အဝေးရောက်ချစ်သူတွေအတွက် စပရိုက်ဖြစ်စေမယ့် နည်းလမ်းလေးတွေ

0
213

အနေဝေးတဲ့ အချစ်ရေး(LDR)ဟာ ခိုင်မြဲဖို့ ခက်ခဲလှပါတယ်။ သို့သော်လည်း အဆက်အသွယ်မပြတ်နေမယ်၊ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိပြီး သစ္စာရှိမယ်ဆိုရင် ပိုမိုခိုင်မာတဲ့ အချစ်ရေးမျိုးကို ဖွဲ့စည်းနိုင်ပါတယ်။ တခါတရံမှာ LDR တွေဟာ တစ်ယောက်နဲ့ တစ်ယောက် အနီးကပ်နေတဲ့ စုံတွဲတွေထက်တောင် အချစ်ရေးပိုခိုင်မာတာကို တွေ့ရပါတယ်၊

သူကြိုက်နှစ်သက်တဲ့အရာလေးတွေကို သတိရတတ်မယ်၊ သင့်အတွက် သူလုပ်ပေးတဲ့ အရာအားလုံးကို သတိထားမိမယ်ဆိုရင် အဝေးရောက် သင့်ချစ်သူက သင့်ကိုပိုပြီးတောင် တန်ဖိုးထားစေနိုင်ပါတယ်။
အနေဝေးတဲ့ အချစ်ရေးတစ်ခုကို အသက်ဝင်အောင် ဘယ်လိုလုပ်မလဲ? မငြီးငွေ့သွားအောင် ဘယ်လိုထိန်းသိမ်းမလဲ?
ယနေ့ခေတ်နည်းပညာတွေက ပိုပြီးတောင်လွယ်ကူပါတယ်။ ချစ်သူနဲ့ ဝေးနေတဲ့အချိန်မှာ သင့်ချစ်သူ အံ့လားသင့်သွားအောင်၊ သင့်ကို ပိုချစ်လာအောင် ပြုလုပ်ပေးနိုင်တဲ့ နည်းလမ်းတစ်ချို့ ရှိပါတယ်။

၁။ ရိုမန့်တစ်ဆန်တဲ့ ညစာ

သင်တို့နှစ်ယောက်က အနေဝေးတဲ့ ချစ်သူတွေ ဖြစ်နေရင်တောင် သင့်ချစ်သူနှင့် နီးကပ်နေတယ်လို့ ခံစားရစေနိုင်တဲ့ နည်းလမ်းများစွာ ရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မိုင်တွေဝေးနေပေမယ့် ရိုမန့်တစ်ဆန်တဲ့ ညစာဖန်တီးနိုင်ပါတယ်။
Video call ခေါ်ပါ။ အင်တာနက်ကနေ ချက်ချင်းတွေ့နိုင်ပြီး တစ်ယောက်နဲ့ တစ်ယောက် စကားပြောဆိုနိုင်ပါတယ်။
အကြံပြုချက်
သင်တို့ရဲ့ anniversary လိုနေ့မျိုးမှာ အထူးညစာစားချင်တယ်ဆိုရင် ရိုမန့်တစ်ဆန်တဲ့ ပစ္စည်းလေးတွေ၊ ဖယောင်းတိုင်တွေနဲ့ အခန်းကို အလှဆင်နိုင်ပါတယ်။
နှစ်ယောက်စလုံး ကြိုက်တဲ့ အစားအသောက်လေးတွေ ရွေးချယ်ပါ။

၂။ ကိုယ့်ချစ်သူကို ရည်စူးတဲ့ သီချင်းတစ်ပုဒ်

သူ့အတွက် ရည်စူးထားတဲ့ သီချင်းတစ်ပုဒ်က မျှော်လင့်မထားတဲ့ အချိန်မှာ သင့်ချစ်သူကို အံ့အားသင့်စေဖို့ နည်းလမ်းတစ်ခုဖြစ်နိုင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ဝေးကွာနေပေမယ့် သင့်ရဲ့ ခိုင်မာတဲ့ အချစ်ခံစားချက်များကို အပြည့်အဝ ဖော်ပြနိုင်တဲ့ ရိုမန့်တစ်သီချင်းများစွာ ရှိပါတယ်။
အကြံပြုချက်များ
သင်ဘယ်လိုခံစားရတယ်ဆိုတာ အကောင်းဆုံးဖော်ပြပေးတဲ့ special သီချင်းတစ်ပုဒ်ကို ရွေးချယ်ပါ။
ပိုပြီး စိတ်လှုပ်ရှားစရာကောင်းအောင် ၊ ရိုမန့်တစ်ဆန်အောင် သူ့အတွက်ရည်စူးတဲ့ သီချင်းတစ်ပုဒ်ကို ရေဒီယိုအသံလွှင့်ဌာနမှတဆင့် သီချင်းတောင်းဆိုနိုင်ပါတယ်။
ရေဒီယိုမှ ကြေညာတဲ့အခါ သင့်ချစ်သူနားထောင်နိုင်အောင် ဖုန်းခေါ်ဆိုပါ။
ဆိုရှယ်မီဒီယာပေါ်မှာ တင်ပေးတာ သို့မဟုတ် မက်ဆေ့ချ်ကတဆင့် ပို့ပေးပါ။
ဂစ်တာတီး၊ သီချင်းဆိုပြပြီးလည်း သင့်ချစ်သူကို ရို နိုင်ပါတယ်နော်။

၃။ အချစ်ကဗျာတစ်ပုဒ် ရေးပေးပါ

သင့်ချစ်သူကို အချစ်သီချင်းလေးတွေ၊ အချစ်ကဗျာလေးတွေ၊ ရိုမန့်တစ်ဆန်တဲ့ စာသားလေးတွေ ပေးပို့နိုင်ပါတယ်။
လူတိုင်းမှာ ကဗျာရေးဖို့ ပါရမီ မပါကြပါဘူး။ ဒါပေမယ့် သင်ရင်အခုန်ဆုံးခံစားချက်များကနေ သီချင်းတစ်ပုဒ် သို့ ကဗျာတစ်ပုဒ်အဖြစ် ချရေးနိုင်ပါတယ်။
တစ်ယောက်နဲ့ တစ်ယောက် ဝေးကွာနေတာက ခက်ခဲလှပေမယ့် သင့်ကိုယ်ပိုင်စကားလုံးတွေ၊ ခံစားချက်တွေနဲ့ ကဗျာတစ်ပုဒ်ရေးခြင်းက သင့်ဘဝမှာ သူကဘယ်လိုအရေးပါကြောင်း သင့်ချစ်သူ သိစေမယ့် အကောင်းဆုံးနည်းလမ်းဖြစ်နိုင်ပါတယ်။
အကြံပြုချက်
သင့်ရဲ့ စိတ်ခံစားမှုတွေ၊ ခံစားချက်တွေကို စာသားထဲမှာ ပွင့်ပွင့်လင်းလင်း ဖွင့်ပြောပါ။
ကဗျာအားလုံးက ကာရန်ညီဖို့ မလိုပါဘူး။ အရေးကြီးဆုံးက ရိုမန့်တစ်ဖြစ်ပြီး စိတ်ရင်းမှန်သာ ဖြစ်ရပါမယ်။ အကူအညီလိုရင် သင့်အရေးအသားကို တိုးတတ်စေဖို့ အကြံပေးချက်တွေ အွန်လိုင်းမှာ ရှာဖွေနိုင်ပါတယ်။

၄။ ဟာသဗီဒီယိုလေးတွေ ပို့ပေးပါ

ယနေ့ခေတ်မှာ သိပ်အားထုတ်စရာမလိုဘဲ ဟာသဗီဒီယိုလေးတွေလုပ်ဖို့ tik tokလို applications များစွာရှိလာပါပြီ။ ဒါ့ပြင် ဗီဒီယိုတစ်ပုဒ်ကို ပို့ဖို့၊ လက်ခံဖို့ မိနစ်အနည်းငယ်သာ ကြာပါတယ်။
သင့်ရဲ့ ရီစရာကောင်းတဲ့ သရုပ်ဆောင်မှုနှင့်အတူ ရယ်စရာဗီဒီယိုလေးတွေ၊ ဒါမှမဟုတ် သင့်ရဲ့ RSအမှတ်တရလေးတွေ၊ ပျော်ရွင်စရာအချိန်လေးတွေကို စုစည်းပြီး ပို့ပေးနိုင်ပါတယ်။
အကြံပြုချက်
သင့်ဖုန်းပေါ်မှာ ဗီဒီယို appတစ်ခု ဒေါင်းလုတ်ဆွဲပါ။
သင့်ကိုယ်သင် မှတ်တမ်းမတင်ချင်ဘူးဆိုရင် ရိုမန့်တစ်စာသားလေးတွေ၊ ဓါတ်ပုံလေးတွေကို စုစည်းပြီး ဒါမှမဟုတ် သင့်အသံမှတ်တမ်းထဲမှာ ဓါတ်ပုံတွေထည့်တာ ပြုလုပ်နိုင်ပါတယ်။
ဆန္ဒရှိရင် YouTube သို့ သင့်ဆိုရှယ်မီဒီယာပေါ်မှာ ဗီဒီယိုကို တင်နိုင်ပါတယ်။

၅။ ချစ်သူကို လက်ဆောင်တစ်ခုနဲ့ စပရိုက်လုပ်ပေးတာ

သင့်ချစ်သူအိမ်ကို deli နှင့် လက်ဆောင်တစ်ခု ပို့ပြီး စပရိုက်လုပ်ပေးပါ။
သင့်ချစ်သူရဲ့ အိမ် သို့ အလုပ်လိပ်စာ သင့်မှာရှိရင် သင်ပို့ချင်တဲ့အခါတိုင်း စပရိုက်လက်ဆောင် ပို့ပေးနိုင်ပါတယ်။
သင်တို့ရဲ့ anniversary နေ့ (သို့) သင့်ချစ်သူရဲ့ မွေးနေ့မှာ ဒီလိုလက်ဆောင်လေးတွေ ပို့ပေးနိုင်ပါတယ်။
အကြံပြုချက်
သင့်ချစ်သူ နှစ်သက်လိမ့်မယ့် အဝတ်အစား၊ ဝက်ဝံရုပ်၊ သူအနှစ်သက်ဆုံး စာရေးဆရာရဲ့ စာအုပ်တစ်အုပ် စသဖြင့် လက်ဆောင်တစ်ခုကို ရွေးချယ်ပါ။
မွေးနေ့မှ ပို့ပေးမယ်ဆိုပြီး မစောင့်ပါနဲ့။ သင့်ချစ်သူကို ပိုပြီးတောင်စပရိုက်ဖြစ်စေအောင် မွေးနေ့မတိုင်ခင် ဘယ်နေ့ဖြစ်ဖြစ် ပို့ပေးလို့ရပါတယ်။
သင်တို့ချစ်သူနှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် အနေဝေးနေချိန်မှာ ပျင်းစရာကောင်းတဲ့ ပုံမှန်လည်ပတ်မှုတွေထဲမှာ ကျရောက်နေတယ်လို့ ခံစားရလျှင်၊ အနေဝေးပေမယ့် အချစ်တွေ အေးမသွားအောင် ထိန်းသိမ်းလိုလျှင် ဒီအကြံပြုချက်လေးတွေကို သတိရပြီး သင့်ချစ်သူကို အမြဲတမ်း စပရိုက်လုပ်ဖို့ သတိရပေးပါ။

Lifestyle_Myanmar

LM_Nandar

Source-steptohealth

ZawGyi

အေဝးေရာက္ခ်စ္သူေတြအတြက္ စပ႐ိုက္ျဖစ္ေစမယ့္ နည္းလမ္းေလးေတြ
အေနေဝးတဲ့ အခ်စ္ေရး(LDR)ဟာ ခိုင္ၿမဲဖို႔ ခက္ခဲလွပါတယ္။ သို႔ေသာ္လည္း အဆက္အသြယ္မျပတ္ေနမယ္၊ တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္မႈရွိၿပီး သစၥာရွိမယ္ဆိုရင္ ပိုမိုခိုင္မာတဲ့ အခ်စ္ေရးမ်ိဳးကို ဖြဲ႕စည္းႏိုင္ပါတယ္။ တခါတရံမွာ LDR ေတြဟာ တစ္ေယာက္နဲ႔ တစ္ေယာက္ အနီးကပ္ေနတဲ့ စုံတြဲေတြထက္ေတာင္ အခ်စ္ေရးပိုခိုင္မာတာကို ေတြ႕ရပါတယ္၊
သူႀကိဳက္ႏွစ္သက္တဲ့အရာေလးေတြကို သတိရတတ္မယ္၊ သင့္အတြက္ သူလုပ္ေပးတဲ့ အရာအားလုံးကို သတိထားမိမယ္ဆိုရင္ အေဝးေရာက္ သင့္ခ်စ္သူက သင့္ကိုပိုၿပီးေတာင္ တန္ဖိုးထားေစႏိုင္ပါတယ္။
အေနေဝးတဲ့ အခ်စ္ေရးတစ္ခုကို အသက္ဝင္ေအာင္ ဘယ္လိုလုပ္မလဲ? မၿငီးေငြ႕သြားေအာင္ ဘယ္လိုထိန္းသိမ္းမလဲ?
ယေန႔ေခတ္နည္းပညာေတြက ပိုၿပီးေတာင္လြယ္ကူပါတယ္။ ခ်စ္သူနဲ႔ ေဝးေနတဲ့အခ်ိန္မွာ သင့္ခ်စ္သူ အံ့လားသင့္သြားေအာင္၊ သင့္ကို ပိုခ်စ္လာေအာင္ ျပဳလုပ္ေပးႏိုင္တဲ့ နည္းလမ္းတစ္ခ်ိဳ႕ ရွိပါတယ္။

၁။ ႐ိုမန္႔တစ္ဆန္တဲ့ ညစာ
သင္တို႔ႏွစ္ေယာက္က အေနေဝးတဲ့ ခ်စ္သူေတြ ျဖစ္ေနရင္ေတာင္ သင့္ခ်စ္သူႏွင့္ နီးကပ္ေနတယ္လို႔ ခံစားရေစႏိုင္တဲ့ နည္းလမ္းမ်ားစြာ ရွိပါတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ မိုင္ေတြေဝးေနေပမယ့္ ႐ိုမန္႔တစ္ဆန္တဲ့ ညစာဖန္တီးႏိုင္ပါတယ္။
Video call ေခၚပါ။ အင္တာနက္ကေန ခ်က္ခ်င္းေတြ႕ႏိုင္ၿပီး တစ္ေယာက္နဲ႔ တစ္ေယာက္ စကားေျပာဆိုႏိုင္ပါတယ္။
အႀကံျပဳခ်က္
သင္တို႔ရဲ႕ anniversary လိုေန႔မ်ိဳးမွာ အထူးညစာစားခ်င္တယ္ဆိုရင္ ႐ိုမန္႔တစ္ဆန္တဲ့ ပစၥည္းေလးေတြ၊ ဖေယာင္းတိုင္ေတြနဲ႔ အခန္းကို အလွဆင္ႏိုင္ပါတယ္။
ႏွစ္ေယာက္စလုံး ႀကိဳက္တဲ့ အစားအေသာက္ေလးေတြ ေ႐ြးခ်ယ္ပါ။

၂။ ကိုယ့္ခ်စ္သူကို ရည္စူးတဲ့ သီခ်င္းတစ္ပုဒ္

သူ႔အတြက္ ရည္စူးထားတဲ့ သီခ်င္းတစ္ပုဒ္က ေမွ်ာ္လင့္မထားတဲ့ အခ်ိန္မွာ သင့္ခ်စ္သူကို အံ့အားသင့္ေစဖို႔ နည္းလမ္းတစ္ခုျဖစ္ႏိုင္ပါတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ ေဝးကြာေနေပမယ့္ သင့္ရဲ႕ ခိုင္မာတဲ့ အခ်စ္ခံစားခ်က္မ်ားကို အျပည့္အဝ ေဖာ္ျပႏိုင္တဲ့ ႐ိုမန္႔တစ္သီခ်င္းမ်ားစြာ ရွိပါတယ္။
အႀကံျပဳခ်က္မ်ား
သင္ဘယ္လိုခံစားရတယ္ဆိုတာ အေကာင္းဆုံးေဖာ္ျပေပးတဲ့ special သီခ်င္းတစ္ပုဒ္ကို ေ႐ြးခ်ယ္ပါ။
ပိုၿပီး စိတ္လႈပ္ရွားစရာေကာင္းေအာင္ ၊ ႐ိုမန္႔တစ္ဆန္ေအာင္ သူ႔အတြက္ရည္စူးတဲ့ သီခ်င္းတစ္ပုဒ္ကို ေရဒီယိုအသံလႊင့္ဌာနမွတဆင့္ သီခ်င္းေတာင္းဆိုႏိုင္ပါတယ္။
ေရဒီယိုမွ ေၾကညာတဲ့အခါ သင့္ခ်စ္သူနားေထာင္ႏိုင္ေအာင္ ဖုန္းေခၚဆိုပါ။
ဆိုရွယ္မီဒီယာေပၚမွာ တင္ေပးတာ သို႔မဟုတ္ မက္ေဆ့ခ်္ကတဆင့္ ပို႔ေပးပါ။
ဂစ္တာတီး၊ သီခ်င္းဆိုျပၿပီးလည္း သင့္ခ်စ္သူကို ႐ို ႏိုင္ပါတယ္ေနာ္။

၃။ အခ်စ္ကဗ်ာတစ္ပုဒ္ ေရးေပးပါ

သင့္ခ်စ္သူကို အခ်စ္သီခ်င္းေလးေတြ၊ အခ်စ္ကဗ်ာေလးေတြ၊ ႐ိုမန္႔တစ္ဆန္တဲ့ စာသားေလးေတြ ေပးပို႔ႏိုင္ပါတယ္။
လူတိုင္းမွာ ကဗ်ာေရးဖို႔ ပါရမီ မပါၾကပါဘူး။ ဒါေပမယ့္ သင္ရင္အခုန္ဆုံးခံစားခ်က္မ်ားကေန သီခ်င္းတစ္ပုဒ္ သို႔ ကဗ်ာတစ္ပုဒ္အျဖစ္ ခ်ေရးႏိုင္ပါတယ္။
တစ္ေယာက္နဲ႔ တစ္ေယာက္ ေဝးကြာေနတာက ခက္ခဲလွေပမယ့္ သင့္ကိုယ္ပိုင္စကားလုံးေတြ၊ ခံစားခ်က္ေတြနဲ႔ ကဗ်ာတစ္ပုဒ္ေရးျခင္းက သင့္ဘဝမွာ သူကဘယ္လိုအေရးပါေၾကာင္း သင့္ခ်စ္သူ သိေစမယ့္ အေကာင္းဆုံးနည္းလမ္းျဖစ္ႏိုင္ပါတယ္။
အႀကံျပဳခ်က္
သင့္ရဲ႕ စိတ္ခံစားမႈေတြ၊ ခံစားခ်က္ေတြကို စာသားထဲမွာ ပြင့္ပြင့္လင္းလင္း ဖြင့္ေျပာပါ။
ကဗ်ာအားလုံးက ကာရန္ညီဖို႔ မလိုပါဘူး။ အေရးႀကီးဆုံးက ႐ိုမန္႔တစ္ျဖစ္ၿပီး စိတ္ရင္းမွန္သာ ျဖစ္ရပါမယ္။ အကူအညီလိုရင္ သင့္အေရးအသားကို တိုးတတ္ေစဖို႔ အႀကံေပးခ်က္ေတြ အြန္လိုင္းမွာ ရွာေဖြႏိုင္ပါတယ္။

၄။ ဟာသဗီဒီယိုေလးေတြ ပို႔ေပးပါ

ယေန႔ေခတ္မွာ သိပ္အားထုတ္စရာမလိုဘဲ ဟာသဗီဒီယိုေလးေတြလုပ္ဖို႔ tik tokလို applications မ်ားစြာရွိလာပါၿပီ။ ဒါ့ျပင္ ဗီဒီယိုတစ္ပုဒ္ကို ပို႔ဖို႔၊ လက္ခံဖို႔ မိနစ္အနည္းငယ္သာ ၾကာပါတယ္။
သင့္ရဲ႕ ရီစရာေကာင္းတဲ့ သ႐ုပ္ေဆာင္မႈႏွင့္အတူ ရယ္စရာဗီဒီယိုေလးေတြ၊ ဒါမွမဟုတ္ သင့္ရဲ႕ RSအမွတ္တရေလးေတြ၊ ေပ်ာ္႐ြင္စရာအခ်ိန္ေလးေတြကို စုစည္းၿပီး ပို႔ေပးႏိုင္ပါတယ္။
အႀကံျပဳခ်က္
သင့္ဖုန္းေပၚမွာ ဗီဒီယို appတစ္ခု ေဒါင္းလုတ္ဆြဲပါ။
သင့္ကိုယ္သင္ မွတ္တမ္းမတင္ခ်င္ဘူးဆိုရင္ ႐ိုမန္႔တစ္စာသားေလးေတြ၊ ဓါတ္ပုံေလးေတြကို စုစည္းၿပီး ဒါမွမဟုတ္ သင့္အသံမွတ္တမ္းထဲမွာ ဓါတ္ပုံေတြထည့္တာ ျပဳလုပ္ႏိုင္ပါတယ္။
ဆႏၵရွိရင္ YouTube သို႔ သင့္ဆိုရွယ္မီဒီယာေပၚမွာ ဗီဒီယိုကို တင္ႏိုင္ပါတယ္။

၅။ ခ်စ္သူကို လက္ေဆာင္တစ္ခုနဲ႔ စပ႐ိုက္လုပ္ေပးတာ

သင့္ခ်စ္သူအိမ္ကို deli ႏွင့္ လက္ေဆာင္တစ္ခု ပို႔ၿပီး စပ႐ိုက္လုပ္ေပးပါ။
သင့္ခ်စ္သူရဲ႕ အိမ္ သို႔ အလုပ္လိပ္စာ သင့္မွာရွိရင္ သင္ပို႔ခ်င္တဲ့အခါတိုင္း စပ႐ိုက္လက္ေဆာင္ ပို႔ေပးႏိုင္ပါတယ္။
သင္တို႔ရဲ႕ anniversary ေန႔ (သို႔) သင့္ခ်စ္သူရဲ႕ ေမြးေန႔မွာ ဒီလိုလက္ေဆာင္ေလးေတြ ပို႔ေပးႏိုင္ပါတယ္။
အႀကံျပဳခ်က္
သင့္ခ်စ္သူ ႏွစ္သက္လိမ့္မယ့္ အဝတ္အစား၊ ဝက္ဝံ႐ုပ္၊ သူအႏွစ္သက္ဆုံး စာေရးဆရာရဲ႕ စာအုပ္တစ္အုပ္ စသျဖင့္ လက္ေဆာင္တစ္ခုကို ေ႐ြးခ်ယ္ပါ။
ေမြးေန႔မွ ပို႔ေပးမယ္ဆိုၿပီး မေစာင့္ပါနဲ႔။ သင့္ခ်စ္သူကို ပိုၿပီးေတာင္စပ႐ိုက္ျဖစ္ေစေအာင္ ေမြးေန႔မတိုင္ခင္ ဘယ္ေန႔ျဖစ္ျဖစ္ ပို႔ေပးလို႔ရပါတယ္။
သင္တို႔ခ်စ္သူႏွစ္ေယာက္ဟာ တစ္ေယာက္နဲ႔တစ္ေယာက္ အေနေဝးေနခ်ိန္မွာ ပ်င္းစရာေကာင္းတဲ့ ပုံမွန္လည္ပတ္မႈေတြထဲမွာ က်ေရာက္ေနတယ္လို႔ ခံစားရလွ်င္၊ အေနေဝးေပမယ့္ အခ်စ္ေတြ ေအးမသြားေအာင္ ထိန္းသိမ္းလိုလွ်င္ ဒီအႀကံျပဳခ်က္ေလးေတြကို သတိရၿပီး သင့္ခ်စ္သူကို အၿမဲတမ္း စပ႐ိုက္လုပ္ဖို႔ သတိရေပးပါ။

Lifestyle_Myanmar

LM_Nandar

Source-steptohealth

LEAVE A REPLY

Please enter your comment!
Please enter your name here