အလုပ်စဝင်တဲ့နေ့မှာပဲ ပညာပြလိုက်တဲ့ အိမ်မြောင်ကြောင့် အံ့အားသင့်သွားတဲ့ ဆရာဝန်မလေး

0
245
Varanya Nganthavee

ဘယ်လောက်ပဲ အကျွမ်းတဝင်ရှိတဲ့ အလုပ်ပဲဖြစ်ပါစေ ပထမဦးဆုံး အလုပ်စဆင်းတဲ့ နေ့ကိုတော့ လူတိုင်းလိုလို စိတ်လှုပ်ရှားတတ်တာ သဘာဝပါပဲ။ ယခုလည်း ထိုင်းနိုင်ငံ ဘန်ကောက်ဆေးရုံမှာ အလုပ်ဝင်နေတဲ့ အသက် ၂၅နှစ်အရွယ် ဒေါက်တာမလေး Varanya Nganthavee ဟာ သူမအလုပ်အလုပ်စဝင်တဲ့နေ့မှာပြ အံ့အားသင့်စရာအဖြစ်နဲ့ ကြုံတွေ့ခဲ့ရပါတယ်။

-Advertisement-

ယခုကာလဟာ သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ကြောင့် လူတော်တော်များများ စိတ်ပူနေကြသလို ဆရာဝန်တွေအနေနဲ့လည်း လူနာရှင်အမြောက်အများနဲ့ နေ့စဉ် လုံးပန်းနေရပါတယ်။ ယခုအဖြစ်အပျက်လေးကတော့ သူမဆေးရုံမှာ တာဝန်ကျစဉ် နောက်ဆုံးလူနာတစ်ဦးကြောင့် တုန်လှုပ်ခြောက်ခြားစရာအဖြစ်နဲ့ ကြုံတွေ့ခဲ့ရတာပါ။ ပြီးတဲ့အခါမှာတော့ ဒီအဖြစ်အပျက်လေးကို သူမရဲ့ အကောင့်ကနေတစ်ဆင့် ပြန်လည်မျှဝေပေးခဲ့ပါတယ်။

သူမအလုပ်စဝင်တဲ့နေ့မှာပဲ သူမဆီကို နားကိုက်လို့ဆိုပြီး လူနာတစ်ဦး ရောက်လာခဲ့ပါတယ်။ သူမလည်း လူနာရဲ့ အခြေအနေကို မေးကြည့်ပြီး နားအတွင်းကို Otoscope နဲ့ စစ်ဆေးကြည့်တဲ့အခါမှာတော့ တကယ့်ကို အံ့အားသင့်သွားခဲ့ပါတယ်။ ဒါကတော့ အဆိုပါ လူနာရှင်ရဲ့ နားအတွင်းမှာ အိမ်မြောင်တစ်ကောင် ဝင်နေခဲ့တာကို တွေ့လိုက်ရလို့ပဲဖြစ်ပါတယ်။

သူမလည်း စိတ်တင်းပြီး လူနာ နားအတွင်းက အိမ်မြောင်ကို ဇာဂနာဖြင့် ခဲရခဲဆစ်ဆွဲထုတ်ခဲ့ရပါတယ်။ ဆွဲထုတ်တဲ့နေရာမှာ နားစည်ကို မထိအောင် စွဲထုတ်ရတာကြောင့် အတွေ့အကြုံ မရင့်ကျက်သေးတဲ့ သူမအတွက်တကယ့်ကို စိတ်လှုပ်ရှားစရာတစ်ခုပါ။ ဒါပေမဲ့ နောက်ဆုံးမှာတော့ လူနာနားအတွင်းက အိမ်မြောင်ကို အောင်အောင်မြင်မြင်နဲ့ ဖယ်ရှားနိုင်ခဲ့ပါတယ်။

ထူးဆန်းတာက အဆိုပါအိမ်မြောင်ဟာ အပြင်ရောက်တဲ့အထိ အသက်ရှင်နေပါသေးတယ်။ အိမ်မြောင်ဟာ ဒီအပေါက်ကျဉ်းတဲ့ နားအတွင်းမှာ ဘယ်လို အသက်ရှင်နေသလဲဆိုတော့ တကယ့်ကို အံ့သြစရာပါပဲ။ ဒါပေမဲ့ သူမဆွဲထုတ်လိုက်တဲ့ အိမ်မြောင်ဟာ အမြီးမပါပါဘူး။ ပင်ကိုယ်ကတည်းက အမြီးပြတ်နေရင်ကိစ္စမရှိပေမဲ့ နားထဲရောက်မှ ပြတ်ကျန်ခဲ့တယ်ဆိုရင်တော့ လူနားအတွက် စိုးရိပ်စရာပါ။ ဒါ့ကြောင့် နောက်နေ့မှာ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကု ဆရာဝန်တွေဆီ သွားပြပေးဖို့ သူနာကို အကြံပေးခဲ့ပါတယ်။

နောက်ထပ်တစ်ရက်မှာတော့ လူနာရဲ့ နားထဲမှာလည်း ဘာမှမရှိတော့ဘဲ ဝေဒနာက အရှင်း သက်သာသွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်နဲ့ပတ်သတ်ပြီး သူမလို အလုပ်သင်ဆရာဝန်မလေးကို အထက်ဆရာဝန်ကြီးတွေက ချီးကျူးပေးကြတဲ့အတွက် အရမ်းကို ဝမ်းသာပီတိဖြစ်မိတယ်လို့ သူမရဲ့ facebook အကောင့်မှာ ရေးသားထားခဲ့ပါတယ်။

#Lifestyle_Myanmar

#Thar_Nage

ဝမ်းနည်းစရာကောင်းတဲ့ မိသားစု ရာဇဝင်ရှိခဲ့သူ K-Pop အိုင်ဒေါ (၈)ယောက်

Zawgyi fonts

အလုပ္စဝင္တဲ့ေန႔မွာပဲ ပညာျပလိုက္တဲ့ အိမ္ေျမာင္ေၾကာင့္ အံ့အားသင့္သြားတဲ့ ဆရာဝန္မေလး
ဘယ္ေလာက္ပဲ အကၽြမ္းတဝင္ရွိတဲ့ အလုပ္ပဲျဖစ္ပါေစ ပထမဦးဆုံး အလုပ္စဆင္းတဲ့ ေန႔ကိုေတာ့ လူတိုင္းလိုလို စိတ္လွုပ္ရွားတတ္တာ သဘာဝပါပဲ။ ယခုလည္း ထိုင္းနိုင္ငံ ဘန္ေကာက္ေဆး႐ုံမွာ အလုပ္ဝင္ေနတဲ့ အသက္ ၂၅ႏွစ္အရြယ္ ေဒါက္တာမေလး Varanya Nganthavee ဟာ သူမအလုပ္အလုပ္စဝင္တဲ့ေန႔မွာၿပ အံ့အားသင့္စရာအျဖစ္နဲ႔ ၾကဳံေတြ႕ခဲ့ရပါတယ္။

ယခုကာလဟာ ေသြးလြန္တုပ္ေကြးဗိုင္းရပ္စ္ေၾကာင့္ လူေတာ္ေတာ္မ်ားမ်ား စိတ္ပူေနၾကသလို ဆရာဝန္ေတြအေနနဲ႔လည္း လူနာရွင္အေျမာက္အမ်ားနဲ႔ ေန႔စဥ္ လုံးပန္းေနရပါတယ္။ ယခုအျဖစ္အပ်က္ေလးကေတာ့ သူမေဆး႐ုံမွာ တာဝန္က်စဥ္ ေနာက္ဆုံးလူနာတစ္ဦးေၾကာင့္ တုန္လွုပ္ေျခာက္ျခားစရာအျဖစ္နဲ႔ ၾကဳံေတြ႕ခဲ့ရတာပါ။ ၿပီးတဲ့အခါမွာေတာ့ ဒီအျဖစ္အပ်က္ေလးကို သူမရဲ့ အေကာင့္ကေနတစ္ဆင့္ ျပန္လည္မၽွေဝေပးခဲ့ပါတယ္။

သူမအလုပ္စဝင္တဲ့ေန႔မွာပဲ သူမဆီကို နားကိုက္လို႔ဆိုၿပီး လူနာတစ္ဦး ေရာက္လာခဲ့ပါတယ္။ သူမလည္း လူနာရဲ့ အေျခအေနကို ေမးၾကည့္ၿပီး နားအတြင္းကို Otoscope နဲ႔ စစ္ေဆးၾကည့္တဲ့အခါမွာေတာ့ တကယ့္ကို အံ့အားသင့္သြားခဲ့ပါတယ္။ ဒါကေတာ့ အဆိုပါ လူနာရွင္ရဲ့ နားအတြင္းမွာ အိမ္ေျမာင္တစ္ေကာင္ ဝင္ေနခဲ့တာကို ေတြ႕လိုက္ရလို႔ပဲျဖစ္ပါတယ္။

သူမလည္း စိတ္တင္းၿပီး လူနာ နားအတြင္းက အိမ္ေျမာင္ကို ဇာဂနာျဖင့္ ခဲရခဲဆစ္ဆြဲထုတ္ခဲ့ရပါတယ္။ ဆြဲထုတ္တဲ့ေနရာမွာ နားစည္ကို မထိေအာင္ စြဲထုတ္ရတာေၾကာင့္ အေတြ႕အၾကဳံ မရင့္က်က္ေသးတဲ့ သူမအတြက္တကယ့္ကို စိတ္လွုပ္ရွားစရာတစ္ခုပါ။ ဒါေပမဲ့ ေနာက္ဆုံးမွာေတာ့ လူနာနားအတြင္းက အိမ္ေျမာင္ကို ေအာင္ေအာင္ျမင္ျမင္နဲ႔ ဖယ္ရွားနိုင္ခဲ့ပါတယ္။

ထူးဆန္းတာက အဆိုပါအိမ္ေျမာင္ဟာ အျပင္ေရာက္တဲ့အထိ အသက္ရွင္ေနပါေသးတယ္။ အိမ္ေျမာင္ဟာ ဒီအေပါက္က်ဥ္းတဲ့ နားအတြင္းမွာ ဘယ္လို အသက္ရွင္ေနသလဲဆိုေတာ့ တကယ့္ကို အံ့ၾသစရာပါပဲ။ ဒါေပမဲ့ သူမဆြဲထုတ္လိုက္တဲ့ အိမ္ေျမာင္ဟာ အၿမီးမပါပါဘူး။ ပင္ကိုယ္ကတည္းက အၿမီးျပတ္ေနရင္ကိစၥမရွိေပမဲ့ နားထဲေရာက္မွ ျပတ္က်န္ခဲ့တယ္ဆိုရင္ေတာ့ လူနားအတြက္ စိုးရိပ္စရာပါ။ ဒါ့ေၾကာင့္ ေနာက္ေန႔မွာ နား၊ ႏွာေခါင္း၊ လည္ေခ်ာင္းအထူးကု ဆရာဝန္ေတြဆီ သြားျပေပးဖို႔ သူနာကို အႀကံေပးခဲ့ပါတယ္။

ေနာက္ထပ္တစ္ရက္မွာေတာ့ လူနာရဲ့ နားထဲမွာလည္း ဘာမွမရွိေတာ့ဘဲ ေဝဒနာက အရွင္း သက္သာသြားခဲ့ပါတယ္။ ဒီအျဖစ္အပ်က္နဲ႔ပတ္သတ္ၿပီး သူမလို အလုပ္သင္ဆရာဝန္မေလးကို အထက္ဆရာဝန္ႀကီးေတြက ခ်ီးက်ဴးေပးၾကတဲ့အတြက္ အရမ္းကို ဝမ္းသာပီတိျဖစ္မိတယ္လို႔ သူမရဲ့ facebook အေကာင့္မွာ ေရးသားထားခဲ့ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here