အဝါရောင် ဆိုတာဟာ ကမ္ဘာပေါ်က ရှိရှိသမျှ အရောင်တွေအားလုံးထဲက လူကြိုက်အနည်းဆုံး အရောင်တစ်မျိုးဖြစ်ပါတယ်။ “သင် အကြိုက်ဆုံးအရောင်က ဘယ်အရောင်လဲ” လို့ တစုံတယောက်ကို မေးလိုက်ချိန်တိုင်းမှာ အဝါရောင် ဆိုပြီး ပြန်ဖြေတာမျိုးက တော်တော်နည်းပါတယ်။ အခုတခါ ဒီဆောင်းပါးလေးမှာ ဖော်ပြပေးချင်တာကတော့ အဝါရောင်ချစ်သူတို့ရဲ့ Personality လေးတွေအကြောင်းဖြစ်ပြီး ကောင်းချက်တွေပိုများလို့ စိတ်မပူပါနဲ့နော်။ ဒါကြောင့် အဝါရောင်ကြိုက်ကြသူတွေအနေနဲ့ ဒီဆောင်းပါးလေးကိုဖတ်ပြီး အံ့အားသင့်သွားမယ်လို့လည်း ထင်ပါတယ်။ ကဲ…ဒါဆိုရင်တော့ အချိန်ဆွဲမနေဘဲ အခုပဲ ဆက်ပြီးဖတ်ရှုလိုက်ရအောင်ပါ။
၁. သင်ယူလေ့လာရတာနဲ့ ဗဟုသုတတွေ ပြန်လည်မျှဝေရတာကို ကြိုက်တယ်
အဝါရောင်ကို အကြိုက်ဆုံးအရောင်လို့ သတ်မှတ်သူတွေဟာ ဘယ်လိုအကြောင်းအရာဖြစ်စေ သင်ယူလေ့လာရတာကို အမြဲနှစ်သက်သူတွေဖြစ်ပြီး သူများတကာနဲ့လည်း ပြန်လည်မျှဝေပေးဖို့ ဝန်မလေးတတ်ကြသူတွေပါ။ ဗဟုသုတဆိုရင်လည်း တိကျတဲ့ ခေါင်းစဥ်တစ်ခုခု သို့မဟုတ် သင့်အလုပ်အကိုင်နဲ့ပတ်သက်တဲ့ အကြောင်းအရာတစ်ခုခု ရယ်လို့မှ မဟုတ်ဘဲနဲ့ ရေးကြီးခွင်ကျယ်မဟုတ်တဲ့ သို့မဟုတ် ဆန်းဆန်းပြားပြား ကိစ္စတစ်ခုခု စတာလည်း ဖြစ်နိုင်ပါတယ်။ ဥာဏ်ကောင်းတဲ့သူတစ်ယောက်ဖြစ်ရတာကို သဘောကျတာဖြစ်ပြီး လေ့လာနိုင်သမျှကို အကောင်းဆုံးလေ့လာသင်ယူချင်ကြသူတွေဖြစ်ပါတယ်။

၂. အကောင်းမြင်တတ်တယ်
သင့်အတွက် ပျော်ရွှင်မှုကိုရှာဖွေရတာ သိပ်မခက်ခဲတတ်ပါဘူး။ သင့်ဘဝက အရာရာ ပြီးပြည့်စုံနေလို့လည်းမဟုတ်သလို ပျော်ရွှင်မှုကိုပဲ အမြဲရှာဖွေနေတတ်သူဖြစ်လို့လည်း မဟုတ်ဘဲ အရာရာတိုင်းကို အကောင်းမြင်တတ်သူဖြစ်လို့ပါ။ မကောင်းမြင်တတ်ဖို့က ပိုမိုလွယ်ကူပေမယ့် အဝါရောင်ကြိုက်သူတွေအဖို့ကတော့ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် အကောင်းဖက်ကပဲ မြင်တတ်အောင် အမြဲကြိုးစားနေတတ်ပါတယ်။

၃. မျှော်လင့်ချက်နေရောင်ခြည်
အဝါရောင်မှ အဝါရောင်ပဲ ကြိုက်တယ်ဆိုရင်တော့ သင့်ရဲ့ တက်တက်ကြွကြွ၊ ပျော်ပျော်နေတတ်တဲ့ ပုံစံလေးတွေကြောင့် တခြားသူတွေဆီက နေရောင်ခြည်နဲ့ တင်စားဖူးတာကို ကြားဖူးကြမှာပါ။ သင်ရှိနေရင် စိတ်ညစ်စရာတွေတောင် ချက်ချင်းပျောက်သွားတတ်ပြီး အမြဲတမ်း အပြုံးမပျက်တာကြောင့် တခြားသူတွေဆီကိုပါ အပျော်ကူးစက်သွားစေပါတယ်။

၄. ပေါင်းသင်းဆက်ဆံရေးကောင်းတယ်
လူတကာနဲ့ မေးထူးခေါ်ပြော၊ သူငယ်ချင်းအသစ်တွေ ဖန်တီးရတာက စိန်ခေါ်မှုတွေကိုသဘောကျတဲ့ အဝါရောင်ကြိုက်သူတွေအတွက်တော့ အခက်အခဲတစ်ခုမဟုတ်ပါဘူး။ စစတွေ့ဆုံချင်းမှာ နည်းနည်းလေး ရှက်ကိုးရှက်ကန်းဖြစ်နေရင်တောင်မှ သူများနဲ့ စကားပြောရတာ လွယ်ကူချောမွေ့တတ်ပါတယ်။

၅. သွက်လက်တက်ကြွသူဆိုပေမယ့် သေသပ်သူလည်းဟုတ်တယ်
အဝါရောင်ချစ်သူတွေက အမြဲတမ်း သွက်သွက်လက်လက်နဲ့ ပေါ့ပေါ့ပါးပါး နေတတ်သူတွေဆိုပေမယ့် ဘာလုပ်လုပ် ဂရုတစိုက် လုပ်ကိုင်တတ်သူတွေပါ။ ကိစ္စတစ်ခုခုကို သေချာမစဥ်းစား မတွေးခေါ်ဘဲနဲ့ ဆုံးဖြတ်ချက်လွယ်လွယ်မချတတ်ပါဘူး။ တစ်ခါတစ်လေမှာ စိတ်မြန်နိုင်ပေမယ့် တတ်နိုင်သလောက် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်အောင်ကြိုးစားတတ်ပါတယ်။
၆. ပျော်ပျော်နေတတ်တယ်
အဝါရောင်ချစ်သူတွေနဲ့ အတူနေရတာက ပျော်ဖို့ကောင်းလို့ အချိန်ဘယ်လိုကုန်သွားမှန်းတောင် သိလိုက်မှာမဟုတ်ပါဘူး။ အမြဲတမ်း ပျော်ပျော်နေတတ်၊ ရယ်မောနေတတ်လို့ အဖွဲ့ရဲ့လူရွှင်တော်လို့လည်း သတ်မှတ်လို့ရပါတယ်။
Lifestyle_Myanmar
ref-brightside