အလုပ်အတွက် အင်တာဗျူးဖြေဖို့သွားတဲ့အခါမှာ ဝတ်စားဆင်ယင်မှုနဲ့ပတ်သက်လို့ သိထားသင့်တဲ့ အရာများ

0
297

ကိုယ့်ဘဝအတွက် အသက်မွေးဝမ်းကြောင်းအလုပ်ဖြစ်စေဖို့အတွက် အင်တာဗျူးသွားဖြေတယ်ဆိုတာဟာ ကိုယ်လျှောက်ထားတဲ့အလုပ်ကို ဘယ်လောက်တောင်လိုချင်တယ်ဆိုတဲ့အကြောင်းကို အင်တာဗျူးမယ့် အထက်လူကြီးကို ပြသနိုင်မယ့် အခွင့်အရေးပဲဖြစ်ပါတယ်။ CV Form ထဲမှာဖြည့်စွက်ထားတဲ့ ကိုယ့်ရဲ့ပညာအရည်အချင်းတွေအပြင် အင်တာဗျူးသွားဖြေမယ့် ကိုယ့်ရဲ့ပုံစံကလည်း ကိုယ်အလုပ်ရမရဆိုတဲ့အပေါ်မှာ မူတည်နေပါတယ်။ အင်တာဗျူးအတွက် စကားတစ်ခွန်းမှမဟရသေးခင်မှာ ကိုယ်ဝတ်သွားတဲ့အဝတ်အစားကို အရင်ကြည့်ပြီးတော့ သုံးသပ်ချက်တွေပြုလုပ်ပြီးနေပါပြီ။ ဒါကြောင့် အလုပ်အင်တာဗျူးသွားတဲ့အခါ အကောင်းဆုံးလုပ်နိုင်ပြီး အလုပ်သေချာပေါက်ရဖို့အတွက် အဝတ်အစားနဲ့ပတ်သက်လို့ ဆင်ခြင်သင့်တဲ့အမှားနဲ့အမှန်တွေကို ပြောပြပေးချင်ပါတယ်။

ကုမ္ပဏီနဲ့ပတ်သက်လို့ သေချာလေ့လာသွားပါ

ကုမ္ပဏီနဲ့ပတ်သက်လို့ ခေါ်ယူထားတဲ့အလုပ်အကြောင်းအရာနဲ့ပတ်သက်လို့ သေချာလေ့လာပြီးသွားပြီဆိုရင် သေချာလိုက်ဖက်တဲ့အဝတ်အစားကို ရွေးချယ်ဝတ်ဆင်သွားပါ။ ကုမ္ပဏီရဲ့အရောင်နဲ့ဆင်တူတဲ့ အဝတ်အစားကိုဝတ်ဆင်သွားခြင်းကလည်း အထောက်အကူဖြစ်စေပြီး ကုမ္ပဏီနဲ့ပတ်သက်လို့ သေချာကောင်းကောင်းသိတယ်ဆိုတာကို ပြသရာရောက်ပါတယ်။

ပြိုင်ဘက်ကုမ္ပဏီမှ ပစ္စည်းတစ်ခုခုကို ဝတ်ဆင်မသွားပါနဲ့

အထူးသဖြင့် ကိုယ်ကဖက်ရှင်ကုမ္ပဏီကို ဝင်ဖို့ကြိုးစားနေသူတစ်ယောက်ဆိုရင် ပြိုင်ဘက်ကုမ္ပဏီက အသုံးအဆောင်ပစ္စည်းတွေနဲ့ အဝတ်အစားတွေကို လုံးဝမဝတ်သွားမိပါစေနဲ့။ ဖက်ရှင်ကုမ္ပဏီမဟုတ်ဘူးဆိုရင်တော့ ပြိုင်ဘက်ရဲ့အရောင်ကို ဝတ်ဆင်ခြင်းမှ ရှောင်ကြဉ်ပါ။

ခြေတစ်လှမ်းသွက်နေပါ

ကုမ္ပဏီတွေအကုန်လုံးမှာ သူတို့ရဲ့ဝတ်စားဆင်ယင်မှုပုံစံတွေ ကိုယ်စီရှိကြပါတယ်။ ကိုယ်အင်တာဗျူးသွားဖြေမယ့် ကုမ္ပဏီရဲ့ဝတ်စားဆင်ယင်ပုံတွေကို သိအောင်လုပ်ပြီးတော့ ထိုပုံစံအတိုင်းဆင်တူတဲ့ အဝတ်အစားကိုဝတ်ဆင်သွားပါ။ ဒါ့အပြင် နောက်ထပ်အရေးကြီးတဲ့တစ်ချက်ကတော့ သေသေချာချာမီးပူတိုက်ပြီးသား အဝတ်အစားတွေကို ဝတ်ဆင်သွားခြင်းက ကိုယ့်ကိုအင်တာဗျူးမယ့်သူအမြင်မှာ တင့်တယ်စေပါတယ်။

သက်သောင့်သက်သာရှိစေမယ့် အဝတ်အစားတွေကိုသာ ဝတ်ဆင်ပါ

ကိုယ်ဝတ်သွားတဲ့အဝတ်အစားက သက်သောင့်သက်သာမရှိလို့ နေရထိုင်ရတာ အဆင်မပြေဘူးဆိုရင် အင်တာဗျူးဖြေတဲ့အခါ အာရုံတွေထွေပြားပြီးတော့ စကားတွေလည်းအလွဲလွဲအမှားမှားတွေ ပြောမိနိုင်ပါတယ်။ ဒီလိုမဖြစ်စေဖို့အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေပြီး သက်သောင့်သက်သာရှိစေမယ့် အဝတ်အစားကိုဝတ်ဆင်ပါ။

ကိုယ်သင်းရနံ့ကိုဂရုစိုက်ပါ

ဆံပင်တွေကို သေချာဖြီးလိမ်းသန့်စင်ကာ တစ်ကိုယ်ရည်သန့်ရှင်းရေးကို သေချာဂရုစိုက်သွားပါ။ ကိုယ့်ဆီကကိုယ်သင်းနံ့မကောင်းဘူးဆိုရင် အင်တာဗျူးတောင်မဖြေလိုက်ရဘဲနဲ့ ချက်ချင်းကျသွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ်နဲ့စကားပြောရတာ အဆင်ပြေချောမွေ့စေဖို့အတွက် အဝတ်အစားအပြင် ကိုယ်သင်းနံ့နဲ့ အပြင်အဆင်ကိုလည်း ဂရုစိုက်ရပါမယ်။

ဒါပေမယ့်လည်း အင်မတန်အနံ့ပြင်းတဲ့ရေမွှေးတွေသုံးခြင်း မိတ်ကပ်ထူထူကြီးတွေလိမ်းခြင်းကိုရှောင်ပါ

ညဖက်ပါတီပွဲတွေသွားမယ့်ပုံစံအတိုင်း မိတ်ကပ်ကြီးထူလပြစ်လိမ်းသွားလို့မဖြစ်ပါဘူး။ မိတ်ကပ်လိမ်းထားမှန်းတောင် သိပ်ပြီးမသိသာတဲ့ သဘာဝဆန်ဆန် မိတ်ကပ်ပါးပါးလေးတွေကိုသာ လိမ်းခြယ်သွားပါ။ ဒါ့အပြင် ရဲရဲတောက်အရောင်ရှိတဲ့ နှုတ်ခမ်းနီတွေမဆိုးပါနဲ့။ နောက်တချက်ကတော့ တချို့အထက်လူကြီးတွေမှာ အလက်ဂျစ်တွေရှိနိုင်တာကြောင့် အင်မတန်အနံ့ပြင်းတဲ့ရေမွှေးတွေအသုံးပြုခြင်းကို အထူးရှောင်ရှားပါ။

#Lifestyle_Myanmar

#Thinzar

Ref-stylistinpocket

Zawgyi Font

အလုပ္အတြက္ အင္တာဗ်ဴးေျဖဖို႔သြားတဲ့အခါမွာ ဝတ္စားဆင္ယင္မႈနဲ႔ပတ္သက္လို႔ သိထားသင့္တဲ့ အရာမ်ား

ကိုယ့္ဘဝအတြက္ အသက္ေမြးဝမ္းေၾကာင္းအလုပ္ျဖစ္ေစဖို႔အတြက္ အင္တာဗ်ဴးသြားေျဖတယ္ဆိုတာဟာ ကိုယ္ေလွ်ာက္ထားတဲ့အလုပ္ကို ဘယ္ေလာက္ေတာင္လိုခ်င္တယ္ဆိုတဲ့အေၾကာင္းကို အင္တာဗ်ဴးမယ့္ အထက္လူႀကီးကို ျပသႏိုင္မယ့္ အခြင့္အေရးပဲျဖစ္ပါတယ္။ CV Form ထဲမွာျဖည့္စြက္ထားတဲ့ ကိုယ့္ရဲ႕ပညာအရည္အခ်င္းေတြအျပင္ အင္တာဗ်ဴးသြားေျဖမယ့္ ကိုယ့္ရဲ႕ပုံစံကလည္း ကိုယ္အလုပ္ရမရဆိုတဲ့အေပၚမွာ မူတည္ေနပါတယ္။ အင္တာဗ်ဴးအတြက္ စကားတစ္ခြန္းမွမဟရေသးခင္မွာ ကိုယ္ဝတ္သြားတဲ့အဝတ္အစားကို အရင္ၾကည့္ၿပီးေတာ့ သုံးသပ္ခ်က္ေတြျပဳလုပ္ၿပီးေနပါၿပီ။ ဒါေၾကာင့္ အလုပ္အင္တာဗ်ဴးသြားတဲ့အခါ အေကာင္းဆုံးလုပ္ႏိုင္ၿပီး အလုပ္ေသခ်ာေပါက္ရဖို႔အတြက္ အဝတ္အစားနဲ႔ပတ္သက္လို႔ ဆင္ျခင္သင့္တဲ့အမွားနဲ႔အမွန္ေတြကို ေျပာျပေပးခ်င္ပါတယ္။

ကုမၸဏီနဲ႔ပတ္သက္လို႔ ေသခ်ာေလ့လာသြားပါ

ကုမၸဏီနဲ႔ပတ္သက္လို႔ ေခၚယူထားတဲ့အလုပ္အေၾကာင္းအရာနဲ႔ပတ္သက္လို႔ ေသခ်ာေလ့လာၿပီးသြားၿပီဆိုရင္ ေသခ်ာလိုက္ဖက္တဲ့အဝတ္အစားကို ေ႐ြးခ်ယ္ဝတ္ဆင္သြားပါ။ ကုမၸဏီရဲ႕အေရာင္နဲ႔ဆင္တူတဲ့ အဝတ္အစားကိုဝတ္ဆင္သြားျခင္းကလည္း အေထာက္အကူျဖစ္ေစၿပီး ကုမၸဏီနဲ႔ပတ္သက္လို႔ ေသခ်ာေကာင္းေကာင္းသိတယ္ဆိုတာကို ျပသရာေရာက္ပါတယ္။

ၿပိဳင္ဘက္ကုမၸဏီမွ ပစၥည္းတစ္ခုခုကို ဝတ္ဆင္မသြားပါနဲ႔

အထူးသျဖင့္ ကိုယ္ကဖက္ရွင္ကုမၸဏီကို ဝင္ဖို႔ႀကိဳးစားေနသူတစ္ေယာက္ဆိုရင္ ၿပိဳင္ဘက္ကုမၸဏီက အသုံးအေဆာင္ပစၥည္းေတြနဲ႔ အဝတ္အစားေတြကို လုံးဝမဝတ္သြားမိပါေစနဲ႔။ ဖက္ရွင္ကုမၸဏီမဟုတ္ဘူးဆိုရင္ေတာ့ ၿပိဳင္ဘက္ရဲ႕အေရာင္ကို ဝတ္ဆင္ျခင္းမွ ေရွာင္ၾကဥ္ပါ။

ေျခတစ္လွမ္းသြက္ေနပါ

ကုမၸဏီေတြအကုန္လုံးမွာ သူတို႔ရဲ႕ဝတ္စားဆင္ယင္မႈပုံစံေတြ ကိုယ္စီရွိၾကပါတယ္။ ကိုယ္အင္တာဗ်ဴးသြားေျဖမယ့္ ကုမၸဏီရဲ႕ဝတ္စားဆင္ယင္ပုံေတြကို သိေအာင္လုပ္ၿပီးေတာ့ ထိုပုံစံအတိုင္းဆင္တူတဲ့ အဝတ္အစားကိုဝတ္ဆင္သြားပါ။ ဒါ့အျပင္ ေနာက္ထပ္အေရးႀကီးတဲ့တစ္ခ်က္ကေတာ့ ေသေသခ်ာခ်ာမီးပူတိုက္ၿပီးသား အဝတ္အစားေတြကို ဝတ္ဆင္သြားျခင္းက ကိုယ့္ကိုအင္တာဗ်ဴးမယ့္သူအျမင္မွာ တင့္တယ္ေစပါတယ္။

သက္ေသာင့္သက္သာရွိေစမယ့္ အဝတ္အစားေတြကိုသာ ဝတ္ဆင္ပါ

ကိုယ္ဝတ္သြားတဲ့အဝတ္အစားက သက္ေသာင့္သက္သာမရွိလို႔ ေနရထိုင္ရတာ အဆင္မေျပဘူးဆိုရင္ အင္တာဗ်ဴးေျဖတဲ့အခါ အာ႐ုံေတြေထြျပားၿပီးေတာ့ စကားေတြလည္းအလြဲလြဲအမွားမွားေတြ ေျပာမိႏိုင္ပါတယ္။ ဒီလိုမျဖစ္ေစဖို႔အတြက္ ကိုယ့္ကိုယ္ကို ယုံၾကည္မႈရွိေစၿပီး သက္ေသာင့္သက္သာရွိေစမယ့္ အဝတ္အစားကိုဝတ္ဆင္ပါ။

ကိုယ္သင္းရနံ႔ကိုဂ႐ုစိုက္ပါ

ဆံပင္ေတြကို ေသခ်ာၿဖီးလိမ္းသန႔္စင္ကာ တစ္ကိုယ္ရည္သန႔္ရွင္းေရးကို ေသခ်ာဂ႐ုစိုက္သြားပါ။ ကိုယ့္ဆီကကိုယ္သင္းနံ႔မေကာင္းဘူးဆိုရင္ အင္တာဗ်ဴးေတာင္မေျဖလိုက္ရဘဲနဲ႔ ခ်က္ခ်င္းက်သြားႏိုင္ပါတယ္။ ဒါေၾကာင့္ ကိုယ္နဲ႔စကားေျပာရတာ အဆင္ေျပေခ်ာေမြ႕ေစဖို႔အတြက္ အဝတ္အစားအျပင္ ကိုယ္သင္းနံ႔နဲ႔ အျပင္အဆင္ကိုလည္း ဂ႐ုစိုက္ရပါမယ္။

ဒါေပမယ့္လည္း အင္မတန္အနံ႔ျပင္းတဲ့ေရေမႊးေတြသုံးျခင္း မိတ္ကပ္ထူထူႀကီးေတြလိမ္းျခင္းကိုေရွာင္ပါ

ညဖက္ပါတီပြဲေတြသြားမယ့္ပုံစံအတိုင္း မိတ္ကပ္ႀကီးထူလျပစ္လိမ္းသြားလို႔မျဖစ္ပါဘူး။ မိတ္ကပ္လိမ္းထားမွန္းေတာင္ သိပ္ၿပီးမသိသာတဲ့ သဘာဝဆန္ဆန္ မိတ္ကပ္ပါးပါးေလးေတြကိုသာ လိမ္းျခယ္သြားပါ။ ဒါ့အျပင္ ရဲရဲေတာက္အေရာင္ရွိတဲ့ ႏႈတ္ခမ္းနီေတြမဆိုးပါနဲ႔။ ေနာက္တခ်က္ကေတာ့ တခ်ိဳ႕အထက္လူႀကီးေတြမွာ အလက္ဂ်စ္ေတြရွိႏိုင္တာေၾကာင့္ အင္မတန္အနံ႔ျပင္းတဲ့ေရေမႊးေတြအသုံးျပဳျခင္းကို အထူးေရွာင္ရွားပါ။

#Lifestyle_Myanmar

#Thinzar

Ref-stylistinpocket

LEAVE A REPLY

Please enter your comment!
Please enter your name here