အလုပ်သစ်ရှာတာ အချိန်ကြာလာပြီဆိုရင် ကိုယ့်ကိုယ်ကို ပြန်မေးဖြစ်လေ့ရှိတာက “ငါ ဘာလို့အလုပ်မရသေးတာလဲ” ဆိုတာပါပဲ။ တကယ်တော့ အလုပ်မရသေးတဲ့ အကြောင်းအရင်းကို ပြောပါဆိုရင် အခုလိုအကြောင်းတွေကြောင့် ဖြစ်ပါလိမ့်မယ်။
(၁) အလုပ်ရွေးလွန်းခြင်း
အလုပ်လုပ်မယ်ဆိုရင် ကိုယ့်ရဲ့ ကျွမ်းကျင်မှူနဲ့ရှေ့လျှောက်အသက်မွေးဝမ်းကြောင်းကို အထောက်အကူပြုမယ့် အလုပ်မျိုးကို လျှောက်ရမှာပါ။ဒါပေမယ့် အလုပ်ရွေးလွန်းတာကြောင့်လည်းအလုပ်မရတာတွေ ရှိနိုင်ပါတယ်။ လုပ်ခလစာ ၊ အလုပ်နေရာ နဲ့ကုမ္ဗဏီပေါ်လိုက်ပြီး အလုပ် ဂျေးများရင်လည်း အလုပ်ရဖို့ခက်တတ်ပါတယ်။
(၂) Skill မမှီလို့
အလုပ်တစ်ခုလျှောက်ရာမှာ ကိုယ်တိုင်ဟာ အဲဒီအလုပ်ကခေါ်တဲ့ လိုအပ်ချက်တွေနဲ့ပြည့်မှီသူ ဖြစ်ဖို့လိုပါတယ်။ ကိုယ်လျှောက်လိုက်တဲ့ အလုပ်နဲ့လိုက်ဖက်တဲ့ ကျွမ်းကျင်မှူနဲ့လုပ်သက်အရည်အချင်းတွေ မရှိရင်လည်း အလုပ်ရဖို့မလွယ်ပါဘူး။

(၃) အဆက်အသွယ် မရှိတာ
အလုပ်ရှာချိန်မှာ အဆက်အသွယ်ရှိတဲ့သူနဲ့မရှိတဲ့သူအလုပ်ရတာချင်း ကွာသလို အလုပ်ရရင်လည်း လစာအနည်းအများ ကွာသွားတာ လက်တွေ့ပါပဲ။ဒါကြောင့် အလုပ်လုပ်ရင် လူမှူဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ပါ။ ဆိုရှယ်မီဒီယာတွေမှာရော ၊ LinkedIn လို ပရော်ဖက်ရှင်နယ် အလုပ်ရှာဖွေရေး ပလက်ဖောင်းတွေမှာပါ အသိအကျွမ်းတွေ များများရှိအောင်ကြိုးစားသင့်ပါတယ်။
(၄) CV ကောင်းကောင်း မရေးထားခြင်း
Resume / CV စတဲ့ အလုပ်လျှောက်လွှာတစ်ခုဟာ အလုပ်လျှောက်သူတိုင်းအတွက် အင်တာဗျူးခန်းကို ဝင်ခွင့်ရမယ့် သော့တစ်ချောင်းဆိုလည်း မမှားပါဘူး။ ကိုယ့်ရဲ့ လုပ်သက်နဲ့လုပ်ငန်းဆိုင်ရာ အရည်အချင်းတွေအကြောင်းအပြည့်အစုံ ရေးသားထားတဲ့ CV တစ်စောင်ဟာကိုယ့်ကိုအလုပ်ပေးနိုင်တဲ့ အစွမ်းရှိတယ်ဆိုတာ သတိရသင့်ပါတယ်။

Lifestyle_Myanmar
ref-indeed