အလှအပနဲ့ ကျန်းမာရေးအတွက် ပျားရည်ရဲ့ အသုံးဝင်ပုံများ

0
19

သဘာဝအချိုဓာတ်ရှိတဲ့ ပျားရည်က အစားအသောက်နဲ့ ဖျော်ရည်အအေးတွေကို ချိုမြိန်စေရုံသာမက သကြားစားသုံးခွင့်မရှိတဲ့ ဆီးချိုသမားများအတွက်တော့ အစားထိုးစားသုံးနိုင်တဲ့ အမျိုးအမယ်လည်းဖြစ်ပါတယ်။ ဒီလိုပျားရည်ကို အစားအသောက်အနေနဲ့ပဲ အသုံးပြုနိုင်တယ်လို့ထင်ရင် မှားသွားပါလိမ့်မယ်။ ပျားရည်ကို တခြားဘယ်လိုနေရာတွေမှာလဲ အကျိုးရှိရှိ အသုံးပြုလို့ရသေးလဲဆိုတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

၁။ အားအင်

ဘာအားအင်မှမရှိဘဲနဲ့ တစ်နေကုန်နေလို့ထိုင်လို့မကောင်းတဲ့အခြေအနေတွေကို တစ်ရက်မဟုတ် တစ်ရက်တော့ ကြုံဖူးကြမှာပါ။ တချို့ကော်ဖီကြိုက်သူများအတွက်တော့ ကော်ဖီတစ်ခွက်လေးဖျော်သောက်လိုက်လို့ လွယ်ပေမယ့် ကော်ဖီမကြိုက်သူများအတွက်တော့ ပျားရည်ကိုစားသုံးပေးနိုင်ပါတယ်။ ပျားရည်မှာပါဝင်တဲ့ သဘာဝသကြားဓာတ်က ကုန်ခမ်းနေတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးမှာပါ။

၂။ ဓာတ်မတည့်မှုများ

HayFever လို့ခေါ်တဲ့ ဓာတ်မတည့်မှုတစ်မျိုး သင့်မှာရှိနေပါက ပျားရည်က ဖြေရှင်းနည်းတစ်ခုပါပဲ။ ပျားရည်အစိမ်းကို နေ့စဥ် စားပွဲတင်ဇွန်းနှင့် ၁ ဇွန်း စားသုံးပေးပါက ပျားဝတ်မှုန်နဲ့ဓာတ်မတည့်ခြင်းကို သက်သာစေမှာဖြစ်ပါတယ်။

၃။ ကိုယ်ခံအားမြှင့်တင်ပေးခြင်း

ပျားရည်မှာ Antioxidants များ ပါဝင်တာကြောင့် ကင်ဆာရောဂါ၊ နှလုံးသွေးကြောကျဥ်းရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါများမဖြစ်အောင် ကာကွယ်ပေးပြီး ထိခိုက်ရှနာများကို သက်သာစေခြင်းစတဲ့ ကောင်းကျိုးများကို ခံစားနိုင်ရန်အတွက် ပျားရည်ကို သင့်တင်တဲ့ပမာဏလောက် နေ့စဥ်မှန်မှန်စားပေးလိုက်ပါ။

၄။ Moisturizer အဖြစ် အသုံးပြုနိုင်ခြင်း

အသားအရေ စိုပြေဝင်းပလာစေရန်အတွက် အင်မတန်ကောင်းမွန်တဲ့ ပျားရည်ကို အလှကုန်ပစ္စည်းတွေမှာလည်း ထည့်သွင်းထုတ်လုပ်လေ့ရှိတာကို သတိထားမိကြမှာပါ။ အလှကုန်ပစ္စည်းတွေက ဈေးကြီးတယ်လို့ထင်ပါက ပျားရည်အစိမ်း စားပွဲတင်ဇွန်း ၂ ဇွန်းကို နနွင်း လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ရောစပ်ပြီးလည်း အိမ်လုပ် Face Mask အနေနဲ့ အသုံးပြုနိုင်ပါတယ်။

၅။ အသားအရေမညီမညာဖြစ်ခြင်းအတွက် ကောင်းမွန်ခြင်း

မညီညာတဲ့ အသားအရေနှင့် ဝက်ခြံကို တိုက်ထုတ်ရန်အတွက် ပျားရည်ကအင်မတန်သင့်တော်ပါတယ်။ အသားအရေပေါ်ရှိ ဘက်တီးရီးယားတွေကို ပျားရည်က ဖယ်ရှားပေးမှာြဖစ်သလို ယားယံခြင်းနဲ့ နီရဲခြင်းကိုလည်း လျော့ကျစေမှာြဖစ်ပါတယ်။

၆။ ဆံကေသာ တောက်ပြောင်စေခြင်း

အသားအရေအတွက်သာမက ဆံကေသာအတွက်လည်း Moisturizer အနေနဲ့ အသုံးပြုနိုင်တဲ့ ပျားရည်ဟာ ဆံသားကို ပိုးသားလေးလို နူးအိပျော့ပျောင်းစေမှာဖြစ်ပါတယ်။ ပျားရည် ၁၇၀ မီလီလီတာကို သံလွင်ဆီ ၆၀ မီလီလီတာနှင့်ရောစပ်ကာ ဆံပင်မှာလူးပေးလိုက်ပါ။ Shower Cap အုပ်ထားပြီး နာရီဝက်ထားပြီးပါက ပုံမှန်အတိုင်း ခေါင်းလျှော်ပေးလိုက်လို့ ရပါပြီ။

#Lifestyle_Myanmar

#Thinzar

Ref-tips and tricks

Zawgyi Font

အလွအပနဲ႔ က်န္းမာေရးအတြက္ ပ်ားရည္ရဲ႕ အသုံးဝင္ပုံမ်ား

သဘာဝအခ်ိဳဓာတ္ရွိတဲ့ ပ်ားရည္က အစားအေသာက္နဲ႔ ေဖ်ာ္ရည္အေအးေတြကို ခ်ိဳၿမိန္ေစ႐ုံသာမက သၾကားစားသုံးခြင့္မရွိတဲ့ ဆီးခ်ိဳသမားမ်ားအတြက္ေတာ့ အစားထိုးစားသုံးႏိုင္တဲ့ အမ်ိဳးအမယ္လည္းျဖစ္ပါတယ္။ ဒီလိုပ်ားရည္ကို အစားအေသာက္အေနနဲ႔ပဲ အသုံးျပဳႏိုင္တယ္လို႔ထင္ရင္ မွားသြားပါလိမ့္မယ္။ ပ်ားရည္ကို တျခားဘယ္လိုေနရာေတြမွာလဲ အက်ိဳးရွိရွိ အသုံးျပဳလို႔ရေသးလဲဆိုေတာ့ ေအာက္ပါအတိုင္းပဲျဖစ္ပါတယ္။

၁။ အားအင္

ဘာအားအင္မွမရွိဘဲနဲ႔ တစ္ေနကုန္ေနလို႔ထိုင္လို႔မေကာင္းတဲ့အေျခအေနေတြကို တစ္ရက္မဟုတ္ တစ္ရက္ေတာ့ ႀကဳံဖူးၾကမွာပါ။ တခ်ိဳ႕ေကာ္ဖီႀကိဳက္သူမ်ားအတြက္ေတာ့ ေကာ္ဖီတစ္ခြက္ေလးေဖ်ာ္ေသာက္လိုက္လို႔ လြယ္ေပမယ့္ ေကာ္ဖီမႀကိဳက္သူမ်ားအတြက္ေတာ့ ပ်ားရည္ကိုစားသုံးေပးႏိုင္ပါတယ္။ ပ်ားရည္မွာပါဝင္တဲ့ သဘာဝသၾကားဓာတ္က ကုန္ခမ္းေနတဲ့ အားအင္ေတြကို ျပန္လည္ျဖည့္တင္းေပးမွာပါ။

၂။ ဓာတ္မတည့္မႈမ်ား

HayFever လို႔ေခၚတဲ့ ဓာတ္မတည့္မႈတစ္မ်ိဳး သင့္မွာရွိေနပါက ပ်ားရည္က ေျဖရွင္းနည္းတစ္ခုပါပဲ။ ပ်ားရည္အစိမ္းကို ေန႔စဥ္ စားပြဲတင္ဇြန္းႏွင့္ ၁ ဇြန္း စားသုံးေပးပါက ပ်ားဝတ္မႈန္နဲ႔ဓာတ္မတည့္ျခင္းကို သက္သာေစမွာျဖစ္ပါတယ္။

၃။ ကိုယ္ခံအားျမႇင့္တင္ေပးျခင္း

ပ်ားရည္မွာ Antioxidants မ်ား ပါဝင္တာေၾကာင့္ ကင္ဆာေရာဂါ၊ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါ၊ အဆစ္အျမစ္ေရာင္ေရာဂါမ်ားမျဖစ္ေအာင္ ကာကြယ္ေပးၿပီး ထိခိုက္ရွနာမ်ားကို သက္သာေစျခင္းစတဲ့ ေကာင္းက်ိဳးမ်ားကို ခံစားႏိုင္ရန္အတြက္ ပ်ားရည္ကို သင့္တင္တဲ့ပမာဏေလာက္ ေန႔စဥ္မွန္မွန္စားေပးလိုက္ပါ။

၄။ Moisturizer အျဖစ္ အသုံးျပဳႏိုင္ျခင္း

အသားအေရ စိုေျပဝင္းပလာေစရန္အတြက္ အင္မတန္ေကာင္းမြန္တဲ့ ပ်ားရည္ကို အလွကုန္ပစၥည္းေတြမွာလည္း ထည့္သြင္းထုတ္လုပ္ေလ့ရွိတာကို သတိထားမိၾကမွာပါ။ အလွကုန္ပစၥည္းေတြက ေဈးႀကီးတယ္လို႔ထင္ပါက ပ်ားရည္အစိမ္း စားပြဲတင္ဇြန္း ၂ ဇြန္းကို နႏြင္း လက္ဖက္ရည္ဇြန္း ၂ ဇြန္းနဲ႔ေရာစပ္ၿပီးလည္း အိမ္လုပ္ Face Mask အေနနဲ႔ အသုံးျပဳႏိုင္ပါတယ္။

၅။ အသားအေရမညီမညာျဖစ္ျခင္းအတြက္ ေကာင္းမြန္ျခင္း

မညီညာတဲ့ အသားအေရႏွင့္ ဝက္ၿခံကို တိုက္ထုတ္ရန္အတြက္ ပ်ားရည္ကအင္မတန္သင့္ေတာ္ပါတယ္။ အသားအေရေပၚရွိ ဘက္တီးရီးယားေတြကို ပ်ားရည္က ဖယ္ရွားေပးမွာျဖစ္သလို ယားယံျခင္းနဲ႔ နီရဲျခင္းကိုလည္း ေလ်ာ့က်ေစမွာျဖစ္ပါတယ္။

၆။ ဆံေကသာ ေတာက္ေျပာင္ေစျခင္း

အသားအေရအတြက္သာမက ဆံေကသာအတြက္လည္း Moisturizer အေနနဲ႔ အသုံးျပဳႏိုင္တဲ့ ပ်ားရည္ဟာ ဆံသားကို ပိုးသားေလးလို ႏူးအိေပ်ာ့ေပ်ာင္းေစမွာျဖစ္ပါတယ္။ ပ်ားရည္ ၁၇၀ မီလီလီတာကို သံလြင္ဆီ ၆၀ မီလီလီတာႏွင့္ေရာစပ္ကာ ဆံပင္မွာလူးေပးလိုက္ပါ။ Shower Cap အုပ္ထားၿပီး နာရီဝက္ထားၿပီးပါက ပုံမွန္အတိုင္း ေခါင္းေလွ်ာ္ေပးလိုက္လို႔ ရပါၿပီ။

#Lifestyle_Myanmar

#Thinzar

Ref-stylecraze

LEAVE A REPLY

Please enter your comment!
Please enter your name here