နနွင်းမှုန့် ကို ရှေးယခင်ကတည်းက ကျန်းမာရေးအတွက် ဆေးဖက်ဝင်ပစ္စည်းအဖြစ် အသုံးပြုခဲ့ကြတာပါ။ ကျန်းမာရေးအတွက် ကောင်းကျိုးအမြောက်အမြားပေးတဲ့အပြင် အသားအရေစိုပြေဖို့အတွက်လည်း အသုံးပြုကြပါသေးတယ်။
အမဲစက်နဲ့ ဝက်ခြံများကို ဖယ်ရှားပေးတယ်
နနွင်းမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံခန့်ကို ရှားစောင်းလက်ပတ်ဖျော်ရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့် နဲ့ရောလိုက်ပြီး ဝက်ခြံပေါက်တဲ့နေရာပေါ်မှာ ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် တို့ထားပြီးမှ ဆေးချလိုက်ပါ။ တစ်ပတ်ကို ၃ ကြိမ်ခန့်အသုံးပြုပေးမယ်ဆိုရင် ဝက်ခြံနဲ့အမဲစက်တွေ ပျောက်ကင်းသွားပါလိမ့်မယ်။
သွားများကို ဖြူဖွေးဝင်းပစေတယ်
ပန်းကန်လုံးတစ်လုံးထဲမှာ သံလွင်ဆီအနည်းငယ်ထည့်လိုက်ပါ။ သွားတိုက်တံကို သံလွင်ဆီထဲနှစ်လိုက်ပြီးနောက် နနွင်းမှုန့်အနည်းငယ်ထည့်လိုက်ပါ။ ပြီးရင် ၃ မိနစ်ခန့် သွားတိုက်ပေးပါ။ တစ်ပတ် ၂ ကြိမ်၊ ၃ ကြိမ်ခန့်ပြုလုပ်ပေးမယ်ဆိုရင် ဖြူစင်ဝင်းပတဲ့သွားကို ပိုင်ဆိုင်နိုင်ပါပြီ။

ဆံကေသာကျန်းမာသန်စွမ်းစေတယ်
ဟင်းသီးဟင်းရွက်အဆီ ၅၀ မီလီလီတာနဲ့ နနွင်းမှုန့်လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ ရောပေးလိုက်ပါ။ ရလာတဲ့အနှစ်များကို ဆံကေသာ အရင်းကနေ အဖျားအထိ သုတ်လိမ်းပေးလိုက်ပါ။ မိနစ် ၃၀ ခန့်ကြာမှ ခေါင်းလျှော်ပေးလိုက်ရင် ဆံပင်အရှည်မြန်ပြီး အဖျားနှစ်ခွဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။ တစ်လကို တစ်ကြိမ်ကနေ ၃ ကြိမ်အထိ ပြုလုပ်နိုင်ပါတယ်။
ကိုယ်အလေးချိန် လျော့ချပေးတယ်
နွားနို့ တစ်ဖန်ခွက်ထဲကို နနွင်းမှုန့်လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့်ထည့်ပြီး မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ်သောက်ပေးပါ။ နွားနို့နဲ့ နနွင်းဖျော်ရည်က အစားအများကြီးစားချင်တဲ့စိတ်ကို လျော့ချပေးတဲ့အတွက် ဝိတ်ချချင်သူအတွက် ဘေးထွက်ဆိုးကျိုးမရှိတဲ့ နည်းလမ်းလေးပါ။

အသားအရေကို နုပျိုတင်းရင်းစေတယ်
နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ နွားနို့လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ကို ရောလိုက်ပါ။ မျက်နှာကို ရေနွေးငွေ့ရိုက်ပြီးတဲ့အခါ မျက်နှာနဲ့ လည်ပင်းပေါ်ကို သုတ်လိမ်းလိုက်ပါ။ ၁၀ မိနစ်၊ ၁၅ မိနစ်ကြာမှာ ရေနဲ့ဆေးချလိုက်ပါ။ တစ်လအတွင်းမှာပဲ တစ်ရက်ခြား တစ်ခါစီပြုလုပ်ပေးပြီး တစ်လပြည့်သွားတဲ့အခါ နှစ်လနားပြီး နောက်ထပ်တစ်လကို ပုံမှန်လုပ်နေကြအတိုင်းပြုလုပ်ပေးပါ။
Lifestyle_Myanmar
ref-healthline