည္းရံုးေျပာဆိုႏိုင္မွာျဖစ္ပါတယ္။

၁၁။ သင့္ရဲ႕စတိုင္ကို ရွာေဖြပါ

၁၁။ သင့္ရဲ႕စတိုင္ကို ရွာေဖြပါ

အ၇ြယ္ေရာက္သူတစ္ေယာက္ဟာ သက္ေတာင့္သက္သာခံစားရေစမယ့္ ကိုယ္ပိုင္ ပါစင္နယ္စတိုင္တစ္ခု ရွိေနသင့္ပါတယ္။ သင့္ရဲ႕ပါစင္နယ္စတိုင္ကို ရွာေတြ႕ျခင္းက ဘာအဝတ္အစား ဝတ္ရမလဲဆိုတဲ့ ေ၇ြးခ်ယ္မႈျပႆနာေတြအေၾကာင္းကို ေမ့ေလ်ာ့သြားပါလိမ့္မယ္။ သင့္ရဲ႕ကိုယ္ရည္ကိုယ္ေသြးနဲ႔ ထူးျခားမႈကို ေဖာ္ျပဖို႔ ဘယ္အဝတ္အစား ေရြးဝတ္ရမလဲဆိုတာ သိၿပီးသားျဖစ္တာေၾကာင့္ပါ။ သင့္၇ဲ႕စတိုင္ကို သိျခင္းက အဝတ္အစားသစ္ကို ျမန္ျမန္ေရြးခ်ယ္ႏိုင္မွာျဖစ္ပါတယ္။ ကိုယ္ဟာ ဘယ္လိုဖက္ရွင္ေတြနဲ႔ဆိုရင္ လိုက္ဖက္မႈရွိိတယ္၊ မရွိဘူးဆုိတာကအစ အသက္ ၃၀ ေရာက္လာတဲ့အခါ သိထားဖို႔ လိုေနပါၿပီ။

၁၂။ ဂႏၳဝင္ စာေပေတြကိုဖတ္ပါ

၁၂။ ဂႏၳဝင္ စာေပေတြကိုဖတ္ပါ

ကၽြန္မတို႔ေက်ာင္းေတြမွာ ဂႏၳဝင္စာေပကို သင္ယူၾကေပမယ့္ အသက္အရြယ္ငယ္ရြယ္ေသးတဲ့ အခ်ိန္ျဖစ္တာေၾကာင့္ ဒီပံုျပင္ေတြရဲ႕ စစ္မွန္တဲ့ နက္ရိႈင္းမႈကို နားလည္ သေဘာမေပါက္ခဲ့ပါဘူး။ ဒါ့ေၾကာင့္ နာမည္ႀကီးဂႏၳဝင္ဝတၱဳေတြကို ျပန္ဖတ္ဖို႔ ပ်င္းမေနသင့္ပါဘူး။ ဝတၱဳတစ္ပုဒ္ရဲ႕ လ်ိဳ႕ဝွက္ထားတဲ့ အရိပ္အျမြက္ေလးေတြ၊ သူတို႔ရဲ႕ ကြဲျပားျခားနားမႈေလးေတြ၊ ပိုၿပီးအေသးစိတ္တာေတြကို သိျမင္လာၿပီး ယေန႔ကမာၻနဲ႔ ဆက္စပ္ၿပီးေတာ့ေတာင္ သတိထားမိလာပါလိမ့္မယ္။ ဒါ့အျပင္ သင့္ရဲ႕ယဥ္ေက်းမႈအသိအျမင္လည္း တိုးပြားေစပါလိမ့္မယ္။ စကားေျပာဆိုမႈမွာလည္း ၾကြယ္ဝျပည့္စံုလာၿပီး စိတ္ဝင္စားဖြယ္္ေကာင္းေအာင္ စကားေျပာဆိုတတ္လာပါလိမ့္မယ္။

၁၃။ ေလ့က်င့္ခန္းလုပ္ျခင္းျဖင့္ ပံုသ႑ာန္ေကာင္းရယူပါ

၁၃။ ေလ့က်င့္ခန္းလုပ္ျခင္းျဖင့္ ပံုသ႑ာန္ေကာင္းရယူပါ

သက္ရွည္က်န္းမာတဲ့ ဘဝကို ပိုင္ဆုိင္ဖို႔ဆိုတာ အသက္ႀကီးမွ ႀကိဳးစားလုပ္ယူလို႔ ရတဲ့အရာေတာ့ မဟုတ္ပါဘူး။ ငယ္ရြယ္စဥ္ကတည္းက က်န္းမာေရးလိုက္စားဖို႔ တကယ့္ကို အေရးႀကီးပါတယ္။ အမ်ိဳးသမီးေတြဟာ အသက္ ၃၀ေနာက္ပိုင္းမွာ ခႏၶာကိုယ္ဇီဝကမၼျဖစ္စဥ္ေတြက ေႏွးေကြးလာၿပီး အဆီပိုေတြ၊ ဗိုက္ေခါက္ေတြ ျဖစ္လာတတ္တာေၾကာင့္ အသက္ ၃၀အရြယ္မွာ သင့္တင့္ေလ်ာက္ပတ္တဲ့ အားကစားတစ္ခုခုကို ျပဳလုပ္ဖို႔လိုပါတယ္။ ခႏၶာကိုယ္က်န္းမာႀကံ့ခိုင္ေနေစဖို႔ ကိုယ္လက္လႈပ္ရွားမႈေတြ ျပဳလုပ္ေပးပါ။

ေပ်ာ္ရြင္တဲ့သူျဖစ္လာေစဖို႔ ရိုးရွင္းေသာအဆင့္ ၄ခု

ေလ့လာမႈအရ အေပ်ာ္ရြင္ဆံုးအသက္အရြယ္ ဆိုတာ မရွိပါဘူး။ ဘယ္အခ်ိန္မဆို အညီအမွ်ေပ်ာ္ရြင္ႏိုင္ပါတယ္။
အလုပ္ေတြ၊ ဖုန္းေတြ၊ လက္ေတာ့ပ္ေတြကို ျဖဳတ္ထားၿပီး တိတ္ဆိတ္တဲ့ေနရာမွာ ေန႔တိုင္း ၁၀မိနစ္ -၁၅မိနစ္ေလာက္ အခ်ိန္ျဖဳန္းပါ။
သင့္ရဲ႕စြမ္းအင္ေတြ အမ်ားႀကီကို ယူတတ္တဲ့ မေကာင္းတဲ့ အေလ့အက်င့္၊ ဆႏၵေတြကို ျငင္းဆန္ပါ။
အေကာင္းျမင္တဲ့ လူေတြနဲ႔ ဝန္းရံပါ။
ရႈပ္ပြတဲ့ အိမ္က သင့္စိတ္ကို ရႈပ္ေထြးေစတာေၾကာင့္ သင္ကိုယ္တိုင္ အိမ္သန္႔ရွင္းေရးလုပ္ပါ။
#Lifestyle_Myanmar
#LM_Nandar
Source-brightside

Unicode

အသက် ၃ဝအရွယ်မှာ လူတိုင်း လေ့လာထားဖို့လိုတဲ့ အရေးပါဆုံးအရာ ၁၃ ခု
အသက်၃ဝနောက်ပိုင်းမှ ဘဝက စတယ်လို့ ဆိုကြပါတယ်။ ဒီအချိန်ဟာ ကျွန်တော်တို့ရဲ့ မျှော်မှန်းချက်တွေ၊ ဆန္ဒအမှန်တွေကို နားလည်လာပြီး လွတ်လပ်မှုနှင့် အသိပညာကို ခံစားရတဲ့အချိန်လည်းဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အိမ်မက်တွေ ပြည့်စုုံလာစေဖို့နှင့် ဘဝရဲ့နယ်ပယ်အားလုံးမှာ အောင်မြင်မှု အများဆုံး ရရှိလာစေဖို့အတွက် အချို့သောအရာတွေက သင်ယူရကျိုးနပ်ပါတယ်။ ဒါ့ကြောင့် လူတိုင်း အသက် ၃ဝအရွယ်မှာ ပြုလုပ်သင့်တဲ့ လိုအပ်သောအရာ ၁၃ခုကို ရွေးချယ်ထားပါတယ်။ ပျော်ရွင်မှုခံစားရစေဖို့ ရိုးရှင်းတဲ့ အဆင့် ၄ဆင့်ကို ဖော်ပြထားတာကြောင့် အဆုံးထိဖတ်ဖို့မမေ့ပါနဲ့။

၁။ သင်ပျော်မွေ့တဲ့ အလုပ်တစ်ခုကို ရှာပါ

တက္ကသိုလ်တစ်ခုကနေ ဘွဲ့ရပြီးတာနှင့် ကျွန်တော်တို့ဟာ ရုံးအလုပ်၊ လခစားအလုပ်၊ အသက်မွေးဝမ်းကျောင်းအလုပ်တွေ လုပ်ကိုင်ခြင်း၊ အလုပ်တွေ တစ်ခုပြီးတစ်ခု ပြောင်းခြင်းနှင့်အတူ ဘယ်အလုပ်က ကိုယ်နဲ့ အဆင်ပြေမလဲဆိုတာ စမ်းသပ်ကြည့်ခဲ့ကြပါတယ်။ သို့သော် အသက် ၃ဝရောက်လာတဲ့အခါ ကိုယ်ရဲ့ဝါသနာနဲ့ ကိုက်ညီပြီး၊ ဘဝကို ပိုပြီး တိုးတတ်စေမယ့် အသက်မွေးဝမ်းကျောင်းအလုပ်ကို ရှာဖွေဖို့က အတော်လေး အရေးကြီးလာပါတယ်။ ဒါ့ကြောင့် သင့်အသက် ၃ဝရောက်တော့မယ်ဆိုရင် အလုပ်အတည်တကျဖြစ်စေဖို့ သင်နှစ်သက်တဲ့ အလုပ်တစ်ခုကို ရှာဖွေပါ။

၂။ ဟင်းချက်တတ်ဖို့ သင်ယူပါ

သင်ဟာ ချက်ပြုတ်တာကို မုန်းသည်ဖြစ်စေ၊ ချက်ပြုတ်နည်းတွေ သိပေမယ့်လည်း ချက်ဖို့ မကြိုးစားကြည့်မိတာဖြစ်စေ အသက် ၃ဝအရွယ်ရောက်ရင်တော့ တခြားသူတွေထက် ပိုကောင်းတဲ့ ဟင်းလျာချက်တတ်ဖို့က လိုအပ်လာပါပြီ။ ကိုယ်ပိုင်ဟင်းလျာအသစ်တစ်ခု ဖန်တီးနိုင်ဖို့ မကြောက်ပါနဲ့။ ဒါတွေက နောင်တစ်ချိန်မှာ လိုအပ်လာမှာဖြစ်ပြီး ဥပမာ- သင့်အိမ်ကို အရေးကြီးတဲ့ ဧည့်သည်တွေလာတဲ့အခါ သင်ကျွမ်းကျင်စွာ ချက်ပြုတ်ထားတဲ့ ဟင်းလျာက သင့်ကို ယုံကြည်မှုတွေ ပေးစွမ်းမှာ ဖြစ်ပါတယ်။

၃။ သင့်ရဲ့မိတ်ဆွေစစ်က ဘယ်သူတွေလဲဆိုတာ နားလည်ပါ

ကျွန်တော်တို့ ငယ်ရွယ်နေတုန်း အချိန်မှာတော့ ကျွန်တော်တို့နားမှာ လူများစွာရှိပြီး အသိအကျွမ်းမိတ်ဆွေအသစ်တွေ အလွယ်တကူ ရကြပါတယ်။ ထိုသူတွေအားလုံးက ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေဖြစ်တယ်လို့ မကြာခဏ မှားယွင်းစွာ ထင်မိခဲ့ကြပါတယ်။ ဒါပေမယ့် တချို့အချိန်တွေနောက်ပိုင်းမှာ သူတို့ဟာ ပျောက်ကွယ်သွားကြပြီး စစ်မှန်တဲ့ မိတ်ဆွေတွေသာ ကျွန်တော်တို့နားမှာ ကျန်ခဲ့ပါတယ်။ ကျန်ခဲ့တဲ့သူတွေက ကျွန်တော်တို့ရဲ့အောင်မြင်မှုကို ဝမ်းသာကြသလို ကျွန်တော်တို့ ကျရှုံးတဲ့အခါ ကူညီကြမယ့်သူတွေပါ။ ဒါ့ကြောင့် ဘယ်အချိန်မဆို သင့်အတွက် ရှိနေမယ့် သင့်အနီးနားက လူတွေကို တန်ဖိုးထားပါ။

၄။ လူတိုင်းကို သင့်ရဲ့ကိုယ်ရေးကိုယ်တာဘဝ အသေးစိတ် ပြောပြခြင်းမှ ရပ်တန့်ပါ

သင့်ရဲ့ဆက်ဆံရေးခိုင်မာမှုကို ထိန်းသိမ်းချင်ရင် သင့်ကိစ္စတွေ၊ သင့်လက်တွဲဖော်နဲ့ ရင်ဆိုင်နေရတဲ့ ပြဿနာတွေနှင့် ပတ်သတ်ပြီး လူတိုင်းကို မပြောသင့်ဘူးဆိုတာ စိတ်ထဲမှာ မှတ်ထားပါ။ သင့်ရဲ့စိုးရိမ်မှုတွေကို တစ်ယောက်ယောက်ကို မျှဝေချင်တယ်ဆိုရင် အရင်းနှီးဆုံးသူငယ်ချင်းနဲ့ တိုင်ပင်နိုင်ပါတယ်။

၅။ ဦးစားပေး မှန်ကန်ပါ

ကျွန်တော်တို့ဟာ ဘဝတစ်လျောက်လုံးမှာ လိုအင်ဆန္ဒတွေ ပြည့်ဝဖို့ ကိုယ်တတ်နိုင်တဲ့ အရာအားလုံးကို ပြုလုပ်ဖို့ ကြိုးစားနေကြပေမယ့် တချို့အချိန်တွေမှာ သေးငယ်တဲ့အရာတွေအပေါ် အာရုံစိုက်ဖို့အတွက် အရေးကြီးတဲ့သူတွေကို လျစ်လျူရှုထားတတ်ကြပါတယ်။ အများအားဖြင့် မိသားစုနှင့်အတူ ခရီးသွားတာ၊ အချိန်ပေးတာတို့ ဖြစ်ပါတယ်။ မိသားစုကို ဦးစားပေးဖို့နှင့် တတ်နိုင်သလောက် အချိန်ပေးဖို့က အရေးကြီးပါတယ်။

၆။ အားလပ်ရက်များအတွက် အချိန်နဲ့ငွေကို ရှာဖွေပါ

အနားယူမှု မရှိခြင်းက ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်စေပါတယ်။ နောက်ဆုံးပေါ်စမတ်ဖုန်းပေါ်မှာ ငွေမဖြုန်းဘဲ ထိုက်တန်တဲ့ အပန်းဖြေခရီးပေါ်မှာ ငွေဖြုန်းတာက ပိုကောင်းပါတယ်။ အပြည့်အဝ အနားယူပြီးမှ အလုပ်တွေကို ပြန်လုပ်ရင် ဒီထက်ပိုပြီး လုပ်နိုင်ပါလိမ့်မယ်။ ဒါ့ကြောင့် အနာဂတ်အပန်းဖြေခရီးတစ်ခုအတွက် သင့်လစာ၏ ၂၀%ကို စုဆောင်းတဲ့ စည်းမျဉ်းတစ်ခု ပြုလုပ်ပါ။

၇။ ယာဉ်မောင်းလိုင်စင်ပြုလုပ်ပါ

ယာဉ်မောင်းလိုင်စင်ပြုလုပ်တာက သင့်အနာဂတ်လုပ်ဆောင်မှုများအတွက် လှုံ့ဆော်ရာလည်း ရောက်ပါတယ်။ ယာဉ်မောင်းလိုင်စင်ရလျှင် ကားတစ်စီးဝယ်မယ့်အကြောင်း စတင်တွေးမိပါလိမ့်မယ်။ ဒါ့ကြောင့်သင့်ဝင်ငွေလည်းတိုးလာပါလိမ့်မယ်။ ယာဉ်မောင်းလိုင်စင်ရှိခြင်းက ခရီးသွားဖို့လွယ်ကူပြီး တကယ်လို့ ပြည်ပသွားတဲ့အခါမှာတောင် ကားတစ်စီးငှားပြီး သွားလာနိုင်ပါတယ်။

၈။ အပိုဝင်ငွေရှာပါ

အသက် ၃ဝအရွယ်မှာ အပိုဝင်ငွေ ရရှိနေသင့်ပါတယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း၊ freelancing စတဲ့လုပ်ငန်းများ ပြုလုပ်နိုင်ပါတယ်။ သင့်ရဲ့မြို့က stable ဖြစ်တဲ့ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေရင်တောင် သင့်အနာဂတ် stable ဖြစ်ဖို့ဆိုတာ အာမခံလို့မရပါဘူး။ ဒါ့ကြောင့် အွန်လိုင်းကနေ ပစ္စညး်ရောင်းတာပဲဖြစ်ဖြစ်၊ အလုပ်အားလပ်ချိန်မှာ content writer လုပ်တာပဲဖြစ်ဖြစ် တခြားနေရာကနေ အပိုဝင်ငွေရအောင် ကြိုးစားသင့်ပါတယ်။

၉။ မိဘအိမ်ကနေ ပြောင်းရွေ့ပါ

အိမ်က အမြဲတမ်းသန့်ရှင်းနေပြီး စားစရာဆိုလည်း အမြဲတမ်း အဆင်သင့်ရှိနေတာကြောင့် မိဘနဲ့အတူနေရတာက အရမ်းအဆင်ပြေပါတယ်။ သို့သော်လည်း အိမ်ထောင်ရက်သား ကျလာတဲ့အခါ ၊ အသက် ၃ဝရောက်လာတဲ့အခါ မိဘအိမ်မှာအတူနေတာထက် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ဖို့ လိုအပ်လာပါပြီ။ ဒါမှသာ သာရေး/နာရေးကိစ္စများနှင့် ဆပ်ပြာကဲ့သို့ သေးငယ်တဲ့အရာများကအစ ကုန်ကျမှုတွေအကြောင်းကို သိရှိလာမှာဖြစ်ပြီး ကိုယ့်ရဲ့ဘတ်ဂျက်ကို စီမံခန့်ခွဲနိုင်လာမှာဖြစ်ပါတယ်။

၁၀။ လူရှေ့မှာ စကားပြောဖို့ လေ့လာပါ

သူစိမ်းတွေနဲ့ စကားပြောရတာ၊ လူအများရှေ့မှာ မတ်တပ်ရပ်ပြီး စကားပြောရတာဟာ လူအတော်များများအတွက် အဆင်မပြေသလို ခံစားကြရပါတယ်။ သင့်ရဲ့ ဒီစိုးရိမ်မှုတွေကို ကျော်လွှားဖို့ လေ့လာပါ။ အဲ့ဒီအချိန်မှာ တည်တည်ငြိမ်ငြိမ်နေပါ။ parasite စကားလုံးများကို အသုံးမပြုတာက လေးစားမှုနှင့် အာရုံစူးစိုက်မှုကို ရရှိပါလိမ့်မယ်။ စကားပြောပိုင်နိုင်ခြင်းက သင့်စိတ်မလုံခြုံမှုကို ဖယ်ရှားပေးပါလိမ့်မယ်။ သင့်ရဲ့ ပရောဂျက်ကို အောင်မြင်စွာ တင်ပြနိုင်တာကလည်း လစာတိုးပေးဖို့အတွက် သင့်သူဌေးကို စည်းရုံးပြောဆိုနိုင်မှာဖြစ်ပါတယ်။

၁၁။ သင့်ရဲ့စတိုင်ကို ရှာဖွေပါ

အရွယ်ရောက်သူတစ်ယောက်ဟာ သက်တောင့်သက်သာခံစားရစေမယ့် ကိုယ်ပိုင် ပါစင်နယ်စတိုင်တစ်ခု ရှိနေသင့်ပါတယ်။ သင့်ရဲ့ပါစင်နယ်စတိုင်ကို ရှာတွေ့ခြင်းက ဘာအဝတ်အစား ဝတ်ရမလဲဆိုတဲ့ ရွေးချယ်မှုပြဿနာတွေအကြောင်းကို မေ့လျော့သွားပါလိမ့်မယ်။ သင့်ရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ ထူးခြားမှုကို ဖော်ပြဖို့ ဘယ်အဝတ်အစား ရွေးဝတ်ရမလဲဆိုတာ သိပြီးသားဖြစ်တာကြောင့်ပါ။ သင့်ရဲ့စတိုင်ကို သိခြင်းက အဝတ်အစားသစ်ကို မြန်မြန်ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ ကိုယ်ဟာ ဘယ်လိုဖက်ရှင်တွေနဲ့ဆိုရင် လိုက်ဖက်မှုရှိိတယ်၊ မရှိဘူးဆိုတာကအစ အသက် ၃၀ ရောက်လာတဲ့အခါ သိထားဖို့ လိုနေပါပြီ။

၁၂။ ဂန္ထဝင် စာပေတွေကိုဖတ်ပါ

ကျွန်မတို့ကျောင်းတွေမှာ ဂန္ထဝင်စာပေကို သင်ယူကြပေမယ့် အသက်အရွယ်ငယ်ရွယ်သေးတဲ့ အချိန်ဖြစ်တာကြောင့် ဒီပုံပြင်တွေရဲ့ စစ်မှန်တဲ့ နက်ရှိုင်းမှုကို နားလည် သဘောမပေါက်ခဲ့ပါဘူး။ ဒါ့ကြောင့် နာမည်ကြီးဂန္ထဝင်ဝတ္တုတွေကို ပြန်ဖတ်ဖို့ ပျင်းမနေသင့်ပါဘူး။ ဝတ္တုတစ်ပုဒ်ရဲ့ လျို့ဝှက်ထားတဲ့ အရိပ်အမြွက်လေးတွေ၊ သူတို့ရဲ့ ကွဲပြားခြားနားမှုလေးတွေ၊ ပိုပြီးအသေးစိတ်တာတွေကို သိမြင်လာပြီး ယနေ့ကမ္ဘာနဲ့ ဆက်စပ်ပြီးတော့တောင် သတိထားမိလာပါလိမ့်မယ်။ ဒါ့အပြင် သင့်ရဲ့ယဉ်ကျေးမှုအသိအမြင်လည်း တိုးပွားစေပါလိမ့်မယ်။ စကားပြောဆိုမှုမှာလည်း ကြွယ်ဝပြည့်စုံလာပြီး စိတ်ဝင်စားဖွယ််ကောင်းအောင် စကားပြောဆိုတတ်လာပါလိမ့်မယ်။

၁၃။ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ပုံသဏ္ဍာန်ကောင်းရယူပါ

သက်ရှည်ကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်ဖို့ဆိုတာ အသက်ကြီးမှ ကြိုးစားလုပ်ယူလို့ ရတဲ့အရာတော့ မဟုတ်ပါဘူး။ ငယ်ရွယ်စဉ်ကတည်းက ကျန်းမာရေးလိုက်စားဖို့ တကယ့်ကို အရေးကြီးပါတယ်။ အမျိုးသမီးတွေဟာ အသက် ၃ဝနောက်ပိုင်းမှာ ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်တွေက နှေးကွေးလာပြီး အဆီပိုတွေ၊ ဗိုက်ခေါက်တွေ ဖြစ်လာတတ်တာကြောင့် အသက် ၃ဝအရွယ်မှာ သင့်တင့်လျောက်ပတ်တဲ့ အားကစားတစ်ခုခုကို ပြုလုပ်ဖို့လိုပါတယ်။ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်နေစေဖို့ ကိုယ်လက်လှုပ်ရှားမှုတွေ ပြုလုပ်ပေးပါ။

ပျော်ရွင်တဲ့သူဖြစ်လာစေဖို့ ရိုးရှင်းသောအဆင့် ၄ခု

လေ့လာမှုအရ အပျော်ရွင်ဆုံးအသက်အရွယ် ဆိုတာ မရှိပါဘူး။ ဘယ်အချိန်မဆို အညီအမျှပျော်ရွင်နိုင်ပါတယ်။
အလုပ်တွေ၊ ဖုန်းတွေ၊ လက်တော့ပ်တွေကို ဖြုတ်ထားပြီး တိတ်ဆိတ်တဲ့နေရာမှာ နေ့တိုင်း ၁ဝမိနစ် -၁၅မိနစ်လောက် အချိန်ဖြုန်းပါ။
သင့်ရဲ့စွမ်းအင်တွေ အများကြီကို ယူတတ်တဲ့ မကောင်းတဲ့ အလေ့အကျင့်၊ ဆန္ဒတွေကို ငြင်းဆန်ပါ။
အကောင်းမြင်တဲ့ လူတွေနဲ့ ဝန်းရံပါ။
ရှုပ်ပွတဲ့ အိမ်က သင့်စိတ်ကို ရှုပ်ထွေးစေတာကြောင့် သင်ကိုယ်တိုင် အိမ်သန့်ရှင်းရေးလုပ်ပါ။
#Lifestyle_Myanmar
#LM_Nandar
Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here