မိန္းကေလးအမ်ားစုဟာ အဝတ္အစားဝယ္တဲ့အခါ၊ ေအာက္ခံမိတ္ကပ္၊ ႏႈတ္ခမ္းနီစတဲ့ အလွကုန္ပစၥည္းေတြ ဝယ္တဲ့အခါ ကိုယ္နဲ႔ လိုက္ဖက္တဲ့ အေရာင္ကို ေရြးခ်ယ္ဖို႔ ခက္ခဲေနတတ္ပါတယ္။ အေရာင္ႀကိဳက္လို႔ ဝယ္လိုက္ေပမယ့္ ကိုယ္နဲ႔ မလိုက္ဖက္တာမ်ိဳး ျဖစ္တတ္ပါတယ္။ ဒါက ကိုယ့္ရဲ႕အသားေရာင္ skin Undertone ကိုမသိလို႔ျဖစ္ပါတယ္။ ကိုယ့္ရဲ႕ အသားအေရက ဘယ္ Undertone လည္းဆိုတာ သိရင္ ကိုယ္နဲ႔လိုက္ဖက္မယ့္ အေရာင္ကို အလြယ္တကူ ေရြးခ်ယ္ႏိုင္မွာျဖစ္ပါတယ္။ ေအာက္ခံမိတ္ကပ္၊ ကြန္ဆီလာ၊ ပါးနီႏွင့္ ႏႈတ္ခမ္းနီအေရာင္ေတြကို မွားမဝယ္မိေအာင္ ကိုယ့္ရဲ႕ skin undertone ကိုဘယ္လိုသတ္မွတ္မလဲ?
သင့္ရဲ႕ Undertone ကိုရွာေဖြရတာဟာ သင္ထင္ထားတာထက္ အမ်ားႀကီးလြယ္ကူပါတယ္။ ပထမဆံုး အသားေရာင္ကို Cool, Warm, Neutral ဆိုၿပီး သံုးမ်ိဳး ခြဲျခားႏိုင္ပါတယ္။ သင့္ရဲ႕လက္ေကာက္ဝက္ ေသြးေၾကာက အျပာေရာင္ သို႔မဟုတ္ ခရမ္းေရာင္သန္းေနတာဆိုရင္ Cool undertone ျဖစ္ပါတယ္။ သင့္ရဲ႕ေသြးေၾကာက အစိမ္းေရာင္သန္းေနတာဆိုရင္ Warm undertone ျဖစ္ၿပီး သင့္ရဲ႕ေသြးေၾကာက ႏွစ္မ်ိဳးလံုးေရာေနရင္ေတာ့ neutral undertone ျဖစ္ပါတယ္။

သင့္ရဲ႕လက္က Undertone ကိုၾကည့္ၿပီး သင္နဲ႔လိုက္ဖက္တဲ့ မိတ္ကပ္ကို ေရြးခ်ယ္ပါ။ သင္ဟာ neutral undertone ျဖစ္လွ်င္ neutral shades ေအာက္ခံမိတ္ကပ္အမ်ားစုကို ေရြးခ်ယ္ႏိုင္ပါတယ္။
သင္ဟာ cool undertone ျဖစ္ရင္ ပန္းေရာင္နည္းနညး္သန္းတဲ့ ေအာက္ခံမိတ္ကပ္ကို ေရြးခ်ယ္သင့္ပါတယ္။ Warm undertones ဆိုရင္ေတာ့ အဝါေရာင္ သို႔မဟုတ္ ေရြေရာင္နည္းနည္းသန္းတဲ့ ေအာက္ခံမိတ္ကပ္ကို ေရြးခ်ယ္သင့္ပါတယ္။

color-correcting concealers ေရြးခ်ယ္တဲ့အခါ cooler undertones ရွိသူေတြဟာ မ်က္ကြင္းညိဳတာေတြကို ဖံုးကြယ္ဖို႔ အဝါေရာင္ သို႔မဟုတ္ မက္မြန္ေရာင္ correctors ကိုေရြးခ်ယ္သင့္ပါတယ္။ warmer undertones ရွိသူမ်ားဟာ အေရျပားေပၚက မလိုလားအပ္တဲ့ အဝါကြက္ေတြကို ပေပ်ာက္ဖို႔ ခရမ္းေရာင္ correctors ကိုေရြးခ်ယ္ပါ။

သင္ဟာ ေရြ သို႔မဟုတ္ ေငြနဲ႔ ၾကည့္ေကာင္းသလား?
သင့္ရဲ႕ အသားအေရာင္ကို ဆံုးျဖတ္ဖို႔ ေနာက္တစ္နည္းက လက္ဝတ္ရတနာေတြပဲျဖစ္ပါတယ္။ ေရြလက္ဝတ္ရတနာဆိုရင္ warm undertones ရွိသူေတြနဲ႔ လုိက္ဖက္ၿပီး ေငြလက္ဝတ္ရတနာဆိုရင္ cool undertones ရွိသူေတြနဲ႔ လိုက္ဖက္ေလ့ရွိပါတယ္။ ေရႊနဲ႔ ေငြႏွစ္မ်ိဳးစလံုးနဲ႔ လုိက္တယ္ဆိုရင္ေတာ့ သင္ဟာ neutral undertone ျဖစ္ႏိုင္ဖြယ္ အမ်ားဆံုးရွိပါတယ္။
ေနေရာင္ထဲ ထြက္တဲ့အခါ သင့္အသားအေရဟာ ဘယ္လိုတံု႔ျပန္မႈရွိသလဲ?
သင့္အသားအေရဟာ ေနေရာင္ကာေဆးလိမ္းတာေတာင္ အလြယ္တကူေနေလာင္ေနရင္ cool-toned အမ်ိဳးအစားထဲမွာရွိပါတယ္။ သင့္အသားအေရဟာ အလြယ္တကူေနမေလာင္တတ္ဘူးဆိုရင္ေတာ့ warm-toned အမ်ိဳးအစားပါ။ သင့္အသားအေရကို ေန႔တိုင္း ေနေရာင္ကာေဆးလိမ္းျခင္းျဖင့္ ခရမ္းလြန္ေရာင္ျခည္ကို ကာကြယ္ပါ။
ဘယ္အေရာင္နဲ႔ သင္ဟာ ၾကည့္ေကာင္းသလဲ?
cool-toned ရွိတဲ့ မိန္းကေလးေတြဟာ အျပာေရာင္၊ ပန္းေရာင္၊ ခရမ္းေရာင္၊ ပန္းခရမ္းေရာင္၊ အျပာအေျခခံတဲ့ အနီေရာင္နဲ႔ ျမစိမ္းေရာင္နဲ႔ ပိုၿပီးလိုက္ဖက္ပါတယ္။
သင့္မွာ warm undertone အသားအေရရွိရင္ အဝါေရာင္၊ ေရြေရာင္ ၊သံလြင္ေရာင္၊ အစိမ္း၊ အဝါဘက္ေရာက္တဲ့ အနီေရာင္(warm red)၊ လိေမၼာ္၊ စတဲ့ အဝတ္အစားအေရာင္ေတြက သင္နဲ႔ ၾကည့္ေကာင္းပါတယ္။
neutral undertones က အျဖဴေရာင္၊ မီးခိုး၊ အနက္၊ အဝါႏုႏွင့္ အညိဳေရာင္ကဲ့သို႔ ၾကားေနအေရာင္အပါအဝင္ ဘယ္အေရာင္နဲ႔မဆို လိုက္ဖက္ႏိုင္ပါတယ္။
Lifestyle_Myanmar
LM_Nandar
Unicode
သင့်ရဲ့ အသားအရောင်ကို ဘယ်လိုရှာဖွေမလဲ?
မိန်းကလေးအများစုဟာ အဝတ်အစားဝယ်တဲ့အခါ၊ အောက်ခံမိတ်ကပ်၊ နှုတ်ခမ်းနီစတဲ့ အလှကုန်ပစ္စည်းတွေ ဝယ်တဲ့အခါ ကိုယ်နဲ့ လိုက်ဖက်တဲ့ အရောင်ကို ရွေးချယ်ဖို့ ခက်ခဲနေတတ်ပါတယ်။ အရောင်ကြိုက်လို့ ဝယ်လိုက်ပေမယ့် ကိုယ်နဲ့ မလိုက်ဖက်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါက ကိုယ့်ရဲ့အသားရောင် skin Undertone ကိုမသိလို့ဖြစ်ပါတယ်။ ကိုယ့်ရဲ့ အသားအရေက ဘယ် Undertone လည်းဆိုတာ သိရင် ကိုယ်နဲ့လိုက်ဖက်မယ့် အရောင်ကို အလွယ်တကူ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ အောက်ခံမိတ်ကပ်၊ ကွန်ဆီလာ၊ ပါးနီနှင့် နှုတ်ခမ်းနီအရောင်တွေကို မှားမဝယ်မိအောင် ကိုယ့်ရဲ့ skin undertone ကိုဘယ်လိုသတ်မှတ်မလဲ?
သင့်ရဲ့ Undertone ကိုရှာဖွေရတာဟာ သင်ထင်ထားတာထက် အများကြီးလွယ်ကူပါတယ်။ ပထမဆုံး အသားရောင်ကို Cool, Warm, Neutral ဆိုပြီး သုံးမျိုး ခွဲခြားနိုင်ပါတယ်။ သင့်ရဲ့လက်ကောက်ဝက် သွေးကြောက အပြာရောင် သို့မဟုတ် ခရမ်းရောင်သန်းနေတာဆိုရင် Cool undertone ဖြစ်ပါတယ်။ သင့်ရဲ့သွေးကြောက အစိမ်းရောင်သန်းနေတာဆိုရင် Warm undertone ဖြစ်ပြီး သင့်ရဲ့သွေးကြောက နှစ်မျိုးလုံးရောနေရင်တော့ neutral undertone ဖြစ်ပါတယ်။
သင့်ရဲ့လက်က Undertone ကိုကြည့်ပြီး သင်နဲ့လိုက်ဖက်တဲ့ မိတ်ကပ်ကို ရွေးချယ်ပါ။ သင်ဟာ neutral undertone ဖြစ်လျှင် neutral shades အောက်ခံမိတ်ကပ်အများစုကို ရွေးချယ်နိုင်ပါတယ်။
သင်ဟာ cool undertone ဖြစ်ရင် ပန်းရောင်နည်းနညး်သန်းတဲ့ အောက်ခံမိတ်ကပ်ကို ရွေးချယ်သင့်ပါတယ်။ Warm undertones ဆိုရင်တော့ အဝါရောင် သို့မဟုတ် ရွေရောင်နည်းနည်းသန်းတဲ့ အောက်ခံမိတ်ကပ်ကို ရွေးချယ်သင့်ပါတယ်။
color-correcting concealers ရွေးချယ်တဲ့အခါ cooler undertones ရှိသူတွေဟာ မျက်ကွင်းညိုတာတွေကို ဖုံးကွယ်ဖို့ အဝါရောင် သို့မဟုတ် မက်မွန်ရောင် correctors ကိုရွေးချယ်သင့်ပါတယ်။ warmer undertones ရှိသူများဟာ အရေပြားပေါ်က မလိုလားအပ်တဲ့ အဝါကွက်တွေကို ပပျောက်ဖို့ ခရမ်းရောင် correctors ကိုရွေးချယ်ပါ။
သင်ဟာ ရွေ သို့မဟုတ် ငွေနဲ့ ကြည့်ကောင်းသလား?
သင့်ရဲ့ အသားအရောင်ကို ဆုံးဖြတ်ဖို့ နောက်တစ်နည်းက လက်ဝတ်ရတနာတွေပဲဖြစ်ပါတယ်။ ရွေလက်ဝတ်ရတနာဆိုရင် warm undertones ရှိသူတွေနဲ့ လိုက်ဖက်ပြီး ငွေလက်ဝတ်ရတနာဆိုရင် cool undertones ရှိသူတွေနဲ့ လိုက်ဖက်လေ့ရှိပါတယ်။ ရွှေနဲ့ ငွေနှစ်မျိုးစလုံးနဲ့ လိုက်တယ်ဆိုရင်တော့ သင်ဟာ neutral undertone ဖြစ်နိုင်ဖွယ် အများဆုံးရှိပါတယ်။
နေရောင်ထဲ ထွက်တဲ့အခါ သင့်အသားအရေဟာ ဘယ်လိုတုံ့ပြန်မှုရှိသလဲ?
သင့်အသားအရေဟာ နေရောင်ကာဆေးလိမ်းတာတောင် အလွယ်တကူနေလောင်နေရင် cool-toned အမျိုးအစားထဲမှာရှိပါတယ်။ သင့်အသားအရေဟာ အလွယ်တကူနေမလောင်တတ်ဘူးဆိုရင်တော့ warm-toned အမျိုးအစားပါ။ သင့်အသားအရေကို နေ့တိုင်း နေရောင်ကာဆေးလိမ်းခြင်းဖြင့် ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပါ။
ဘယ်အရောင်နဲ့ သင်ဟာ ကြည့်ကောင်းသလဲ?
cool-toned ရှိတဲ့ မိန်းကလေးတွေဟာ အပြာရောင်၊ ပန်းရောင်၊ ခရမ်းရောင်၊ ပန်းခရမ်းရောင်၊ အပြာအခြေခံတဲ့ အနီရောင်နဲ့ မြစိမ်းရောင်နဲ့ ပိုပြီးလိုက်ဖက်ပါတယ်။
သင့်မှာ warm undertone အသားအရေရှိရင် အဝါရောင်၊ ရွေရောင် ၊သံလွင်ရောင်၊ အစိမ်း၊ အဝါဘက်ရောက်တဲ့ အနီရောင်(warm red)၊ လိမ္မော်၊ စတဲ့ အဝတ်အစားအရောင်တွေက သင်နဲ့ ကြည့်ကောင်းပါတယ်။ neutral undertones က အဖြူရောင်၊ မီးခိုး၊ အနက်၊ အဝါနုနှင့် အညိုရောင်ကဲ့သို့ ကြားနေအရောင်အပါအဝင် ဘယ်အရောင်နဲ့မဆို လိုက်ဖက်နိုင်ပါတယ်။