အဝလွန်ခြင်းမဖြစ်စေပဲ ကိုယ်အလေးချိန်တက်စေဖို့ လွယ်ကူတဲ့နည်းလမ်း (၆) ချက်

0
603

ဝနေတဲ့သူတွေ ပိန်ချင်ပြီး ပိန်နေတဲ့သူတွေက ကိုယ်ခန္ဓာပြည့်ပြည့်ဖြိုးဖြိုးနဲ့ ဝချင်ကြတာ ဓမ္မတာပါပဲ။ ကိုယ့်ရဲ့ကိုယ်ခန္ဓာကို ပြည့်ပြည့်ဖြိုးဖြိုးနဲ့ အရင်ကထက် ပိုမိုကြည့်ကောင်းစေဖို့အတွက် လွယ်ကူတဲ့နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ် ကိုယ့်ရဲ့ပြီးပြည့်စုံမယ့် ကိုယ်ခန္ဓာအလေးချိန်ကို သိဖို့လိုပါတယ်။ ကိုယ့်ကိုကြည့်ကောင်းစေဖို့အတွက် အရပ်အမြင့်နဲ့ကိုယ်အလေးချိန် ညီမျှနေဖို့ လိုအပ်ပါတယ်။ ကိုယ်လိုချင်တဲ့ကိုယ်အလေးချိန်ကို ကြိုတင်သိရှိခြင်းဟာ ဝိတ်တက်စေမယ့် နည်းလမ်းတွေကို ပြုလုပ်ဖို့ အစဆိုရင်လည်း မမှားပါဘူး။

အစားပိုစားပြီး ပိုကျန်းမာအောင်နေပါ
သင်ရဲ့ခန္ဓာကိုယ်ကို ပိုပြီးဝလာစေဖို့ဆိုရင် ပိုပြီးစားရမယ်ဆိုတာ လူတိုင်းသိပြီးသားပါ။ အစားအစာမျိုးစုံကို ဈေးဆိုင်တွေမှာ ဝယ်ယူလိုရပေမယ့် မှန်ကန်တဲ့ စားသောက်မှုဖြစ်စေဖို့အတွက် အရေးကြီးပါတယ်။ ဝရင်ပြီးရောဆိုပြီး အစားအစာမျိုးစုံကို စားသောက်ခြင်းထက် အာဟာရပါဝင်မှုတန်ဖိုးနဲ့ ဝိတ်တက်စေပြီး ကျန်းမာတဲ့အစားအသောက်တွေကိုသာ ရွေးချယ်စားသုံးဖို့လိုပါတယ်။ အချိုနဲ့အဆီများတဲ့သရေစာအသင့်လုပ် မုန့်တွေဟာ သင့်ကိုဝိတ်တက်ခြင်းထက် မကောင်းတဲ့ အဆီပိုတွေကိုသာ တိုးစေတာကြောင့် သင့်ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ရောဂါတွေ ဖြစ်စေနိုင်တာကြောင့် ဆင်ခြင်သင့်ပါတယ်။ဆန်လုံးညို ၊ ကွေကာ ၊ ကြက်ဥ ၊ ငါး ၊ ထောပတ်သီး ၊ ငှက်ပျောသီးတို့လိုမျိုး ကျန်းမာရေးနဲ့ညီညွတ်ပြီး ကိုယ်အလေးချိန်တက်လာစေတဲ့ အစားအသောက်တွေများများ စားသုံးပေးရပါမယ်။ ပြီးတော့ ဒိန်ချဉ်များများစားပေးပါ။ ဒိန်ချဉ်ကအစာကျေညက်လွယ်ပြီး အစာစားချင်စိတ်ဖြစ်စေလို့ပါ။ အစေ့အဆံတွေကိုလည်းများများစားပေးနိုင်ပါတယ်။အစားစားချိန်မှာ ဖြည်းဖြည်းနဲ့ကျေညက်အောင် ဝါးစားပေးပါ။

မှန်ကန်တဲ့ အချိန်ကွာဟမှုကို ထိန်းသိမ်းပါ
အစားအစာလိုအပ်ချက်အရ မှန်ကန်တဲ့ပမဏကို ပြည့်ဝအောင်စားခြင်းဟာ ဝိတ်တက်စေဖို့အတွက် အရေးကြီးတဲ့အရာတစ်ခုပါ။ အရင်ကထက် သင့်ကိုပိုပြီးဝိတ်တက်စေဖို့အတွက်ဆိုရင်
အစားစားချိန်နှစ်ခုအကြား ၄နာရီကွာခြားနေပါစေ။ ယခုလိုအလုပ်များတဲ့ ဘဝကြီးထဲမှာ ကျွန်တော်တု့ရဲ့ခန္ဓာကိုယ်ဟာ အစားအစာတွေကိုစဉ်ဆက်မပြတ် ဖြည့်တင်းပေးနေဖို့ လိုအပ်လျှက်ရှိပါတယ်။ ဒါကြောင့် ၄နာရီတစ်ခါ အစားစားခြင်းဖြင့် ခန္ဓာကိုယ်အတွက် အာဟာရပုံမှန်ထောက်ပံ့မှုဖြစ်စေပြီး သင့်ကိုဝိတ်တက်စေပါလိမ့်မယ်။ အစားစားနေစဉ်အတွင် ရေကိုအလွန်အကျွံမသောက်မိစေဖို့ အရေးကြီးပါတယ်။

အရာအားလုံးကိုစားပါ
သင်ဝိတ်တက်ချင်တယ်ဆိုရင်တော့ အစားအစာတွေကို ဇီဇာကြောင်နေလို့ မရပါဘူး။ ဒါဟာ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအစာတွေကို စားဖို့ဆိုလိုတာမဟုတ်ပါဘူး။ သင့်ရဲ့စားသောက်မှုပုံစံမှာ အစားအစာမျိုးစုံပါဝင်နေခြင်းဖြင့် အရသာခံစားမှုနဲ့ အစာအိမ်စနစ်ကို ပိုပြီးတိုးတက်လာစေပါတယ်။

မအိပ်ခင်စားပါ
မအိပ်ခင်အစားစားခြင်းဟာ ဝိတ်တက်စေကြောင်း လူအတော်များများ သိရှိပါတယ်။ မအိပ်ခင်အစားစားပေးခြင်းကြောင့် သင့်ရဲ့တစ်ရှုးတွေကို သင့်လျှော်တဲ့နည်းနဲ့ ပြင်ဆင်ပေးနိုင်ဖို့ ကူညီပေးနိုင်တဲ့အတွက် မှန်ကန်တဲ့နည်းနဲ့ ဝလာစေမှာပါ။

ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ
Gymဟာ ဝတဲ့သူတွေ ဝိတ်ချဖို့အတွက်သာမဟုတ်ပါဘူး၊ ဝိတ်တက်စေဖို့အတွက်လည်း များစွာအကျိုးရှိပါတယ်။ သင်ဝိတ်တက်တာမြန်ဆန်ဖို့ဆိုရင် အလေးတွေနဲ့ပုံမှန်ဆော့ကစားဖို့လိုအပ်ပြီး Trainer နဲ့တိုင်ပင်ပြီး ကိုယ်အလေးချိန်တက်စေတဲ့ weight gain ကစားနည်းတွေကို ကစားပေးနိုင်ပါတယ်။ အစားအသောက် မှန်ကန်ပြီး ကိုယ်လက်လှုပ်ရှားမှုပုံမှန်ရှိတယ်ဆိုရင်တော့ သင်လိုချင်တဲ့ကိုယ်အနေအထားကို ရရှိလာမှာဖြစ်ပါတယ်။
LM_Naung_Naung
Lifestyle_Myanmar

သွေးလွှတ်ကြောပိတ်ဆို့မှု မဖြစ်အောင် သဘာဝအတိုင်း တားဆီးပေးမယ့် အစားအစာ (၉)မျိုး

LEAVE A REPLY

Please enter your comment!
Please enter your name here