အလှအပနဲ့ပတ်သတ်ပြီး သင်သိထားသင့်တဲ့ အချက်လေးတွေ

0
101
အလှအပနဲ့ပတ်သတ်ပြီး-

၁။ သင့်ရဲ့မျက်လုံးကို ပွတ်ခြင်းက အရေးအကြောင်းကို ဖြစ်စေပါတယ်

-Advertisement-


ဒါက အရေးအကြောင်းကို တိုက်ရိုက်ဖြစ်စေတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ရွေ့လျားပြီးဆွဲတာကြောင့် သင့်ရဲ့မျက်လုံးတ၀ိုက် နူးညံ့အရေပြားက ပွတ်တိုက်ဖန်များတဲ့အခါ collagen and elastin ပျက်စီးသွားပြီး အရေးအကြောင်းတွေကို ဖြစ်ပေါ်စေပါတယ်။ အချိန်ကြာလာတာနဲ့အမျှ အရွယ်မတိုင်ခင် အိုမင်းခြင်း၏ အသွင်အပြင်ဖြစ်တဲ့ အရေးအကြောင်းများဖြစ်ပေါ်စေပါတယ်။
၂။ ပိုနီတေးနဲ့ တင်းတင်းစည်းခြင်းက သင့်ဆံပင်ပါးခြင်းကိုဖြစ်စေ


အဆိုပါဆံပင်ပုံစံတွေက ဦးရေပြားမှ ဆံပင်အမြစ်တွေကို ဆွဲထားသလိုဖြစ်စေပြီး ဆံပင်ကျွတ်စေပါတယ်။ ဆံပင်များက ပြန်မကြီးထွားနိုင်တော့ဘဲ အရှည်နှေးစေပါတယ်။
၃။ အချို့သော အစားအစာများက ၀က်ခြံကိုဖြစ်ပေါ်စေ သို့မဟုတ်ပိုဆိုးလာစေ


ခန္ဓာကိုယ်အတွက်မကောင်းတဲ့ အဆီများတဲ့ အစားအစာများနှင့် ချောကလက်စတဲ့ အစားအစာများက ၀က်ခြံများကိုဖြစ်စေပါတယ်။ လူတိုင်းမှာ မတူတဲ့အစားအစာများမှ မတူတဲ့တုံပြန်မှုတစ်ခု ရှိပါတယ်။ ဒါ့ကြောင့် ကျွန်မတို့က ဘယ်အစားအစာများက ၀က်ခြံဖြစ်စေတာကို အတိအကျမပြောနိုင်ပါဘူး။ ယားယံခြင်း ဒါမှမဟုတ် ၀က်ခြံထွက်လာတဲ့အခါ သင်စားသုံးတဲ့အစားအစာများကို မှတ်ထားပြီး ရှောင်ကျဉ်နိုင်ပါတယ်။
၎။ သင့်ဆံပင်ကို ဘီယာနဲ့ ဆေးပါက သန်စွမ်းပြီးထူထဲစေ


ဘီယာချက်ဖို့ အသုံးပြုတဲ့ မုယောစပါးနဲ့ hops က သင့်ဆံပင်ကို သန်စွမ်းထူထပ်ပြီး တောက်ပစေဖို့ ကူညီပေးတဲ့ ဗီတာမင်နဲ့ ပရိုတင်းဓါတ်များ အပြည့်အ၀ပါရှိပါတယ်။ အရက်ကလည်း တချိန်တည်းမှာပဲ သန့်စင်ပေးပါတယ်။ ဘီယာက ဆံသားကို ကျယ်လာပြီးဖောင်းစေရန်ကူညီစေတာကြောင့် ဈေးအသက်သာဆုံးနှင့် အကောင်းဆုံးထုတ်ကုန်တစ်ခုဖြစ်ပါတယ်။
၅။ သင့်ရေမွှေးကို ထားဖို့ အကောင်းဆုံးနေရာက ရေခဲသေတ္တာထဲမှာဖြစ်


သူတို့ကို မှန်မှန်ကန်ကန်သိမ်းပါက ရေမွှေးက နှစ်ပေါင်းများစွာကြာရှည်နိုင်ပါတယ်။ ဒါပေမယ့်အပူချိန်လွန်ကဲခြင်းဖြင့် ဓါတုပစ္စည်းတွေနဲ့ အဆီများက အလွယ်တကူ ထိခိုက်စေပြီး ပျက်စီးလွယ်နိုင်ပါတယ်။ ပူပြင်းတဲ့ရာသီဥတုမှာ နေထိုင်ပါက သင့်ရဲ့ရေမွှေးများကို ရေခဲသေတ္တာထဲမှာ သိမ်းဆည်းခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။
၆။ ပျော့ဆေးက သင့်ဆံပင်ကို ရှင်းလင်းစေ


သူတို့မှာ တည်ဆောက်နိုင်တဲ့ ဒြပ်ပေါင်းများ ပါရှိပါတယ်။ ဆံပင်ပျက်စီးပြီး အလွန်ခြောက်သွေ့ပါက ပျော့ဆေးနဲ့ လျှော်ပြီး ရေအေးနှင့်ဆေးပေးပါက သင့်ဆံပင်ကို ဖြီးရလွယ်ကူစေပါတယ်။ အဆီပြန်တဲ့ ဦးရေပြားရှိရင်တော့ သင့်အတွက်ဖြစ်နိုင်မှာ မဟုတ်ပါဘူး။
#LM_Nandar

#Lifestyle_Myanmar
Souce-justnaturallife

LEAVE A REPLY

Please enter your comment!
Please enter your name here