လက်ဝတ်ရတနာတွေ၊ ဦးထုပ်တွေ၊ အိတ်တွေကနေ ပဝါ၊ ခါးပတ်တွေနှင့် ဖိနပ်တွေအထိ သင့်ရဲ့ ဖက်ရှင်အသွင်အပြင်ကို ပြည့်စုံစေမယ့် ပေါင်းစပ်မှုတွေအကြောင်း မျှဝေပေးချင်ပါတယ်။ ကျွမ်းကျင်ပိုင်နိုင်ဖို့ လိုအပ်သောကိစ္စရပ်မဟုတ်ပေမယ့် နေ့စဉ်ဘဝမှာ ထင်ရှားပေါ်လွင်စေနိုင်မယ့် ကျွမ်းကျင်မှုတစ်ခုပါ။ သင့်မှာ ကျွမ်းကျင်တဲ့ ဖက်ရှင်ပေါင်းစပ်မှုတွေကို သိမယ်ဆိုရင် သင့်ကိုယ်ပိုင်စတိုင်လ်ကိုတောင် ဖန်တီးနိုင်ပါလိမ့်မယ်။ ဒါ့ကြောင့် သင့်အတွက် အကူအညီဖြစ်နိုင်မယ့် လိုက်ဖက်ညီသော ဖက်ရှင်အတွဲတွေကို မျှဝေပေးချင်ပါတယ်။
၁။ ပိုပြီး သပ်ရပ်သောအသွင်အပြင်ဖြစ်စေဖို့ မှန်ကန်သော ခါးပတ်ကို ရွေးချယ်ပါ

မှန်ကန်သော ခါးပတ်ကို ရွေးချယ်ခြင်းက သင့်အသွင်အပြင်ကို လက်ရှိအခြေအနေထက် ပိုမြှင့်တင်ပေးနိုင်ပါတယ်။ ဥပမာ – သေးသွယ်သော အမျိုးသမီးတွေဟာ monochrome skinny ခါးပတ်တွေကို စမ်းကြည့်သင့်ပြီး ကြီးမားသောခါးပတ်တွေက အရပ်ရှည်ပြီး အားကစားလုပ်တဲ့အမျိုးသမီးတွေအတွက်သာ ပိုအဆင်ပြေနိုင်ပါတယ်။ ကျယ်ပြီး ကြီးမားသော ခါးပတ်တွေကိုတော့ မတူညီသော ဒီဇိုင်းအမျိုးမျိုးနဲ့ လိုက်လျောညီထွေစွာ အသုံးပြုနိုင်ပါတယ်။
အရမ်းသေးသော ခါးပတ်တွေက ကာလာဗြောင်တွေနဲ့ လိုက်ဖက်ပြီး ရှုတ်ထွေးတဲ့ ဖက်ရှင်တွေ၊ ဒီဇိုင်းတွေကြားထဲမှာတော့ ၎င်းက ပျောက်ကွယ်သွားပါလိမ့်မယ်။ ကျယ်ပြန့်သောခါးပတ်တွေက jumpsuits တွေ၊ ဂါဝန်တွေနဲ့ လိုက်ဖက်တာမှန်ပေမယ့် ဆွယ်တာင်္ကျီ (သို့) ဂျာကင်အင်္ကျီတွေနဲ့ ပိုလိုက်ဖက်ပါလိမ့်မယ်။ အကယ်၍ ဒီထက့်စိတ်တိုင်းကျချင်တယ်ဆိုရင်တော့ အလယ်အလတ်ခါးပတ်ကိုသာ ဝတ်ဆင်သွားပါလိမ့်မယ်။
၂။ စကတ်အရွယ်အစားအလိုက် ဖိနပ်ကို ရွေးချယ်ပါ

စကတ်တိုလေလေ နောက်ဖနောင့်ကို နှိမ့်လေလေ ရွေးချယ်ပေးရပါမယ်။ မီနီစကတ်တွေက ballet flats, loafers ဒါမှမဟုတ် Sneakers လေးတွေနဲ့ တွဲဖက်စီးထားမယ်ဆိုရင် သန့်ရှင်းသပ်ရပ်ပြီး ကြည်ကြည်လင်လင်လေးဖြစ်နေပါလိမ့်မယ်။ တစ်ဖက်မှာလည်း အရှည်(သို့) အလယ်အလတ် စကတ်တွေကို ဝတ်ဆင်တဲ့အခါ ဒေါက်မြင့်ဖိနပ်တွေကို စီးဖို့ မကြောက်ပါနဲ့။
၃။ တစ်ခုခုလွဲချော်နေတယ်လို့ ခံစားရတယ်ဆိုရင် အာရုံပြောင်းနိုင်မယ့် လက်ဝတ်ရတနာ (သို့) ပဝါကို ဝတ်ဆင်ပါ

ခါးမြင့်စကတ်တွေ ဝတ်ချင်ပေမယ့် ဗိုက်နည်းနည်းထွက်နေလို့ မဝတ်ရဲဘူးဆိုရင် သင့်မျက်နှာဆီကို အာရုံပြောင်းနိုင်မယ့် ရောင်စုံပဝါ (သို့) အရွယ်အစားကြီးတဲ့ လက်ဝတ်ရတနာတစ်ခုခုကို ဝတ်ဆင်နိုင်ပါတယ်။ သင့်ပုံသဏ္ဍာန်ကို ပိုမိုပါးလျသလိုဖြစ်စေဖို့ သင့်ရဲ့ ဖက်ရှင်မှာ ရင်းနှီးမြှပ်နှံပေးရပါမယ်။ ခါးလယ်ပိုင်းကိုပဲ အာရုံရောက်နေမယ်ဆိုရင် ခါးမှာ ကြပ်နေတဲ့ စကတ်တွေကို ရှောင်ပါ။
၄။ သင့်ရဲ့ accessories တွေကို ဟန်ချက်ညီအောင် ထားတတ်ခြင်းက သော့ချက်

သင့်ရဲ့ ဖက်ရှင်အသွင်အပြင်ကို ပဝါတစ်ထည်ပေါင်းထည့်ပြီးတဲ့အခါ တစ်ခြားအသုံးအဆောင်တွေ အလွန်အကျွံထပ်ဝတ်ဆင်တာမျိုးရှောင်သင့်ပါတယ်။ ပဝါတွေ၊ လည်ဆွဲတွေအပြင် နားဆွဲတွေပါ တစ်ကြိမ်တည်းဝတ်ဆင်မယ်ဆိုရင် တော်တော်ရှုတ်ထွေးနေပါလိမ့်မယ်။
၅။ သင့်အသွင်အပြင်ကို ပြောင်းလဲဖို့ အရောင်စုံသော ပဝါတွေကို စမ်းသပ်ပါ
ပဝါကို သင့်လည်ပင်းမှာပဲ ဝတ်ဆင်ရမယ်လို့ ကန့်သတ်ထားဖို့ မလိုပါဘူး။ သင့်ဖက်ရှင်ကို စတိုင်လ်ကျစေဖို့ ပဝါတစ်ထည်ကို နည်းမျိုးစုံသုံးနိုင်ပါတယ်။ လက်ကိုင်အိတ်ကို ပုံအလန်းလေးဖြစ်စေဖို့သုံးနိုင်သလို ခေါင်းပတ်အနေနဲ့လည်း သုံးနိုင်ပါတယ်။ ခေါင်းမှာ ခေါင်းစည်းကြိုးအဖြစ် သုံးနိုင်သေးသလို ခါးပတ်အနေနဲ့လည်း ဝတ်ဆင်နိုင်ပါတယ်။
၆။ အရပ်ပိုရှည်သလို ဖြစ်စေချင်ရင် အိတ်အကြီးကြီးတွေကို မကိုင်/မလွယ်ပါနဲ့

မိန်းကလေးအများစုက အိတ်တစ်လုံးဝယ်တဲ့အခါ လှပသော ဒီဇိုင်းနှင့် ပုံသဏ္ဍာန်တွေကို အဓိကအာရုံစိုက်ပြီး အမှန်တကယ်အရေးကြီးတဲ့ အရွယ်အစားကိုတော့ ထင်သလောက်အာရုံမစိုက်ကြတာမျိုးရှိကြပါတယ်။ သေးသွယ်သော အမျိုးသမီးတွေက အလယ်အလတ် (သို့) ကြိုးတိုပါသော အရွယ်သေးငယ်တဲ့ အိတ်တွေကို ရွေးချယ်သင့်ပြီး အရွယ်အစားကြီးတဲ့ အိတ်တွေက သင့်အတွက် အဆင်မပြေနိုင်ပါဘူး။
အရပ်ရှည်သော မိန်းကလေးတွေအနေနဲ့ ခန္ဓာကိုယ်နဲ့ ကွာနေသော အိတ်တွေကို ရှောင်ကြဉ်သင့်ပါတယ်။ မိုက်ခရိုအိတ်တွေမှာလည်း အတူတူပါတယ်။ ၎င်းက သေးငယ်ပေမယ့် သင့်ကို လူအကြီးကြီးတစ်ယောက်လိုမျိုးဖြစ်စေနိုင်ပါတယ်။ ပုံသဏ္ဍာန်ကို အလွယ်တကူပြောင်းလဲနိုင်သော လုံးဝန်းသော၊ ပျော့ပျောင်းသော ပခုံးအိတ်တွေက ပိုမိုကောင်းမွန်သော ရွေးချယ်မှုတွေဖြစ်ပါတယ်။ အရွယ်အစားကြီးသော အိတ်တွေက သင့်ရဲ့ ပစ္စည်းအမျိုးမျိုးကို စိတ်ကြိုက်ထည့်နိုင်ပြီး ပိုသေးငယ်သောအိတ်တွေက သင့်ကို စမတ်ကျစေနိုင်ပါတယ်။
၇။ ဖိနပ်အရောင်နဲ့ အိတ်အရောင်ကို ဆင်တူမဖြစ်ပါစေနဲ့

ပိုမိုခေတ်မီသော အသွင်အပြင်မျိုးကို မျှော်လင့်ထားတယ်ဆိုရင် လိုက်ဖက်ညီသော ပေါင်းစပ်မှုမျိုးတွေကို ရှောင်ကြဉ်ပါ။ လက်ကိုင်အိတ်အရောင်က သင့်ရဲ့ ဂျာကင်၊ နားကပ်စတဲ့အရာတစ်ခုခုနဲ့ အရောင်ဆင်တူနေတာ အမှားမဟုတ်ပေမယ့် ဖိနပ်နဲ့တော့ ဆင်တူမဝတ်တာ ကောင်းပါလိမ့်မယ်။
၈။ လက်ကောက်ကို pro တစ်ယောက်လို ဝတ်ဆင်ပါ
လက်ကောက်တွေ၊ လက်စွပ်တွေကို နှစ်သက်တတ်သူတွေနဲ့ ရှုတ်ထွေးစွာ ဝတ်ဆင်တာမျိုးရှောင်ကြဉ်ပြီး လိုက်ဖက်နိုင်ခြေအခြေအနေမျိုးလောက်သာ ဝတ်ဆင်သင့်ပါတယ်။ လက်ကောက်ဝတ်နှစ်ဖက်စလုံးမှာ ကြီးမားသော ပစ္စည်းတွေကို ဝတ်ဆင်ခြင်းက သင့်ဖက်ရှင်အပေါ် အာရုံစိုက်မှုလျော့ကျစေနိုင်ပြီး ဖက်ရှင်စတိုင်လ်ကိုလည်း ကြောင်တောင်တောင်နိုင်စေပါလိမ့်မယ်။ သင့်လက်ဝတ်ရတနာတွေကို သဟဇာတဖြစ်စေဖို့လည်း အရောင်တွေကိုလည်း စီစဉ်ထားသင့်ပါတယ်။
၉။ သင့်ဝတ်စုံနဲ့ လိုက်ဖက်မယ့် ဦးထုပ်မျိုးရွေးချယ်ပါ

ဖက်ရှင်ကို လူတွေပိုစိတ်ဝင်စားစေဖို့ ဦးထုပ်တစ်မျိုးမျိုးကို ဝတ်ဆင်ဖို့ မကြာခဏတွေးမိကောင်း တွေးမိပါလိမ့်မယ်။ ၎င်းက အမှန်တကယ်သင့်အတွက် အကျိုးရှိနိုင်ပါတယ်။ မျက်နှာနဲ့ ခန္ဓာကိုယ်အချိုးအစားကိုတော့ ထည့်သွင်းစဉ်းစားသင့်ပါတယ်။ ဦးထုပ်က သင့်ပခုံးထက်တော့ မကျယ်သင့်ပါဘူး။
Lifestyle_Myanmar
Nyein_Thu
ref-brightside