အရြယ္ေၾကာင့္ အိုမင္းလာမႈကို ေႏွးေကြးသြားေစမယ့္ အစားအစာ (၅)မ်ိဳး

0
1

 

သင္စားသံုးတဲ့ အစားအစာေတြက သင့္ရဲ႕စိတ္ပိုင္း႐ုပ္ပိုင္းကို သက္ေရာက္ေစတာ သိၿပီးသားျဖစ္မွာပါ။ သင္ဘာေၾကာင့္ ဝိတ္က်သြားလဲ သို႔မဟုတ္ ဝိတ္တက္လာလဲ ဆိုတာကို အျမဲပဲသတိထားမိႏိုင္ပါတယ္။ ဒီလိုပါပဲ သင္စားသံုးလိုက္တဲ့့ အာဟာရက သင့္ရဲ႕အသက္အရြယ္ေၾကာင့္ အရြယ္က်မႈကို မ်ားစြာသက္ေရာက္ေနၿပီး ငယ္ငယ္ရြယ္ရြယ္နဲ႔ အရြယ္က်ရျခင္းဟာလည္း စိတ္ပိုင္းဆိုင္ရာ၊ အရက္၊ေဆးလိပ္ တို႔အျပင္ အာဟာရေၾကာင့္ ျဖစ္ပါတယ္။ Junk food ေတြက သင့္ရဲ႕ ဇီဝျဖစ္မႈကိုပိုေႏွးေကြးေစၿပီး အသက္ႀကီးမႈကို ျမွင့္တင္ေပးပါလိမ့္မယ္။ သင့္ရဲ႕႐ုပ္ပိုင္း စိတ္ပိုင္းကို အျမဲႏုပ်ိဳေအာင္ ကူညီေပးႏိုင္တဲ့ အစားအစာ (၅) မ်ိဳးရွိပါတယ္။

၁။ ပဲမ်ိဳးစံုႏွင့္ ပဲဟင္း
ပဲမ်ိဳးစံုမွာ ဖိုင္ဘာႏွင့္ ပ႐ိုတိန္းၾကြယ္ဝစြာ ပါဝင္ၿပီး သင့္ရဲ႕ေသြးတြင္းသၾကားဓါတ္ပမာဏကို တည္ၿငိမ္ေအာင္ ကူညီေပးႏိုင္ပါတယ္။ ဖိုင္ဘာဓါတ္ဟာ ကၽြန္ေတာ္တို႔ကို ဆာေလာင္မႈမျဖစ္ေအာင္ ၾကာရွည္ထိန္းေပးထားၿပီး ပ႐ိုတိန္းက
ၾကြက္သားေတြကို တည္ေဆာက္ဖို႔နဲ႔ အဆီေတြကိုေလာင္ကၽြမ္းဖို႔သာမက စြမ္းအင္ေတြကို ျဖည့္တင္းေပးပါတယ္။ ပဲမွာ ဂလူစမစ္နည္းပါးတာေၾကာင့္ ေရာင္ရမ္းျခင္းနဲ႔ ဇီဝျဖစ္မႈေႏွးေကြးျခင္းကို မျဖစ္ေအာင္ကာကြယ္ေပးႏိုင္တာေၾကာင့္
ပဲမ်ားမ်ားစားသံုးျခင္းဟာ သင့္ကိုအရြယ္တင္ေစမွာပါ။

၂။ မုန္လာဥနီ
မုန္လာဥနီဟာ က်န္းမာေရးအတြက္ မ်ားစြာအေထာက္အကူျပဳတဲ့ အသီးအႏွံတစ္ခုျဖစ္ၿပီး beta-carotene လို႔ေခၚတဲ့ ေရာဂါကာကြယ္တဲ့ ဓါတ္ပစၥည္းေၾကာင့္ ကၽြန္ေတာ္တို႔ရဲ႕ ဆဲလ္ေတြရဲ႕ က်န္းမာေရးကို ေထာက္ပံ့ေပးၿပီး အေရျပားကို ပိုမိုႏုပ်ိဳေစပါတယ္။ မုန္လာဦနီမွာ ကင္ဆာကိုတိုက္ထုတ္ႏိုင္တဲ့ ဆန္႔က်င္ဓါတ္ပစၥည္းေတြလည္း ပါဝင္တာေၾကာင့္
မ်ားမ်ားစားသံုးေပးသင့္တဲ့ အစားအစာျဖစ္ပါတယ္။ ခ်က္ျပဳတ္ေၾကာ္ေလွာ္ၿပီး စားသံုးရင္ေတာ့ အာဟာရအခ်ိဳ႕ကို ဆံုး႐ႈံးႏိုင္ပါတယ္။ အစိမ္းတို႔စားတာပဲျဖစ္ျဖစ္ မက်က္တက်က္ အစိမ္းေက်ာ္လိုမ်ိဳး နဲ႔ သုပ္စားေပးရင္ ပိုေကာင္းပါတယ္။

၃။ Soy ထုတ္ကုန္မ်ား
ပဲပုပ္နဲ႔ ပဲႏို႕လို အစားအစာေတြက ကၽြန္ေတာ္တို႔ရဲ႕ အရြယ္တင္မႈကို ေထာက္ပံ့ေပးၿပီး ကင္ဆာကိုလည္း ကာကြယ္ေပးႏိုင္ပါတယ္။ တို႔ဟူးနဲ႔ ပဲျပားဟာ သက္သက္လႊတ္သမားေတြအတြက္ အရမ္းကို ေကာင္းမြန္ပါတယ္။ လိုအပ္တဲ့ ပ႐ိုတိန္းနဲ႔ အမိုင္ႏိုအက္ဆစ္ကို ပဲထုတ္ကုန္ေတြဆီကေန ရရွိပါလိမ့္မယ္။ ဒါ့အျပင္ ကယ္လစီယမ္၊ ေၾကးနီ၊ မဂၢနီဆီယမ္၊နဲ႔ ေဖာစေပါရတ္၊ ဇင့္ဓါတ္ တို႔ပါဝင္တာေၾကာင့္ ေရာဂါကာကြယ္မႈေတြအျပင္ အရြယ္တင္မႈကိုပါ ကူညီေပးႏိုင္ပါတယ္။

၄။ ေဆာ္လမြန္
အသက္အရြယ္ ႀကီးလာတာနဲ႔အမွ် ႏွလံုးနဲ႔ ဦးေႏွာက္ဟာ က်န္းမာေရးခ်ိဳ႕ယြင္းမႈရဲ႕ ပစ္မွတ္ျဖစ္လာပါတယ္။ ဒီကိစၥကို ေျဖရွင္းဖို႔ဆိုရင္ fatty acid ၾကြယ္ဝစြာပါဝင္တဲ့ ေဆာ္လမြန္ငါးကို ေမ့ထားလို႔မရပါဘူး။ သုေတသီေတြရဲ႕အဆိုအရ Omega3 Fatty Acid ဟာ က်န္းမာေရးအတြက္ မ်ားစြာအေထာက္အကူျပဳၿပီး အရြယ္တင္ေစႏိုင္ပါတယ္။ ေရခ်ိဳငါးေတြမွာလည္း ပိုတက္ဆီယမ္ ၾကြယ္ဝၿပီး ႏွလံုးေရာဂါျဖစ္မႈကို ကာကြယ္တားဆီးေပးႏိုင္ပါတယ္။ သင့္ရဲ႕ ေဟာ္မုန္းလုပ္ေဆာင္ခ်က္ေတြ၊ ဇီဝျဖစ္ပ်က္မႈေတြနဲ႔ သိုင္း႐ြိဳက္က်န္းမာေရးအတြက္ဆို  ေဆာ္လမြန္ငါးကို စားသံုးေပးျခင္းေၾကာင့္ သက္ရွည္က်န္းမာေစၿပီး ႏုပ်ိဳေစမွာျဖစ္ပါတယ္။

၅။ အရည္ရြမ္းတဲ့ အသီးမ်ား
သံပရာ၊ လိေမၼာ္သီး၊ ကၽြဲေကာသီး စပ်စ္သီး စတဲ့သစ္သီးေတြဟာလည္း အရြယ္က်မႈကို ကာကြယ္ေပးႏိုင္တဲ့ အစြမ္းရွိၿပီး ေရာဂါကာကြယ္ဖို႔အတြက္လည္း ကူညီေပးႏိုင္ပါတယ္။ ဗီတာမင္စီပါတဲ့ သစ္သီးေတြဟာ ေရာဂါကာကြယ္ေပးႏိုင္ၿပီး ေရာဂါကူးစက္ခံရမႈနဲ႔ ေရာင္ရမ္းမႈကိုလည္း ကန္႔သတ္ထိန္းခ်ဳပ္ေပးႏိုင္ပါတယ္။ ဒါ့အျပင္ အဆိုပါသစ္သီးေတြဟာ
ႏွလံုးေရာ၊ ကင္ဆာအမ်ိဳးမ်ိဳး နဲ႔ အသိအျမင္ခ်ိဳ႕ယြင္းမႈေတြကိုလည္း ကာကြယ္ေပးႏိုင္တာေၾကာင့္ အသက္ႀကီးသူေတြ မွီဝဲသင့္တဲ့ အစားအစာေတြပဲ ျဖစ္ပါတယ္။

ပင္လယ္ကမ္းေျခကို မၾကာခဏဆိုသလို သင္သြားေရာက္သင့္တဲ့ အေၾကာင္းရင္း (၃) ခ်က္

#LM_Nuang_Naung
#Lifestyle_Myanmar
Source – Poewrofpossitively

Unicode

အရွယ်ကြောင့် အိုမင်းလာမှုကို နှေးကွေးသွားစေမယ့် အစားအစာ (၅)မျိုး
သင်စားသုံးတဲ့ အစားအစာတွေက သင့်ရဲ့စိတ်ပိုင်းရုပ်ပိုင်းကို သက်ရောက်စေတာ သိပြီးသားဖြစ်မှာပါ။ သင်ဘာကြောင့် ဝိတ်ကျသွားလဲ သို့မဟုတ် ဝိတ်တက်လာလဲ ဆိုတာကို အမြဲပဲသတိထားမိနိုင်ပါတယ်။ ဒီလိုပါပဲ သင်စားသုံးလိုက်တဲ့ အာဟာရက သင့်ရဲ့အသက်အရွယ်ကြောင့် အရွယ်ကျမှုကို များစွာသက်ရောက်နေပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ အရွယ်ကျရခြင်းဟာလည်း စိတ်ပိုင်းဆိုင်ရာ၊ အရက်၊ဆေးလိပ် တို့အပြင် အာဟာရကြောင့် ဖြစ်ပါတယ်။ Junk food တွေက သင့်ရဲ့ ဇီဝဖြစ်မှုကိုပိုနှေးကွေးစေပြီး အသက်ကြီးမှုကို မြှင့်တင်ပေးပါလိမ့်မယ်။ သင့်ရဲ့ရုပ်ပိုင်း စိတ်ပိုင်းကို အမြဲနုပျိုအောင် ကူညီပေးနိုင်တဲ့ အစားအစာ (၅) မျိုးရှိပါတယ်။

၁။ ပဲမျိုးစုံနှင့် ပဲဟင်း
ပဲမျိုးစုံမှာ ဖိုင်ဘာနှင့် ပရိုတိန်းကြွယ်ဝစွာ ပါဝင်ပြီး သင့်ရဲ့သွေးတွင်းသကြားဓါတ်ပမာဏကို တည်ငြိမ်အောင် ကူညီပေးနိုင်ပါတယ်။ ဖိုင်ဘာဓါတ်ဟာ ကျွန်တော်တို့ကို ဆာလောင်မှုမဖြစ်အောင် ကြာရှည်ထိန်းပေးထားပြီး ပရိုတိန်းက
ကြွက်သားတွေကို တည်ဆောက်ဖို့နဲ့ အဆီတွေကိုလောင်ကျွမ်းဖို့သာမက စွမ်းအင်တွေကို ဖြည့်တင်းပေးပါတယ်။ ပဲမှာ ဂလူစမစ်နည်းပါးတာကြောင့် ရောင်ရမ်းခြင်းနဲ့ ဇီဝဖြစ်မှုနှေးကွေးခြင်းကို မဖြစ်အောင်ကာကွယ်ပေးနိုင်တာကြောင့်
ပဲများများစားသုံးခြင်းဟာ သင့်ကိုအရွယ်တင်စေမှာပါ။

၂။ မုန်လာဥနီ
မုန်လာဥနီဟာ ကျန်းမာရေးအတွက် များစွာအထောက်အကူပြုတဲ့ အသီးအနှံတစ်ခုဖြစ်ပြီး beta-carotene လို့ခေါ်တဲ့ ရောဂါကာကွယ်တဲ့ ဓါတ်ပစ္စည်းကြောင့် ကျွန်တော်တို့ရဲ့ ဆဲလ်တွေရဲ့ ကျန်းမာရေးကို ထောက်ပံ့ပေးပြီး အရေပြားကို ပိုမိုနုပျိုစေပါတယ်။ မုန်လာဦနီမှာ ကင်ဆာကိုတိုက်ထုတ်နိုင်တဲ့ ဆန့်ကျင်ဓါတ်ပစ္စည်းတွေလည်း ပါဝင်တာကြောင့်
များများစားသုံးပေးသင့်တဲ့ အစားအစာဖြစ်ပါတယ်။ ချက်ပြုတ်ကြော်လှော်ပြီး စားသုံးရင်တော့ အာဟာရအချို့ကို ဆုံးရှုံးနိုင်ပါတယ်။ အစိမ်းတို့စားတာပဲဖြစ်ဖြစ် မကျက်တကျက် အစိမ်းကျော်လိုမျိုး နဲ့ သုပ်စားပေးရင် ပိုကောင်းပါတယ်။

၃။ Soy ထုတ်ကုန်များ
ပဲပုပ်နဲ့ ပဲနို့လို အစားအစာတွေက ကျွန်တော်တို့ရဲ့ အရွယ်တင်မှုကို ထောက်ပံ့ပေးပြီး ကင်ဆာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ တို့ဟူးနဲ့ ပဲပြားဟာ သက်သက်လွှတ်သမားတွေအတွက် အရမ်းကို ကောင်းမွန်ပါတယ်။ လိုအပ်တဲ့ ပရိုတိန်းနဲ့ အမိုင်နိုအက်ဆစ်ကို ပဲထုတ်ကုန်တွေဆီကနေ ရရှိပါလိမ့်မယ်။ ဒါ့အပြင် ကယ်လစီယမ်၊ ကြေးနီ၊ မဂ္ဂနီဆီယမ်၊နဲ့ ဖောစပေါရတ်၊ ဇင့်ဓါတ် တို့ပါဝင်တာကြောင့် ရောဂါကာကွယ်မှုတွေအပြင် အရွယ်တင်မှုကိုပါ ကူညီပေးနိုင်ပါတယ်။

၄။ ဆော်လမွန်
အသက်အရွယ် ကြီးလာတာနဲ့အမျှ နှလုံးနဲ့ ဦးနှောက်ဟာ ကျန်းမာရေးချို့ယွင်းမှုရဲ့ ပစ်မှတ်ဖြစ်လာပါတယ်။ ဒီကိစ္စကို ဖြေရှင်းဖို့ဆိုရင် fatty acid ကြွယ်ဝစွာပါဝင်တဲ့ ဆော်လမွန်ငါးကို မေ့ထားလို့မရပါဘူး။ သုတေသီတွေရဲ့အဆိုအရ Omega3 Fatty Acid ဟာ ကျန်းမာရေးအတွက် များစွာအထောက်အကူပြုပြီး အရွယ်တင်စေနိုင်ပါတယ်။ ရေချိုငါးတွေမှာလည်း ပိုတက်ဆီယမ် ကြွယ်ဝပြီး နှလုံးရောဂါဖြစ်မှုကို ကာကွယ်တားဆီးပေးနိုင်ပါတယ်။ သင့်ရဲ့ ဟော်မုန်းလုပ်ဆောင်ချက်တွေ၊ ဇီဝဖြစ်ပျက်မှုတွေနဲ့ သိုင်းရွိုက်ကျန်းမာရေးအတွက်ဆို  ဆော်လမွန်ငါးကို စားသုံးပေးခြင်းကြောင့် သက်ရှည်ကျန်းမာစေပြီး နုပျိုစေမှာဖြစ်ပါတယ်။

၅။ အရည်ရွမ်းတဲ့ အသီးများ
သံပရာ၊ လိမ္မော်သီး၊ ကျွဲကောသီး စပျစ်သီး စတဲ့သစ်သီးတွေဟာလည်း အရွယ်ကျမှုကို ကာကွယ်ပေးနိုင်တဲ့ အစွမ်းရှိပြီး ရောဂါကာကွယ်ဖို့အတွက်လည်း ကူညီပေးနိုင်ပါတယ်။ ဗီတာမင်စီပါတဲ့ သစ်သီးတွေဟာ ရောဂါကာကွယ်ပေးနိုင်ပြီး ရောဂါကူးစက်ခံရမှုနဲ့ ရောင်ရမ်းမှုကိုလည်း ကန့်သတ်ထိန်းချုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အဆိုပါသစ်သီးတွေဟာ
နှလုံးရော၊ ကင်ဆာအမျိုးမျိုး နဲ့ အသိအမြင်ချို့ယွင်းမှုတွေကိုလည်း ကာကွယ်ပေးနိုင်တာကြောင့် အသက်ကြီးသူတွေ မှီဝဲသင့်တဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။

#LM_Nuang_Naung
#Lifestyle_Myanmar
Source – Poewrofpossitively

LEAVE A REPLY

Please enter your comment!
Please enter your name here