အသက်ရှုမှားလောက်အောင် လှပတဲ့ ကမ္ဘာကျော် တက္ကသိုလ်၊ ကောလိပ်ကျောင်းများ
0
46
#Lifestyle_Myanmar
#TB_Nandar
Souce- brightside
————————————————
Unicode
အသက်ရှုမှားလောက်တဲ့ ကမ္ဘာကျော်တက္ကသိုလ်၊ ကောလိပ်ကျောင်းများ
ကျွန်တော်တို့ကမ္ဘာရဲ့ သာမန်အဆောက်အဦးများအကြားမှာ  ကမ္ဘာတစ်ဝှမ်းရှိ တက္ကသိုလ်များနှင့် ကောလိပ်တချို့က စစ်မှန်တဲ့ လက်ရာများရှိကြပါတယ်။ တက္ကသိုလ်တွေက ကမ္ဘာကြီးကို အကျိုးပြုတဲ့ ပညာတတ်ပေါင်းမြောက်မြားစွာကို မွေးထုတ်ပေးတဲ့ နေရာတစ်ခုဖြစ်ပါတယ်။  တက္ကသိုလ်တွေကလလူ့ဘဝတစ်လျောက်မှာ အမှတ်ရစရာတွေကျန်ခဲ့တဲ့ တစိတ်တစ်ပိုင်းဆိုလည်းမမှားပါဘူး။ နိုင်ငံတစ်ကာက ကျော်ကြားပြီး ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ အလှအပများနဲ့ တက္ကသိုလ်များအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
၁။ အမေရိကန်ပြည်ထောင်စု၊ Notre Dame အိုင်ဒါဟိုတက္ကသိုလ်
Notre Dame တက္ကသိုလ်၏ အပေါ်ဘက်မျက်နှာစာမှာ နာမည်ကျော်ရွှေရောင်အမိုးခုံးကဲ့သို့ အထင်ကရအမှတ်အသား ပါရှိပါတယ်။ ဒါက အမေရိကန်ပြည်ထောင်စုအတွက် ထိပ်တန်းတက္ကသိုလ်များနှင့် သုတေသန အဖွဲ့အစည်းများအဖြစ် ရပ်တည်နေနိုင်တာ ဖြစ်ပါတယ်။
၂။  ဖိလစ်ပိုင်နိုင်ငံ၊ Santo Tomas ၏တက္ကသိုလ်
Santo Tomas တက္ကသိုလ်က မနီလာ၏ အလယ်ဗဟိုမှာ တည်ရှိပြီး အာရှတစ်ခုလုံးမှာ လက်ရှိရှေးအကျဆုံးတက္ကသိုလ် ဖြစ်ပါတယ်။
၃။ Berry ကောလိပ်၊ ဂျော်ဂျီယာ ၊USA
ဒီလစ်ဘရယ် အနုပညာကောလိပ်ကို  တောင်တတ်ခြင်းနှင့်မြင်းစီးခြင်းကဲသို့သော လှုပ်ရှားမှုများအတွက် အများပြည်သူမှ ရှင်းလင်းထားတဲ့ ကုန်းမြေအစိတ်အပိုင်းများပေါ်မှာ ဖွင့်လှစ်ထားပါတယ်။
၄။  နယူးဇီလန်နိုင်ငံ၊ Otagoတက္ကသိုလ်
ဒီတက္ကသိုလ်မှာ မြစ်တစ်ခုနှင့် ကပ်လျက်ရှိတဲ့ဥယျာဉ်ပတ်ဝန်းကျင်ပါ၀င်ပြီး သဘာဝအလှများစွာနှင့် neo-gothic မျှော်စင်ကဲ့သို့သော ခမ်းနားထည်ဝါသောအဆောက်အဦးများ အားလုံးရှိပါတယ်။
၅။ အိုင်ယာလန်မြောက်ပိုင်း၊  ဘဲလ်ဖတ်ဘုရင်မကြီး၏ တက္ကသိုလ်
ဗစ်တိုးရီးယားဘုရင်မကြီး တည်ထောင်ခဲ့သော ဘဲလ်ဖတ်တက္ကသိုလ်မှာ အဆောက်အဦး၃၀၀ကျော်ရှိပြီး ၎င်းကျောင်းသားများအကြားအများစုက နိုဘယ်ဆုရရှိသူများပါ၀င်ပါတယ်။
၆။  ရုရှားနိုင်ငံ၊ မော်စကိုပြည်နယ်တက္ကသိုလ်
မော်စကိုပြည်နယ်တက္ကသိုလ်၏ အဓိကမျှော်စင်မှာ ၃၆ထပ်မြင့်ပြီး အောက်ထပ်မှာ ရေကူးကန်ရှိပါတယ်။ အဆောက်အဦးမှာ ဂီတဖျော်ဖြေပွဲခန်းမတစ်ခု၊ ပြဇာတ်ရုံ၊ ပြတိုက်နှင့် ရေကူးကန်တို့ ပါ၀င်ပါတယ်။
၇။ စကော့တလန်နိုင်ငံ၊ Glasgow တက္ကသိုလ်
စကော့တလန်၏ အဓိကနောက်ခံ မီးခိုးရောင်နှင့် ဆန့်ကျင်ပြီး အထင်ကြီးစရာ ပိုပြီးရှေးကျတဲ့ ဒီ Gothicအဆောက်အဦးက ယခုကြည့်တာတောင်  တော်တော်လေးခံ့ညားပါတယ်။
၈။ ကနေဒါနိုင်ငံ၊  တော်ဝင်လမ်းတက္ကသိုလ်
မူလက စစ်တပ်ကောလိပ်တစ်ခုဖြစ်တဲ့ဒီတက္ကသိုလ်က ကနေဒါတပ်ဖွဲ့များသို့ အနီးကပ်လေ့ကျင့်ပေးခြင်းဖြစ်ပြီး တက္ကသိုလ်နယ်မြေအပေါ်မှာ စစ်ရေးသမိုင်းပြတိုက်တစ်ခုရှိပါတယ်။
၉။ အီဂျစ်နိုင်ငံ ၊ကိုင်ရိုအမေရိကန်တက္ကသိုလ်
ဒီအင်္ဂလိပ်ဘာသာတက္ကသိုလ်က နိုင်ငံပေါင်းတရာကျော်မှ ကိုယ်စားပြု ကျောင်းသားများကို အမေရိကန်စတိုင်လေ့လာမှုများအတွက် ကမ်းလှမ်းထားပါတယ်။
၁၀။  ထိုင်းနိုင်ငံ ၊ချူလာလောင်ကွန်းတက္ကသိုလ်
ထိုင်းနိုင်ငံ၏ ပြည်သူလူထုအတွက် ရေမီးထွန်းပွဲတော် ကျင်းပဆောင်ရွက်ပေးတဲ့ နံပါတ်တစ်တက္ကသိုလ်ဖြစ်ပါတယ်။ လူများက မြစ်ချောင်းတွေ ကန်တွေကို ဖြတ်ပြီး အထူးရေမျောပန်းပုရုပ်တွေကို ပို့လွှတ်ကြပြီး ကောင်းကင်ပေါ်သို့ မီးပုံးတွေလွှတ်ကြတဲ့ ပွဲတော်တစ်ခုဖြစ်ပါတယ်။
၁၁။အမေရိကန်ပြည်ထောင်စု ၊ဖလော်ရီဒါပြည်နယ် ၊ Flagler ကောလိပ်
ဖလော်ရီဒါပြည်နယ်၊ စိန့်အော်စတင်မှာ တည်ရှိတဲ့ ဒီတက္ကသိုလ်က တစ်ချိန်က Ponce de Leon ဇိမ်ခံဟော်တယ်တစ်ခုဖြစ်ခဲ့ပြီး ပညာရေးနေရာတစ်ခုအဖြစ် ကူးပြောင်းခဲ့ပါတယ်။
၁၂။  တောင်အာဖရိကနိုင်ငံ ကိပ်တောင်းတက္ကသိုလ်
ကိပ်တောင်းတက္ကသိုလ်က နာမည်ကြီး Table တောင်တန်းကနေတလျှောက် ရင်သပ်ရှုမောဖွယ် Devil’s Peak တောင်တန်း၏တောင်စောင်းပေါ်မှာ တည်ရှိပါတယ်။
၁၃။ သြစတြေးလျနိုင်ငံ  ဆစ်ဒနီတက္ကသိုလ်
၎င်း၏လှပတဲ့အဆောက်အဦးများအပြင် ဒီတက္ကသိုလ်ကလည်း သြစတြေးလျ၏ ခြောက်ယောက်မြောက်ဝန်ကြီးချုပ် ပညာသင်ခဲ့ပြီး ကိုယ်ပိုင်ဂုဏ်သိက္ခာမြင့်မားတဲ့ ကျောင်းဖြစ်ပါတယ်။
၁၄။ အင်္ဂလန်နိုင်ငံ Holloway တော်ဝင်တက္ကသိုလ်
အနီရောင်အုတ်တံတိုင်းနဲ့မြင့်မားတဲ့ Holloway တော်ဝင်တက္ကသိုလ်က  ရုပ်ရှင်ရိုက်ကူးသူများဖြင့် သူတို့ရဲ့အလှအပများအတွက် ထင်ရှားလျှက်ရှိပါတယ်။ Avengers၊ Age of Ultron နှင့် Downton Abbey ဇာတ်ကားများကို ဒီမှာပဲရိုက်ကူးခဲ့ကြတာဖြစ်ပါတယ်။
#Nandar
Souce- brightside
LEAVE A REPLY
Please enter your comment!
Please enter your name here