Home News အလျား ၅ပေရှိတဲ့ ဖွတ်ကြီးနဲ့အတူ ပန်းခြံထဲ လမ်းလျှောက်ထွက်လေ့ရှိတဲ့ အမျိုးသား

အလျား ၅ပေရှိတဲ့ ဖွတ်ကြီးနဲ့အတူ ပန်းခြံထဲ လမ်းလျှောက်ထွက်လေ့ရှိတဲ့ အမျိုးသား

0
0
ဖွတ်
ဖွတ်

များသောအားဖြင့် ချစ်စရာကောင်းတဲ့ ခွေးတွေ၊ ကြောင်တွေနဲ့သာ အတူ လမ်းလျှောက်ထွက်တာ ကြားဖူး၊ မြင်ဖူးပေမဲ့ အခုလို ကြောက်စရာကောင်းတဲ့ တွားသွားသတ္တဝါနဲ့ လမ်းလျှောက်ထွက်တယ်ဆိုတာတော့ တကယ့်ကို အံ့သြစရာမြင်ကွင်းတစ်ခုပါ။ အခုလည်း လော်ရီကားမောင်းတဲ့ အသက် ၅၄နှစ်အရွယ် ဂယ်ရီစမစ်ဆိုတဲ့ အမျိုးသားတစ်ဦးဟာ Thor လိုအမည်ပေးထားတဲ့ သူ့ရဲ့ အိမ်မွေးဖွတ်ကြီးတစ်ကောင်နဲ့အတူ ပန်းခြံတွေကို လမ်းလျှောက်ထွက်တတ်ပါတယ်။ ပန်းခြံထဲမှာရှိတဲ့ ခွေးတွေ၊ အခြားတိရိစ္ဆာန်တွေနဲ့ လူတွေက ကြောက်လန့်ပြီး အန္တရာယ်ပြုမှာ ဆိုးတဲ့အတွက် ဂယ်ရီစမစ်ရဲ့ ဖွတ်နဲ့အတူ လမ်းလျှောက် ထွက်ခွင့်ကိုတားမြစ်ဖို့ တိုင်ကြားခဲ့ပါတယ်။ ဒါပေမဲ့ မြို့တော်ဝန်က ဆက်လက် ထိန်းသိမ်းပြီး ခေါ်ယူခွင့် ပြုခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ဖွတ်ကြီးဟာ အလျား ၅ပေခန့် ရှည်လျားပြီး ၄၂ပေါင်ထိ အလေးချိန်ရှိပါတယ်။ ကြီးမားပြီး ကြောက်စရာကောင်းတာကြောင့် ပန်းခြံကို လာရောက် လည်ပတ်သူတွေ၊ ခွေးပိုင်ရှင်တွေ၊ ကလေးမိခင်တွေက သူတို့ရဲ့ ခွေးတွေ၊ ကလေးတွေကို တိုက်ခိုက်မှာဆိုးတဲ့အတွက် အခုလိုတွေ တိုင်းကြားခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ မြို့တော်ဝန်ကတော့ ဂယ်ရီ တစ်ယောက် လမ်းလျှောက်ထွက်တဲ့အခါ အခြား အိမ်မွေး တိရိစ္ဆာန်တွေလိုဘဲ ဖွတ်ကို လူရှေ့မှာထားပြီး အခြားသူတွေကို အန္တရာယ် မပြုဖူး ကတိပေးရန် ခွင့်ပြုမယ်လို့ ဆိုခဲ့ပါတယ်။ ဂယ်ရီကလည်း အဆိုပါ အချက်ကို သဘောတူလက်ခံနိုင်တဲ့အတွက် အခုလို အေးအေးလူလူ လမ်းလျှောက်ပြန်ထွက်နိုင်တာဖြစ်ပါတယ်။ ဂယ်ရီစမစ်မှာ အဆိုပါ ဖွတ်ကြီးအပါအဝင် မြွေ ၃၁ကောင်၊ ဖွတ် ၆ကောင်၊ ပင့်ကူ ၇ကောင် မွေးမြူထားပြီး Thor ကတော့ လွန်ခဲ့တဲ့ ၁၀လလောက်က ဝယ်ယူခဲ့တာဖြစ်ပါတယ်။

ဂရီစမစ်အနေနဲ့ ဖွတ်နဲ့အတူလမ်းလျှောက်ထွက်တာဟာ သူ့ကို လေ့ကျင့်ခန်း လုပ်ပေးဖို့၊ လေကောင်းလေသံ ရှူဖို့အတွက်ပဲဖြစ်တယ်လို့ဆိုပါတယ်။ သာမန်ဖွတ်တွေဆို သူတို့ရဲ့ ချွန်ထက်တဲ့ လက်သည်းတွေက အရမ်းကို အန္တရာယ်များပြီး တိုက်ခိုက်မှုတွေ ပြုလုပ်နိုင်ပါတယ်။ ဒါပေမဲ့ Thor ကတော့ အဲ့ဒီလို ရန်မူပြီး အန္တရာယ် ပေးတဲ့ထဲမှာ မပါဘူးလို ဆိုပါတယ်။ အခုလို ရာသီဥတုသာယာတဲ့ နွေရာသီမှာဆို Thor နဲ့အတူ ပန်းခြံထဲကို လမ်းလျှောက်ထွက်ဖြစ်ပါတယ်။ Thor က ပန်းခြံထဲက သစ်ပင်တွေ၊ ရေတွေနဲ့ အတူ နေရတာ ကြိုက်ပြီး တစ်ပတ်ကို အသားနှပ် ၄ကြိမ်လောက် စားသုံးတတ်ပါတယ်။ ကျန်တဲ့ ရက်တွေမှာတော့ ကြွက်နဲ့ သစ်သီးတွေကိုစားသုံးတတ်ပါတယ်။

ရာသီဥတု ပူနွေးတဲ့အခါ Thor က တက်ကြွတတ်ပြီး ရာသီဥတု အေးရင်တော့ သိပ့်တက်ကြွပုံမပေါ်ဘူးလို့ သိရပါတယ်။ သူ့ကို ဖော်ဖော်ရွေရွေနဲ့ ကိုင်တွယ် ထိကြည့်လို့ရပါတယ်၊ သူ့အနေနဲ့ ဘာအန္တရာယ်မျိုးမှ မပေးပါဘူးလို့ ဂယ်ရီစမစ်က ဆိုထားပါတယ်။ Thor နဲ့ အတူ လမ်းလျှောက်ခွင့် ပြုထားပေးမဲ့ ဒါဘီမြို့တော်ကောင်စီကိုတော့ အခုချိန်ထိ တားမြစ်ပေးဖို့ တိုင်စာတွေ တက်နေတုန်းလို့လည်း သိရပါတယ်။

၁၈၇မိုင်ဝေးတဲ့ ဆေးရုံကို အမေနဲ့ညီ တင်ပြီး စက်ဘီးဖြင့်လိုက်ပို့ပေးတဲ့ ၁၃နှစ်အရွယ်ကောင်လေး

#Lifestyle_Myanmar

#Thar_Nage

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here