Home Health & Beauty အရေးအကြောင်းတွေကို ဖြစ်စေနိုင်တဲ့ ပျိုမေတို့ သတိမထားမိသော အလေ့အထများ

အရေးအကြောင်းတွေကို ဖြစ်စေနိုင်တဲ့ ပျိုမေတို့ သတိမထားမိသော အလေ့အထများ

0
2

မိန်းကလေးတိုင်းက ကိုယ့်အသားအရေလေး နူးညံချောမွတ်နေမှ စိတ်ချမ်းသာကြပါတယ်။ အရွယ်မတိုင်ခင် မျက်နှာမှာ အရေးအကြောင်းတွေ ပေါ်လာတာကို ဘယ်သူမှ မလိုချင်ကြပါဘူးနော်။ ဒါ့ကြောင့် ကျွန်မတို့ မိန်းကလေးတွေဟာ skincare တွေကို စျေးကြီးကြီးပေးပြီး ဝယ်သုံးကြရပါတယ်။

တစ်ခါတရံမှာ စျေးကြီးတဲ့ skincare တွေသုံးပေမယ့်လည်း ရလဒ်က သိသိသာသာ ထူးခြားမလာတာကို ကြုံရပါတယ်။ ဒါက အရေးအကြောင်းတွေ ဖြစ်လာစေဖို့ အားပေးနေတဲ့ ကျွန်မတို့ရဲ့ နေ့စဉ်ပြုလုပ်နေကျ အပြုအမှုတွေ၊ အလေ့အထတွေနှင့်လည်း သက်ဆိုင်နေတယ်လို့ အလှအပကျွမ်းကျင်သူများက ဆိုကြပါတယ်။ ဘယ်လို အလေ့အထတွေက အရေးအကြောင်းတွေ ဖြစ်လာစေတာလဲ?

၁။ မျက်နှာကို မကြာခဏ သစ်ခြင်း

အထူးသဖြင့် သင်ဟာ အဆီပြန်တဲ့သူ (သို့) ဝက်ခြံပေါက်နေတဲ့ ပေါင်းစပ်အသားအရေရှိသူဖြစ်လျှင် မျက်နှာအသားအရေကို သန့်သန့်ရှင်းရှင်း ထားတာက ကောင်းပါတယ်။
အလှအပကျွမ်းကျင်သူများက တစ်ပတ်ကို ၂ကြိမ်ထက်ပိုပြီး peel-off scrub ကို အသုံးမပြုသင့်ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် မျက်နှာကို လိုးရှင်းသို့မဟုတ် tonic water နှင့် နေ့စဉ် မသန့်ရှင်းသင့်ပါဘူး။ ဒီအရာတွေက အသားအရေကို အရမ်းခြောက်သွေ့စေပြီး အရေပြားရဲ့ ခုခံစွမ်းအားကို လျော့နည်းစေပါတယ်။

၂။ ခေါင်းအုံးနှင့် မျက်နှာအပ်ပြီး အိပ်ခြင်း

လူအတော်များများက မှောက်ခုံအိပ်ရတာကို ကြိုက်ကြပါတယ်။ ဒီလိုအိပ်ခြင်းဖြင့် အရေပြားဟာ ညဘက်မှာ အောက်ဆီဂျင် ဆုံးရှုံးပြီး ပုံမှန်လည်ပတ်မှုကို အတားအဆီးဖြစ်စေတာကြောင့် အသားအရေပျက်စီးစေပါတယ်။
ဒီလိုအန္တရာယ်ကို လျော့ချဖို့ တခြားအိပ်စက်ပုံအနေအထားကို ရွေးချယ်ပါ။ အကောင်းဆုံးက ခေါင်းအုံးတစ်လုံးအစား ဂငယ်ပုံစံ ကူရှင်အသေးတစ်ခုနှင့် ပက်လက်အိပ်သင့်ပါတယ်။ ဒီနည်းလမ်းက သင့်အရေပြားကို အချိန်ကြာကြာ နူးညံ့ချောမွေ့နေစေမှာပါ။ ဒါ့အပြင် သင့်လည်ပင်းကို အရမ်းကြီး တင်းကျပ်မနေစေတာကြောင့် ကောင်းကောင်းအိပ်ပျော်စေပါတယ်။

၃။ ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်တတ်တဲ့ မိန်းကလေး ရှားတာကြောင့် ဒါက ရှင်းပြဖို့မလိုတော့ပါဘူး။ နီကိုတင်းနှင့် ကတ္တရာစေးက အသားအရေကို ခြောက်သွ့စေတာကြောင့် ဆေးလိပ်သောက်ခြင်းက အရေးအကြောင်းတွေကို ဖြစ်ပေါ်စေပါတယ်။

၄။ မိတ်ကပ်အလွန်အကျွံလိမ်းခြင်း

တစ်နေ့လုံး မျက်နှာပေါ်မှာ cosmetics ထူထူကြီး လိမ်းချယ်ခြင်းဟာ အသားအရေကို အောက်ဆီဂျင်ရယူခြင်းမှ တားဆီးပေးပါတယ်။ အလှအပကျွမ်းကျင်သူများက နေ့အချိန်မိတ်ကပ်လိမ်းတဲ့အခါ ခရမ်ပါးပါးလိမ်းပြီး အောက်ခံမိတ်ကပ်လိမ်းဖို့၊ ပြီးမှ ပေါင်ဒါပါးပါးလေးလူးဖို့ နှင့် ညနေခင်းမှာတော့ မိတ်ကပ်အားလုံးဖျက်ဖို့ အကြံပြုထားပါတယ်။ အသားအရေမတွန့်ဖို့အတွက် cosmeticsတွေကို မှန်အောင်လိမ်းဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် မအိပ်ခင် မျက်နှာကို သေသေချာချာ သန့်ရှင်းပေးဖို့ လိုအပ်ပါတယ်။

၅။ စခရမ်ရှေ့မှာ အချိန်ကုန်ခြင်း

ကျွန်မတို့ဟာ တစ်နေ့တစ်န့ မိုဘိုင်းဖုန်းတွေ၊ လက်တော့စခရမ်တွေ ရှေ့မှာ အချိန်အများကြီး သုံးနေကြပါတယ်။ ဒီစမတ်ပစ္စည်းတွေက ကျွန်မတို့ရဲ့ အသားအရေကို ထိခိုက်စေနိုင်ပါတယ်။ လည်ပင်းနဲ့ မေးစေ့က အရေးအကြောင်းတွေ စတင်ပေါ်ဖို့ နယ်နိမိတ်တွေ ဖြစ်တာကြောင့် လည်ပင်းဟာ ပျက်စီးမှုကို သတိပြုမိတဲ့ ပထမဆုံး ခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်ပါတယ်။
ပုံမှန် မျက်နှာလေ့ကျင့်ခန်း လုပ်သင့်သလို မျက်နှာနှင့်လည်ပင်းကို နှိပ်နယ်ပေးသင့်ပါတယ်။ ဒါ့အပြင် မေးစေ့လိုင်းနဲ့ လည်ပင်းအကြား အရေးအကြောင်းတွေ မဖြစ်အောင် စားပွဲမှာ အလုပ်လုပ်နေစဉ် ခန္ဓာကိုယ်ဟာ မတ်မတ်ဖြစ်နေရပါမယ်။

၆။ အပူပေးစက်နားမှာ ထိုင်ခြင်း

အေးတဲ့ ရာသီဥတုမှာ အပူပေးကိရိယာတွေက ကျွန်မတို့ အလှအပရဲ့ ရန်သူများ ဖြစ်ကြပါတယ်။သူတို့က အသားအရေနှင့် ဆံကေသာကို ခြောက်သွ့စေပြီး အရွယ်မတိုင်ခင် အိုမင်းမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်၊
ရေများများသောက်ပြီး အစိုဓါတ်ထိန်းခရမ်လိမ်းတာက ဒီအခြေအနေကို ကုစားဖို့ အကောင်းဆုံးနည်းလမ်းဖြစ်နိုင်ပါတယ်။

၇။ အဆီလွတ် diet

အဆီတွေက ကျွန်မတို့အသားအရေအတွက် အလွန်အရေးပါပါတယ်။ သူတို့မရှိရင် အသားအရေဟာ ခြောက်သွေ့ပြီး စိုစိုပြေပြေမရှိတော့ပါဘူး။
ငါး၊ အခွံမာသီးနဲ့ သံလွင်ဆီမှာ ကျွန်မတို့ရဲ့ အလုံးစုံကျန်းမာရေးအခြေအနေနှင့် အသားအရေရဲ့ အခြေအနေအတွက် တာဝန်ရှိသော ဖက်တီးအက်ဆစ်များ ပါဝင်ပါတယ်။ သူတို့က အသားအရေခြောက်သွေ့တာကို တားဆီးပေးပြီး ဗီတာမင်နှင့် တခြားအာဟာရဓါတ်တွေကို လက်ခံပေးပါတယ်။

၈။ ရေပူချိုးခြင်း

ရေပူနှင့် အချိန်ကြာကြာချိုးခြင်းက တစ်နေ့တာအလုပ်ပြီးနောက် အနားယူဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုပါ။ ဒါပေမယ့် ကံမကောင်းစေတာက ရေပူဟာ အရေးအကြောင်းနှင့် အရေပြားပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ရေပူက အသားအရေ၏ သဘာဝအဆီကို ဆုံးရှုံးစေပြီး အချိန်မတိုင်မီ အိုမင်းစေတဲ့ ၎င်းရဲ့ အကာအကွယ်ဂုဏ်သတ္တိတွေကို လျော့နည်းစေပါတယ်။
အကောင်းဆုံးက ၁၀၀ ဒီဂရီဖာရင်ဟိုက်ထက်မကျော်တဲ့ ရေအပူချိန်နှင့် ရေချိုးပါ။ သင့်မှာ သွေးကြော အားနည်းမှုရှိပါက ရေအေးဖြင့် အပြီးသတ်ချိုးပေးတာက balance ဖြစ်စေပြီး သင့်အရေပြားကို အားကောင်းစေနိုင်ပါတယ်။

၉။ မျက်လုံးအားနည်းပေမယ့် မျက်မှန်မတပ်တာ

အမြင်အာရုံမကောင်းတဲ့သူဟာ အချိန်တိုင်း မျက်မှောက်ကြုတ်ပြီးကြည့်ရပါတယ်။ ဒီဆိုးကျိုးက မျက်လုံးတစ်ဝိုက်မှာရှိတဲ့ အသားအရေကို လျော့ရဲစေပြီး အရေးအကြောင်းတွေကို ဖြစ်ပေါ်စေပါတယ်။
အထူးသဖြင့် ကွန်ပျူတာရှေ့မှာ အလုပ်လုပ်တဲ့အခါ မျက်ကပ်မှန် သို့မဟုတ် မျက်မှန်သုံးဖို့ သတိရပါ။

၁၀။ ဝက်ခြံ ညှစ်တာ

တစ်ခါတစ်ရံမှာ ကျွန်မတို့ဟာ မလုပ်သင့်တာကို သိပေမယ့် လုပ်မိနေတတ်ကြပါတယ်။ ဝက်ခြံညှစ်တဲ့အခါ ရောင်ရမ်းစေခြင်းအပြင် အသားအရေကို ထိခိုက်စေပါတယ်။ အမာရွတ်နှင့် ဝက်ခြံပေါက်တဲ့နေရာမှာ အရေးအကြောင်းတွေ ကျန်ခဲ့နိုင်ပါတယ်။

၁၁။ ခေါင်းအုံးစွပ် မလဲတာ

ခေါင်းအုံးတစ်လုံးက သင့်အသားအရေအတွက် အန္တရာယ်၏ အရင်းအမြစ်တစ်ခု ဖြစ်နိုင်ပါတယ်။ မိတ်ကပ်တွေ၊ ဆံပင်လိမ်းဆီတွေက ခေါင်းအုံးပေါ်မှာ ကျန်ခဲ့နိုင်ပြီး ဘက်တီးရီးယားမျိုးစုံ ရှိနေနိုင်ပါတယ်။ အိပ်နေစဉ်အတွင်း ဒီအရာအားလုံးက သင့်မျက်နှာပေါ်မှာ ရောက်ရှိနိုင်ပြီး ဆံပင်အလှကုန်ပစ္စည်းများမှာ ပါဝင်တဲ့ ဓါတုဒြပ်စင်များက အရွယ်မတိုင်မီ အိုမင်းစေနိုင်ပါတယ်။
ဒါ့ကြောင့် သင့်ခေါင်းအုံးစွပ်ကို ၂ရက် ၃ရက်တစ်ခါ ပြောင်းပစ်တာ ပိုကောင်းပါတယ်။

၁၂။ ပီကေ အဆက်မပြတ်ဝါးတာ

ပီကေ အဆက်မပြတ် ဝါးတဲ့ အကျင့်ဟာ သင့်အလှအပအတွက် အန္တရာယ်ရှိပါတယ်။ ပီကေဝါးတဲ့အခါ အရေပြားဟာ ဆန့်ရ၊ ကျုံ့ရတာကြောင့် ပါးစပ်တဝိုက်မှာ အရေးအကြောင်းတွေကို စောစောစီးစီး ဖြစ်စေနိုင်ပါတယ်။ သကြားလုံးနှင့် ပီကေကို အစားထိုးတာ ပိုကောင်းပါတယ်။

၁၃။ SPF creams မလိမ်းတာ

နေရောင်ခြည်က အသားအရေကို အချိန်မတိုင်ခင် အိုမင်းစေနိုင်ပါတယ်။ ကမ်းခြေသွားတဲ့အချိန်မှသာမဟုတ်ဘဲ နေ့တိုင်း နေရောင်ကာကွယ်ဆေး သုံးဖို့လိုပါတယ်။
မှန်မှတဆင့်လာတဲ့ နေရောင်ခြည်ကလည်း အန္တရာယ်ရှိပါတယ်။ ဒါ့ကြောင့် ခရီးသွားလို့ ကားစီးတဲ့အခါ လက်၊ လည်ပင်းနှင့် မျက်နှာပေါ်မှာ ဗီတာမင်စီပါဝင်သော နေရာင်ကာလိမ်းဆေးကို လိမ်းဖို့ အရေးကြီးပါတယ်။

ကိုယ့်လိုပဲ အရေးအကြောင်းကင်းပြီး အသားအရေ တင်းတင်းလေးနှင့် လှနိုင်ဖို့ ချစ်တဲ့သယ်ရင်းတွေကို မျှဝေပေးပါဦးနော်။

Lifestyle_Myanmar

LM_Nandar

Source-brightside

ZawGyi

အေရးအေၾကာင္းေတြကို ျဖစ္ေစႏိုင္တဲ့ ပ်ိဳေမတို႔ သတိမထားမိေသာ အေလ့အထမ်ား
မိန္းကေလးတိုင္းက ကိုယ့္အသားအေရေလး ႏူးညံေခ်ာမြတ္ေနမွ စိတ္ခ်မ္းသာၾကပါတယ္။ အ႐ြယ္မတိုင္ခင္ မ်က္ႏွာမွာ အေရးအေၾကာင္းေတြ ေပၚလာတာကို ဘယ္သူမွ မလိုခ်င္ၾကပါဘူးေနာ္။ ဒါ့ေၾကာင့္ ကြၽန္မတို႔ မိန္းကေလးေတြဟာ skincare ေတြကို ေစ်းႀကီးႀကီးေပးၿပီး ဝယ္သုံးၾကရပါတယ္။

တစ္ခါတရံမွာ ေစ်းႀကီးတဲ့ skincare ေတြသုံးေပမယ့္လည္း ရလဒ္က သိသိသာသာ ထူးျခားမလာတာကို ႀကဳံရပါတယ္။ ဒါက အေရးအေၾကာင္းေတြ ျဖစ္လာေစဖို႔ အားေပးေနတဲ့ ကြၽန္မရဲ႕ ေန႔စဥ္ျပဳလုပ္ေနက် အျပဳအမႈေတြ၊ အေလ့အထေတြႏွင့္လည္း သက္ဆိုင္ေနတယ္လို႔ အလွအပကြၽမ္းက်င္သူမ်ားက ဆိုၾကပါတယ္။ ဘယ္လို အေလ့အထေတြက အေရးအေၾကာင္းေတြ ျဖစ္လာေစတာလဲ?

၁။ မ်က္ႏွာကို မၾကာခဏ သစ္ျခင္း

အထူးသျဖင့္ သင္ဟာ အဆီျပန္တဲ့သူ (သို႔) ဝက္ၿခံေပါက္ေနတဲ့ ေပါင္းစပ္အသားအေရရွိသူျဖစ္လွ်င္ မ်က္ႏွာအသားအေရကို သန္႔သန္႔ရွင္းရွင္း ထားတာက ေကာင္းပါတယ္။
အလွအပကြၽမ္းက်င္သူမ်ားက တစ္ပတ္ကို ၂ႀကိမ္ထက္ပိုၿပီး peel-off scrub ကို အသုံးမျပဳသင့္ဘူးလို႔ ဆိုပါတယ္။ ဒါ့အျပင္ မ်က္ႏွာကို လိုးရွင္းသို႔မဟုတ္ tonic water ႏွင့္ ေန႔စဥ္ မသန္႔ရွင္းသင့္ပါဘူး။ ဒီအရာေတြက အသားအေရကို အရမ္းေျခာက္ေသြ႕ေစၿပီး အေရျပားရဲ႕ ခုခံစြမ္းအားကို ေလ်ာ့နည္းေစပါတယ္။

၂။ ေခါင္းအုံးႏွင့္ မ်က္ႏွာအပ္ၿပီး အိပ္ျခင္း

လူအေတာ္မ်ားမ်ားက ေမွာက္ခုံအိပ္ရတာကို ႀကိဳက္ၾကပါတယ္။ ဒီလိုအိပ္ျခင္းျဖင့္ အေရျပားဟာ ညဘက္မွာ ေအာက္ဆီဂ်င္ ဆုံးရႈံးၿပီး ပုံမွန္လည္ပတ္မႈကို အတားအဆီးျဖစ္ေစတာေၾကာင့္ အသားအေရပ်က္စီးေစပါတယ္။
ဒီလိုအႏၲရာယ္ကို ေလ်ာ့ခ်ဖို႔ တျခားအိပ္စက္ပုံအေနအထားကို ေ႐ြးခ်ယ္ပါ။ အေကာင္းဆုံးက ေခါင္းအုံးတစ္လုံးအစား ဂငယ္ပုံစံ ကူရွင္အေသးတစ္ခုႏွင့္ ပက္လက္အိပ္သင့္ပါတယ္။ ဒီနည္းလမ္းက သင့္အေရျပားကို အခ်ိန္ၾကာၾကာ ႏူးညံ့ေခ်ာေမြ႕ေနေစမွာပါ။ ဒါ့အျပင္ သင့္လည္ပင္းကို အရမ္းႀကီး တင္းက်ပ္မေနေစတာေၾကာင့္ ေကာင္းေကာင္းအိပ္ေပ်ာ္ေစပါတယ္။

၃။ ေဆးလိပ္ေသာက္ျခင္း

ေဆးလိပ္ေသာက္တတ္တဲ့ မိန္းကေလး ရွားတာေၾကာင့္ ဒါက ရွင္းျပဖို႔မလိုေတာ့ပါဘူး။ နီကိုတင္းႏွင့္ ကတၱရာေစးက အသားအေရကို ေျခာက္သြ႕ေစတာေၾကာင့္ ေဆးလိပ္ေသာက္ျခင္းက အေရးအေၾကာင္းေတြကို ျဖစ္ေပၚေစပါတယ္။

၄။ မိတ္ကပ္အလြန္အကြၽံလိမ္းျခင္း

တစ္ေန႔လုံး မ်က္ႏွာေပၚမွာ cosmetics ထူထူႀကီး လိမ္းခ်ယ္ျခင္းဟာ အသားအေရကို ေအာက္ဆီဂ်င္ရယူျခင္းမွ တားဆီးေပးပါတယ္။ အလွအပကြၽမ္းက်င္သူမ်ားက ေန႔အခ်ိန္မိတ္ကပ္လိမ္းတဲ့အခါ ခရမ္ပါးပါးလိမ္းၿပီး ေအာက္ခံမိတ္ကပ္လိမ္းဖို႔၊ ၿပီးမွ ေပါင္ဒါပါးပါးေလးလူးဖို႔ ႏွင့္ ညေနခင္းမွာေတာ့ မိတ္ကပ္အားလုံးဖ်က္ဖို႔ အႀကံျပဳထားပါတယ္။ အသားအေရမတြန္႔ဖို႔အတြက္ cosmeticsေတြကို မွန္ေအာင္လိမ္းဖို႔ အေရးႀကီးပါတယ္။ ဒါ့အျပင္ မအိပ္ခင္ မ်က္ႏွာကို ေသေသခ်ာခ်ာ သန္႔ရွင္းေပးဖို႔ လိုအပ္ပါတယ္။

၅။ စခရမ္ေရွ႕မွာ အခ်ိန္ကုန္ျခင္း

ကြၽန္မတို႔ဟာ တစ္ေန႔တစ္န႔ မိုဘိုင္းဖုန္းေတြ၊ လက္ေတာ့စခရမ္ေတြ ေရွ႕မွာ အခ်ိန္အမ်ားႀကီး သုံးေနၾကပါတယ္။ ဒီစမတ္ပစၥည္းေတြက ကြၽန္မတို႔ရဲ႕ အသားအေရကို ထိခိုက္ေစႏိုင္ပါတယ္။ လည္ပင္းနဲ႔ ေမးေစ့က အေရးအေၾကာင္းေတြ စတင္ေပၚဖို႔ နယ္နိမိတ္ေတြ ျဖစ္တာေၾကာင့္ လည္ပင္းဟာ ပ်က္စီးမႈကို သတိျပဳမိတဲ့ ပထမဆုံး ခႏၶာကိုယ္အစိတ္အပိုင္းျဖစ္ပါတယ္။
ပုံမွန္ မ်က္ႏွာေလ့က်င့္ခန္း လုပ္သင့္သလို မ်က္ႏွာႏွင့္လည္ပင္းကို ႏွိပ္နယ္ေပးသင့္ပါတယ္။ ဒါ့အျပင္ ေမးေစ့လိုင္းနဲ႔ လည္ပင္းအၾကား အေရးအေၾကာင္းေတြ မျဖစ္ေအာင္ စားပြဲမွာ အလုပ္လုပ္ေနစဥ္ ခႏၶာကိုယ္ဟာ မတ္မတ္ျဖစ္ေနရပါမယ္။

၆။ အပူေပးစက္နားမွာ ထိုင္ျခင္း

ေအးတဲ့ ရာသီဥတုမွာ အပူေပးကိရိယာေတြက ကြၽန္မတို႔ အလွအပရဲ႕ ရန္သူမ်ား ျဖစ္ၾကပါတယ္။သူတို႔က အသားအေရႏွင့္ ဆံေကသာကို ေျခာက္သြ႕ေစၿပီး အ႐ြယ္မတိုင္ခင္ အိုမင္းမႈကို ျဖစ္ေပၚေစႏိုင္ပါတယ္၊
ေရမ်ားမ်ားေသာက္ၿပီး အစိုဓါတ္ထိန္းခရမ္လိမ္းတာက ဒီအေျခအေနကို ကုစားဖို႔ အေကာင္းဆုံးနည္းလမ္းျဖစ္ႏိုင္ပါတယ္။

၇။ အဆီလြတ္ diet

အဆီေတြက ကြၽန္မတို႔အသားအေရအတြက္ အလြန္အေရးပါပါတယ္။ သူတို႔မရွိရင္ အသားအေရဟာ ေျခာက္ေသြ႕ၿပီး စိုစိုေျပေျပမရွိေတာ့ပါဘူး။
ငါး၊ အခြံမာသီးနဲ႔ သံလြင္ဆီမွာ ကြၽန္မတို႔ရဲ႕ အလုံးစုံက်န္းမာေရးအေျခအေနႏွင့္ အသားအေရရဲ႕ အေျခအေနအတြက္ တာဝန္ရွိေသာ ဖက္တီးအက္ဆစ္မ်ား ပါဝင္ပါတယ္။ သူတို႔က အသားအေရေျခာက္ေသြ႕တာကို တားဆီးေပးၿပီး ဗီတာမင္ႏွင့္ တျခားအာဟာရဓါတ္ေတြကို လက္ခံေပးပါတယ္။

၈။ ေရပူခ်ိဳးျခင္း

ေရပူႏွင့္ အခ်ိန္ၾကာၾကာခ်ိဳးျခင္းက တစ္ေန႔တာအလုပ္ၿပီးေနာက္ အနားယူဖို႔ အေကာင္းဆုံးနည္းလမ္းတစ္ခုပါ။ ဒါေပမယ့္ ကံမေကာင္းေစတာက ေရပူဟာ အေရးအေၾကာင္းႏွင့္ အေရျပားျပႆနာေတြကို ျဖစ္ေပၚေစႏိုင္ပါတယ္။ ေရပူက အသားအေရ၏ သဘာဝအဆီကို ဆုံးရႈံးေစၿပီး အခ်ိန္မတိုင္မီ အိုမင္းေစတဲ့ ၎ရဲ႕ အကာအကြယ္ဂုဏ္သတၱိေတြကို ေလ်ာ့နည္းေစပါတယ္။
အေကာင္းဆုံးက ၁၀၀ ဒီဂရီဖာရင္ဟိုက္ထက္မေက်ာ္တဲ့ ေရအပူခ်ိန္ႏွင့္ ေရခ်ိဳးပါ။ သင့္မွာ ေသြးေၾကာ အားနည္းမႈရွိပါက ေရေအးျဖင့္ အၿပီးသတ္ခ်ိဳးေပးတာက balance ျဖစ္ေစၿပီး သင့္အေရျပားကို အားေကာင္းေစႏိုင္ပါတယ္။

၉။ မ်က္လုံးအားနည္းေပမယ့္ မ်က္မွန္မတပ္တာ

အျမင္အာ႐ုံမေကာင္းတဲ့သူဟာ အခ်ိန္တိုင္း မ်က္ေမွာက္ၾကဳတ္ၿပီးၾကည့္ရပါတယ္။ ဒီဆိုးက်ိဳးက မ်က္လုံးတစ္ဝိုက္မွာရွိတဲ့ အသားအေရကို ေလ်ာ့ရဲေစၿပီး အေရးအေၾကာင္းေတြကို ျဖစ္ေပၚေစပါတယ္။
အထူးသျဖင့္ ကြန္ပ်ဴတာေရွ႕မွာ အလုပ္လုပ္တဲ့အခါ မ်က္ကပ္မွန္ သို႔မဟုတ္ မ်က္မွန္သုံးဖို႔ သတိရပါ။

၁၀။ ဝက္ၿခံ ညႇစ္တာ

တစ္ခါတစ္ရံမွာ ကြၽန္မတို႔ဟာ မလုပ္သင့္တာကို သိေပမယ့္ လုပ္မိေနတတ္ၾကပါတယ္။ ဝက္ၿခံညႇစ္တဲ့အခါ ေရာင္ရမ္းေစျခင္းအျပင္ အသားအေရကို ထိခိုက္ေစပါတယ္။ အမာ႐ြတ္ႏွင့္ ဝက္ၿခံေပါက္တဲ့ေနရာမွာ အေရးအေၾကာင္းေတြ က်န္ခဲ့ႏိုင္ပါတယ္။

၁၁။ ေခါင္းအုံးစြပ္ မလဲတာ

ေခါင္းအုံးတစ္လုံးက သင့္အသားအေရအတြက္ အႏၲရာယ္၏ အရင္းအျမစ္တစ္ခု ျဖစ္ႏိုင္ပါတယ္။ မိတ္ကပ္ေတြ၊ ဆံပင္လိမ္းဆီေတြက ေခါင္းအုံးေပၚမွာ က်န္ခဲ့ႏိုင္ၿပီး ဘက္တီးရီးယားမ်ိဳးစုံ ရွိေနႏိုင္ပါတယ္။ အိပ္ေနစဥ္အတြင္း ဒီအရာအားလုံးက သင့္မ်က္ႏွာေပၚမွာ ေရာက္ရွိႏိုင္ၿပီး ဆံပင္အလွကုန္ပစၥည္းမ်ားမွာ ပါဝင္တဲ့ ဓါတုျဒပ္စင္မ်ားက အ႐ြယ္မတိုင္မီ အိုမင္းေစႏိုင္ပါတယ္။
ဒါ့ေၾကာင့္ သင့္ေခါင္းအုံးစြပ္ကို ၂ရက္ ၃ရက္တစ္ခါ ေျပာင္းပစ္တာ ပိုေကာင္းပါတယ္။

၁၂။ ပီေက အဆက္မျပတ္ဝါးတာ

ပီေက အဆက္မျပတ္ ဝါးတဲ့ အက်င့္ဟာ သင့္အလွအပအတြက္ အႏၲရာယ္ရွိပါတယ္။ ပီေကဝါးတဲ့အခါ အေရျပားဟာ ဆန္႔ရ၊ က်ဳံ႔ရတာေၾကာင့္ ပါးစပ္တဝိုက္မွာ အေရးအေၾကာင္းေတြကို ေစာေစာစီးစီး ျဖစ္ေစႏိုင္ပါတယ္။ သၾကားလုံးႏွင့္ ပီေကကို အစားထိုးတာ ပိုေကာင္းပါတယ္။

၁၃။ SPF creams မလိမ္းတာ

ေနေရာင္ျခည္က အသားအေရကို အခ်ိန္မတိုင္ခင္ အိုမင္းေစႏိုင္ပါတယ္။ ကမ္းေျခသြားတဲ့အခ်ိန္မွသာမဟုတ္ဘဲ ေန႔တိုင္း ေနေရာင္ကာကြယ္ေဆး သုံးဖို႔လိုပါတယ္။
မွန္မွတဆင့္လာတဲ့ ေနေရာင္ျခည္ကလည္း အႏၲရာယ္ရွိပါတယ္။ ဒါ့ေၾကာင့္ ခရီးသြားလို႔ ကားစီးတဲ့အခါ လက္၊ လည္ပင္းႏွင့္ မ်က္ႏွာေပၚမွာ ဗီတာမင္စီပါဝင္ေသာ ေနရာင္ကာလိမ္းေဆးကို လိမ္းဖို႔ အေရးႀကီးပါတယ္။

ကိုယ့္လိုပဲ အေရးအေၾကာင္းကင္းၿပီး အသားအေရ တင္းတင္းေလးႏွင့္ လွႏိုင္ဖို႔ ခ်စ္တဲ့သယ္ရင္းေတြကို မွ်ေဝေပးပါဦးေနာ္။

Lifestyle_Myanmar

LM_Nandar

Source-brightside

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here