အလုပ်လုပ်ရင်း ကိုယ်အလေးချိန်ကို အလွယ်တကူလျော့ချနိုင်တဲ့ နည်းလမ်း ၃မျိုး

0
0
ကိုယ်အလေးချိန်လျော့ချဖို့အတွက်
ကိုယ်အလေးချိန်လျော့ချဖို့အတွက်

ကိုယ်လက်လှုပ်လှုပ်ရှားရှားလုပ်ရတဲ့ အလုပ်မဟုတ်ဘဲ အထိုင်များတဲ့ အလုပ်ကို လုပ်တဲ့အခါ အလိုလိုနေရင် ကိုယ်အလေးချိန်က တက်တက်လာလေ့ရှိပါတယ်။ အထိုင်များတဲ့အခါ ဗိုက်ခေါက်မှာ အဆီတွေစုလာတာမျိုး၊ ပေါင်းလုံးတွေ တုတ်လာတာမျိုး စတဲ့ ကိုယ်အလေးချိန် တိုးတာတွေဖြစ်ပေါ်လာနိုင်ပါတယ်။ ကိုယ်တိုင်ကလည်း Gym သွားကစားရမှာပျင်းနေတဲ့အခါ ဝိတ်က ကျဖို့ မရှိတော့ဘဲ တစ်နေ့တခြားဖက်တီးလာတော့တာပါပဲ။ ဒါကြောင့် အလုပ်လုပ်နေရင်းနဲ့ ဝိတ်လျော့ကျနိုင်မဲ့ နည်းလမ်း ၃မျိုးကို လမ်းညွှန်ပေးလိုက်ပါတယ်။

၁။ အသက်ရှူတဲ့အခါ

ပုံမှန် သက်သောက်သက်သာ အသက်ရှူခြင်းမျိုးမဟုတ်ဘဲ ဝမ်းဗိုက်ကြွက်သားတွေ လှုပ်ရှားမှုရှိအောင် အသက်ရှူတဲ့အခါ ဝမ်းဗိုက်ကို ပူလိုက် ဖောင်းလိုက်နဲ့ အသက်ကို ရှူထုတ်ပေးလိုက်ပါ။ ထိုကဲ့သို့ အသက်ရှူခြင်းက ဝမ်းဗိုက်ကြွက်သားမှာရှိတဲ့အဆီတွေကို လောင်ကျွမ်စေပြီး ကြွက်သားတွေကို ပိုပြီး သန်မာလာစေပါတယ်။

၂။ ရေချိုးတဲ့အခါ

ဒီနည်းလမ်းက မကြာခဏအသုံးပြုနေကျ အတော်လေးကို ရိုးရှင်းတဲ့နည်းလမ်းလေးပဲဖြစ်ပါတယ်။ ရေချိုးတဲ့အခါ ရေပူနဲ့ ချိုးပြီးတဲ့အခါ ရေအေးနဲ့ တစ်ဖန်ပြန်ချိုးပေးတာပဲဖြစ်ပါတယ်။ ရေပူကို ၁၀၄ ဒီဂရီဖာရင်ဟိုက်လောက်နဲ့ ၃-၄မိနစ်လောက် ချိုးပေးလိုက်ပါ။ ပြီးတဲ့အခါ ရေအေးကို ၇၃-၇၇ ဒီဂရီဖာရင်ဟိုက် လောက်ထားပြီး စက္ကန့် ၄၀လောက် ပြန်ချိုးပေးပါ။ ထိုကဲ့သို ပုံမှန်ချိုးပေးခြင်းက အလေးချိန်ကို လျော့ကျစေရုံသာမက အဝလွန်းခြင်း၊ Vegetovascular ကမောက်ကမဖြစ်မှုတွေ၊ သွေးတိုးရောဂါရှိတဲ့သူတွေ၊ တင်ပါးဆုံနဲ့ ပေါင်တွင်း အဆီခဲတွေရှိနေသူတွေအတွက်လည်း အဆင်ပြေစေပါတယ်။

၃။ နိပ်နယ်ပေးခြင်း

အဆီတွေကို ချေဖျက်နိုင်တဲ့ အရာတွေကတော့ အဆီရှိတဲ့ ပေါင်၊ ခါး စတဲ့နေရာတွေကို စုပ်ခွက်ဖြင့် နှိပ်ပေးခြင်း၊ လက်ဖြင့် နှိပ်ချေပေးခြင်း၊ ရေသောက်ခြင်း၊ ပျားရည်သုံးဆောင်ခြင်းတို့ပဲဖြစ်ပါတယ်။ ဝမ်းဗိုက်/ခါး မှာရှိတဲ့အဆီတွေကို ချေဖျက်ဖို့အတွက် ပထမဦးစွာ ထိုနေရာတစ်ဝှိုက် ပူနွေးလာအောင် အရင် လက်ဖြင့် ပွတ်သပ်ပေးပါ။ ပြီးတဲ့အခါ အဆီရှိတဲ့နေရာတစ်ဝှိုက်ကို စက်ဝိုင်းပုံစံ ပတ်ချာလည် ပတ်ပြီးလက်ဖြင့် ဖိနှိပ်ပေးပါ။ ၁-၂မိနစ်လောက် အချိန်ပေးပြီး အပတ်ရေ ၃၀-၄၀ လောက်ရအောင် လှည့်ပတ်ပြီး ဖိနှိပ်ပေးပါ။

#Lifestyle_Myanmar

#Thar_Nage

အိပ်ယာထဲမှာတင် ထိရောက်လွယ်ကူစွာ အဆီချနိုင်မယ့် လေ့ကျင့်ခန်း

Zawgyi fonts

အလုပ္လုပ္ရင္း ကိုယ္အေလးခ်ိန္ကို အလြယ္တကူေလ်ာ့ခ်နိုင္တဲ့ နည္းလမ္း ၃မ်ိဳး
ကိုယ္လက္လွုပ္လွုပ္ရွားရွားလုပ္ရတဲ့ အလုပ္မဟုတ္ဘဲ အထိုင္မ်ားတဲ့ အလုပ္ကို လုပ္တဲ့အခါ အလိုလိုေနရင္ ကိုယ္အေလးခ်ိန္က တက္တက္လာေလ့ရွိပါတယ္။ အထိုင္မ်ားတဲ့အခါ ဗိုက္ေခါက္မွာ အဆီေတြစုလာတာမ်ိဳး၊ ေပါင္းလုံးေတြ တုတ္လာတာမ်ိဳး စတဲ့ ကိုယ္အေလးခ်ိန္ တိုးတာေတြျဖစ္ေပၚလာနိုင္ပါတယ္။ ကိုယ္တိုင္ကလည္း Gym သြားကစားရမွာပ်င္းေနတဲ့အခါ ဝိတ္က က်ဖို႔ မရွိေတာ့ဘဲ တစ္ေန႔တျခားဖက္တီးလာေတာ့တာပါပဲ။ ဒါေၾကာင့္ အလုပ္လုပ္ေနရင္းနဲ႔ ဝိတ္ေလ်ာ့က်နိုင္မဲ့ နည္းလမ္း ၃မ်ိဳးကို လမ္းညႊန္ေပးလိုက္ပါတယ္။

၁။ အသက္ရွူတဲ့အခါ

ပုံမွန္ သက္ေသာက္သက္သာ အသက္ရွူျခင္းမ်ိဳးမဟုတ္ဘဲ ဝမ္းဗိုက္ႂကြက္သားေတြ လွုပ္ရွားမွုရွိေအာင္ အသက္ရွူတဲ့အခါ ဝမ္းဗိုက္ကို ပူလိုက္ ေဖာင္းလိုက္နဲ႔ အသက္ကို ရွူထုတ္ေပးလိုက္ပါ။ ထိုကဲ့သို႔ အသက္ရွူျခင္းက ဝမ္းဗိုက္ႂကြက္သားမွာရွိတဲ့အဆီေတြကို ေလာင္ကၽြမ္ေစၿပီး ႂကြက္သားေတြကို ပိုၿပီး သန္မာလာေစပါတယ္။

၂။ ေရခ်ိဳးတဲ့အခါ

ဒီနည္းလမ္းက မၾကာခဏအသုံးျပဳေနက် အေတာ္ေလးကို ရိုးရွင္းတဲ့နည္းလမ္းေလးပဲျဖစ္ပါတယ္။ ေရခ်ိဳးတဲ့အခါ ေရပူနဲ႔ ခ်ိဳးၿပီးတဲ့အခါ ေရေအးနဲ႔ တစ္ဖန္ျပန္ခ်ိဳးေပးတာပဲျဖစ္ပါတယ္။ ေရပူကို ၁၀၄ ဒီဂရီဖာရင္ဟိုက္ေလာက္နဲ႔ ၃-၄မိနစ္ေလာက္ ခ်ိဳးေပးလိုက္ပါ။ ၿပီးတဲ့အခါ ေရေအးကို ၇၃-၇၇ ဒီဂရီဖာရင္ဟိုက္ ေလာက္ထားၿပီး စကၠန္႔ ၄၀ေလာက္ ျပန္ခ်ိဳးေပးပါ။ ထိုကဲ့သို ပုံမွန္ခ်ိဳးေပးျခင္းက အေလးခ်ိန္ကို ေလ်ာ့က်ေစ႐ုံသာမက အဝလြန္းျခင္း၊ Vegetovascular ကေမာက္ကမျဖစ္မွုေတြ၊ ေသြးတိုးေရာဂါရွိတဲ့သူေတြ၊ တင္ပါးဆုံနဲ႔ ေပါင္တြင္း အဆီခဲေတြရွိေနသူေတြအတြက္လည္း အဆင္ေျပေစပါတယ္။

၃။ နိပ္နယ္ေပးျခင္း

အဆီေတြကို ေခ်ဖ်က္နိုင္တဲ့ အရာေတြကေတာ့ အဆီရွိတဲ့ ေပါင္၊ ခါး စတဲ့ေနရာေတြကို စုပ္ခြက္ျဖင့္ ႏွိပ္ေပးျခင္း၊ လက္ျဖင့္ ႏွိပ္ေခ်ေပးျခင္း၊ ေရေသာက္ျခင္း၊ ပ်ားရည္သုံးေဆာင္ျခင္းတို႔ပဲျဖစ္ပါတယ္။ ဝမ္းဗိုက္/ခါး မွာရွိတဲ့အဆီေတြကို ေခ်ဖ်က္ဖို႔အတြက္ ပထမဦးစြာ ထိုေနရာတစ္ဝွိုက္ ပူေႏြးလာေအာင္ အရင္ လက္ျဖင့္ ပြတ္သပ္ေပးပါ။ ၿပီးတဲ့အခါ အဆီရွိတဲ့ေနရာတစ္ဝွိုက္ကို စက္ဝိုင္းပုံစံ ပတ္ခ်ာလည္ ပတ္ၿပီးလက္ျဖင့္ ဖိႏွိပ္ေပးပါ။ ၁-၂မိနစ္ေလာက္ အခ်ိန္ေပးၿပီး အပတ္ေရ ၃၀-၄၀ ေလာက္ရေအာင္ လွည့္ပတ္ၿပီး ဖိႏွိပ္ေပးပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here