၂၁ ရာစုခေတ်ကြီးထဲမှာ ပိုက်ဆံပြီးနောက် လူတွေတန်ဖိုးထားကြတဲ့ နောက်တစ်ခုက ဘာလဲလို့ မေးလိုက်မယ်ဆိုရင် အလှအပရေးရာပဲနေမှာပါ။ အခုလို တန်ဖိုးထားလို့လဲ ပိုက်ဆံတွေ အများကြီးအကုန်အကျခံပြီး ဈေးကြီးတဲ့အလှကုန်ပစ္စည်းတွေ ဝယ်သုံးနေကြတာလည်း မဟုတ်ပါလား။
ဒါပေမယ့်လည်း တချို့အလှကုန်ပစ္စည်းတွေက ဈေးကြီးသာပေးဝယ်သုံးနေရပေမယ့် ဘာမှမသိသာတာမျိုးတွေလည်း ကြုံဖူးကြမယ်ထင်ပါတယ်။ ဒီလိုဖြစ်ရတာက ဖြန့်ချီသူတွေ မယုံရတာရယ်၊ ကုန်ပစ္စည်းတွေက ဒိတ်ကုန်နေတာရယ် သို့မဟုတ် ဒီပစ္စည်းတွေထုတ်လုပ်တဲ့အခါမှာ ထည့်သွင်းအသုံးပြုတဲ့ ပါဝင်ပစ္စည်းတချို့က ကိုယ့်အသားအရေနဲ့ မတည့်တာမျိုး စတဲ့ အကြောင်းအရင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။
ဒါမှမဟုတ် နောက်ထပ်ဖြစ်နိုင်တာတစ်ခုက ဝယ်လာတဲ့ပစ္စည်းကို စည်းစနစ်ကျကျ မသုံးတာပါ။ အခုတစ်ခါ ဒီဆောင်းပါးကနေတဆင့် ဖော်ပြပေးချင်တာကတော့ Self-care လုပ်တဲ့နေရာမှာ မကြာခဏဆိုသလို လုပ်ဆောင်လေ့ရှိတဲ့ အမှားတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
မျက်လုံးအောက်တည့်တည့် Patch တွေ ကပ်ခြင်း
Skincare ကို အချိန်ပေးပြီး သေချာမလုပ်နိုင်သူတွေ အများစုအတွက် Eye Patch တွေက အင်မတန်အသုံးဝင်ပါတယ်။ ၁၅ မိနစ်အတွင်းမှာပဲ အသားအရေကို အစိုဓာတ်ဖြည့်တင်းပေးသလို ချောမွေနူးညံ့စေပါတယ်။ ဒီလိုမျိုး ကိုယ့်အတွက် အင်မတန်အသုံးဝင်တဲ့ အလှကုန်ပစ္စည်းကို စနစ်တကျ ဘယ်လိုသုံးရမလဲဆိုတာကိုတော့ လူတိုင်းသေချာမသိကြပါဘူး။
ကိုယ့်မှာဖြစ်နေတဲ့ ပြဿနာပေါ်မူတည်ပြီး Patch တွေကို ထိပ်ချွန်အသေးဖက်ကနေဖြစ်ဖြစ် အကျယ်ဖက်ကနေဖြစ်ဖြစ် လှည့်ပြီး ကပ်ပေးလို့ရပေမယ့် မျက်လုံးနားကို အရမ်းကပ်ပြီး ကပ်ပေးခြင်းက နီရဲခြင်းနဲ့ ယားယံခြင်းတို့ကို ဖြစ်ပေါ်စေဖို့ အလားအလာများပါတယ်။

Dry Brushing လုပ်တာ နည်းလမ်းမှားနေခြင်း
Dry Brushing လုပ်ခြင်းက ကိုယ့်အိမ်မှာပဲ အလွယ်တကူလုပ်နိုင်ပြီး ဘာမှလည်းမကုန်ကျတဲ့ Body Massage နည်းလမ်းတစ်ခုဖြစ်ပါတယ်။ သွေးလည်ပတ်မှုကိုကောင်းစေပြီး သွေးဖြူစီးဆင်းမှုကို အားပေးပါတယ်။
ခန္ဓာကိုယ်ရဲ့ သဘာဝအတိုင်း အဆိပ်အတောက်ဖယ်ရှားမှုအတွက် အခြေအနေတွေ ဖန်တီးပေးပြီး အသားအရေအခြေအနေကို တိုးတက်စေပါတယ်။ ဒီလိုမျိုး ရလဒ်ကောင်းတွေရဖို့အတွက် နည်းမှန်လမ်းမှန်နဲ့လုပ်တတ်ဖို့တော့ လိုပါတယ်။
သွေးဖြူက နှလုံးဆီကို စီးဆင်းတာဖြစ်လို့ သူနဲ့ဆန့်ကျင်ဖက်ကို Massage လုပ်မယ်ဆိုရင် ဘာအကျိုးမှ ရှိမှာမဟုတ်ပါဘူး။ နောက်ပြီး Massage လုပ်တဲ့အခါမှာလည်း သုံးတဲ့အားကို သတိထားရပါမယ်။ အားပြင်းသွားမယ်ဆိုရင် ဘရက်ရှ်က အမျှင်အမာလေးတွေက အသားအရေကိုကောင်းကျိုးဖြစ်စေမှာထက် ယားယံမှုကိုဖြစ်စေပါလိမ့်မယ်။

ဆံပင်ညစ်ပတ်နေချိန် Dry Shampoo သုံးခြင်း
လူအများစုတွေးထားတာက ခေါင်းလျှော်ဖို့အချိန်မရှိလို့ Dry Shampoo သုံးရမယ်ဆိုတာပါ။ ဒါပေမယ့် Dry Shampoo ကို ခေါင်းလျှော်ပြီးနောက်မှ အသုံးပြုခြင်းက ပိုပြီးထိရောက်ပါတယ်။ ဒီလိုလုပ်ခြင်းက ဦးရေပြားကထွက်လာမယ့် Glands တွေကို Dry Shampoo က စုပ်ယူမှာဖြစ်လို့ အချိန်ကြာကြာ ဆံကေသာသန့်ရှင်းနေမှာဖြစ်ပါတယ်။

ပစ္စည်းတစ်မျိုးတည်းကိုပဲ စွဲသုံးခြင်း
ကိုယ့်အသားအရေနဲ့ တည့်တဲ့ အလှကုန်ပစ္စည်းကို ရှာတွေ့ဖို့ဆိုတာ ဘုရားမ သလိုပါပဲ။ စိမ့်ဝင်အားလည်းကောင်းတယ်၊ အသားအရေကိုလည်း ချောမွေ့စေတယ်၊ နောက်ပြီး စေးကပ်မှုလည်းမရှိ၊ အသားအရေပေါ်မှာ အဆီပြန်မှုလည်း မရှိဘူးဆိုတဲ့ အလှကုန်မျိုးဆိုရင် တစ်သက်လုံးသုံးချင်စိတ်ကို ဖြစ်မိကြမှာပါ။
ဒါပေမယ့် ဘယ်ပစ္စည်းကို ဘယ်အချိန်မှာ သုံးရမယ်ဆိုလည်း သိဖို့လိုအပ်ပါတယ်။ အပါးဆုံးကနေ အပျစ်ဆုံးကို အစဥ်လိုက်လိမ်းပေးရမှာဖြစ်ပြီး တစ်ခုနဲ့တစ်ခုကြားမှာလည်း စိမ့်ဝင်ဖို့ ခဏလောက် အချိန်လေးပေးပါ။

Mascara သုံးပြီး မျက်တောင်ကော့ချောင်း ချက်ချင်းသုံးခြင်း
Mascara လိမ်းပြီးတာနဲ့ မျက်တောင်ကော့ချောင်း ချက်ချင်းသုံးကြတာက မိန်းကလေးတိုင်းလိုလိုပါပဲ။ ဒါပေမယ့် ဒီလိုလုပ်ခြင်းက မှားယွင်းတဲ့နည်းလမ်းဖြစ်ပြီး အန္တရာယ်လည်းများပါတယ်။ Mascara သုံးလိုက်ချိန်မှာ မျက်တောင်က ကြွပ်ဆတ်ဆတ်လေးဖြစ်ပြီး အထိမခံဖြစ်သွားလို့ အဲ့အချိန်မှာ Curler သုံးလိုက်မယ်ဆိုရင် ချိုးလိုက်သလိုပါပဲ။ ဒါကြောင့် Curler သုံးပြီးမှ Mascara ကို သုံးစေချင်ပါတယ်။

Makeup Sponge ကို ရေအရင်မစွတ်ခြင်း
Makeup Sponge ကို အသုံးမပြုခင် အညွှန်းတွေကို အရင်ဖတ်တဲ့လူက တော်တာ်နည်းပါတယ်။ မိတ်ကပ်ဖောင်ဒေးရှင်းကို Sponge ပေါ် ညှစ်လိုက်ပြီး အသားရေပေါ်လိမ်းရတာပဲ ဘာခက်တာမှတ်လို့ ဆိုပြီး တွေးကြမှာပါ။ တကယ်တမ်းတော့ Sponge ကို မိတ်ကပ်လိမ်းဖို့ သုံးတော့မယ်ဆိုရင် ရေအရင်စွတ်ပေးပါ။ ဒါမှ ဖောင်ဒေးရှင်းစိမ့်ဝင်အားကောင်းစေမှာဖြစ်ပါတယ်။

Lifestyle_Myanmar
ref-brightside