အသက္ရွည္ရွည္နဲ႔ ဘဝကိုျဖတ္သန္းႏိုင္ဖို႔အတြက္ အေလ့အက်င့္ေကာင္း (၅) ခ်က္

0
183

လူတိုင္း အသက္ရွည္ရွည္ေနခ်င္ၾကတာဟာ သဘာဝပါပဲ။ လူအမ်ားစုကေတာ့ သူတို႔ရဲ႕သက္တမ္းကို ႏွစ္ ၆၀ ေလာက္အနည္းဆံုး ေနသြားခ်င္ၾကပါတယ္။ ဒါေပမယ့္ အသက္ရွည္ျခင္းနဲ႔အတူ ဘဝရဲ႕ေပ်ာ္ရြင္မႈေတြကလည္း အေရးႀကီးပါတယ္။ စိတ္ညစ္စရာေကာင္းတဲ့ ဘဝတစ္ခုမွာ အခ်ိန္အၾကာႀကီးအသက္ရွည္ေနျခင္းက ဒုကၡတစ္ခုလို ထင္မွတ္သူေတြလည္း ရွိႏိုင္ပါတယ္။ တကယ္လို႔သင့္ရဲ႕အသက္ ၁၀၀ ေနရၿပီး ေနာက္ဆံုးႏွစ္ႏွစ္ဆယ္ေလာက္က မသန္မစြမ္းဘဝနဲ႔ အျခားသူေတြရဲ႕ ျပဳစုျခင္းကို ခံေနရရင္ သင္ကိုယ္တိုင္လည္း အသက္ပိုရွည္ခ်င္ေတာ့မွာ မဟုတ္ပါဘူး။
ေငြေၾကးဥစၥာ ျပည့္စံုသူေတြမွာ က်န္းမာေရးေစာင့္ေရွာက္မႈ ပိုေကာင္းတာေၾကာင့္ အသက္ပိုရွည္ႏိုင္ၿပီး ဝင္ေငြလစာေကာင္းတဲ့ ႏိုင္ငံေတြမွာဆိုရင္ မသန္စြမ္းျဖစ္မႈ ပိုနည္းေၾကာင္း ေလ့လာခ်က္ေတြအရ သိရပါတယ္။  ဘယ္လိုပဲျဖစ္ျဖစ္ က်န္းမာေပ်ာ္ရြင္စြာ အသက္ရွည္ႏိုင္ေစဖို႔အတြက္ ေကာင္းတဲ့အေလ့အက်င့္ေလးေတြကို ဂ႐ုစိုက္ဖို႔ လိုအပ္ပါတယ္။

၁။ ေဆးလိပ္ေသာက္ျခင္းနဲ႔ အရက္အလြန္အကၽြံေသာက္ျခင္းကို ေရွာင္က်ဥ္ပါ
American cancer society ရဲ႕အဆိုအရ ေဆးလိပ္ေသာက္သူေတြဟာ ေဆးလိပ္မေသာက္သူေတြထက္ သက္တမ္း ၁၀ႏွစ္ေလာက္ ပိုတိုေၾကာင္း သိရွိရပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ အသက္၄၀ မတိုင္မွီေဆးလိပ္ျဖတ္ျခင္းျဖင့္ ေဆးလိပ္ေၾကာင့္ျဖစ္တဲ့ ေရာဂါေတြရဲ႕ အႏၱရာယ္ေၾကာင့္ ေသဆံုးရျခင္းရဲ႕ ၉၀% ေလာက္ကို ေလ်ာ့နည္းေစႏိုင္ပါတယ္။ ေဆးလိပ္ျဖတ္ျခင္းဟာ သင့္ရဲ႕သက္တမ္းအေပၚကို ႀကီးမားတဲ့သက္ေရာက္မႈေတြ ရွိေစမွာျဖစ္ေၾကာင္း သိပၸံပညာရွင္အခ်ိဳ႕က ဆိုၾကပါတယ္။

၂။ အိပ္စက္ျခင္းကို ဦးစားေပးပါ
ယေန႔ေခတ္ လူ႔အဖြဲ႕အစည္းမွာ အိပ္စက္ျခင္းကို သိပ္ၿပီးေတာ့ ဦးစားမေပးၾကေတာ့ပါဘူး။ ညသန္းေခါင္ေက်ာ္ေနတာေတာင္မွ ဖုန္းရဲ႕ႏိုတီကို စစ္ၾကည့္တတ္ၾကသလို movies ေတြၾကည့္ၿပီး သန္းေခါင္ေက်ာ္သြားတဲ့ ညေတြလည္း နည္းမွာမဟုတ္ပါဘူး။ ဘယ္လိုပဲျဖစ္ျဖစ္ အသက္ရွည္ရွည္ေနခ်င္တယ္ ဆိုရင္ေတာ့ ကိုယ့္ရဲ႕အိပ္စက္ျခင္းကို ဦးစားေပးဖို႔ လိုအပ္ပါတယ္။ ဒါေၾကာင့္ အိပ္ခ်ိန္ကို ထိခိုက္ေစမယ့္ အျပဳအမူမ်ိဳးေတြကို ေရွာင္က်ဥ္တဲ့  အေလ့အက်င့္ ျပဳလုပ္ဖို႔ လိုအပ္ပါတယ္။
(၁) အိပ္ရာမဝင္ခင္ ႏွစ္နာရီေလာက္အလိုတည္းက နည္းပညာပစၥည္ေတြကို မသံုးပါနဲ႔
(၂) ညအခ်ိန္ေရခ်ိဳးတဲ့အခါ ေရေႏြးနဲ႔ခ်ိဳးျခင္း၊ သာယာတဲ့သီခ်င္းသံနားေထာင္ျခင္း၊ တရားထိုင္ျခင္း တို႔က သင္အိပ္ရာဝင္တဲ့အခါ စိတ္ကိုပိုမိုေအးခ်မ္းေစပါတယ္
(၃) ညစာကို အမ်ားႀကီးမစားပါနဲ႔၊ တကယ္လို႔ သင္ဆာေလာင္ေနတဲ့အခါမွသာ ပ႐ိုတင္းဓါတ္ၾကြယ္ဝတဲ့ စားစရာေတြ၊ ဒိန္ခဲ နဲ႔ ေထာတ္တို႔ကို အနည္းငယ္စားသံုးေပးပါ
(၄) ညဖက္ အရက္ေသာက္ျခင္းကို ေရွာင္က်ဥ္ပါ

၃။ ေလ့က်င့္ခန္းလုပ္ပါ
ေလ့က်င့္ခန္းလုပ္ျခင္းဟာ သင့္ရဲ႕အလံုးစံုက်န္းမာေရးအတြက္ အေရးအႀကီးဆံုးအရာျဖစ္ၿပီး ေရာဂါေတြရဲ႕ ရန္ကေနမ်ားစြာကာကြယ္ေပးႏိုင္ပါတယ္။ Harvard Health Publishing ရဲ႕အဆိုအရ ေလ့က်င့္ခန္းလုပ္ျခင္းေၾကာင့္ သင့္ရဲ႕က်န္းမာေရးအေပၚ တိက်တဲ့အက်ိဳးေက်းဇူးေတြကို ေဖာ္ျပခဲ့ၾကပါတယ္/ ေလ့က်င့္ခန္းပံုမွန္လုပ္ျခင္းေၾကာင့္ ႏွလံုးရဲ႕က်န္းမာေရးကို တိုးတက္ေစၿပီး ႏွလံုးေရာဂါျဖစ္မႈကေန သံုးပံုတစ္ပံုခန္႔ ေလ်ာ့နည္းေစပါတယ္။
ေလ့က်င့္ခန္းပံုမွန္ လုပ္ျခင္းဟာ ဦးေႏွာက္ရဲ႕က်န္းမာေရးကို ေစာင့္ေရွာက္ေပးၿပီး အယ္ဇိုင္းမားေရာဂါနဲ႔ ေလျဖတ္ျခင္းတို႔ကို ကာကြယ္ေပးႏိုင္ပါတယ္
ေလ့က်င့္ခန္း ပံုမွန္လုပ္ျခင္းေၾကာင့္ ေသြးထဲက သၾကားဓါတ္ပမာဏကို ေလ်ာ့နည္းေစၿပီး ေသြးတိုးျဖစ္မႈရဲ႕ ၃၀ %ကိုေလ်ာ့နည္းေစပါတယ္။
ေလ့က်င့္ခန္းပံုမွန္လုပ္ျခင္းဟာ ၾကြက္သားေတြကို သန္မာေစၿပီး သြက္လက္က်န္းမာေစႏိုင္ပါတယ္

၄။ အာဟာရညီညႊတ္ေအာင္ စားသံုးပါ
က်န္းမာျခင္းအတြက္ အစာအာဟာရဟာ အေရးအႀကီးဆံုး အခ်က္တစ္ခုပါ။ အသက္ႀကီးလာတာနဲ႔အမွ် အာဟာရစားသံုးမႈကိုလည္း ပိုဂ႐ုစိုက္သင့္ၿပီး အစားအစာအုပ္စု ၅ခုလံုးပါဝင္ေအာင္ စားသံုးေပးဖို႔ လိုအပ္ပါတယ္။

၅။ ေပါင္းသင္းဆက္ဆံေရး ေကာင္းမြန္ပါေစ
အထီးက်န္ျခင္းဟာ အသက္တိုေစေၾကာင္း ေလ့လာမႈေတြက ေဖာ္ျပခဲ့ၾကပါတယ္။ အသက္ႀကီးလာတာနဲ႔အမွ် ကိုယ့္ရဲ႕ပတ္ဝန္းက်င္က လူေတြနဲ႔ အဆင္ေျပေအာင္ ေပါင္းသင္းဆက္ဆံဖို႔ လိုအပ္ပါတယ္။ ကိုယ့္ရဲ႕သူငယ္ခ်င္းေဟာင္းေတြနဲ႔လည္း မၾကာခဏေတြ႕ဆံုေပးပါ။ ကိုယ္ဝါသနာပါတဲ့ အရာေတြ၊ သြားေရာက္ခ်င္တဲ့ေနရာေတြကို မိသားစုေတြ သူငယ္ခ်င္းေတြနဲ႔ အတူတူေဆာင္ရြက္ပါ။ အရာရာကို အေကာင္းျမင္စိတ္ထားဖို႔လည္း မေမ့ပါနဲ႔။ စိတ္ေပ်ာ္ရြင္ျခင္းဟာ သင့္ကိုအသက္ပိုရွည္ေစမွာပါ။

LM_Naung_Naung

Lifestyle_Myanmar

လူတိုင်း အသက်ရှည်ရှည်နေချင်ကြတာဟာ သဘာဝပါပဲ။ လူအများစုကတော့ သူတို့ရဲ့သက်တမ်းကို နှစ် ၆၀ လောက်အနည်းဆုံး နေသွားချင်ကြပါတယ်။ ဒါပေမယ့် အသက်ရှည်ခြင်းနဲ့အတူ ဘဝရဲ့ပျော်ရွင်မှုတွေကလည်း အရေးကြီးပါတယ်။ စိတ်ညစ်စရာကောင်းတဲ့ ဘဝတစ်ခုမှာ အချိန်အကြာကြီးအသက်ရှည်နေခြင်းက ဒုက္ခတစ်ခုလို ထင်မှတ်သူတွေလည်း ရှိနိုင်ပါတယ်။ တကယ်လို့သင့်ရဲ့အသက် ၁၀၀ နေရပြီး နောက်ဆုံးနှစ်နှစ်ဆယ်လောက်က မသန်မစွမ်းဘဝနဲ့ အခြားသူတွေရဲ့ ပြုစုခြင်းကို ခံနေရရင် သင်ကိုယ်တိုင်လည်း အသက်ပိုရှည်ချင်တော့မှာ မဟုတ်ပါဘူး။
ငွေကြေးဥစ္စာ ပြည့်စုံသူတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု ပိုကောင်းတာကြောင့် အသက်ပိုရှည်နိုင်ပြီး ဝင်ငွေလစာကောင်းတဲ့ နိုင်ငံတွေမှာဆိုရင် မသန်စွမ်းဖြစ်မှု ပိုနည်းကြောင်း လေ့လာချက်တွေအရ သိရပါတယ်။  ဘယ်လိုပဲဖြစ်ဖြစ် ကျန်းမာပျော်ရွင်စွာ အသက်ရှည်နိုင်စေဖို့အတွက် ကောင်းတဲ့အလေ့အကျင့်လေးတွေကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

၁။ ေဆးလိပ်သောက်ခြင်းနဲ့ အရက်အလွန်အကျွံသောက်ခြင်းကို ရှောင်ကျဉ်ပါ
American cancer society ရဲ့အဆိုအရ ဆေးလိပ်သောက်သူတွေဟာ ဆေးလိပ်မသောက်သူတွေထက် သက်တမ်း ၁၀နှစ်လောက် ပိုတိုကြောင်း သိရှိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အသက်၄၀ မတိုင်မှီဆေးလိပ်ဖြတ်ခြင်းဖြင့် ဆေးလိပ်ကြောင့်ဖြစ်တဲ့ ရောဂါတွေရဲ့ အန္တရာယ်ကြောင့် သေဆုံးရခြင်းရဲ့ ၉၀% လောက်ကို လျော့နည်းစေနိုင်ပါတယ်။ ဆေးလိပ်ဖြတ်ခြင်းဟာ သင့်ရဲ့သက်တမ်းအပေါ်ကို ကြီးမားတဲ့သက်ရောက်မှုတွေ ရှိစေမှာဖြစ်ကြောင်း သိပ္ပံပညာရှင်အချို့က ဆိုကြပါတယ်။

၂။ အိပ်စက်ခြင်းကို ဦးစားပေးပါ
ယနေ့ခေတ် လူ့အဖွဲ့အစည်းမှာ အိပ်စက်ခြင်းကို သိပ်ပြီးတော့ ဦးစားမပေးကြတော့ပါဘူး။ ညသန်းခေါင်ကျော်နေတာတောင်မှ ဖုန်းရဲ့နိုတီကို စစ်ကြည့်တတ်ကြသလို movies တွေကြည့်ပြီး သန်းခေါင်ကျော်သွားတဲ့ ညတွေလည်း နည်းမှာမဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အသက်ရှည်ရှည်နေချင်တယ် ဆိုရင်တော့ ကိုယ့်ရဲ့အိပ်စက်ခြင်းကို ဦးစားပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အိပ်ချိန်ကို ထိခိုက်စေမယ့် အပြုအမူမျိုးတွေကို ရှောင်ကျဉ်တဲ့  အလေ့အကျင့် ပြုလုပ်ဖို့ လိုအပ်ပါတယ်။
(၁) အိပ်ရာမဝင်ခင် နှစ်နာရီလောက်အလိုတည်းက နည်းပညာပစ္စည်တွေကို မသုံးပါနဲ့
(၂) ညအချိန်ရေချိုးတဲ့အခါ ရေနွေးနဲ့ချိုးခြင်း၊ သာယာတဲ့သီချင်းသံနားထောင်ခြင်း၊ တရားထိုင်ခြင်း တို့က သင်အိပ်ရာဝင်တဲ့အခါ စိတ်ကိုပိုမိုအေးချမ်းစေပါတယ်
(၃) ညစာကို အများကြီးမစားပါနဲ့၊ တကယ်လို့ သင်ဆာလောင်နေတဲ့အခါမှသာ ပရိုတင်းဓါတ်ကြွယ်ဝတဲ့ စားစရာတွေ၊ ဒိန်ခဲ နဲ့ ထောတ်တို့ကို အနည်းငယ်စားသုံးပေးပါ
(၄) ညဖက် အရက်သောက်ခြင်းကို ရှောင်ကျဉ်ပါ

၃။ လေ့ကျင့်ခန်းလုပ်ပါ
လေ့ကျင့်ခန်းလုပ်ခြင်းဟာ သင့်ရဲ့အလုံးစုံကျန်းမာရေးအတွက် အရေးအကြီးဆုံးအရာဖြစ်ပြီး ရောဂါတွေရဲ့ ရန်ကနေများစွာကာကွယ်ပေးနိုင်ပါတယ်။ Harvard Health Publishing ရဲ့အဆိုအရ လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် သင့်ရဲ့ကျန်းမာရေးအပေါ် တိကျတဲ့အကျိုးကျေးဇူးတွေကို ဖော်ပြခဲ့ကြပါတယ်/ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းကြောင့် နှလုံးရဲ့ကျန်းမာရေးကို တိုးတက်စေပြီး နှလုံးရောဂါဖြစ်မှုကနေ သုံးပုံတစ်ပုံခန့် လျော့နည်းစေပါတယ်။
လေ့ကျင့်ခန်းပုံမှန် လုပ်ခြင်းဟာ ဦးနှောက်ရဲ့ကျန်းမာရေးကို စောင့်ရှောက်ပေးပြီး အယ်ဇိုင်းမားရောဂါနဲ့ လေဖြတ်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်
လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းကြောင့် သွေးထဲက သကြားဓါတ်ပမာဏကို လျော့နည်းစေပြီး သွေးတိုးဖြစ်မှုရဲ့ ၃၀ %ကိုလျော့နည်းစေပါတယ်။
လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဟာ ကြွက်သားတွေကို သန်မာစေပြီး သွက်လက်ကျန်းမာစေနိုင်ပါတယ်

၄။ အာဟာရညီညွှတ်အောင် စားသုံးပါ
ကျန်းမာခြင်းအတွက် အစာအာဟာရဟာ အရေးအကြီးဆုံး အချက်တစ်ခုပါ။ အသက်ကြီးလာတာနဲ့အမျှ အာဟာရစားသုံးမှုကိုလည်း ပိုဂရုစိုက်သင့်ပြီး အစားအစာအုပ်စု ၅ခုလုံးပါဝင်အောင် စားသုံးပေးဖို့ လိုအပ်ပါတယ်။

၅။ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ပါစေ
အထီးကျန်ခြင်းဟာ အသက်တိုစေကြောင်း လေ့လာမှုတွေက ဖော်ပြခဲ့ကြပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ကိုယ့်ရဲ့ပတ်ဝန်းကျင်က လူတွေနဲ့ အဆင်ပြေအောင် ပေါင်းသင်းဆက်ဆံဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့သူငယ်ချင်းဟောင်းတွေနဲ့လည်း မကြာခဏတွေ့ဆုံပေးပါ။ ကိုယ်ဝါသနာပါတဲ့ အရာတွေ၊ သွားရောက်ချင်တဲ့နေရာတွေကို မိသားစုတွေ သူငယ်ချင်းတွေနဲ့ အတူတူဆောင်ရွက်ပါ။ အရာရာကို အကောင်းမြင်စိတ်ထားဖို့လည်း မမေ့ပါနဲ့။ စိတ်ပျော်ရွင်ခြင်းဟာ သင့်ကိုအသက်ပိုရှည်စေမှာပါ။

LM_Naung_Naung

Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here