Home General Knowledge အရှက်အကြောက်ကြီးတတ်သူတွေ ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိလာစေမယ့် နည်းလမ်း ၁၃ချက်

အရှက်အကြောက်ကြီးတတ်သူတွေ ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိလာစေမယ့် နည်းလမ်း ၁၃ချက်

0
1

အရှက်အကြောက်ကြီးတတ်တာဟာ ပေါင်းသင်းဆက်ဆံရေးနဲ့အောင်မြင်ရေးမှာ ကြီးမားတဲ့အနှောက်အယှက်တစ်ခု ဖြစ်သကဲ့သို့ အရာရာကိုစိုးရိမ်ကြောင့်ကြမှု လွန်ကဲတဲ့ ခံစားချက်တွေကိုလည်း ခံစားရနိုင်ပါတယ်။ ပထမဆုံး ဒီလိုရှက်တတ်တာဟာ သင်တစ်ယောက်တည်း မဟုတ်ပဲ လူ ၁၀ ယောက်မှာ ၄ယောက်က ယခုလိုမျိုး’ ခံစားချက်ရှိနေတာကို သိရှိသင့်ပါတယ်။ ဒါပေမယ့် သတင်းကောင်းကတော့ ဒီလိုရှက်တတ်တဲ့ စိတ်ကို ကျော်လွှာနိုင်ဖို့အတွက် နည်းလမ်းရှိပါတယ်။ သင်ကိုယ်တိုင် အချိန်အားထုတ်မှုနဲ့ပြောင်းလဲလိုတဲ့ ဆန္ဒသာရှိရင် ယခုလိုရှက်ကြောက်နေတဲ့ စိတ်ကိုသေချာပေါက်ပြောင်းလဲနိုင်ပါလိမ့်မယ်။
၁။ မပြောပါနှင့်
သင့်ရဲ့ ရှက်ကြောက်တတ်တဲ့ စိတ်အကြောင်းကို ကြော်ငြာနေဖို့ မလိုအပ်ပါဘူး၊ သင်နဲ့သိရှိပြီးတဲ့သူတွေ တောင်မှသင်ရဲ့ရှက်ကြောက်တတ်တဲ့ စိတ်အကြောင်းကို မသိရင် အခြားမသိရှိသေးတဲ့သူတွေဆို သတိတောင်ထားမိကြမှာ မဟုတ်ပါဘူး။

၂။ စိတ်ကိုထိန်းချုပ်ပါ
တစ်စုံတစ်ခုကြောင့် ရှက်စိတ်ဖြစ်ပေါ်လာတာနဲ့ သင့်ရဲ့စိတ်ကို ထိန်းပြီးပြောဖို့ မမေ့ပါနဲ့။ တကယ်လို့ဆွေးနွေးမှုတွေကြုံလာရင် ရွှင်ရွှင်မြူးမြူးနဲ့ စတင်ပြီးပြောဖို့ ကြိုးစားကြည့်ပါ။

၃။ လေသံကို ပြောင်းပါ
နေရတာ သက်တောင့်သက်သာ မဖြစ်တာကြောင့် သင်မျက်နှာပျက်မလို ဖြစ်နေတာဟာ ရှက်ကြောက်ခြင်းကြောင့် မဖြစ်ပါစေနဲ့။ ဒီလိုအချိန်မှာ လေသံကိုပြောင်းပြီး အေးဆေးစွာပြောဖို့ ကြိုးစားပါ။

၄။ ကိုယ့်ကိုယ်ကို တံဆိပ်မကပ်ပါနှင့်
ကိုယ့်ကိုယ်ကို အရှက်ကြီးသူအဖြစ် တံဆိပ်မကပ်မိဖို့ အရေးကြီးပါတယ်။ ဒါဟာ သင့်ရဲ့ကိုယ်ပိုင်ထူးခြားတဲ့ ဝိသေသလက္ခဏာမဟုတ်ပဲ လူတိုင်းဖြစ်လေ့ရှိတဲ့ အရာဖြစ်ကြောင်း သိရှိဖို့ လိုပါတယ်။

၅။ ကိုယ့်ရဲ့ အားသာချက်ကို သိရှိပါ
သင့်ရဲ့ကောင်းတဲ့ အရည်အချင်းတွေကို စာရင်းပြုစုပါ။ ဒီလိုသင့်ရဲ့အားသာချက်တွေကို အချိန်တိုင်းအမှတ်ရနေခြင်းက သင့်ကိုပိုပြီး confidence ရှိစေပါတယ်။

၆။ ဆက်ဆံရေးတိုင်းကို ဂရုစိုက်ပြီးရွေးချယ်ပါ
ရှက်တတ်တဲ့သူတွေအတွက် သူငယ်ချင်းနည်းနည်းနဲ့ အရမ်းခင်မင်တဲ့ သူငယ်ချင်းတွေ ပိုလိုအပ်ပါတယ်။ ဒီလိုသူငယ်ချင်းတွေဟာ သင့်ဘဝအတွက် နွေးထွေးမှု၊ အာတက်မှုတွေ ပေးနိုင်တဲ့အပြင် ရှက်တတ်တဲ့စိတ်ကို ပြေပျောက်ဖို့ အထောက်အကူဖြစ်စေတဲ့အတွက် သူတို့ကိုအချိန်ပေးပါ။

၇။ စနောက်တတ်သူတွေ အနိုင်ကျင့်တတ်သူတွေနဲ့ ဝေးဝေးမှာနေပါ
အကျင့်မကောင်းတဲ့ သူတွေနဲ့ ပေါင်းသင်းခြင်းကို ရှောင်ရှားဖို့လည်း လိုအပ်ပါတယ်။

၈။ ဂရုစိုက်ပြီး စောင့်ကြည့်ပါ
ယခုလိုမျိုး ရှက်တတ်တဲ့စိတ်ဟာ သင်တစ်ယောက်တည်းမဟုတ်ပဲ လူတိုင်ဟာ တစ်ယောက်တစ်မျိုးစီ စိတ်မသက်သာမှုတွေ ခံစားနေရကြောင်း သိရှိပြီး အရမ်းကြီးအလေးအနက် မထားမိဖို့ လိုပါတယ်။

၉။ မကောင်းတဲ့ အခိုက်အတန့်တစ်ခုဟာ မကောင်းတဲ့နေ့မဟုတ်ကြောင်း သတိရပါ
ရှက်တတ်တဲ့သူ အများစုဟာ အဆင်မပြေမှုတစ်ခုကို စိတ်ထဲစွဲနေတတ်ပြီး တစ်နေ့တာလုံး လိုက်လံခံစားနေတာကြောင့် အဆင်မပြေမှုတွေ ဆက်တိုက်ဖြစ်လာစေပါတယ်။

၁၀။ အောက်ကိုစိုက်ကြည့်ပါ
တစ်ခါတစ်လေ သင်ကြောက်စိတ်ဖြစ်လာတဲ့အခါ အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ မျက်နှာကိုအောက်စိုက်ပြီး စိုက်ကြည့်ခြင်းဖြင့် ကြောက်ရွံ့မှုကို လျော့နည်းသွားစေပါတယ်။

ကြောက်ရွံ့မှုဟာ အောင်မြင်မှုရဲ့ အရံအတားတစ်ခုဖြစ်တာကြောင့် သင်ကိုယ်တိုင် ဂရုစိုက်ကြိုးစားပြီး အမြဲတမ်း ဖယ်ထုတ်ပစ်ဖို့ ကြိုးစားနေဖို့ လိုပါတယ်။

LM_Naung_Naung
Lifestyle_Myanmar

Zawgyi font

အရွက္အေၾကာက္ႀကီးတတ္တာဟာ ေပါင္းသင္းဆက္ဆံေရးနဲ႔ေအာင္ျမင္ေရးမွာ ႀကီးမားတဲ့အေႏွာက္အယွက္တစ္ခု ျဖစ္သကဲ့သို႔ အရာရာကိုစိုးရိမ္ေၾကာင့္ၾကမႈ လြန္ကဲတဲ့ ခံစားခ်က္ေတြကိုလည္း ခံစားရႏိုင္ပါတယ္။ ပထမဆုံး ဒီလိုရွက္တတ္တာဟာ သင္တစ္ေယာက္တည္း မဟုတ္ပဲ လူ ၁၀ ေယာက္မွာ ၄ေယာက္က ယခုလိုမ်ိဳး’ ခံစားခ်က္ရွိေနတာကို သိရွိသင့္ပါတယ္။ ဒါေပမယ့္ သတင္းေကာင္းကေတာ့ ဒီလိုရွက္တတ္တဲ့ စိတ္ကို ေက်ာ္လႊာႏိုင္ဖို႔အတြက္ နည္းလမ္းရွိပါတယ္။ သင္ကိုယ္တိုင္ အခ်ိန္အားထုတ္မႈနဲ႔ေျပာင္းလဲလိုတဲ့ ဆႏၵသာရွိရင္ ယခုလိုရွက္ေၾကာက္ေနတဲ့ စိတ္ကိုေသခ်ာေပါက္ေျပာင္းလဲႏိုင္ပါလိမ့္မယ္။
၁။ မေျပာပါႏွင့္
သင့္ရဲ႕ ရွက္ေၾကာက္တတ္တဲ့ စိတ္အေၾကာင္းကို ေၾကာ္ျငာေနဖို႔ မလိုအပ္ပါဘူး၊ သင္နဲ႔သိရွိၿပီးတဲ့သူေတြ ေတာင္မွသင္ရဲ႕ရွက္ေၾကာက္တတ္တဲ့ စိတ္အေၾကာင္းကို မသိရင္ အျခားမသိရွိေသးတဲ့သူေတြဆို သတိေတာင္ထားမိၾကမွာ မဟုတ္ပါဘူး။

၂။ စိတ္ကိုထိန္းခ်ဳပ္ပါ
တစ္စုံတစ္ခုေၾကာင့္ ရွက္စိတ္ျဖစ္ေပၚလာတာနဲ႔ သင့္ရဲ႕စိတ္ကို ထိန္းၿပီးေျပာဖို႔ မေမ့ပါနဲ႔။ တကယ္လို႔ေဆြးေႏြးမႈေတြႀကဳံလာရင္ ႐ႊင္႐ႊင္ျမဴးျမဴးနဲ႔ စတင္ၿပီးေျပာဖို႔ ႀကိဳးစားၾကည့္ပါ။

၃။ ေလသံကို ေျပာင္းပါ
ေနရတာ သက္ေတာင့္သက္သာ မျဖစ္တာေၾကာင့္ သင္မ်က္ႏွာပ်က္မလို ျဖစ္ေနတာဟာ ရွက္ေၾကာက္ျခင္းေၾကာင့္ မျဖစ္ပါေစနဲ႔။ ဒီလိုအခ်ိန္မွာ ေလသံကိုေျပာင္းၿပီး ေအးေဆးစြာေျပာဖို႔ ႀကိဳးစားပါ။

၄။ ကိုယ့္ကိုယ္ကို တံဆိပ္မကပ္ပါႏွင့္
ကိုယ့္ကိုယ္ကို အရွက္ႀကီးသူအျဖစ္ တံဆိပ္မကပ္မိဖို႔ အေရးႀကီးပါတယ္။ ဒါဟာ သင့္ရဲ႕ကိုယ္ပိုင္ထူးျခားတဲ့ ဝိေသသလကၡဏာမဟုတ္ပဲ လူတိုင္းျဖစ္ေလ့ရွိတဲ့ အရာျဖစ္ေၾကာင္း သိရွိဖို႔ လိုပါတယ္။

၅။ ကိုယ့္ရဲ႕ အားသာခ်က္ကို သိရွိပါ
သင့္ရဲ႕ေကာင္းတဲ့ အရည္အခ်င္းေတြကို စာရင္းျပဳစုပါ။ ဒီလိုသင့္ရဲ႕အားသာခ်က္ေတြကို အခ်ိန္တိုင္းအမွတ္ရေနျခင္းက သင့္ကိုပိုၿပီး confidence ရွိေစပါတယ္။

၆။ ဆက္ဆံေရးတိုင္းကို ဂ႐ုစိုက္ၿပီးေ႐ြးခ်ယ္ပါ
ရွက္တတ္တဲ့သူေတြအတြက္ သူငယ္ခ်င္းနည္းနည္းနဲ႔ အရမ္းခင္မင္တဲ့ သူငယ္ခ်င္းေတြ ပိုလိုအပ္ပါတယ္။ ဒီလိုသူငယ္ခ်င္းေတြဟာ သင့္ဘဝအတြက္ ေႏြးေထြးမႈ၊ အာတက္မႈေတြ ေပးႏိုင္တဲ့အျပင္ ရွက္တတ္တဲ့စိတ္ကို ေျပေပ်ာက္ဖို႔ အေထာက္အကူျဖစ္ေစတဲ့အတြက္ သူတို႔ကိုအခ်ိန္ေပးပါ။

၇။ စေနာက္တတ္သူေတြ အႏိုင္က်င့္တတ္သူေတြနဲ႔ ေဝးေဝးမွာေနပါ
အက်င့္မေကာင္းတဲ့ သူေတြနဲ႔ ေပါင္းသင္းျခင္းကို ေရွာင္ရွားဖို႔လည္း လိုအပ္ပါတယ္။

၈။ ဂ႐ုစိုက္ၿပီး ေစာင့္ၾကည့္ပါ
ယခုလိုမ်ိဳး ရွက္တတ္တဲ့စိတ္ဟာ သင္တစ္ေယာက္တည္းမဟုတ္ပဲ လူတိုင္ဟာ တစ္ေယာက္တစ္မ်ိဳးစီ စိတ္မသက္သာမႈေတြ ခံစားေနရေၾကာင္း သိရွိၿပီး အရမ္းႀကီးအေလးအနက္ မထားမိဖို႔ လိုပါတယ္။

၉။ မေကာင္းတဲ့ အခိုက္အတန္႔တစ္ခုဟာ မေကာင္းတဲ့ေန႔မဟုတ္ေၾကာင္း သတိရပါ
ရွက္တတ္တဲ့သူ အမ်ားစုဟာ အဆင္မေျပမႈတစ္ခုကို စိတ္ထဲစြဲေနတတ္ၿပီး တစ္ေန႔တာလုံး လိုက္လံခံစားေနတာေၾကာင့္ အဆင္မေျပမႈေတြ ဆက္တိုက္ျဖစ္လာေစပါတယ္။

၁၀။ ေအာက္ကိုစိုက္ၾကည့္ပါ
တစ္ခါတစ္ေလ သင္ေၾကာက္စိတ္ျဖစ္လာတဲ့အခါ အေကာင္းဆုံးနည္းလမ္းတစ္ခုကေတာ့ မ်က္ႏွာကိုေအာက္စိုက္ၿပီး စိုက္ၾကည့္ျခင္းျဖင့္ ေၾကာက္႐ြံ႕မႈကို ေလ်ာ့နည္းသြားေစပါတယ္။

ေၾကာက္႐ြံ႕မႈဟာ ေအာင္ျမင္မႈရဲ႕ အရံအတားတစ္ခုျဖစ္တာေၾကာင့္ သင္ကိုယ္တိုင္ ဂ႐ုစိုက္ႀကိဳးစားၿပီး အၿမဲတမ္း ဖယ္ထုတ္ပစ္ဖို႔ ႀကိဳးစားေနဖို႔ လိုပါတယ္။

LM_Naung_Naung
Lifestyle_Myanmar

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here