0
515
အစာအဆိပ်သင့်
အစာအဆိပ်သင့်
ပဲငံပြာရည်
လက်ဖက်ရည်
ဇာတိပ္ဖိုလ်သီး
သွားတိုက်ဆေး
အချိုရည်/ ဆိုဒါ
တူနာငါး
#Lifestyle_Myanmar
#Thar_Nage
မျက်နှာအသားအရေကို ထိခိုက်စေနိုင်တဲ့ အသားအရေထိန်းသိမ်းတဲ့နေရာမှာ အသုံးပြုတဲ့ ထုတ်ကုန် ၉မျိုး
Unicode
အလွန်အကျွံစားသုံးမိတဲ့အခါ အစာအဆိပ်သင့်ခြင်းကို ဖြစ်ပေါ်စေနိုင်တဲ့ အစားအစာအချို့
ပဲငံပြာရည်
၂၀၁၃ ခုနှစ်က အမေရိကန် လူငယ်တစ်ဦးက ပဲငံပြာရည် ၃၃အောင်စကို သောက်သုံးနိုင်တယ် မသောက်သုံးနိုင်ဘူး လောင်းကြေးစားကြေးနဲ့ ကစားပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။ သောက်သုံးပြီးနောက် သူဟာ သတိလစ်မေ့မျောခြင်းဖြစ်သွားပါတယ်။ ဆရာဝန်တွေရဲ့ ပြောဆိုချက်အရ ရေဓာတ်ပြင်းပြင်းထန်ထန်ခန်းခြောက်ပြီး ဆိုဒီယမ်ပမာဏ အလွန်အကျွံစားသုံးမှုကြောင့်လို့ ဆိုပါတယ်။ နောက်ဆက်တွဲအနေနဲ့ လေဖြတ်ခြင်းကို ဖြစ်ပေါ်စေနိုင်တာကြောင့် အလွန်အကျွံ မစားသုံးဖို့ သတိပေးခဲ့ပါတယ်။
လက်ဖက်ရည်
၂၀၁၄ ခုနှစ်က အသက် ၅၆နှစ်အရွယ် တစ်ဦးဟာ လက်ဖက်ရည်သောက်သုံးမှုများတဲ့အတွက်ကြောင့် ကျောက်ကပ်ပျက်ဆီးပြီး ဆေးရုံရောက်ခဲ့ရတပါတယ်။ သူဟာ တစ်နေ့ကို ၁၆ခွက်ဝန်းကျင်လောက်အလွန်အကျွံသောက်သုံးမိတဲ့အတွက်လက်ဖက်ရည်ထဲမှာပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ ကျောက်ကပ်ရ့ Oxalate ကို ပျက်စီးစေပါတယ်။ ဒါ့ကြောင့် လက်ဖက်ရည်ကြိုက်နှစ်သက်သူများ တစ်နေ့ကို လက်ဖက်ရည် ၆ခွက်ထက်ပိုပြီး မသောက်သုံးသင့်ပါဘူး။
ဇာတိပ္ဖိုလ်သီး
ဇာတိပ္ဖိုလ်သီး ကို တစ်နေ့ကို အနည်းငယ်ပဲ စားသုံးတာက သင့်အတွက် ပိုပြီး စိတ်ချရပါတယ်။ အဆိုပါ အသီးကို ၂ဇွန်းထက်ပိုပြိး စားသုံးတဲ့အခါမျိုးမှာ စိတ်အာရုံချောက်ခြားခြင်းစတဲ့ ဝေဒနာကိုဖြစ်ပေါ်စေနိုင်ပြီး နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်ပေါ်လာနိုင်ပါတယ်။
သွားတိုက်ဆေး
သွားတိုင်ဆေးကို အသုံးပြုတဲ့အခါ ပါးစပ်ထဲကို မျိုမချမိအောင် သတိထားဖို့လိုအပ်ပါတယ်။ သွားတိုက်ဆေးမှာပါဝင်တဲ့ ဖလိုရိုဒ်ဓာတ်ဟာ သင့်ရဲ့ အစာအိမ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် ဖလိုရိုဒ်ဓာတ် အများကြီး မျိုချမိတဲ့အခါ ဖလိုရိုဒ်ဓာတ် အဆိပ်သင့်မှုဖြစ်ပေါ်ပြီး မူးဝေခြင်း၊ ဗိုက်နာခြင်း အပြင် သေစေတဲ့ အထိ ဖြစ်ပေါ်စေတာကြောင့် ကလေးငယ်များသွားတိုက်ပေးတဲ့အခါ အထူးဂရုစိုက်ဖို့အရေးကြီးပါတယ်။
အချိုရည်/ ဆိုဒါ
အချိုရည် နဲ့ ဆိုဒါတွေထဲမှာ သကြားဓာတ်တွေ အများကြီးပါဝင်တဲ့အပြင် အဆိုးဆုံး ဓာတုပစ္စည်းတွေလည်း ပါဝင်ပါတယ်။ ခန္ဓာကိုယ်အလေးချိန် ၁ပေါင်အတွက် သကြားဓာတ် ၀.၅ အောင်စက လူကိုသေစေလောက်တဲ့အထိ ဆိုးကျိုးရှိပါတယ်။ ဒါ့ကြောင့် အဆိုပါ အချိုရည်/ ဆိုဒါတွေကို ရ၈၄ အောင်စထိသောက်သုံးလျှင် အဆိပ်သင့်မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။
တူနာငါး
လူတော်တော်များများက တူနာငါးကို အများကြီးစားသုံးတဲ့အခါ အန္တရယ်မရှိဘူးလို့ ထင်နေကြပါတယ်။ ဒါပေမဲ့ တူနယ်ငါးဟာ အခြားငါးတွေနဲ့ မတူဘဲ ပြဒါးဓာတ်များစွားပါဝင်နေပါတယ်။ ဒါ့ကြောင့် အလေးချိန် ၁၅၀ ပေါင်ရှိတဲ့သူအတွက် တူနာငါးကို ၉ရက်အတွင်း ၀.၃ ပေါင်ထက်ပိုပြီး မစားသုံးသင့်ပါဘူး။
ကြွက်သားတွေအတွက် နံ့သာဆီ
ကြွက်သားတွေ နာကျင်မှုကို သက်သာစေဖို့အတွက် ဒီလို နံ့သာဆီတွေကို အလွန်အကျွံလိမ်းခြင်း မပြုလုပ်သင့်ပါဘူး။ အဆိုပါ ကြွက်သားတွေ နာကျင်မှုကို သက်သာစေဖို့အတွက် ထုတ်လုပ်ထားတဲ့ အဆီဟာ Methyl Salicylic ဓာတ်တွေများစွာပါဝင်တာကြောင့် အသားထဲကနေ စိမ့်ဝင်ပြီး သင့်ကို အန္တရာယ်ဖြစ်ပေါ်စေနိုင်ပါတယ်။
LEAVE A REPLY
Please enter your comment!
Please enter your name here