• Latest
  • Trending
  • All
  • News
  • Lifestyle
ဓါတ်ပုံလှလှလေးရအောင်

အလှဓါတ်ပုံရိုက်တဲ့အခါ ဓါတ်ပုံလှလှလေးရအောင် ဘယ်လိုပိုစ့်ပေးမလဲ?

August 30, 2018
ကြိုးစားနေတာတွေက လမ်းမမှန်ဘူးဆို အောင်မြင်မှုနဲ့ အလှမ်းကွာဝေးနေဦးမှာပါ

ကြိုးစားနေတာတွေက လမ်းမမှန်ဘူးဆို အောင်မြင်မှုနဲ့ အလှမ်းကွာဝေးနေဦးမှာပါ

December 20, 2022
သင့်ဂျင်းဘောင်းဘီတွေကို အရောင်မမှိန် ဟောင်းနွမ်းမသွားအောင် နည်းမှန်လမ်းမှန် လျှော်ဖွပ်နည်း

သင့်ဂျင်းဘောင်းဘီတွေကို အရောင်မမှိန် ဟောင်းနွမ်းမသွားအောင် နည်းမှန်လမ်းမှန် လျှော်ဖွပ်နည်း

December 20, 2022
ရေကူးနည်းများစွာရှိတဲ့အထဲမှ သင့်ကိုဝိတ်ကျစေမယ့် ရေကူးနည်း (၃) မျိုး

ရေကူးနည်းများစွာရှိတဲ့အထဲမှ သင့်ကိုဝိတ်ကျစေမယ့် ရေကူးနည်း (၃) မျိုး

December 20, 2022
ကိုယ့်ချစ်သူကောင်မလေးနဲ့ စကားပြောချိန် လုံးဝထည့်မပြောသင့်တဲ့ စကားလုံးများ

ကိုယ့်ချစ်သူကောင်မလေးနဲ့ စကားပြောချိန် လုံးဝထည့်မပြောသင့်တဲ့ စကားလုံးများ

December 20, 2022
ယုံကြည်ချက်ရှိတဲ့ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်နိုင်စေမယ့် သဘာဝနည်းလမ်းလေးတွေ

ယုံကြည်ချက်ရှိတဲ့ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်နိုင်စေမယ့် သဘာဝနည်းလမ်းလေးတွေ

December 20, 2022
စိုးရိမ်သောကကင်းဝေးတဲ့ ဘဝတစ်ခုကို မပိုင်ဆိုင်ချင်ဘူးလား

စိုးရိမ်သောကကင်းဝေးတဲ့ ဘဝတစ်ခုကို မပိုင်ဆိုင်ချင်ဘူးလား

December 20, 2022
ပျော်ပွဲစား ထွက်မယ်ဆိုရင် မမေ့မလျော့ သယ်သွားရမယ့်ပစ္စည်းများ

ပျော်ပွဲစား ထွက်မယ်ဆိုရင် မမေ့မလျော့ သယ်သွားရမယ့်ပစ္စည်းများ

December 20, 2022
အားစိုက်ထုတ်ရတာ သက်သာစေပြီး လွယ်ကူရိုးရှင်းတဲ့ မိတ်ကပ်ပြင်ဆင်နည်းလေးတွေ

အားစိုက်ထုတ်ရတာ သက်သာစေပြီး လွယ်ကူရိုးရှင်းတဲ့ မိတ်ကပ်ပြင်ဆင်နည်းလေးတွေ

December 20, 2022
ကြီးပွားချမ်းသာချင်ကြတဲ့သူတိုင်း မှတ်သားလိုက်နာရမယ့် အရေးကြီးအချက် (၄) ချက်

ကြီးပွားချမ်းသာချင်ကြတဲ့သူတိုင်း မှတ်သားလိုက်နာရမယ့် အရေးကြီးအချက် (၄) ချက်

December 20, 2022
ဝိတ်ကျချင်သူတစ်ယောက်အနေနဲ့ ဘယ်လိုကြိုးစားသင့်လဲ၊ ဘယ်လိုစိတ်နေစိတ်ထားမျိုး ထားရှိသင့်လဲ

ဝိတ်ကျချင်သူတစ်ယောက်အနေနဲ့ ဘယ်လိုကြိုးစားသင့်လဲ၊ ဘယ်လိုစိတ်နေစိတ်ထားမျိုး ထားရှိသင့်လဲ

December 19, 2022
ခါးနာဝေဒနာခံစားရတဲ့အခါ အိမ်တွင်းဆေးနည်းတွေနဲ့ ကုသနည်း (၅) သွယ်

ခါးနာဝေဒနာခံစားရတဲ့အခါ အိမ်တွင်းဆေးနည်းတွေနဲ့ ကုသနည်း (၅) သွယ်

December 19, 2022
First Date အတွက် ရွေးချယ်ဖို့ အသင့်တော်ဆုံး နေရာများ

First Date အတွက် ရွေးချယ်ဖို့ အသင့်တော်ဆုံး နေရာများ

December 19, 2022
  • Home
  • Lifestyle
    • Daily Horoscope
    • Relationship
    • Family
    • Health & Beauty
    • Entertainment
    • Fashion
    • Celebrity
    • Fitness
    • Travel
    • Funny
  • General Knowledge
    • Unique Things
  • News
    • Technology
  • Video
  • About Us
Tuesday, February 7, 2023
  • Login
Lifestyle Myanmar
  • Home
  • Lifestyle
    • Daily Horoscope
    • Relationship
    • Family
    • Health & Beauty
    • Entertainment
    • Fashion
    • Celebrity
    • Fitness
    • Travel
    • Funny
  • General Knowledge
    • Unique Things
  • News
    • Technology
  • Video
    Stay at home ဖြစ်နေချိန်မှာ အပျင်းပြေစေဖို့အတွက် Anime ဇာတ်ကားကောင်းများ

    Stay at home ဖြစ်နေချိန်မှာ အပျင်းပြေစေဖို့အတွက် Anime ဇာတ်ကားကောင်းများ

    နာမည်ကြီး YouTuber ရဲ့ ဗီဒီယိုအတိုင်း ပြောင်းဖူးပေါက်ပေါက်ပြုလုပ်ရာမှ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့တဲ့ ကလေးမလေး

    နာမည်ကြီး YouTuber ရဲ့ ဗီဒီယိုအတိုင်း ပြောင်းဖူးပေါက်ပေါက်ပြုလုပ်ရာမှ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့တဲ့ ကလေးမလေး

    သခင်အတွက် ပင်လယ်ကြမ်းပြင်က ကျောက်ပုစွန်ထုပ်တွေကို ရေငုပ်ပြီး ဖမ်းယူပေးတတ်တဲ့ ခွေးလိမ္မာလေး

    သခင်အတွက် ပင်လယ်ကြမ်းပြင်က ကျောက်ပုစွန်ထုပ်တွေကို ရေငုပ်ပြီး ဖမ်းယူပေးတတ်တဲ့ ခွေးလိမ္မာလေး

    ခြောက်ထပ်ကနေ ပြုတ်ကျလာတဲ့ ကလေးငယ်ကို လက်မတင်လေး ကယ်တင်နိုင်ခဲ့ကြတဲ့ အိမ်နီးချင်းများ

    ခြောက်ထပ်ကနေ ပြုတ်ကျလာတဲ့ ကလေးငယ်ကို လက်မတင်လေး ကယ်တင်နိုင်ခဲ့ကြတဲ့ အိမ်နီးချင်းများ

    ရည်းစားဟောင်း

    ကိုယ့်ရဲ့ ရည်းစားဟောင်း အပေါ် ကျေးဇူးတင်သင့်တဲ့ အချက်အချို့

    တကယ်ကြိုးစားချင်စိတ်ရှိတဲ့လူတစ်ယောက်ဟာ ဘယ်လိုပဲ အခက်အခဲတွေ ကြုံတွေ့နေပါစေ အမြဲရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီးသားပါ။

    တကယ်ကြိုးစားချင်စိတ်ရှိတဲ့လူတစ်ယောက်ဟာ ဘယ်လိုပဲ အခက်အခဲတွေ ကြုံတွေ့နေပါစေ အမြဲရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီးသားပါ။

    ခလုတ်ထိမှ အမိတ ဆိုသလို ကျွန်တော်တို့တွေဟာ ပြဿနာတွေ၊ ဒုက္ခတွေနဲ့ ကြုံလာတဲ့အခါ

    ခလုတ်ထိမှ အမိတ ဆိုသလို ကျွန်တော်တို့တွေဟာ ပြဿနာတွေ၊ ဒုက္ခတွေနဲ့ ကြုံလာတဲ့အခါ

    မိန်းမချော့နည်း

    မိန်းမချော့နည်း

    ငါးမိနစ်တစ်ခါ စိတ်ပြောင်းတတ်တဲ့ မိန်းကလေးတို့ရဲ့ သဘာဝ အပိုင်း(၂)

    ငါးမိနစ်တစ်ခါ စိတ်ပြောင်းတတ်တဲ့ မိန်းကလေးတို့ရဲ့ သဘာဝ အပိုင်း(၂)

  • About Us
No Result
View All Result
Lifestyle Myanmar
No Result
View All Result
Home Lifestyle Fashion

အလှဓါတ်ပုံရိုက်တဲ့အခါ ဓါတ်ပုံလှလှလေးရအောင် ဘယ်လိုပိုစ့်ပေးမလဲ?

by Nandar Lwin
August 30, 2018
in Fashion, Health & Beauty
0
ဓါတ်ပုံလှလှလေးရအောင်
222
SHARES
293
VIEWS
Share on FacebookShare on Twitter

ဓါတ်ပုံဆရာတွေက ဘယ်သူမဆို ဓါတ်ပုံတွေထဲမှာ ကြည့်ကောင်းနေစေဖို့ ဘယ်လိုပို့စ်မျိုးပေးရမလဲဆိုတဲ့ လှို့ဝှက်ချက်တွေကို သိကြပါတယ်။ ဒါပေမယ့် ဓါတ်ပုံဆရာမဟုတ်ဘဲ ကိုယ့်သူငယ်ချင်းတွေ၊ တခြားသူတွေက ဓါတ်ပုံရိုက်ပေးတဲ့အခါ ဆွဲဆောင်မှုရှိတဲ့ ဓါတ်ပုံလေးတွေ ရရှိစေဖို့ ကိုယ်က ပိုစ့်ကောင်းကောင်းလေး ပေးတတ်ဖို့ လိုပါတယ်။ ဒါ့ကြောင့် ဓါတ်ပုံတွေတိုင်းမှာ ရင်သပ်ရှုမောဖွယ်ကြည့်ကောင်းနေစေဖို့ ကူညီပေးလိမ့်မယ့် နည်းလမ်းအချို့ကို မျှဝေပေးချင်ပါတယ်။ သင်ဟာ ဆယ်လီတစ်ယောက်မဟုတ်ခဲ့ရင်တောင် ကင်မရာရှေ့မှာ ဘယ်လိုနေရမယ်ဆိုတာ သိသင့်ပါတယ်။ ဒါ့ကြောင့် Pose ပေးနေစဉ်မှာ ပြုလုပ်ဖို့ မရှိမဖြစ်လိုအပ်တဲ့အရာ ၇ခုကို ဖော်ပြပေးလိုက်ပါတယ်။
၁။ လက်မောင်းနဲ့ ကိုယ်နေဟန်ထားကို ဂရုစိုက်ပါ


တစ်ချို့လူတွေက ကင်မရာရှေ့မှာ ရှက်ကိုးရှက်ကန်းဖြစ်ပြီး သက်တောင့်သက်သာ မခံစားရပါဘူး။ ပရော်ဖက်ရှင်နယ် ဓါတ်ပုံဆရာတစ်ယောက်ဆိုရင် ဒီခံစားမှုကို ဘယ်လိုကူညီနိုင်မလဲဆိုတာ သိပါတယ်။ ကင်မရာရှေ့မှာ တောင့်တောင့်ကြီးမဖြစ်နေစေဖို့ သင့်လက်မောင်းနဲ့ ကိုယ်နေဟန်ထားကိုသတိထားရပါမယ်။ မတ်တပ်ရပ်ပြီး ဓါတ်ပုံရိုက်တဲ့အခါ သင့်လက်တွေကို အနောက်မှာထားတာမျိုး၊ လက်နှစ်ဘက်ယှက်ထားတာမျိုး မလုပ်ပါနဲ့။ ကိုယ်နေဟန်ထားကို ပျော့ပျော့ပြောင်းပြောင်းထားပါ။ ဒါမှသာ သင့်ဓါတ်ပုံက သဘာဝကျကျနဲ့ သက်တောင့်သက်သာရှိပြီး အဆင်ပြေနေစေမှာပါ။

ADVERTISEMENT

ခါးပတ် ဒါမှမဟုတ် အိတ်ကပ်ပါတဲ့ အဝတ်အစား ဝတ်ထားရင် ဒီလို accessories တွေနှင့်အတူ ပိုစ့်အမျိုးမျိုး ကြိုးစားကြည့်နိုင်ပါတယ်။
၂။ ညာဘက်ခြမ်းကို သင့်မျက်နှာလှည့်ပါ


သိပ္ပံပညာရှင်များက ကျွန်တော်တို့မျက်နှာရဲ့ ဘယ်ဘက်ခြမ်းက ကျွန်တော်တို့ခံစားမှုတွေကို ဖော်ပြနေတယ်လို့ ဆိုကြပါတယ်။ ဓါတ်ပုံရိုက်တဲ့အခါ သင့်ရဲ့ဘယ်ဘက်အခြမ်းကို အနည်းငယ်ဖုံးကွယ်ဖို့ သင့်မျက်နှာကို ညာဘက်ခြမ်းဘက် လှည့်ပါ။ ဒီနည်းလမ်းက အထူးသဖြင့် သင့်မှာ စိတ်ဖိစီးမှုတွေ ရှိနေတဲ့အခါ၊ စိတ်ဆိုးနေတဲ့အခါ၊ စိတ်ဓါတ်ကျနေတဲ့အခါ ဒီအကြောင်းကို တခြားသူတွေ မသိစေချင်ရင် အသုံးဝင်တဲ့ နည်းလမ်းလေးဖြစ်ပါတယ်။ ဒါ့အပြင် သင့်မျက်နှာကို ဒီလိုဘေးတိုက်ရိုက်တာက သင့်ရဲ့မျက်ခုံးအကွေးနှင့် ပါးရိုးကို ကြည့်ကောင်းစေပြီး သင့်ကို ပိုပြီး ရိုမန့်တစ်ဆန်စေပါတယ်။ ဒီအနေအထားက သင့်မျက်နှာပေါ်က negative emotions တွေအပြင် တခြားမပြည့်စုံမှုတွေကို ဖုံးကွယ်ပေးပါတယ်။ သင့်မှာ နှာတံပွပွ ဒါမှမဟုတ် နဖူးကျယ်ကျယ်ရှိတာသိလျှင် သင့်မျက်နှာကို ညာဘက်သို့လှည့်ပါ။ ဓါတ်ပုံမရိုက်ခင်မှာ မှန်ရှေ့မှာ ဘယ်အနေအထားက ကြည့်ကောင်းလဲဆိုတာကို ရှာဖွေလေ့ကျင့်ပါ။
၃။ ဓါတ်ပုံကင်မရာရဲ့ မှန်ဘီလူးအပေါ်ကိုကြည့်ပါ


ဒါက ဓါတ်ပုံဆရာတိုင်း သင့်ကိုလုပ်ခိုင်းလိုက်မယ့် ပထမဆုံးအရာပါ။ ကင်မရာနဲ့ တစ်တန်းတည်းကို မကြည့်ပါနဲ့။ အပေါ်ကိုကြည့်တာက ပိုပြီးကြည့်ကောင်းတဲ့ ၊သဘာဝကျတဲ့ ဓါတ်ပုံတွေကို ပေးပါတယ်။ သင်ဟာ ပရော်ဖက်ရှင်နယ်ဓါတ်ပုံဆရာတစ်ဦးမဟုတ်ခဲ့ရင်၊ သင့်သူငယ်ချင်းတွေက ရိုက်ပေးတာဖြစ်ရင် ဒီရိုးရှင်းတဲ့ စည်းမျဉ်းကို လိုက်နာပါ။ ကင်မရာရဲ့အနေအထားက အရမ်းနိမ့်လျှင် ပုံထဲမှာ မေးနှစ်ထပ်တွေ မြင်ရပါလိမ့်မယ်။ ကင်မရာကို မြင့်မြင့် ဒါမှမဟုတ် တစ်ဖြောင့်တည်း ကိုင်ပါ။ ကင်မရာရဲ့အပေါ်ကိုကြည့်ပါ။ ပြီးနောက် သင့်မျက်နှာကို အနည်းငယ် ပင့်ပြီး အရှေ့သို့ တိုးထားပါ။ ကြည့်ရတာ ကိုးရိုးကားယားနိုင်ပေမယ့် ဓါတ်ပုံထွက်လာရင် ကြည့်ကောင်းနေမှာ အမှန်ပါပဲ။
၎။ သင့်ခန္ဓာကိုယ်ကို ဘေးတိုက်လှည့်ပါ


ပို့စ်ပေးမှန်ရင် ဓါတ်ပုံကောင်းတွေ ရရှိမှာပါ။ မျက်နှာသာမဟုတ်ဘဲ တစ်ကိုယ်လုံးရိုက်မယ်ဆိုရင် ဒီစည်းမျဉ်းတွေကို လိုက်နာသင့်တယ်လို့ အကြုံပြုပါတယ်။ သင့်ခန္ဓာကိုယ်ကို ဘေးတိုက်လှည့်တာဟာ သင့်ကိုပိုပြီး သွယ်လျတဲ့ပုံပေါ်စေတဲ့ဆိုတာ သတိရပါ။ ခန္ဓာကိုယ်ကို ဘေးတိုက်လှည့်ပြီး ဒူးအနည်းငယ်ကွေးပါ။ ဒီနည်းလမ်းက သင့်တင်ပါးရဲ့ကောက်ကြောင်းကို ပိုပေါ်စေပြီး သင့်ခါးကို ပိုသေးသွယ်စေပါတယ်။
၅။ သဘာဝကျကျ မိတ်ကပ်လိမ်းပါ


သဘာဝပိုကျတဲ့မိတ်ကပ်ကို လိမ်းပါ။ အလွန်အမင်းတောက်ပတဲ့ ပါးနီ သို့မဟုတ် နှုတ်ခမ်းနီ ၊ ပြောင်ပြောင်လက်လက် အိုင်းရှဲဒိုးတွေကို ရှောင်ပါ။ အောက်ခံမိတ်ကပ်ထူထူကြီး လိမ်းတာက သင့်မျက်နှာကို ဓါတ်ပုံထဲမှာ အဆီတစ်ဝင်းဝင်းနဲ့ ပြောင်ပြောင်ကြီး ဖြစ်နေပါလိမ့်မယ်။ ဆံပင်အပြင်အဆင်၊ မိတ်ကပ်၊ အဝတ်အစားတွေ လွန်လွန်ကဲကဲ မပြင်ဆင်ပါနဲ့။ သင့်ကိုရှိရင်းစွဲထက် အသက်ပိုကြီးတဲ့ပုံပေါ်စေပါတယ်။
၆။ နှုတ်ခမ်းနီ ဆိုးပါ


သင့်ရဲ့နေ့စဉ်ဘဝမှာ ဘာမိတ်ကပ်မှမလိမ်းရင်တောင် lipstick သို့မဟုတ် gloss လေးဆိုးပေးပါ။ ဒါမှသာ ဓါတ်ပုံထဲမှာ သင့်ရဲ့နှုတ်ခမ်းတွေက ကြည့်ကောင်းပြီး တောက်ပတဲ့အပြုံးတွေ ရရှိမှာပါ။ တစ်ခါတလေ ဓါတ်ပုံထဲမှာ အရောင်အမှန်မထွက်ဘဲ အနည်းငယ်ပိုဖျော့သွားတတ်တာကြောင့် အနီရောင်တောက်တောက် သို့မဟုတ် ပန်းရောင်တောက်တောက်လေးဆိုးပေးနိုင်ပါတယ်။ အရောင်ရွေးတဲ့အခါ သင့်သဘာဝအသားအရောင်၊ ပါးနီရောင်၊ ဆံပင်နှင့် သင့်မျက်လုံးအရောင်တို့နဲ့ လိုက်ဖက်နေသင့်ပါတယ်။ နှင်းဆီရောင် ၊ဘယ်ရီးသီးမှည့်ရောင်အသုံးပြုခြင်းကို ရှောင်သင့်ပါတယ်။ ဒီအရောင်တွေက ဓါတ်ပုံထဲမှာ သင့်ကိုအသက်ပိုကြီးတဲ့ပုံပေါ်စေပြီး အရေးအကြောင်းတွေ၊လိုင်းတွေကဲ့သို့ အပြစ်အနာအဆာတွေကို ပေါ်လွင်စေပါတယ်။
၇။ Relaxလုပ်ပြီး ပြုံးပါ


ဓါတ်ပုံရိုက်တဲ့အခါ ပြုံးဖို့ မမေ့ပါနဲ့။ သင့်မျက်နှာ expression က သင့်စိတ်ခံစားမှုအဆင့်နှင့် သင့်အတွင်းစိတ်တွေအားလုံးကို ပြောပြနေပါတယ်။ သင့်မျကနှာ expressionက တတ်နိုင်သလောက် သဘာဝကျနေသင့်ပါတယ်။ မကောင်းတဲ့ ခံစားမှုတွေကို ဖုံးကွယ်ဖို့ ခက်ခဲလွန်းပါတယ်။ ဒါ့ကြောင့် စိုးရိမ်ပူပန်မှုတစ်ခုခုရှိလျှင် relax လုပ်ပါ။ ဟန်ဆောင်ပြုံးနေမယ့်အစား သက်တောင့်သက်သာခံစားရစေဖို့ ဓါတ်ပုံရိုက်တဲ့သူနဲ့ စကားစမည်ပြောရင်း သဘာဝကျကျလေးပြုံးပါ။
ဒီရိုးရှင်းတဲ့ လှည့်ကွက်လေးတွေက သင့်ဓါတ်ပုံတွေကို ဆွဲဆောင်မှုရှိပြီး ကြည့်ကောင်းနေစေလိမ့်မယ်လို့ ယုံကြည်ပါတယ်။
#Lifestyle_Myanmar
#LM_Nandar

Share222TweetShare
Nandar Lwin

Nandar Lwin

Related Posts

သင့်ဂျင်းဘောင်းဘီတွေကို အရောင်မမှိန် ဟောင်းနွမ်းမသွားအောင် နည်းမှန်လမ်းမှန် လျှော်ဖွပ်နည်း

သင့်ဂျင်းဘောင်းဘီတွေကို အရောင်မမှိန် ဟောင်းနွမ်းမသွားအောင် နည်းမှန်လမ်းမှန် လျှော်ဖွပ်နည်း

by Thinzar
December 20, 2022
0

လူတိုင်းလူတိုင်းမှာ အနည်းဆုံး ဂျင်းဘောင်းဘီတစ်ထည်တော့ ရှိသင့်ပါတယ်။ ဂျင်းဖက်ရှင်ဟာ ဘယ်တော့မှ ရိုးမသွားတဲ့ စူပါဖက်ရှင်မျိုးဖြစ်သလို ဂျင်းဘောင်းဘီတစ်ထည်ရှိရုံနဲ့ များစွာသောအင်္ကျီအဝတ်အစားတွေကို လိုက်ဖက်အောင် တွဲဖက်ဝတ်ဆင်နိုင်တာပဲဖြစ်ပါတယ်။ ဒီလိုအဖိုးတန်လှတဲ့ ဂျင်းဘောင်းဘီတွေကို ဘယ်လိုစနစ်တကျ လျှော်ဖွတ်ရမယ်ဆိုတာလည်း သိထားသင့်တဲ့အချက်တစ်ခုပါ။ ဒီနေ့မှာတော့ သင့်ဂျင်းဘောင်းဘီတွေကို နှစ်တွေအကြာကြီးကြာတဲ့အထိ...

ယုံကြည်ချက်ရှိတဲ့ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်နိုင်စေမယ့် သဘာဝနည်းလမ်းလေးတွေ

ယုံကြည်ချက်ရှိတဲ့ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်နိုင်စေမယ့် သဘာဝနည်းလမ်းလေးတွေ

by Thinzar
December 20, 2022
0

ဖြူဖွေးလှပပြီး ယုံကြည်ချက်ရှိတဲ့ အပြုံးလှလှလေးတွေ နဲ့ သွားလေးတွေကို လူတိုင်းပိုင်ဆိုင်ချင်ကြတာပါပဲ။ ဒါပေမယ့် သွားကြွေလွှာနဲ့ သွားဖုံးထိခိုက်မှာ စိုးရိမ်တဲ့အတွက်ကြောင့် လူနည်းစုလောက်ကသာ ဓာတုဗေဒသွားဖြူဆေးတွေကို အသုံးပြုရဲကြတာပါ။ အခုဖော်ပြမယ့် နည်းလမ်းလေးတွေကတော့ သွားကြွေလွှာတွေကို မထိခိုက်စေဘဲ သွားများကိုဖြူဖွေးတောက်ပြောင်စေမယ့် သဘာဝနည်းလမ်းလေးတွေပဲဖြစ်ပါတယ်။ စတော်ဘယ်ရီအနှစ်...

အားစိုက်ထုတ်ရတာ သက်သာစေပြီး လွယ်ကူရိုးရှင်းတဲ့ မိတ်ကပ်ပြင်ဆင်နည်းလေးတွေ

အားစိုက်ထုတ်ရတာ သက်သာစေပြီး လွယ်ကူရိုးရှင်းတဲ့ မိတ်ကပ်ပြင်ဆင်နည်းလေးတွေ

by Thinzar
December 20, 2022
0

မိတ်ကပ်လိမ်းပြီး အလှပြင်တယ်ဆိုတာ အချိန်အများကြီးကုန်တဲ့အပြင် စိတ်ရှည်သည်းခံတတ်ဖို့လည်း လိုပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့ အချိန်ကုန်သက်သာစေမယ့်အပြင် သင့်ရဲ့ဆွဲဆောင်မှုကိုလည်း တစ်စက်ကလေးမှ လျော့ကျမသွားအောင် ကူညီပေးနိုင်တဲ့ မိတ်ကပ်ပြင်ဆင်နည်းလေးတွေရှိပါတယ်။ အားစိုက်ထုတ်ရတာသက်သာစေပြီး လွယ်ကူရိုးရှင်းတဲ့ မိတ်ကပ်ပြင်ဆင်နည်းလေးတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။ နှုတ်ခမ်းနီကို ပါးနီအဖြစ်အသုံးပြုမယ် သင်ရယ်လိုက်တဲ့အခါ...

ခါးနာဝေဒနာခံစားရတဲ့အခါ အိမ်တွင်းဆေးနည်းတွေနဲ့ ကုသနည်း (၅) သွယ်

ခါးနာဝေဒနာခံစားရတဲ့အခါ အိမ်တွင်းဆေးနည်းတွေနဲ့ ကုသနည်း (၅) သွယ်

by Thinzar
December 19, 2022
0

ကွန်ပျူတာရှေ့မှာ အကြာကြီးထိုင်ရပြီး အလုပ်လုပ်ရခြင်း၊ အချိန်အကြာကြီး မတ်တပ်ရပ်ရခြင်း၊ အလေးအပင် မရခြင်း စတဲ့အချက်တွေကြောင့် ခါးနာဝေဒနာကို ခံစားရတတ်ပါတယ်။ သက်ကြီးရွယ်အိုတွေပဲ ခါးနာဝေဒနာကို ခံစားရတာမဟုတ်ပါဘူး။ လူငယ်လူရွယ်တွေလည်း အခန့်မသင့်ရင် ခါးနာဝေဒနာခံစားရတတ်ပါတယ်။ ဒီလို ခံစားရတဲ့အခါ အိမ်တွင်းဆေးနည်းတွေနဲ့ ကုသလို့ရတယ်ဆိုတာ...

Lifestyle Myanmar

Copyright © 2017 Lifestyle Myanmar.

Digital Media Production in Myanmar.

  • About
  • Advertise
  • Privacy & Policy
  • Contact

Follow Us

No Result
View All Result
  • Home
  • Lifestyle
    • Daily Horoscope
    • Relationship
    • Family
    • Health & Beauty
    • Entertainment
    • Fashion
    • Celebrity
    • Fitness
    • Travel
    • Funny
  • General Knowledge
    • Unique Things
  • News
    • Technology
  • Video
  • About Us

Copyright © 2017 Lifestyle Myanmar.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!