အလကားဆို ဘာမှမလိုချင်လို့ အသက် ၈၈နှစ်အထိ အလုပ်လုပ်နေတဲ့ စစ်မှုထမ်းဟောင်းအဖိုးကြီး

0
58
စစ်မှုထမ်းဟောင်း

ငယ်ငယ်လေးထဲက မပျင်းမရိ အလုပ်လုပ်ပြီး ကိုယ့်ဝမ်းကိုကျောင်းလာသူဟာ အသက်ကြီးသွားလို့ အိမ်မှာ အနားယူနေရင်လဲ ကိုယ့်ကိုကိုယ် ပိုက်ဆံထိုင်ဖြုန်းနေတယ်လို့ ထင်မိကြပါတယ်။ သားသမီးတွေဆီကလည်း လက်ဖြန့် တောင်းရတာမျိုးကို မလိုလာသူတွေဖြစ်တဲ့အတွက်ကြောင့် သားသမီးတွေက အနားယူခိုင်းရင်တော့ မနားချင်ကြပါဘူး။ လုပ်နိုင်သမျှအလုပ်ကို အစွမ်းကုန်လုပ်နေဦးမှာပါပဲ။

-Advertisement-

ဒီလို လူမျိုးတွေထဲမှာ အသက် ၈၈နှစ်အရွယ် ကိုရီးယား စစ်မှုထမ်းဟောင်းကြီး Park Rae Jung လည်း အပါအဝင်ပါပဲ။ သူဟာ စစ်သားဟောင်းကြီးတစ်ယောက်ဖြစ်သလို အလုပ်ကနေ အနားယူလိုက်ပေမဲ့ အပြင်မှာ သူလုပ်နိုင်တဲ့ အလုပ်ကို လုပ်ကိုင်ပြီး အသက်မွေးဝမ်းကျောင်းပြုနေပါသေးတယ်။ သူဟာ ကိုရီးယားစစ်ပွဲအတွင်း အသက်ရှင်ကျန်ရစ်ခဲ့တဲ့ စစ်သားတစ်ဦးဖြစ်သလို အခုချိန်မှာတော့ လက်တွန်းလှည်းလေးတစ်ခုနဲ့ ကတ်ထူစက္ကူအဟောင်းတွေ ရောင်းဝယ်တဲ့အလုပ်ကို လုပ်ကိုင်နေပါတယ်။

Park Rae Jung ဟာ ကောင်းကောင်းလမ်းမလျှောက်နိုင်တော့တဲ့ ဇနီးသည်ကို ထောက်ပံ့ရင် တစ်နေ့ကို ၁၁နာရီကြာအောင် အလုပ်လုပ်ပါတယ်။ သူ့ရဲ့ ဝင်ငွေကတော့ တစ်နေ့ကို ဝမ် ၁၅၀၀၀ (မမေရိကန်ဒေါ်လာ ၁၃) ဝန်းကျင်လောက်ရရှိပါတယ်။ အသက် ၈၈နှစ်ထိရှိနေပေမဲ့ non-stop အလုပ်လုပ်နိုင်နေတာကတော့ တကယ့်ကို ချီးကျူးချင်စရာပါ။

သူ့ရရှိတဲ့ ဝင်ငွေကိုတော့ ဆေးလိပ်တစ်ဖို့နဲ့ နေ့လယ်စာအတွက် တစ်နေ့ကို ဝမ် ၂၀၀ အသုံးပြုပါတယ်။ Park Rae Jung ရဲ့ ကြေကွဲဖွယ်မြင်ကွင်းကို Youtuber ကနေတစ်ဆင့် မြင်တွေသွားတဲ့ Jin Young Jin ဟာ သူ့အတွက် ဝမ် ၁သန်း ပေးလှူဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ Park Rae Jung က ငါမင်းအတွက် ဘာတစ်ခုမှ အလုပ်မလုပ်ပေးထား မရှိဘူး ဒါ့ကြောင့် ဒီငွေကို ယူသင့်တယ်လို့လည်း မထင်ဘူး။ ငါ လက်မခံပါရစေနဲ့ဆိုပြီး တောင်းပန်ခဲ့ပါတယ်။

အင်တာနက်သုံးစွဲသူအချို့ကတော့ Park Rae Jung ကို ကြည့်ပြီး စစ်မှုထမ်းဟောင်းတွေအတွက် အစိုးရဘက်က တစ်ခုခုပြုလုပ်ပေးဖို့ အသနားခံစားတင်နေကြပါပြီ။

#Lifestyle_Myanmar

#Thar_Nage

ဒူးရင်းသီးခိုးစားလို့ မျောက်ကို ကြိုးတုတ် ဆေးမှုတ်ပြီး ညစ်ပန်းနှိပ်စက်တဲ့ ခြံရှင်

Zawgyi Fonts

အလကားဆို ဘာမွမလိုခ်င္လို႔ အသက္ ၈၈ႏွစ္အထိ အလုပ္လုပ္ေနတဲ့ စစ္မွုထမ္းေဟာင္းအဖိုးႀကီး
ငယ္ငယ္ေလးထဲက မပ်င္းမရိ အလုပ္လုပ္ၿပီး ကိုယ့္ဝမ္းကိုေက်ာင္းလာသူဟာ အသက္ႀကီးသြားလို႔ အိမ္မွာ အနားယူေနရင္လဲ ကိုယ့္ကိုကိုယ္ ပိုက္ဆံထိုင္ျဖဳန္းေနတယ္လို႔ ထင္မိၾကပါတယ္။ သားသမီးေတြဆီကလည္း လက္ျဖန္႔ ေတာင္းရတာမ်ိဳးကို မလိုလာသူေတြျဖစ္တဲ့အတြက္ေၾကာင့္ သားသမီးေတြက အနားယူခိုင္းရင္ေတာ့ မနားခ်င္ၾကပါဘူး။ လုပ္နိုင္သမၽွအလုပ္ကို အစြမ္းကုန္လုပ္ေနဦးမွာပါပဲ။

ဒီလို လူမ်ိဳးေတြထဲမွာ အသက္ ၈၈ႏွစ္အရြယ္ ကိုရီးယား စစ္မွုထမ္းေဟာင္းႀကီး Park Rae Jung လည္း အပါအဝင္ပါပဲ။ သူဟာ စစ္သားေဟာင္းႀကီးတစ္ေယာက္ျဖစ္သလို အလုပ္ကေန အနားယူလိုက္ေပမဲ့ အျပင္မွာ သူလုပ္နိုင္တဲ့ အလုပ္ကို လုပ္ကိုင္ၿပီး အသက္ေမြးဝမ္းေက်ာင္းျပဳေနပါေသးတယ္။ သူဟာ ကိုရီးယားစစ္ပြဲအတြင္း အသက္ရွင္က်န္ရစ္ခဲ့တဲ့ စစ္သားတစ္ဦးျဖစ္သလို အခုခ်ိန္မွာေတာ့ လက္တြန္းလွည္းေလးတစ္ခုနဲ႔ ကတ္ထူစကၠဴအေဟာင္းေတြ ေရာင္းဝယ္တဲ့အလုပ္ကို လုပ္ကိုင္ေနပါတယ္။

Park Rae Jung ဟာ ေကာင္းေကာင္းလမ္းမေလၽွာက္နိုင္ေတာ့တဲ့ ဇနီးသည္ကို ေထာက္ပံ့ရင္ တစ္ေန႔ကို ၁၁နာရီၾကာေအာင္ အလုပ္လုပ္ပါတယ္။ သူ႔ရဲ့ ဝင္ေငြကေတာ့ တစ္ေန႔ကို ဝမ္ ၁၅၀၀၀ (မေမရိကန္ေဒၚလာ ၁၃) ဝန္းက်င္ေလာက္ရရွိပါတယ္။ အသက္ ၈၈ႏွစ္ထိရွိေနေပမဲ့ non-stop အလုပ္လုပ္နိုင္ေနတာကေတာ့ တကယ့္ကို ခ်ီးက်ဴးခ်င္စရာပါ။

သူ႔ရရွိတဲ့ ဝင္ေငြကိုေတာ့ ေဆးလိပ္တစ္ဖို႔နဲ႔ ေန႔လယ္စာအတြက္ တစ္ေန႔ကို ဝမ္ ၂၀၀ အသုံးျပဳပါတယ္။ Park Rae Jung ရဲ့ ေၾကကြဲဖြယ္ျမင္ကြင္းကို Youtuber ကေနတစ္ဆင့္ ျမင္ေတြသြားတဲ့ Jin Young Jin ဟာ သူ႔အတြက္ ဝမ္ ၁သန္း ေပးလွူဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ ဒါေပမဲ့ Park Rae Jung က ငါမင္းအတြက္ ဘာတစ္ခုမွ အလုပ္မလုပ္ေပးထား မရွိဘူး ဒါ့ေၾကာင့္ ဒီေငြကို ယူသင့္တယ္လို႔လည္း မထင္ဘူး။ ငါ လက္မခံပါရေစနဲ႔ဆိုၿပီး ေတာင္းပန္ခဲ့ပါတယ္။

အင္တာနက္သုံးစြဲသူအခ်ိဳ႕ကေတာ့ Park Rae Jung ကို ၾကည့္ၿပီး စစ္မွုထမ္းေဟာင္းေတြအတြက္ အစိုးရဘက္က တစ္ခုခုျပဳလုပ္ေပးဖို႔ အသနားခံစားတင္ေနၾကပါၿပီ။

LEAVE A REPLY

Please enter your comment!
Please enter your name here