ပ်ိဳေမတို႔ မသိေသးတဲ့ အခ်ိဳ႕ သာမန္အျပဳအမူေတြက သင့္တို႔ရဲ႕ အလွအပနဲ႔ က်န္းမာေရးအတြက္ မ်ားစြာထိခိုက္မႈရွိပါတယ္။ မွားယြင္းတဲ့ အေနအထိုင္၊ အစားအေသာက္ နဲ႔ အျပဳအမူအခ်ိဳ႕ဟာသင့္ကို အရြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္ျခင္းနဲ႔ အသားအေရပ်က္္စီးျခင္း နဲ႔ ခႏၶာကိုယ္အခ်ိဳးအစားေျပာင္းလဲျခင္းကိုျဖစ္ေပၚေစပါတယ္။ ဒါ့ေၾကာင့္ Lifestyle_Myanmar ပရိတ္သက္ႀကီးအတြက္ အၿမဲတမ္းႏုပ်ိဳလွပေနေအာင္ ေဆာင္ရန္ေရွာင္ရန္နည္းလမ္းအခ်ိဳ႕ကို အႀကံေပးမွ်ေဝေပးလိုက္ပါတယ္။
၁။ ေလထု၌အေအးဓာတ္ပါတဲ့အခါ အသားအေရကို ပ်က္စီးျခင္း
အသားအေရပ်က္စီးျခင္းဟာ ေလထုနဲ႔ အမ်ားႀကီးသက္ဆိုင္ပါတယ္။ ေလထုဟာ အပူအေအး မွ်တမႈမရွိပါဘူး။ တခါတေလမွာ ေလပူေတြႀကီးပဲ ထိေတြ႕ေနရၿပီး တခါတေလမွာေတာ့ ေလထုထဲမွာ အေအးဓာတ္ေတြမ်ားစြာပါဝင္ေနပါတယ္။ အျပင္ကလာတဲ့ ေလထုဟာ ေအးတဲ့အခါမ်ိဳးမွာ ပိုးမႊားမ်ားပါလာတာေၾကာင့္ အသားအေရးကို ယားယံျခင္းကို ျဖစ္ေပၚေစၿပီး ေလထုရဲ႕အေအးဒဏ္ေၾကာင့္ အေရျပားမ်ား ပ်က္စီးၿပီး အက္ကြဲျခင္း၊ အေရခံြကြာျခင္းမ်ားျဖစ္ေပၚတတ္ပါတယ္။ မ်ားေသာအားျဖင့္ မ်က္ႏွာျပင္တစ္ဝႈိက္မွာ ပိုအျဖစ္မ်ားၿပီး ေဆာင္တြင္းကာလဆိုပိုၿပီး သိသာမႈရွိပါတယ္။ ဒါ့ေၾကာင့္ ထိုကဲ့သို႔ အေအးဓာတ္ပါတဲ့ ေလထုကို ရရွိတဲ့အခါမ်ိဳးမွာ သင့္အိမ္၌ Air Humidifiers ကို အသုံးျပဳသင့္ၿပီး အသားအေရစိုေျပမႈရွိေစရန္ ခရင္မ္တစ္ခုခုအၿမဲလိမ္းေပးဖို႔ လိုအပ္ပါတယ္။
၂။ ဆပ္ျပာအသုံးျပဳတဲ့အခါ
ယခု ၂၁ရာစုမွာ အလွအပဆိုင္ရာ ပစၥည္းအမ်ိဳးမ်ိဳး အေျမာက္အမ်ားေပၚထြက္လာတဲ့အျပင္ ေရခ်ိဳးသုံးဆပ္ျပာေတြကလဲ ပုံစံမ်ိဳးစုံ တံဆပ္မ်ိဳးစုံနဲ႔အရမ္းကို ေပါမ်ားေနပါတယ္။ သင့္ရဲ႕ ခႏၶာကိုယ္ကို အသားအေရကို လွပေစခ်င္တဲ့အတြက္ေၾကာင့္ ကိုယ္တိုက္ျခင္း မ်က္ႏွာသစ္ျခင္း စတဲ့အျပဳအမူေတြ မ်ိဳးစုံျပဳလုပ္လာၾကပါတယ္။ အဆိုပါ ခႏၶာကိုယ္သန္႔ရွင္းေရးအတြက္ ထုတ္လုပ္ထားတဲ့ ထုတ္ကုန္ေတြဟာ သဘာဝအေလ်ာက္ အကာအကြယ္ေပးတဲ့အေရျပားရဲ႕ အလႊာကို ထိခိုက္ေစပါတယ္။ ထုိအေရျပားလႊာဟာ ဘက္တီးရီးယားပိုးမႊားမ်ားကို ကာကြယ္ေပးတာေၾကာင့္ထိုအေရျပား ပ်က္စီးသြားတဲ့အခါမွာ ပိုးမႊားမ်ား အလြယ္တကူ တြယ္ကပ္တတ္ၿပီး အခ်ိန္မတိုင္မွီ အသားအေရ အိုမင္းျခင္းကို ျဖစ္ေပၚေစပါတယ္။ ဒါ့ေၾကာင့္ သင့္အေနနဲ႔ အသုံးျပဳေတာ့မယ္ဆိုလွ်င္ ေရခ်ိဳးသုံးဆပ္ျပာ၊ ေရခ်ိဳးသုံး ဆပ္ျပာရည္တို႔ရဲ႕ ပစၥည္းအညႊန္းတံဆိပ္မ်ားကို ေသခ်ာဖတ္ပါ။ အဆိုပါ အညႊန္းတြင္ သင့္အသားအေရအတြက္ ဘယ္ေနရာကို သုံးသင့္မသုံးသင့္ နဲ႔ အသုံးျပဳပုံတို႔ကို အႀကံျပဳေပးထားပါတယ္။
၃။ က်န္းမာေရးနဲ႔ ညီညႊတ္မႈရွိတဲ့ ေခါင္းအုံး
သာမန္လူတန္းစားေတြကေတာ့ အိပ္တဲ့အခါ ေခါင္းအုံးကို ျဖစ္သလိုေခါင္းအုံးနဲ႔ပဲအိပ္ၾကတာမ်ားပါတယ္။ ဒါက က်န္းမာအေရးအတြက္ ဆုိးရြားတဲ့အျပင္ ေဘးေစာင္းအိပ္တဲ့အခါ အစာအိမ္ကို အေပၚဘက္မွာထားအိပ္သူေတြ ပိုအျဖစ္မ်ားပါတယ္။ ေခါင္းဦးဆိုတာ ဘက္တီးရီးယားမ်ားခိုေအာင္းေစႏိုင္တဲ့ ေနရာတစ္ခုျဖစ္ၿပီး မ်က္ႏွာနဲ႔ ထိေတြ႕မႈရွိတာေၾကာင့္ မ်က္ႏွာျပင္တစ္ဝိႈက္ရွိ အသားအေရကိုပ်က္စီးျခင္းနဲ႔ အေရျပားတြဲျခင္း၊ အေရးေၾကာင္မ်ားျဖစ္ေပၚျခင္းကို ျဖစ္ေစပါတယ္။ ဒါ့ေၾကာင့္ အိပ္စက္တဲ့အခါ သင့္ေခါင္းဦးကို ဝါဂြမ္းကို အစားထိုးသင့္ၿပီး အေပၚအစြပ္ကိုေတာ့ ႏူးညံ့မႈရွိတဲ့ပိုးထည္ခ်ည္ေခ်ာကို အသုံးတာက ပိုအဆင္ေျပပါတယ္။ ေခါင္းအုံးမ်ားကို စုိထိုင္းမႈမရွိေစရန္ ဂ႐ုစိုက္သင့္ၿပီး တစ္ပတ္တစ္ႀကိမ္ ေခါင္းအုံးအစြပ္မ်ားကိုသန္႔စင္ေပးဖို႔ လိုအပ္ပါတယ္။ ထုိကဲ့ျပဳလုပ္ျခင္းက ဘက္တီးရီးယားဒဏ္မွ ကာကြယ္မႈရွိၿပီး အေရးေၾကာင္းမ်ားျဖစ္ျခင္း အသားအေရတြဲျခင္းကို ထိေရာက္စြာကာကြယ္ေပးပါတယ္။
၄။ စမတ္ဖုန္းနဲ႔ ကြန္ပ်ဴတာ ေၾကာင့္ အသားအေရပ်က္စီးျခင္း
ကၽြန္ေတာ့တို႔ဟာ ေနတိုင္းလိုလို စမတ္ဖုန္း၊ ကြန္ပ်ဴတာတို႔နဲ႔ မ်က္ႏွာက အၿမဲထိေတြ႕မႈရွိေနတာေၾကာင့္ အသားအေရကို ပ်က္စီးမွန္းမသိပ်က္စီးေစပါတယ္။ စမတ္ဖုန္းသုံးတဲ့အခါ ကြန္ပ်ဴတာအသုံးျပဳတဲ့အခါ အဆိုပါ ဖန္သားျပင္မွာ ထြက္ေသာ (High Energy Visiblelight) အလင္းေရာင္က ခရမ္းလြန္ေရာင္ျခည္ကဲ့သို႔ အႏ ၱရာယ္ျဖစ္ေစတယ္လို႔ သုေတသနပညာရွင္မ်ားက ဆိုပါတယ္။ ဒါ့ေၾကာင့္အတက္ႏိုင္ဆုံး ဖုန္း၊ ကြန္ပ်ဴတာကို ေလ်ာ့သုံးသင့္ၿပီး ညဘက္အလြန္အကၽြံဖုန္းသုံးျခင္းကို ေရွာင္ၾကဥ္ပါ။ အျဖစ္မေနအလုပ္ကိစၥေၾကာင့္ အသုံးျပဳရမည္ဆိုလွ်င္ အေရျပားအတြက္ ကာကြယ္ေပးႏိုင္တဲ့HEV ကဲ့သို႔ ခရင္မ္ေတြကို အသုံးျပဳသင့္ပါတယ္။
၅။ ညစ္ညမ္းေသာေလထု
အရြယ္မတိုင္ခင္ အိုးမင္ျခင္းျဖစ္ေပၚမႈမွာ ေလထုညစ္ညမ္းမႈေၾကာင့္ မ်ားစြာျဖစ္တယ္လို႔ သိပၸံပညာရွင္မ်ားက ဆိုပါတယ္။ သင္ေနထိုင္တဲ့ ပတ္ဝန္းက်င္မွာ စက္႐ုံအလုပ္႐ုံမ်ား၊ ကားလမ္းေဘး၊ ေဆးလိမ့္ေငြ႕ စတဲ့ အရာေတြေပၚမ်ားတဲ့ ေနရာဆိုလွ်င္ေတာ့ ေလေကာင္းေလသန္႔ရရွိမွာမဟုတ္ပါဘူး။ ဒါ့ေၾကာင့္ညဘက္အိမ္တဲ့အခါမ်ိဳးမွာ ျပတင္းေပါက္ဖြင့္အိပ္တဲ့အက်င့္ကိုေရွာင္ရွားသင့္ၿပီး အခန္းကိုအျပင္မွ ေလထုမ်ား မဝင္ေစရဲ႕ ဂ႐ုစိုက္သင့္ၿပီး ေလထုသန္႔ရွင္းေရးကိရိယာကို တပ္ဆင္ဖို႔ လိုအပ္ပါတယ္။
၆။ဘရာစီယာကို တင္းၾကပ္စြာဝတ္ဆင္ျခင္း
အမ်ိဳးသမီးမ်ားအေနနဲ႔ အိပ္တဲ့အခါမွာ ဘရာစီယာကို ခၽြတ္ၿပီး အိပ္ျခင္း ဒါမွမဟုတ္ သက္ေသာက္သက္သာရွိမဲ့ အတြင္းခံ အက်ီ ၤမ်ိဳးကိုေရြးခ်ယ္ဝတ္ဆင္ၿပီး အိပ္စက္သင့္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဘရာစီယာကို တင္းၾကပ္စြာဝတ္ဆင္ျခင္း၊ ႀကိဳးတစ္ေခ်ာင္း ဘရာစီယာမ်ားျဖင့္ အိပ္စက္ျခင္းဟာရင္သားကို တင္းၾကပ္ေစၿပီး ေသြးလည္ပတ္မႈစနစ္ကိုမ်ား မေကာင္းမြန္ျခင္း၊ အေရျပား ယားယံျခင္း၊ နာက်င္ျခင္း၊ ဘရာစီယာႀကိဳးျဖင့္ဖိထားတဲ့ အသားအေရေနရာတစ္ဝိုက္ ေရာင္ယမ္းျခင္း၊ တြဲျခင္း၊ အညိဳအမဲကြက္ခင္းမ်ားျဖစ္ေပၚတက္ၿပီး ရင္သားႀကီးထြားမႈႏႈန္းကိုလဲ ဆုတ္ယုတ္ေစပါတယ္။ ဒါေၾကာင့္ အမ်ိဳးသမီးမ်ားညဘက္အိပ္စက္တဲ့အခါမွာ သက္ေသာက္သက္သာရွိေစမဲ့ အတြင္းခံအက်ီ ၤကို ဝတ္ဆင္ၿပီး အိပ္သင့္ပါတယ္။
၇။ အသင့္စီမံထားေသာ အသားထုတ္ကုန္
အသင့္စီမံထားေသာ အသားထုတ္ကုန္ အသားထုတ္ကုန္ဆိုတာ ဥပမာ ဝက္အူေခ်ာင္း၊ ၾကက္အူေခ်ာင္၊ အသားျပား စတဲ့ အသားထုတ္ကုန္ေတြကို ဆိုလိုတာျဖစ္ပါတယ္။ အဆိုပါထုတ္ကုန္မ်ားမွာ အေရျပားနဲ႔ ခႏၶာကိုယ္ရဲ႕ အိုမင္းျခင္းကို ျဖစ္ေပၚေစတဲ့ ဓာတုပစၥည္းမ်ားပါဝင္တာေၾကာင့္ အဆိုပါ ထုတ္ကုန္မ်ားကိုစားေသာက္မႈကို ေလ်ာ့ခ်ေပးဖိုလိုအပ္ပါတယ္။
၈။ အသုံးျပဳၿပီးလွ်င္ အိမ္သာအဖုံးကို လုံေအာင္ဖုံးျခင္း
က်န္မာေရးအရ အိမ္သာကို အသုံးျပဳၿပီးတဲ့အခါမ်ိဳးမွာ အဖုံးကိုလုံေအာင္ဖုံးအုပ္ဖို႔ လိုအပ္ပါတယ္။ ဘိုထိုင္အိမ္သာပဲျဖစ္ျဖစ္ သာမန္အိမ္သာျဖစ္ျဖစ္ ေရကို က်ေအာင္ဆြဲခ်သင့္ၿပီး အဖုံးကိုလည္းလုံေအာင္ဖုံးအုပ္သင့္ပါတယ္။ အဆိုပါ အျပဳမူမ်ား မျပဳလုပ္ျခင္းဟာ သင့္ရဲ႕ က်န္းမာေရးကိုထိခိုက္ေစတဲ့အျပင္အဖုံးမဖုံးထားတဲ့ အတြက္ေၾကာင့္ သင့္အိမ္ရဲ႕ ေလထုထဲမွာ ဘက္တီးရီးယားပိုးမြားမ်ား ပ်ံ႕ႏွံ႕ေစၿပီး အဆိုပါ ေလထုကို ႐ွဴ႐ႈိက္မိတဲ့အခါမ်ိဳးမွာ အိုမင္းျခင္းကိုျဖစ္ေပၚေစၿပီး က်န္းမာေရးအတြက္ မ်ားစြာထိခိုက္မႈကိုျဖစ္ေပၚေစပါတယ္။
#Lifestyle_Myanmar
#Thar_Nage
Unicode
အလှအပနဲ့ အသားအရေကို ထိခိုက်နစ်နာစေမဲ့ သာမန်ပြုလုပ်လေ့ပြုလုပ်ထရှိတဲ့ အမူအကျင့်
ပျိုမေတို့ မသိသေးတဲ့ အချို့ သာမန်အပြုအမူတွေက သင့်တို့ရဲ့ အလှအပနဲ့ ကျန်းမာရေးအတွက် များစွာထိခိုက်မှုရှိပါတယ်။ မှားယွင်းတဲ့ အနေအထိုင်၊ အစားအသောက် နဲ့ အပြုအမူအချို့ဟာသင့်ကို အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းနဲ့ အသားအရေပျက််စီးခြင်း နဲ့ ခန္ဓာကိုယ်အချိုးအစားပြောင်းလဲခြင်းကိုဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် Lifestyle_Myanmar ပရိတ်သက်ကြီးအတွက် အမြဲတမ်းနုပျိုလှပနေအောင် ဆောင်ရန်ရှောင်ရန်နည်းလမ်းအချို့ကို အကြံပေးမျှဝေပေးလိုက်ပါတယ်။
၁။ လေထု၌အအေးဓာတ်ပါတဲ့အခါ အသားအရေကို ပျက်စီးခြင်း
အသားအရေပျက်စီးခြင်းဟာ လေထုနဲ့ အများကြီးသက်ဆိုင်ပါတယ်။ လေထုဟာ အပူအအေး မျှတမှုမရှိပါဘူး။ တခါတလေမှာ လေပူတွေကြီးပဲ ထိတွေ့နေရပြီး တခါတလေမှာတော့ လေထုထဲမှာ အအေးဓာတ်တွေများစွာပါဝင်နေပါတယ်။ အပြင်ကလာတဲ့ လေထုဟာ အေးတဲ့အခါမျိုးမှာ ပိုးမွှားများပါလာတာကြောင့် အသားအရေးကို ယားယံခြင်းကို ဖြစ်ပေါ်စေပြီး လေထုရဲ့အအေးဒဏ်ကြောင့် အရေပြားများ ပျက်စီးပြီး အက်ကွဲခြင်း၊ အရေခွံကွာခြင်းများဖြစ်ပေါ်တတ်ပါတယ်။ များသောအားဖြင့် မျက်နှာပြင်တစ်ဝှိုက်မှာ ပိုအဖြစ်များပြီး ဆောင်တွင်းကာလဆိုပိုပြီး သိသာမှုရှိပါတယ်။ ဒါ့ကြောင့် ထိုကဲ့သို့ အအေးဓာတ်ပါတဲ့ လေထုကို ရရှိတဲ့အခါမျိုးမှာ သင့်အိမ်၌ Air Humidifiers ကို အသုံးပြုသင့်ပြီး အသားအရေစိုပြေမှုရှိစေရန် ခရင်မ်တစ်ခုခုအမြဲလိမ်းပေးဖို့ လိုအပ်ပါတယ်။
၂။ ဆပ်ပြာအသုံးပြုတဲ့အခါ
ယခု ၂၁ရာစုမှာ အလှအပဆိုင်ရာ ပစ္စည်းအမျိုးမျိုး အမြောက်အများပေါ်ထွက်လာတဲ့အပြင် ရေချိုးသုံးဆပ်ပြာတွေကလဲ ပုံစံမျိုးစုံ တံဆပ်မျိုးစုံနဲ့အရမ်းကို ပေါများနေပါတယ်။ သင့်ရဲ့ ခန္ဓာကိုယ်ကို အသားအရေကို လှပစေချင်တဲ့အတွက်ကြောင့် ကိုယ်တိုက်ခြင်း မျက်နှာသစ်ခြင်း စတဲ့အပြုအမူတွေ မျိုးစုံပြုလုပ်လာကြပါတယ်။ အဆိုပါ ခန္ဓာကိုယ်သန့်ရှင်းရေးအတွက် ထုတ်လုပ်ထားတဲ့ ထုတ်ကုန်တွေဟာ သဘာဝအလျောက် အကာအကွယ်ပေးတဲ့အရေပြားရဲ့ အလွှာကို ထိခိုက်စေပါတယ်။ ထိုအရေပြားလွှာဟာ ဘက်တီးရီးယားပိုးမွှားများကို ကာကွယ်ပေးတာကြောင့်ထိုအရေပြား ပျက်စီးသွားတဲ့အခါမှာ ပိုးမွှားများ အလွယ်တကူ တွယ်ကပ်တတ်ပြီး အချိန်မတိုင်မှီ အသားအရေ အိုမင်းခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ အသုံးပြုတော့မယ်ဆိုလျှင် ရေချိုးသုံးဆပ်ပြာ၊ ရေချိုးသုံး ဆပ်ပြာရည်တို့ရဲ့ ပစ္စည်းအညွှန်းတံဆိပ်များကို သေချာဖတ်ပါ။ အဆိုပါ အညွှန်းတွင် သင့်အသားအရေအတွက် ဘယ်နေရာကို သုံးသင့်မသုံးသင့် နဲ့ အသုံးပြုပုံတို့ကို အကြံပြုပေးထားပါတယ်။
၃။ ကျန်းမာရေးနဲ့ ညီညွှတ်မှုရှိတဲ့ ခေါင်းအုံး
သာမန်လူတန်းစားတွေကတော့ အိပ်တဲ့အခါ ခေါင်းအုံးကို ဖြစ်သလိုခေါင်းအုံးနဲ့ပဲအိပ်ကြတာများပါတယ်။ ဒါက ကျန်းမာအရေးအတွက် ဆိုးရွားတဲ့အပြင် ဘေးစောင်းအိပ်တဲ့အခါ အစာအိမ်ကို အပေါ်ဘက်မှာထားအိပ်သူတွေ ပိုအဖြစ်များပါတယ်။ ခေါင်းဦးဆိုတာ ဘက်တီးရီးယားများခိုအောင်းစေနိုင်တဲ့ နေရာတစ်ခုဖြစ်ပြီး မျက်နှာနဲ့ ထိတွေ့မှုရှိတာကြောင့် မျက်နှာပြင်တစ်ဝှိုက်ရှိ အသားအရေကိုပျက်စီးခြင်းနဲ့ အရေပြားတွဲခြင်း၊ အရေးကြောင်များဖြစ်ပေါ်ခြင်းကို ဖြစ်စေပါတယ်။ ဒါ့ကြောင့် အိပ်စက်တဲ့အခါ သင့်ခေါင်းဦးကို ဝါဂွမ်းကို အစားထိုးသင့်ပြီး အပေါ်အစွပ်ကိုတော့ နူးညံ့မှုရှိတဲ့ပိုးထည်ချည်ချောကို အသုံးတာက ပိုအဆင်ပြေပါတယ်။ ခေါင်းအုံးများကို စိုထိုင်းမှုမရှိစေရန် ဂရုစိုက်သင့်ပြီး တစ်ပတ်တစ်ကြိမ် ခေါင်းအုံးအစွပ်များကိုသန့်စင်ပေးဖို့ လိုအပ်ပါတယ်။ ထိုကဲ့ပြုလုပ်ခြင်းက ဘက်တီးရီးယားဒဏ်မှ ကာကွယ်မှုရှိပြီး အရေးကြောင်းများဖြစ်ခြင်း အသားအရေတွဲခြင်းကို ထိရောက်စွာကာကွယ်ပေးပါတယ်။
၄။ စမတ်ဖုန်းနဲ့ ကွန်ပျူတာ ကြောင့် အသားအရေပျက်စီးခြင်း
ကျွန်တော့တို့ဟာ နေတိုင်းလိုလို စမတ်ဖုန်း၊ ကွန်ပျူတာတို့နဲ့ မျက်နှာက အမြဲထိတွေ့မှုရှိနေတာကြောင့် အသားအရေကို ပျက်စီးမှန်းမသိပျက်စီးစေပါတယ်။ စမတ်ဖုန်းသုံးတဲ့အခါ ကွန်ပျူတာအသုံးပြုတဲ့အခါ အဆိုပါ ဖန်သားပြင်မှာ ထွက်သော (High Energy Visiblelight) အလင်းရောင်က ခရမ်းလွန်ရောင်ခြည်ကဲ့သို့ အန ္တရာယ်ဖြစ်စေတယ်လို့ သုတေသနပညာရှင်များက ဆိုပါတယ်။ ဒါ့ကြောင့်အတက်နိုင်ဆုံး ဖုန်း၊ ကွန်ပျူတာကို လျော့သုံးသင့်ပြီး ညဘက်အလွန်အကျွံဖုန်းသုံးခြင်းကို ရှောင်ကြဉ်ပါ။ အဖြစ်မနေအလုပ်ကိစ္စကြောင့် အသုံးပြုရမည်ဆိုလျှင် အရေပြားအတွက် ကာကွယ်ပေးနိုင်တဲ့HEV ကဲ့သို့ ခရင်မ်တွေကို အသုံးပြုသင့်ပါတယ်။
၅။ ညစ်ညမ်းသောလေထု
အရွယ်မတိုင်ခင် အိုးမင်ခြင်းဖြစ်ပေါ်မှုမှာ လေထုညစ်ညမ်းမှုကြောင့် များစွာဖြစ်တယ်လို့ သိပ္ပံပညာရှင်များက ဆိုပါတယ်။ သင်နေထိုင်တဲ့ ပတ်ဝန်းကျင်မှာ စက်ရုံအလုပ်ရုံများ၊ ကားလမ်းဘေး၊ ဆေးလိမ့်ငွေ့ စတဲ့ အရာတွေပေါ်များတဲ့ နေရာဆိုလျှင်တော့ လေကောင်းလေသန့်ရရှိမှာမဟုတ်ပါဘူး။ ဒါ့ကြောင့်ညဘက်အိမ်တဲ့အခါမျိုးမှာ ပြတင်းပေါက်ဖွင့်အိပ်တဲ့အကျင့်ကိုရှောင်ရှားသင့်ပြီး အခန်းကိုအပြင်မှ လေထုများ မဝင်စေရဲ့ ဂရုစိုက်သင့်ပြီး လေထုသန့်ရှင်းရေးကိရိယာကို တပ်ဆင်ဖို့ လိုအပ်ပါတယ်။
၆။ဘရာစီယာကို တင်းကြပ်စွာဝတ်ဆင်ခြင်း
အမျိုးသမီးများအနေနဲ့ အိပ်တဲ့အခါမှာ ဘရာစီယာကို ချွတ်ပြီး အိပ်ခြင်း ဒါမှမဟုတ် သက်သောက်သက်သာရှိမဲ့ အတွင်းခံ အကျီ င်္မျိုးကိုရွေးချယ်ဝတ်ဆင်ပြီး အိပ်စက်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘရာစီယာကို တင်းကြပ်စွာဝတ်ဆင်ခြင်း၊ ကြိုးတစ်ချောင်း ဘရာစီယာများဖြင့် အိပ်စက်ခြင်းဟာရင်သားကို တင်းကြပ်စေပြီး သွေးလည်ပတ်မှုစနစ်ကိုများ မကောင်းမွန်ခြင်း၊ အရေပြား ယားယံခြင်း၊ နာကျင်ခြင်း၊ ဘရာစီယာကြိုးဖြင့်ဖိထားတဲ့ အသားအရေနေရာတစ်ဝိုက် ရောင်ယမ်းခြင်း၊ တွဲခြင်း၊ အညိုအမဲကွက်ခင်းများဖြစ်ပေါ်တက်ပြီး ရင်သားကြီးထွားမှုနှုန်းကိုလဲ ဆုတ်ယုတ်စေပါတယ်။ ဒါကြောင့် အမျိုးသမီးများညဘက်အိပ်စက်တဲ့အခါမှာ သက်သောက်သက်သာရှိစေမဲ့ အတွင်းခံအကျီ င်္ကို ဝတ်ဆင်ပြီး အိပ်သင့်ပါတယ်။
၇။ အသင့်စီမံထားသော အသားထုတ်ကုန်
အသင့်စီမံထားသော အသားထုတ်ကုန် အသားထုတ်ကုန်ဆိုတာ ဥပမာ ဝက်အူချောင်း၊ ကြက်အူချောင်၊ အသားပြား စတဲ့ အသားထုတ်ကုန်တွေကို ဆိုလိုတာဖြစ်ပါတယ်။ အဆိုပါထုတ်ကုန်များမှာ အရေပြားနဲ့ ခန္ဓာကိုယ်ရဲ့ အိုမင်းခြင်းကို ဖြစ်ပေါ်စေတဲ့ ဓာတုပစ္စည်းများပါဝင်တာကြောင့် အဆိုပါ ထုတ်ကုန်များကိုစားသောက်မှုကို လျော့ချပေးဖိုလိုအပ်ပါတယ်။
၈။ အသုံးပြုပြီးလျှင် အိမ်သာအဖုံးကို လုံအောင်ဖုံးခြင်း
ကျန်မာရေးအရ အိမ်သာကို အသုံးပြုပြီးတဲ့အခါမျိုးမှာ အဖုံးကိုလုံအောင်ဖုံးအုပ်ဖို့ လိုအပ်ပါတယ်။ ဘိုထိုင်အိမ်သာပဲဖြစ်ဖြစ် သာမန်အိမ်သာဖြစ်ဖြစ် ရေကို ကျအောင်ဆွဲချသင့်ပြီး အဖုံးကိုလည်းလုံအောင်ဖုံးအုပ်သင့်ပါတယ်။ အဆိုပါ အပြုမူများ မပြုလုပ်ခြင်းဟာ သင့်ရဲ့ ကျန်းမာရေးကိုထိခိုက်စေတဲ့အပြင်အဖုံးမဖုံးထားတဲ့ အတွက်ကြောင့် သင့်အိမ်ရဲ့ လေထုထဲမှာ ဘက်တီးရီးယားပိုးမွားများ ပျံ့နှံ့စေပြီး အဆိုပါ လေထုကို ရှူရှိုက်မိတဲ့အခါမျိုးမှာ အိုမင်းခြင်းကိုဖြစ်ပေါ်စေပြီး ကျန်းမာရေးအတွက် များစွာထိခိုက်မှုကိုဖြစ်ပေါ်စေပါတယ်။