လူတစ်ယောက်ရဲ့အသားအရေက သူ့ရဲ့ကျန်းမာရေးကို ဖော်ပြနေတယ်လို့ ပြောရင်မမှားပါဘူး။ နေမကောင်းတဲ့သူများ ကြည့်လိုက်ရင် အသားအရေမွဲခြောက်ခြောက်ကြီး ဖြစ်နေတာတွေကို တွေ့နိုင်ပါတယ်။ အခုလိုခေတ်ကြီးမှာ မိမိတို့ရဲ့ အသားအရေ ထိန်းသိမ်းဖို့ဆိုတာ အလွန်ခက်ခဲလှပါတယ်။ Beauty Spa တွေ နေ့တိုင်းသွားပြီး Skin Care တွေလုပ်ဖို့ကလည်း မဖြစ်နိုင်ပါဘူး။
(၁) သကြားမုန်လာ ဖျော်ရည်
သကြားမုန်လာမှာ ကျန်းမာရေးအတွက် အကျိုးပြုတဲ့ဒြပ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ သကြားမုန်လာမှာပါတဲ့ Nitrates က ဦးနှောက်အရှေ့ပိုင်းကို သွေးပို့လွတ်ခြင်းကို အထောက်အကူပြုတဲ့အတွက်ကြောင့် စိတ်ဖောက်ပြန်ခြင်းနဲ့ အသက်အရွယ်ကြီးရင့်လာခြင်းကြောင့် အမြင်အာရုံ ကျဆင်းလာခြင်းတို့မှ ကာကွယ်ပေးပါတယ်။

(၂) ရှောက်ခါးသီး ဖျော်ရည်
ကျွန်မတို့ရဲ့ ခန္ဓာကိုယ်အသားအရေက ဗီတာမင်စီကို မရှိမဖြစ်လိုအပ်ပါတယ်။ ဗီတာမင်စီရဖို့ကတော့ ရှောက်ခါးသီးကို သတိရလိုက်ပါ။ ရှောက်ခါးသီးမှာ ဗီတာမင်စီ ကြွယ်ဝတဲ့အတွက်ကြောင့် အသားအရေတွန့်သွားတာကို လျှော့ချပေးပြီး ငယ်ရွယ်နုပျိုစေပါတယ်။ ပြီးတော့ အသားအရေ ပျက်စီးသွားတာကိုလည်း ပြန်လည်ပြုပြင်ပေးပါတယ်။ ဒါ့အပြင် Anti-oxidant ပါဝင်ပါသေးတယ်။

(၃) အုန်းရေ
အုန်းရေမှာ ကျန်းမာရေးအတွက်လိုအပ်တဲ့ သတ္တုဓာတ်နဲ့ Electrolytes များစွာပါဝင်ပါတယ်။ ဒါတွေက ခန္ဓာကိုယ်တွင်း ဇီဝဖြစ်ပျက်မှု နဲ့ စားလိုက်တဲ့အစားအစာတွေကနေ ရရှိတဲ့ အာဟာရဓာတ်တွေကို ဖြန့်ဝေပေးတဲ့နေရာမှာ အထောက်အကူပြုပါတယ်။ ပြီးတော့ အုန်းရေမှာ ဆဲလ်တွေကြီးထွားမှုကို အကျိုးပြုတဲ့ Cytokinin ဆိုတဲ့ အပင်ဟော်မုန်းတမျိုးပါဝင်ပါသေးတယ်။ အုန်းသီးတစ်လုံးကို တထောင်ပက်ဝန်းကျင် ဈေးပဲရှိတာကြောင့် နေ့စဉ်မဟုတ်ရင်တောင် တစ်ပတ်ကို ၃ လုံးလောက် သောက်ပေးသင့်ပါတယ်။

(၄) ရှားစောင်းလက်ပက် ဖျော်ရည်
ရှားစောင်းလက်ပက်ကို လူတွေတော်တော်များများက အသားအရေအတွက် သုံးကြပါတယ်။ ရှားစောင်းလက်ပက် ဖျော်ရည်မှာလည်း အရေပြားပြန်လည် ဖွံ့ဖြိုးစေတဲ့ Antioxidants ပါဝင်တဲ့အတွက် အသားအရေအတွက် သောက်သင့်တဲ့ ဖျော်ရည်ထဲမှာပါပါတယ်။

(၅) နို့
လေ့လာသူတွေကတော့ အသက် ၃၀ ကျော်လာပြီဆိုတာနဲ့ ကြွက်သားတွေရဲ့ ၁% ကို နှစ်စဉ် ဆုံးရှုံးရတယ်လို့ ပြောဆိုထားပါတယ်။ ပြီးတော့ ကြွက်သားကြံ့ခိုင်မှုကလည်း ၁၀နှစ်အတွင်းမှာတင် ၁၂-၁၅ ရာခိုင်နှုန်းထိ ကျဆင်းသွားပါတယ်။ Leucine လို့ခေါ်တဲ့ Amino Acid တစ်မျိုးက ကြွက်သားတွေ ကြီးထွားခြင်းကို အားပေးတဲ့အပြင်၊ သွေးတွင်းသကြားပါဝင်မှုကို ထိန်းညှိပေးပါတယ်။ နို့ရည်မှာ Leucine အရင်းအမြစ် ကြွယ်ဝစွာပါဝင်တာကြောင့် ကြွက်သားဆုံးရှုံးမှုကို လျှော့ချဖို့အတွက် နို့ရည်ကို နေ့စဉ်ပုံမှန် သောက်သင့်ပါတယ်။

Lifestyle_Myanmar
ref-bebeautiful