အလှအပကြိုက်တဲ့ အမျိုးသမီးများအတွက် အသုံးဝင်စေမယ့် သဘာဝ အိမ်တွင်းနည်းလမ်းများ

0
164

ကျောင်းတက်နေတဲ့ ညီမလေးတွေဖြစ်ဖြစ်၊ အလုပ်လုပ်နေကြပြီဖြစ်တဲ့ ညီမငယ်၊ အစ်မတို့ပဲဖြစ်ဖြစ် မိန်းကလေးမှန်ရင် အားလုံးကတော့ အလှအပကြိုက်ကြတာချည်းပါပဲ။ အလှအပကြိုက်တာကြောင့်လည်း ပိုက်ဆံအကုန်အကျခံပြီး ဈေးကြီးတဲ့အလှကုန်ပစ္စည်းတွေကို ဝယ်သုံးနေကြတာလည်းဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချို့အတွက်ကတော့ ဘယ်လိုပစ္စည်းသုံးသုံး အရာမထင်လို့ နောက်ဆုံးလက်လျှော့ရတော့မယ်ဆိုတာမျိုး မဖြစ်စေဖို့ရယ်၊ ပိုက်ဆံကိုချွေတာချင်ပြီဆိုတဲ့ ပျိုမေလေးတို့အတွက်ရယ် အသုံးဝင်စေမယ့် အလှအပဆိုင်ရာနည်းလမ်းကောင်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

-Advertisement-

သဘာဝအိမ်တွင်းနည်းလမ်းလေးတွေဖြစ်တာကြောင့် လိုက်လံပြုလုပ်မယ်ဆိုရင် ရလဒ်ကောင်းတွေရဖို့အတွက် စိတ်ရှည်ဖို့လိုအပ်သလို မှန်မှန်ပြုလုပ်ပေးဖို့အတွက်လည်း အကြံပြုချင်ပါတယ်။

၁။ ခြောက်သွေ့တဲ့အသားအရေနဲ့ ချွေးပေါက်တွေအတွက်

စိုစွတ်တဲ့ရာသီမျိုးမှာ နေထိုင်နေသူဆိုရင် သင့်ရဲ့အသားအရေနဲ့ ချွေးပေါက်တွေက လုံးဝကိုခြောက်သွေ့လာမှာဖြစ်ပြီးတော့ အထူးသဖြင့် ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်ဆိုရင် ပိုဖြစ်တတ်ပါတယ်။ ချွေးပေါက်တွေနဲ့ အသားအရေကို အစိုဓာတ်ပြန်လည်ဖြည့်တင်းဖို့အတွက် နွားနို့ စားပွဲတင်ဇွန်း ၂ ဇွန်းကို ပျားရည်နဲ့ရောပါ။ ဂွမ်းလုံးတစ်ခုကိုယူပြီးတော့ နွားနို့နဲ့ပျားရည်အရောမှာနှစ်ကာ မျက်နှာမှာသုတ်လိမ်းပေးပါ။ ညဖက်အချိန်မှာ ပြုလုပ်ပေးရမှာဖြစ်ပြီး နာရီဝက်လောက်ထားကာ ရေအေးနဲ့သစ်ပေးလိုက်ပါ။

၂။ အဆီပြန်တဲ့အသားအရေအတွက်

အဆီပြန်တဲ့အသားအရေပိုင်ရှင်များဟာ ဆားဝက်ခြံပြဿနာကို မကြာခဏကြုံတွေ့ရတတ်ပြီး အဆီထွက်များတာကြောင့် ချွေးပေါက်တွေပိတ်ဆို့ကာ ထိုကနေတဆင့် ဝက်ခြံတွေလည်း မကြာမကြာဆိုသလို ပေါက်တတ်ကြပါတယ်။ အသားအရေကို သန့်သန့်ရှင်းရှင်းဖြစ်စေဖို့အတွက် အုတ်ဂျုံမှုန့်ပေါင်းတင်နည်းကို အသုံးပြုကြည့်ပါ။ အုတ်ဂျုံအနည်းငယ်ကို ပျားရည်နဲ့ရောကာ မျက်နှာမှာသုတ်ပြီး နာရီဝက်ထားပါ။ အချိန်ပြည့်ပြီဆိုပါက အေးတိအေးစက်ဖြစ်တဲ့ရေနဲ့ သန့်ရှင်းပေးလိုက်ပါ။ ချွေးပေါက်တွေနဲ့ အသားအရေနှစ်ခုလံး သန့်ရှင်းစင်ကြယ်သွားတာကို ခံစားရပါလိမ့်မယ်။

၃။ ဆားဝက်ခြံပြဿနာအတွက်

အသားအရေက ဖုန်နဲ့အညစ်အကြေးတွေကို မကြာမကြာထိတွေ့ရတဲ့အခါ ချွေးပေါက်တွေပိတ်ဆို့လာပြီး ဆားဝက်ခြံတွေ ဖြစ်လာတတ်ပါတယ်။ တစ်ခါဖြစ်ပြီဆိုရင် ဘယ်လောက်လုပ်လုပ် ပျောက်မသွားတဲ့ ဆားဝက်ခြံတွေမဖြစ်အောင်လို့ ကပ်ညိနေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားဖို့လိုအပ်ပါတယ်။ ကြက်ဥတစ်လုံး အကာနဲ့ ပျားရည်၊ သံပုယိုသီး (လီမွန်) တို့ရောပြီးတော့ မျက်နှာမှာလိမ်းကာ မိနစ် ၂၀-၃၀ လောက်ထားပါ။ နှာခေါင်းတစ်ဝိုက်က ဆားဝက်ခြံတွေကို ဖယ်ရှားဖို့အတွက် မုန့်ဖုတ်ပေါင်ဒါ စားပွဲတင်ဇွန်း ၁ ဇွန်းကို သံပုယိုရည် (လီမွန်) အနည်းငယ်ရောပြီးတော့ နှာခေါင်းမှာလိမ်းပါ။ နာရီဝက်ထားပြီးပြီဆိုရင် အကုန်လုံးကို ရေနဲ့ဆေးကြောသန့်စင်ပစ်နိုင်ပါတယ်။

၄။ မျက်ကွင်းညိုတာတွေအတွက်

စိတ်ဖိစီးမှုတွေ၊ အလုပ်ပင်ပန်းတာတွေ၊ အိပ်ရေးမဝတာတွေကြောင့် မျက်လုံးအောက်မှာ မျက်ကွင်းညိုတာတွေ ကြုံတွေ့လာရပြီဆိုရင်တော့ ဗာဒံစေ့အဆီနည်းနည်းကို သုတ်လိမ်းပေးပြီး နှိပ်နယ်ပေးပါ။ တစ်ညထားပြီးတော့ မနက်ရောက်တဲ့အခါ ရေအေးအေးနဲ့ သန့်စင်ပေးလိုက်ပါ။

#Lifestyle_Myanmar

#Thinzar

Ref-pagedesignpro

Zawgyi

အလွအပႀကိဳက္တဲ့ အမ်ိဳးသမီးမ်ားအတြက္ အသုံးဝင္ေစမယ့္ သဘာဝ အိမ္တြင္းနည္းလမ္းမ်ား

ေက်ာင္းတက္ေနတဲ့ ညီမေလးေတြျဖစ္ျဖစ္၊ အလုပ္လုပ္ေနၾကၿပီျဖစ္တဲ့ ညီမငယ္၊ အစ္မတို႔ပဲျဖစ္ျဖစ္ မိန္းကေလးမွန္ရင္ အားလုံးကေတာ့ အလွအပႀကိဳက္ၾကတာခ်ည္းပါပဲ။ အလွအပႀကိဳက္တာေၾကာင့္လည္း ပိုက္ဆံအကုန္အက်ခံၿပီး ေဈးႀကီးတဲ့အလွကုန္ပစၥည္းေတြကို ဝယ္သုံးေနၾကတာလည္းျဖစ္ပါတယ္။ ဒါေပမယ့္ တစ္ခ်ိဳ႕အတြက္ကေတာ့ ဘယ္လိုပစၥည္းသုံးသုံး အရာမထင္လို႔ ေနာက္ဆုံးလက္ေလွ်ာ့ရေတာ့မယ္ဆိုတာမ်ိဳး မျဖစ္ေစဖို႔ရယ္၊ ပိုက္ဆံကိုေခြၽတာခ်င္ၿပီဆိုတဲ့ ပ်ိဳေမေလးတို႔အတြက္ရယ္ အသုံးဝင္ေစမယ့္ အလွအပဆိုင္ရာနည္းလမ္းေကာင္းေလးေတြကို ေဝမွ်ေပးခ်င္ပါတယ္။

သဘာဝအိမ္တြင္းနည္းလမ္းေလးေတြျဖစ္တာေၾကာင့္ လိုက္လံျပဳလုပ္မယ္ဆိုရင္ ရလဒ္ေကာင္းေတြရဖို႔အတြက္ စိတ္ရွည္ဖို႔လိုအပ္သလို မွန္မွန္ျပဳလုပ္ေပးဖို႔အတြက္လည္း အႀကံျပဳခ်င္ပါတယ္။

၁။ ေျခာက္ေသြ႕တဲ့အသားအေရနဲ႔ ေခြၽးေပါက္ေတြအတြက္

စိုစြတ္တဲ့ရာသီမ်ိဳးမွာ ေနထိုင္ေနသူဆိုရင္ သင့္ရဲ႕အသားအေရနဲ႔ ေခြၽးေပါက္ေတြက လုံးဝကိုေျခာက္ေသြ႕လာမွာျဖစ္ၿပီးေတာ့ အထူးသျဖင့္ ေျခာက္ေသြ႕တဲ့အသားအေရပိုင္ရွင္ဆိုရင္ ပိုျဖစ္တတ္ပါတယ္။ ေခြၽးေပါက္ေတြနဲ႔ အသားအေရကို အစိုဓာတ္ျပန္လည္ျဖည့္တင္းဖို႔အတြက္ ႏြားႏို႔ စားပြဲတင္ဇြန္း ၂ ဇြန္းကို ပ်ားရည္နဲ႔ေရာပါ။ ဂြမ္းလုံးတစ္ခုကိုယူၿပီးေတာ့ ႏြားႏို႔နဲ႔ပ်ားရည္အေရာမွာႏွစ္ကာ မ်က္ႏွာမွာသုတ္လိမ္းေပးပါ။ ညဖက္အခ်ိန္မွာ ျပဳလုပ္ေပးရမွာျဖစ္ၿပီး နာရီဝက္ေလာက္ထားကာ ေရေအးနဲ႔သစ္ေပးလိုက္ပါ။

၂။ အဆီျပန္တဲ့အသားအေရအတြက္

အဆီျပန္တဲ့အသားအေရပိုင္ရွင္မ်ားဟာ ဆားဝက္ၿခံျပႆနာကို မၾကာခဏႀကဳံေတြ႕ရတတ္ၿပီး အဆီထြက္မ်ားတာေၾကာင့္ ေခြၽးေပါက္ေတြပိတ္ဆို႔ကာ ထိုကေနတဆင့္ ဝက္ၿခံေတြလည္း မၾကာမၾကာဆိုသလို ေပါက္တတ္ၾကပါတယ္။ အသားအေရကို သန႔္သန႔္ရွင္းရွင္းျဖစ္ေစဖို႔အတြက္ အုတ္ဂ်ဳံမႈန႔္ေပါင္းတင္နည္းကို အသုံးျပဳၾကည့္ပါ။ အုတ္ဂ်ဳံအနည္းငယ္ကို ပ်ားရည္နဲ႔ေရာကာ မ်က္ႏွာမွာသုတ္ၿပီး နာရီဝက္ထားပါ။ အခ်ိန္ျပည့္ၿပီဆိုပါက ေအးတိေအးစက္ျဖစ္တဲ့ေရနဲ႔ သန႔္ရွင္းေပးလိုက္ပါ။ ေခြၽးေပါက္ေတြနဲ႔ အသားအေရႏွစ္ခုလံး သန႔္ရွင္းစင္ၾကယ္သြားတာကို ခံစားရပါလိမ့္မယ္။

၃။ ဆားဝက္ၿခံျပႆနာအတြက္

အသားအေရက ဖုန္နဲ႔အညစ္အေၾကးေတြကို မၾကာမၾကာထိေတြ႕ရတဲ့အခါ ေခြၽးေပါက္ေတြပိတ္ဆို႔လာၿပီး ဆားဝက္ၿခံေတြ ျဖစ္လာတတ္ပါတယ္။ တစ္ခါျဖစ္ၿပီဆိုရင္ ဘယ္ေလာက္လုပ္လုပ္ ေပ်ာက္မသြားတဲ့ ဆားဝက္ၿခံေတြမျဖစ္ေအာင္လို႔ ကပ္ညိေနတဲ့ အညစ္အေၾကးေတြကို ဖယ္ရွားဖို႔လိုအပ္ပါတယ္။ ၾကက္ဥတစ္လုံး အကာနဲ႔ ပ်ားရည္၊ သံပုယိုသီး (လီမြန္) တို႔ေရာၿပီးေတာ့ မ်က္ႏွာမွာလိမ္းကာ မိနစ္ ၂၀-၃၀ ေလာက္ထားပါ။ ႏွာေခါင္းတစ္ဝိုက္က ဆားဝက္ၿခံေတြကို ဖယ္ရွားဖို႔အတြက္ မုန႔္ဖုတ္ေပါင္ဒါ စားပြဲတင္ဇြန္း ၁ ဇြန္းကို သံပုယိုရည္ (လီမြန္) အနည္းငယ္ေရာၿပီးေတာ့ ႏွာေခါင္းမွာလိမ္းပါ။ နာရီဝက္ထားၿပီးၿပီဆိုရင္ အကုန္လုံးကို ေရနဲ႔ေဆးေၾကာသန႔္စင္ပစ္ႏိုင္ပါတယ္။

၄။ မ်က္ကြင္းညိဳတာေတြအတြက္

စိတ္ဖိစီးမႈေတြ၊ အလုပ္ပင္ပန္းတာေတြ၊ အိပ္ေရးမဝတာေတြေၾကာင့္ မ်က္လုံးေအာက္မွာ မ်က္ကြင္းညိဳတာေတြ ႀကဳံေတြ႕လာရၿပီဆိုရင္ေတာ့ ဗာဒံေစ့အဆီနည္းနည္းကို သုတ္လိမ္းေပးၿပီး ႏွိပ္နယ္ေပးပါ။ တစ္ညထားၿပီးေတာ့ မနက္ေရာက္တဲ့အခါ ေရေအးေအးနဲ႔ သန႔္စင္ေပးလိုက္ပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here