Home General Knowledge အဝတ်အစားတွေမှာ မီးပူရာထင်သွားတဲ့အခါ အလွယ်တကူ ဖြေရှင်းနည်း

အဝတ်အစားတွေမှာ မီးပူရာထင်သွားတဲ့အခါ အလွယ်တကူ ဖြေရှင်းနည်း

0
0
အဝတ်အစားတွေမှာ-မီးပူရာ

ဒါက အိမ်ရှင်မအတော်များများ မီးပူတိုက်တဲ့အခါမှာ ဖြစ်တတ်ပါတယ်။ မီးပူတိုက်ရင်း ကလေးထိန်းနေရတာမျိုး၊ ထမင်းဟင်းအိုး တည်ထားရတာမျိုး၊ ဖုန်းပြောနေတာမျိုးမှာ မေ့လျော့သွားတာကြောင့် ကျွန်တော်တို့အဝတ်တွေဟာ မီးကျွမ်းသွားတတ်ပါတယ်။ မီးပူရဲ့အပူချိန်က အရမ်းမြင့်လွန်းတာမျိုးမှာလည်း မီးပူကပ်တတ်ပါတယ်။ ဒါ့ကြောင့် ချည်ထည်၊ လီနင်၊ သိုးမွှေးကဲ့သို့ သဘာဝ fiber တွေပေါ်က မီးကျွမ်းရာတွေကို အလွယ်တကူဖယ်ရှားနိုင်မယ့် နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။


အသုံးပြုတဲ့ နည်းစနစ်က မတူတာကြောင့် ပထမဆုံး၎င်းရဲ့အရောင်ပေါ်မှုတည်ပြီး ပျက်စီးသွားတဲ့ အဝတ်အစားကို ခွဲခြားဖို့ ဖြစ်ပါတယ်။
အဖြူရောင် အဝတ်အစား


အဆိုပါ နည်းစနစ်က ရိုးရှင်းပြီး အရည် ၂မျိုးပဲ လိုအပ်ပါတယ်။ အမိုးနီးယားနှင့် ဟိုက်ဒရိုဂျင်အောက်ဆိုဒ်ပါ။ ဝါဂွမ်းစကို ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ရည်ထဲမှာ တို့ပြီး မီးပူရာပေါ်မှာ ပွတ်တိုက်ပေးပါ။
ပြီးနောက် အမိုးနီးယားကို လည်း ဒီအတိုင်းပဲ အသုံးပြုပေးပါ။ မိနစ်အနည်းငယ်လောက်ထားပေးပြီးမှ ရေနှင့်သန့်စင်ပေးပါ။ လိုအပ်ပါက သုံးကြိမ်လောက် ပြုလုပ်ပေးလို့ရပါတယ်။ ဟိုက်ဒရိုပါအောက်ဆိုဒ်နှင့် အမိုးနီးယားကို အဝတ်ပေါ်မှာ ခြောက်သွားတဲ့အထိ မထားပါနဲ့။ ဟိုက်ဒရိုပါအောက်ဆိုဒ်နှင့် အမိုးနီးယားဟာ အဆိပ်ငွေ့ဖွဲ့စည်းနိုင်တာကြောင့် သူတို့နှစ်မျိုးလုံးကို ခွက်တစ်ခုထဲမှာ ရောစပ်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
ဟိုက်ဒရိုပါအောက်ဆိုဒ်နှင့် အမိုးနီးယားမရှိဘူးဆိုရင် ရှာလကာရည်ထဲမှာ မီးပူကျွမ်းနေတဲ့ နေရာကိုစိမ်ပြီး အစွန်းအထင်းများကို ဖယ်ရှားနိုင်ပါတယ်။ ပြီးမှ ရေအေးနဲ့ အဝတ်ကို လျော်ပေးပါ။

အရောင်နဲ့ အဝတ်အစားများ


ဒီအထည်တွေက အလွယ်တကူ ပျက်စီးနိုင်တာကြောင့် အဝတ်ဖြူတွေထက်ပိုပြီး ခက်ခဲပါတယ်။ သို့သော် သွားတိုက်တံတစ်ချောင်းနှင့် ရှာလကာရည်ကို ဒီမီးပူရာတွေကို ဖယ်ရှားဖို့ အသုံးပြုနိုင်ပါတယ်။
ကော်ဇောတွေနဲ့ မွှေးပွအထည်တွေ


ကော်ဇောတွေရဲ့ အရောင်ပေါ်မှုတည်ပြီး အထက်ပါ ဖော်ပြထားတဲ့ နည်းလမ်းများအတိုင်း တစ်မျိုးကို ရွေးချယ်နိုင်ပါတယ်။ နောက်တစ်နည်းကတော့ ကတ်ကြေးတစ်လက်နဲ့ မီးကျွမ်းသွားတဲ့ အပေါ်ယံ အမွှေးတွေကို ဂရုတစိုက် ညှပ်ပေးဖို့ပါပဲ။
#Lifestyle_Myanmar
#TB_Nandar

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here