မ်က္ႏွာမွာ အေရးအေၾကာင္းေတြ ေပၚေပါက္ျခင္းဟာ သင္အိုမင္းသြားတာေၾကာင့္လို႔ အျမဲတမ္းေတာ့ အဓိပၸာယ္မရပါဘူး။ ေအာက္မွာေဖာ္ျပမဲ့ အဓိကအခ်က္ ၅ ခ်က္ကို ေရွာင္ရွားရင္ပဲ သင့္မ်က္ႏွာနဲ႔ခႏၶာကိုယ္က ထင္ရွားတဲ့ အေရးအေၾကာင္းေတြကို ေပ်ာက္ကင္းေစပါလိမ့္မယ္။ အေရးအေၾကာင္းေတြကို ျဖစ္ေစႏိုင္တဲ့ အရာ ၅ခ်က္ ရွိပါတယ္။
၁။ စိတ္ဖိစီးမႈမ်ားစြာနဲ႔ စိတ္တင္းမာမႈေတြ
ခံစားခ်က္ေတြဆိုးဝါးလာတာနဲ႔အမွ် မ်က္ႏွာျပင္ဟာ ထိုင္းမႈိင္းၿပီး ၾကည့္ရဆိုးတာကို လူတိုင္းသိၿပီးျဖစ္ပါတယ္။ စိတ္ဖိစီးမႈေတြေၾကာင့္ အိပ္မေပ်ာ္ျခင္းနဲ႔ စိုးရိမ္ေၾကာင့္ၾကျခင္းဟာ ကိုယ္ခႏၶာအေပၚကိုမ်ားစြာသက္ေရာက္ေစတာေၾကာင့္ သင့္ရဲ႕အေရျပားဟာ ဆိုးဝါးလာၿပီး မည္သည့္ေဆးဝါးႏွင့္မွ် ကုသလို႔မရႏိုင္ဘူး ဆိုတာကို သတိျပဳေစခ်င္ပါတယ္။ စိတ္ဖိစီးမႈေၾကာင့္ သင့္ရဲ႕ကိုလက္စထထေရာပမာဏ သိသိသာသာတိုးျမွင့္လာၿပီး အသားအေရအတြက္ ေကာင္းမြန္ေစတဲ့ elastin နဲ႔ collagen ေဟာ္မုန္းေတြကို ပ်က္စီးေစပါတယ္။ အရြယ္မတိုင္မွီ အိုမင္းျခင္းကို ကာကြယ္ဖို႔ ထိေရာက္တဲ့နည္းလမ္းတစ္ခုကေတာ့ စိတ္ဖိစီးမႈနည္းပါးေအာင္ ေလ့က်င့္ခန္းလုပ္ျခင္း၊ အေကာင္းျမင္ျခင္း၊ တရားထိုင္ျခင္း စတဲ့အရာေတြနဲ႔ ကာကြယ္ႏိုင္ပါတယ္။
၂။အက်င့္ဆိုးေတြ
ေဆးလိပ္ေသာက္ျခင္းဟာ သင့္ရဲ႕က်န္းမာေရးကို ပ်က္စီးႏိုင္တဲ့ အေလ့အထတစ္ခု ျဖစ္ပါတယ္။ သင့္ခႏၶာကိုယ္တစ္ခုလံုးကို ေဆးလိပ္က ဖ်က္စီးပစ္ႏိုင္ပါတယ္။ အဆိုးဆံုးထိခိုက္မႈကို အဆုတ္နဲ႔ ႏွလံုးေသြးေၾကာဆိုင္ရာ စနစ္ေတြက ခံရတာပါ။ ေဆးလိပ္ဟာ သင့္ရဲ႕သြားေတြကို ဝါေစၿပီး ခံတြင္းအနံ႔ကို နံေနပါတယ္။ ေဆးရြက္ႀကီးေၾကာင့္ပဲ ဒီအနံ႔ဆိုးေတြ ျဖစ္တာမဟုတ္ပါဘူး။ ေဆးလိပ္ေသာက္သူေတြဟာ သူတို႔နဲ႔ရြယ္တူ ေဆးလိပ္မေသာက္သူေတြထက္ အေရးအေၾကာင္းေတြ ပိုမ်ားၿပီး အိုမင္းေစတာကို သင္ႏႈိင္းယွဥ္ၾကည့္ရင္ သိႏိုင္ပါတယ္။ စီးကရက္မွာပါတဲ့ ဓါတုပါဝင္ပစၥည္းေတြဟာ သင့္ခႏၶာကိုယ္ရဲ႕ဆဲလ္ေတြအတြက္ ေကာင္းက်ိဳးတစ္ခုမွမေပးႏိုင္ပါဘူး။ အခ်ိန္မတိုင္မွီ အိုမင္းျခင္းကို ကာကြယ္ဖို႔အတြက္ တတ္ႏိုင္သမွ် ေဆးလိပ္ကိုအျမန္ဆံုး ျဖတ္ဖို႔ႀကိဳးစားပါ။
၃။ ကာဗြန္ဟိုက္ဒရိတ္ မ်ားျပားလြန္းရင္
အခ်ိဳႀကိဳက္သူေတြဟာလည္း အေရးအေၾကာင္းေတြ ေပၚေပါက္မႈကို ၾကံဳေတြ႕ႏိုင္ေၾကာင္း ေလ့လာသိရွိရပါတယ္။ကာဗြန္ဟိုက္ဒရိတ္ဟာ အထူးသျဖင့္ ေပါင္မုန္႔ေတြနဲ႔ အာလူးေၾကာ္လို အသင့္စားအစားအစာေတြမွာ ပိုမိုမ်ားျပားပါတယ္။ တကယ္လို႔သင္ဟာ ေန႔စဥ္နဲ႔အမွ် သေရစာအခ်ိဳမုန္႔ေတြကို စားသံုးတတ္သူဆိုပါက ရက္အနည္းငယ္ေလာက္ မစားသံုးပဲေနၾကည့္ပါက သင့္ရဲ႕႐ုပ္ရည္နဲ႔ စိတ္ပိုင္းဆိုင္ရာ အနည္းငယ္တိုးတက္လာတာကို ျမင္ေတြ႕ရမွာျဖစ္ပါတယ္။ သၾကားဓါတ္ဟာ သင့္ရဲ႕အသားအေရကို ၾကည့္ေကာင္းေအာင္လုပ္ေဆာင္ေပးတဲ့ elastin နဲ႔ ကိုလာဂ်င္ကို ပ်က္ယြင္းေစႏိုင္တာေၾကာင့္ သၾကားဓါတ္ကို အလြန္အက်ဴးစားသံုးျခင္းကို ေရွာင္ရွားပါ။
၄။ ေနေရာင္ကာကြယ္ေဆးမသံုးရင္
ဒီအခ်က္ဟာလည္း လ်စ္လ်ဴ႐ႈလို႔ မရႏိုင္ပါဘူး။ ေနေရာင္ကာကြယ္ေဆးဟာ ယေန႔ေခတ္မွာ လူတိုင္းအတြက္ လိုအပ္ေသာအရာတစ္ခုျဖစ္ပါတယ္။ ေနေရာင္ဟာ သင့္ရဲ႕အေရျပားကို အိုမင္းေစၿပီး ပ်က္စီးေစႏိုင္တဲ့ အႏၱရာယ္ရွိတဲ့ ေရာင္ျခည္ေတြကို ထုတ္လႊတ္ေပးတာေၾကာင့္ ေနေရာင္ကာကြယ္ေဆးကို သံုးစြဲျခင္းဟာ အေရးအေၾကာင္းေတြကို ကာကြယ္ဖို႔နဲ႔ အသားအေရကို ထိန္းသိမ္းေစာင့္ေရွာက္ဖို႔အတြက္ လိုအပ္ေသာအရာတစ္ခု ျဖစ္ပါတယ္။ ေနေရာင္ျခည္မွာပါတဲ့ ခရမ္းလြန္ေရာင္ေရာင္ျခည္ဟာ အေရျပားကင္ဆာျဖစ္မႈ အႏၱရာယ္ကို ပိုမိုတိုးပြားေစတာေၾကာင့္ အျပင္ထြက္တာနဲ႔ ေနေရာင္ကာကြယ္ေဆး sunscreen သံုးဖို႔သတိရပါ။ sunscreen မပါပဲနဲ႔ ေနပူထဲအၾကာႀကီး ေလွ်ာက္မသြားသင့္ပါဘူး။ သင့္ရဲ႕လက္ေတြ၊ ပခံုး၊ လည္ပင္းနဲ႔ မ်က္ႏွာကို အဓိကကာကြယ္ေပးပါ။
၅။ မ်က္စိေၾကာင္ျခင္းနဲ႔ အိပ္ေရးပ်က္ညေတြ မ်ားလာရင္
အိပ္ေရးပ်က္မ်ားသူေတြဟာ မ်က္ကြင္းညိဳျခင္း၊ ထိုင္းမႈိင္းျခင္းသာမက အသားအေရအတြက္လည္း အိုမင္းမႈကို ခံစားရႏိုင္ပါတယ္။ အိပ္ေရးပ်က္မႈေၾကာင့္ အေရျပားမွာ စြမ္းအင္ေတြမဲ့ေနတတ္ၿပီး ညေရာက္တဲ့အခါတိုင္း အေရျပားကိုေကာင္းမြန္စြာအနားေပဖို႔အတြက္ ပံုမွန္အိပ္စက္ျခင္းအေလ့အထကို ျပဳလုပ္ေပးသင့္ပါတယ္။ အိပ္စက္ေနတဲ့ အခ်ိန္ဟာ ကၽြန္ေတာ္တို႔ခႏၶာကိုယ္တြင္ ပ်က္စီးမႈေတြကို ျပန္လည္ျပဳျပင္ေနတဲ့ ကာလတစ္ခုျဖစ္ပါတယ္။ ခႏၶာကိုယ္တြင္းက အဆိပ္ေတြကို ဖယ္ရွားဖို႔နဲ႔ စြမ္းအင္ေတြကို ျပန္လည္ျဖည့္တင္းဖုိ႔အတြက္ အိပ္စက္ျခင္းက ကူညီေပးႏိုင္ၿပီး အခ်ိန္မတိုင္မွီ အေရးအေၾကာင္းေတြ ေပၚေပါက္မႈႏွင့္လည္း သက္ဆိုင္ေနတာေၾကာင့္ သင့္ရဲ႕အသားအေရကို စိုေျပလွပခ်င္ရင္ အိပ္ေရးဝဝအိပ္ဖို႔ လိုအပ္ပါတယ္။
#LM_Naung_Naung
#Lifestye_Myanmar
Source-wmnlife
သင့္ကေလးကို စိတ္ရွည္သည္းခံတတ္ေအာင္္ သင္ၾကားေပးနည္း (၅) ခ်က္
Unicode
အသက်အရွယ်ကြောင့် မဟုတ်ပဲ အရေးအကြောင်းတွေကို ဖြစ်စေနိုင်တဲ့ အရာ ၅ ချက်
မျက်နှာမှာ အရေးအကြောင်းတွေ ပေါ်ပေါက်ခြင်းဟာ သင်အိုမင်းသွားတာကြောင့်လို့ အမြဲတမ်းတော့ အဓိပ္ပာယ်မရပါဘူး။ အောက်မှာဖော်ပြမဲ့ အဓိကအချက် ၅ ချက်ကို ရှောင်ရှားရင်ပဲ သင့်မျက်နှာနဲ့ခန္ဓာကိုယ်က ထင်ရှားတဲ့ အရေးအကြောင်းတွေကို ပျောက်ကင်းစေပါလိမ့်မယ်။ အရေးအကြောင်းတွေကို ဖြစ်စေနိုင်တဲ့ အရာ ၅ချက် ရှိပါတယ်။
၁။ စိတ်ဖိစီးမှုများစွာနဲ့ စိတ်တင်းမာမှုတွေ
ခံစားချက်တွေဆိုးဝါးလာတာနဲ့အမျှ မျက်နှာပြင်ဟာ ထိုင်းမှိုင်းပြီး ကြည့်ရဆိုးတာကို လူတိုင်းသိပြီးဖြစ်ပါတယ်။ စိတ်ဖိစီးမှုတွေကြောင့် အိပ်မပျော်ခြင်းနဲ့ စိုးရိမ်ကြောင့်ကြခြင်းဟာ ကိုယ်ခန္ဓာအပေါ်ကိုများစွာသက်ရောက်စေတာကြောင့် သင့်ရဲ့အရေပြားဟာ ဆိုးဝါးလာပြီး မည်သည့်ဆေးဝါးနှင့်မျှ ကုသလို့မရနိုင်ဘူး ဆိုတာကို သတိပြုစေချင်ပါတယ်။ စိတ်ဖိစီးမှုကြောင့် သင့်ရဲ့ကိုလက်စထထရောပမာဏ သိသိသာသာတိုးမြှင့်လာပြီး အသားအရေအတွက် ကောင်းမွန်စေတဲ့ elastin နဲ့ collagen ဟော်မုန်းတွေကို ပျက်စီးစေပါတယ်။ အရွယ်မတိုင်မှီ အိုမင်းခြင်းကို ကာကွယ်ဖို့ ထိရောက်တဲ့နည်းလမ်းတစ်ခုကတော့ စိတ်ဖိစီးမှုနည်းပါးအောင် လေ့ကျင့်ခန်းလုပ်ခြင်း၊ အကောင်းမြင်ခြင်း၊ တရားထိုင်ခြင်း စတဲ့အရာတွေနဲ့ ကာကွယ်နိုင်ပါတယ်။
၂။အကျင့်ဆိုးတွေ
ဆေးလိပ်သောက်ခြင်းဟာ သင့်ရဲ့ကျန်းမာရေးကို ပျက်စီးနိုင်တဲ့ အလေ့အထတစ်ခု ဖြစ်ပါတယ်။ သင့်ခန္ဓာကိုယ်တစ်ခုလုံးကို ဆေးလိပ်က ဖျက်စီးပစ်နိုင်ပါတယ်။ အဆိုးဆုံးထိခိုက်မှုကို အဆုတ်နဲ့ နှလုံးသွေးကြောဆိုင်ရာ စနစ်တွေက ခံရတာပါ။ ဆေးလိပ်ဟာ သင့်ရဲ့သွားတွေကို ဝါစေပြီး ခံတွင်းအနံ့ကို နံနေပါတယ်။ ဆေးရွက်ကြီးကြောင့်ပဲ ဒီအနံ့ဆိုးတွေ ဖြစ်တာမဟုတ်ပါဘူး။ ဆေးလိပ်သောက်သူတွေဟာ သူတို့နဲ့ရွယ်တူ ဆေးလိပ်မသောက်သူတွေထက် အရေးအကြောင်းတွေ ပိုများပြီး အိုမင်းစေတာကို သင်နှိုင်းယှဉ်ကြည့်ရင် သိနိုင်ပါတယ်။ စီးကရက်မှာပါတဲ့ ဓါတုပါဝင်ပစ္စည်းတွေဟာ သင့်ခန္ဓာကိုယ်ရဲ့ဆဲလ်တွေအတွက် ကောင်းကျိုးတစ်ခုမှမပေးနိုင်ပါဘူး။ အချိန်မတိုင်မှီ အိုမင်းခြင်းကို ကာကွယ်ဖို့အတွက် တတ်နိုင်သမျှ ဆေးလိပ်ကိုအမြန်ဆုံး ဖြတ်ဖို့ကြိုးစားပါ။
၃။ ကာဗွန်ဟိုက်ဒရိတ် များပြားလွန်းရင်
အချိုကြိုက်သူတွေဟာလည်း အရေးအကြောင်းတွေ ပေါ်ပေါက်မှုကို ကြုံတွေ့နိုင်ကြောင်း လေ့လာသိရှိရပါတယ်။ကာဗွန်ဟိုက်ဒရိတ်ဟာ အထူးသဖြင့် ပေါင်မုန့်တွေနဲ့ အာလူးကြော်လို အသင့်စားအစားအစာတွေမှာ ပိုမိုများပြားပါတယ်။ တကယ်လို့သင်ဟာ နေ့စဉ်နဲ့အမျှ သရေစာအချိုမုန့်တွေကို စားသုံးတတ်သူဆိုပါက ရက်အနည်းငယ်လောက် မစားသုံးပဲနေကြည့်ပါက သင့်ရဲ့ရုပ်ရည်နဲ့ စိတ်ပိုင်းဆိုင်ရာ အနည်းငယ်တိုးတက်လာတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ သကြားဓါတ်ဟာ သင့်ရဲ့အသားအရေကို ကြည့်ကောင်းအောင်လုပ်ဆောင်ပေးတဲ့ elastin နဲ့ ကိုလာဂျင်ကို ပျက်ယွင်းစေနိုင်တာကြောင့် သကြားဓါတ်ကို အလွန်အကျူးစားသုံးခြင်းကို ရှောင်ရှားပါ။
၄။ နေရောင်ကာကွယ်ဆေးမသုံးရင်
ဒီအချက်ဟာလည်း လျစ်လျူရှုလို့ မရနိုင်ပါဘူး။ နေရောင်ကာကွယ်ဆေးဟာ ယနေ့ခေတ်မှာ လူတိုင်းအတွက် လိုအပ်သောအရာတစ်ခုဖြစ်ပါတယ်။ နေရောင်ဟာ သင့်ရဲ့အရေပြားကို အိုမင်းစေပြီး ပျက်စီးစေနိုင်တဲ့ အန္တရာယ်ရှိတဲ့ ရောင်ခြည်တွေကို ထုတ်လွှတ်ပေးတာကြောင့် နေရောင်ကာကွယ်ဆေးကို သုံးစွဲခြင်းဟာ အရေးအကြောင်းတွေကို ကာကွယ်ဖို့နဲ့ အသားအရေကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် လိုအပ်သောအရာတစ်ခု ဖြစ်ပါတယ်။ နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ရောင်ခြည်ဟာ အရေပြားကင်ဆာဖြစ်မှု အန္တရာယ်ကို ပိုမိုတိုးပွားစေတာကြောင့် အပြင်ထွက်တာနဲ့ နေရောင်ကာကွယ်ဆေး sunscreen သုံးဖို့သတိရပါ။ sunscreen မပါပဲနဲ့ နေပူထဲအကြာကြီး လျှောက်မသွားသင့်ပါဘူး။ သင့်ရဲ့လက်တွေ၊ ပခုံး၊ လည်ပင်းနဲ့ မျက်နှာကို အဓိကကာကွယ်ပေးပါ။
၅။ မျက်စိကြောင်ခြင်းနဲ့ အိပ်ရေးပျက်ညတွေ များလာရင်
အိပ်ရေးပျက်များသူတွေဟာ မျက်ကွင်းညိုခြင်း၊ ထိုင်းမှိုင်းခြင်းသာမက အသားအရေအတွက်လည်း အိုမင်းမှုကို ခံစားရနိုင်ပါတယ်။ အိပ်ရေးပျက်မှုကြောင့် အရေပြားမှာ စွမ်းအင်တွေမဲ့နေတတ်ပြီး ညရောက်တဲ့အခါတိုင်း အရေပြားကိုကောင်းမွန်စွာအနားပေဖို့အတွက် ပုံမှန်အိပ်စက်ခြင်းအလေ့အထကို ပြုလုပ်ပေးသင့်ပါတယ်။ အိပ်စက်နေတဲ့ အချိန်ဟာ ကျွန်တော်တို့ခန္ဓာကိုယ်တွင် ပျက်စီးမှုတွေကို ပြန်လည်ပြုပြင်နေတဲ့ ကာလတစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်တွင်းက အဆိပ်တွေကို ဖယ်ရှားဖို့နဲ့ စွမ်းအင်တွေကို ပြန်လည်ဖြည့်တင်းဖို့အတွက် အိပ်စက်ခြင်းက ကူညီပေးနိုင်ပြီး အချိန်မတိုင်မှီ အရေးအကြောင်းတွေ ပေါ်ပေါက်မှုနှင့်လည်း သက်ဆိုင်နေတာကြောင့် သင့်ရဲ့အသားအရေကို စိုပြေလှပချင်ရင် အိပ်ရေးဝဝအိပ်ဖို့ လိုအပ်ပါတယ်။
#LM_Naung_Naung
#Lifestye_Myanmar
Source-wmnlife