အလှအပနဲ့ အရေပြားပြဿနာအတွက် ပြောင်းစားသင့်တဲ့ အစားအစာတွေ
0
1
အလှအပနဲ့ အရေပြားပြဿနာ
အလှအပနဲ့ အရေပြားပြဿနာ
#Lifestyle_Myanmar
#Thar_Nage
အသားအရေ ဖြူဝင်းစေဖို့အတွက် ပဲနီလေးကို ဘယ်လိုအသုံးပြုလို့ရသလဲ?
Unicode
အရေပြားပြဿနာအတွက် ပြောင်းစားသင့်တဲ့ အစားအစောတွေ
အရေပြားပြဿနာတွေကို အဓိကဖြစ်ရတဲ့အကြောင်းအရင်းမှာ သင်နေ့စဉ်စားသောက်တဲ့ အစားအသောက်ပေါ်အများကြီးမူတည်နေပါတယ်။ အရေပြားပြဿနာဖြစ်ပေါ်မှုအတွက်နေ့စဉ်စားသောက်တဲ့အစားအစာတွေထဲမှာဘယ်အရာတွေက လွှဲမှားနေပြီလဲ။
၁။ အချိန်မတန်မှီ အသားအရေပျက်စီးအိုမင်းခြင်း
ကယ်လိုရီနိမ့်တဲ့အစားအသောက်တွေက သင့်ခန္ဓာကိုယ်အတွင်း သကြားဓာတ်ကို ပိုပြီး တိုးမြှင့်နိုင်ပါတယ်။ အချိန်တိုအတွင်းမှာ ထူးခြားမှု သိပ့်မရှိပေမဲ့ ရေရှည်အတွက် ဆိုရင်တော့ သင့်ရဲ့ အသားအရေကို အချိန်မတန်မှီ အိုမင်းခြင်းကိုဖြစ်စေပါတယ်။ အရေပြားမွဲခြောက်ပြီးခြောက်သွေ့ခြင်းကို ဖြစ်ပေါ်စေပါတယ်။
၂။ နဖူးအသားအေရ ခြောက်သွေ့ပြီး အရေးကြောင်းဖြစ်ပေါ်သင့်အကြောင်းအရင်း
သကြားဟာ ကော်လဂျင်နဲ့ Elastin ပျက်စီးခြင်းကိုဖြစ်ပေါ်စေပါတယ်။ အသားအရေထဲမှာ အဆီအနိမ့်ဆုံးဧရိယာက နဖူးဖြစ်တဲ့အတွက် နဖူးတစ်ဝှိုက် ကော်လဂျင်ပျက်စီးပြီး အသားအရေခြောက်သွေ့ခြင်းကိုဖြစ်ပေါ်စေပါတယ်။ ကော်လဂျင်နဲ့ အသေားအရေအတွက် ကာကွယ်ပေးဖို့စောလမုန်ငါး၊ ပင်လယ်ရေညှိ၊ ကြက်ဆင်နဲ့ နံနံပင် စတဲ့ အစားအစာများဟာ ကော်လဂျင်ကို ပြန်လည်ဖြည့်တင်းပေးတဲ့ သဘာဝအရင်းအမြစ်များဖြစ်ပါတယ်။
၃။ ဝက်ခြံနဲ့ အနီစက်တွေအတွက်
နွားနို့မှာပါဝင်တဲ့ဒြပ်စင်များဟာ နွားသားပေါက်ကလေးကို ကြီးထွားနိုင်တဲ့ ဟော်မုန်းဓာတ်များစွာပါဝင်ပါတယ်။ ဒါပမေဲ့ ကျွန်တော်တို့ သောက်သုံးခြင်းအားဖြင့် အရေပြားပေါ်မှာ အနီစက် အဖုသေးသေးလေးတွေဖြစ်ပေါ်ပြီး ရောင်ရမ်းခြင်းကိုဖြစ်ပေါ်စေပါတယ်။ သုတေသနပညာရှင်တွေရဲ့အဆိုအရ နွားနို့ကို ရည်ရှည်သောက်သုံးခြင်းက တရိစ္ဆာန်နဲ့ လူတို့ရဲ့ ဟော်မုန်းဓာတ်ခြင်း မတူညီတာကြောင့် အရေပြားပြဿနာတွေဖြစ်ပေါ်လာနိုင်ပါတယ်။ ထိုပြဿနာတွေကိုဖြေရှင်းဖို့အတွက် နို့သောက်သုံးခြင်းပမာဏကို လျော့ချသင့်ပြီး အိုင်အိုဒင်းဓာတ်ကြွယ်ဝတဲ့ ပင်လယ်စာနဲ့ ငါးဆီစတဲ့ အစားအစာမျိုးကို အစားထိုးစားသုံးသင့်ပါတယ်။ ဒါကသင့်အရေပြားရောင်ရမ်းခြင်းကို ကာကွယ်နိုင်ပါတယ်။
၄။ နှုတ်ခမ်းနဲ့ မျက်ခမ်းနေရာတစ်ဝှိုက် သွေးမျှင်ကြောများပေါ်ခြင်း
စပ်တဲ့အစားအစာတွေကို စားသုံးခြင်းဟာ ခန္ဓာကိုယ်အတွင်း လုပ်ငန်းစဉ်အားလုံးကို အမြန်နှုန်းကိုတိုးမြှင့်ပေးနိုင်ပါတယ်။ ဇီဝဖြစ်စဉ်မာျးတိုးတက်ကောင်းမွန်လာခြင်းပြီး ခန္ဓာကိုယ်အပူချိန်ကိုတိုးမြှင့်ခြင်းနဲ့သွေးစီးဆင်မှုကို ပိုမိုမြန်ဆန်စေပါတယ်။ ဒါ့ကြောင့် အဆိုပါသွေးမျှင်ကြောကလေးများဟာအရေပြားပေါ်မှာ ပိုပြီး ထင်ပေါ်လာတာဖြစ်ပါတယ်။ ဒါကိုကာကွယ်တားဆီးဖို့အတွက် အိပ်ချိန်ကိုပုံမှန်ထားရှိသင့်ပြီး စိတ်ဖိစီးမှုကိုလျော့ချပေးခြင်းနဲ့ အစပ်ပါဝင်တဲ့အစားအစာတွေအစားအခြားကျန်းမာရေးနဲ့သင့်တော်မဲ့အစားအစာမျိုးကိုရွေးချယ်စားသုံးသင့်ပါတယ်။
၅။ အရေပြားတင်းရင်းမှုမရှိခြင်းနဲ့ မွဲခြောက်ခြောက်အသားအရေဖြစ်ပေါ်ရခြင်းအကြောင်း
တိရစ္ဆာန်တွေရဲ့ အသားမှာ ကြီးမားတဲ့ ပရိုတိန်းဓာတ်တွေပါဝင်ပါတယ်။ ဒါဟာ ခန္ဓာကိုယ်အတွင်းသွေးနဲ့ pH အဆင့်ကိုပြောင်းလဲပေးပါတယ်။ အဆိုပါ ပရိုတိန်းဓာတ်ကြွယ်ဝတဲ့အသားတွေကို အချဉ်ဖောက်ပြီး စားသုံးတဲ့အခါ ဇီဝဖြစ်စဉ်နဲ့ ဟော်မုန်းထုတ်လုပ်မှုအားလုံး နှေးကွေးမှုကိုဖြစ်ပေါ်စေပါတယ်။ ဒီဖြစ်စဉ်တွေက အရေပြားပေါ်အကျိုးသက်ရောက်မှုဖြစ်စေပါတယ်။ ဒီပြဿနာကိုကာကွယ်ပြီး ခန္ဓာကိုယ်ရဲ့ အယ်လကာလီအဆင့်ကို တိုးမြှင့်ဖို့အတွက် သခွားသီး၊ ထောပတ်သီး၊ ပန်းဂေါ်ဖီစိမ်း၊ ဆလက်၊ မုန်ညှင်းစတဲ့ အစားအစာတွေကို အစားထိုးစားသုံးသင့်ပါတယ်။
LEAVE A REPLY
Please enter your comment!
Please enter your name here