အလုပ်သေချာပေါက်ရစေဖို့အတွက် အင်တာဗျူးသွားမဖြေခင် ကြိုတင်ပြင်ဆင်ထားရမယ့် အချက်လေးတွေ

0
110

တခြားသူတွေရဲ့လုပ်ငန်းမှာ ဝန်ထမ်းအဖြစ်လုပ်ကိုင်ဖူးသူတွေက ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့အခါ ပိုင်ရှင်ကောင်း၊ ခေါင်းဆောင်ကောင်းတွေဖြစ်တတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ သူတို့လည်း ဒီလိုအခက်အခဲတွေကို ကြုံဖူးကြလို့ပါပဲ။ ကုမ္ပဏီတစ်ခုမှာပဲဖြစ်ဖြစ် လုပ်ငန်းတစ်ခုမှာပဲဖြစ်ဖြစ် အလုပ်ရဖို့ အင်တာဗျူးသွားတဲ့အခါ ကိုယ့်ကို သဘောကျလာအောင် ဘယ်လိုအချက်တွေကို ပြင်ဆင်ရမလဲဆိုတာ မျှဝေပေးလိုက်ပါတယ်နော်။

-Advertisement-

လေ့ကျင့်ပါ ပြင်ဆင်ပါ

အလုပ်အင်တာဗျူးသွားတဲ့အခါ ဘယ်လိုမေးခွန်းတွေမေးလာနိုင်မလဲဆိုတာ ပြင်ဆင်ပါ။ အဖြေတွေကို လေ့ကျင့်ကြည့်ပါ။ သွက်သွက်လက်လက်ဖြေနိုင်ဖို့ကြိုးစားပါ။ တခြားသူ ကိုယ့်ကို တခုခုမေးလာတဲ့အခါ သွက်သွက်လက်လက်နဲ့ ပြန်ဖြေနိုင်တာကလည်း သင့်ကို အလုပ်ရှင်က သဘောကျစေတဲ့အချက်တစ်ခုဖြစ်ပါတယ်။ ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင်တော့ အဆင်ပြေမှာပါ။ သူပြောတာကို သေချာနားထောင်ပါ။ အကောင်းဆုံးအဖြေပေးပါ။

အင်တာဗျူးတဲ့သူနဲ့ ဆက်ဆံရေးပိုကောင်းမွန်အောင်တည်ဆောက်ပါ

ကိုယ့်ကို အင်တာဗျူးလုပ်တဲ့သူနဲ့ ရင်းရင်းနှီးနှီးစကားပြောပါ။ သူ့ရဲ့ နာမည်ကို စုံစမ်းပြီး သိထားရင်ပိုကောင်းပါတယ်။ သူ့ကို လေးစားမှုနဲ့ မ ဘယ်သူ၊ ကို ဘယ်သူဆိုပြီး သုံးနှုန်းတာမျိုးက သင့်ကို သဘောကျစေပါတယ်။

ကိုယ်အလုပ်လျှောက်မယ့်ကုမ္ပဏီအကြောင်းလေ့လာထားပါ

တချို့ အင်တာဗျူးတဲ့သူတွေက သူတို့ ကုမ္ပဏီအကြောင်း သင်ဘယ်လောက်သိထားသလဲ၊ သင်ဘယ်လောက်အထိ စိတ်ဝင်စားမှုရှိသလဲဆိုတဲ့ မေးခွန်းကို မေးတတ်ကြပါတယ်။ ဒါ့ကြောင့် ကိုယ်လုပ်မယ့် ကုမ္ပဏီအကြောင်းကို လေ့လာထားသင့်ပါတယ်။

အသေးစိတ်ကအစ ကြိုတင် ပြင်ဆင်ပါ

အင်တာဗျူးဖို့ ချိန်းထားတဲ့အချိန်ထက် နောက်ကျပြီး မရောက်ပါစေနဲ့။ ပြီးတော့ ကိုယ်အင်တာဗျူးသွားတဲ့အခါ အဝတ်အစားကို သပ်သပ်ရပ်ရပ်ဝတ်ဆင်ပါ။ အဝတ်အစား သပ်သပ်ရပ်ရပ်ဝတ်ဆင်တာကလည်း အဲဒီအလုပ်အပေါ် ကိုယ်ဘယ်လောက် အလေးထားသလဲဆိုတာကို ပြသနေတာဖြစ်ပါတယ်။ ညကတည်းက ကိုယ်ဘာဝတ်မလဲဆိုတာ ပြင်ဆင်ထားပါ။

တည်တည်ငြိမ်ငြိမ်နဲ့ဖြေနိုင်အောင်ကြိုးစားပါ

အင်တာဗျူးမဖြေခင်မှာ စိတ်ကိုလျှော့ထားပါ။ အတတ်နိုင်ဆုံး တည်ငြိမ်အောက်ထားပါ။ ကိုယ့်ရဲ့ စကားပြောတဲ့ ကိုယ်ဟန်အမူအယာကလည်း အရေးပါတယ်ဆိုတာကို သတိထားပါ။

အင်တာဗျူးဖြေပြီးတိုင်းနောက်ဆက်တွဲ စကားပြောပါ

အင်တာဗျူးဖြေပြီးတိုင်း ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားကို ထည့်ပြောပေးပါ။ အင်တာဗျူးတွေအားလုံး ဖြေပြီးမှ ကျေးဇူးပါလို့ သုံးနှုန်းလို့ရပါတယ်။

#Lifestyle_Myanmar

#Thinzar

Ref- thebalancecareers

LEAVE A REPLY

Please enter your comment!
Please enter your name here