အရေပြားရောဂါဖြစ်နေတဲ့ ကလေးငယ်တွေ ကိုယ့်ကိုကိုယ် ပိုချစ်စေဖို့ ပုံစံတူ အရုပ်မလေးတွေ ပြုလုပ်ပေးတဲ့ အဖိုး

0
23

Vitiligo ဆိုတဲ့ ရောဂါဟာ မြန်မာလိုခရုသင်းရောဂါဖြစ်ပြီး ကိုယ်ခန္ဓာမှာရှိတဲ့ အရေပြားရဲ့အရောင်တွေ ပြောင်းလဲသွားတဲ့ ရောဂါဖြစ်ပါတယ်။ အဆိုပါရောဂါကို ဘရာဇီးနိုင်ငံမှာတင် လူပေါင်း ၃ သန်းလောက် တွေ့ကြုံခံစားနေရပြီး  ရောဂါကိုတိုက်ဖျက်ဖို့အတွက် ကုသမှုတွေလည်း များစွာရှိပါတယ်။ အထူးသဖြင့်တော့ အရေပြားရောဂါဖြစ်တာကြောင့် ဝေဒနာရှင်မှာ စိတ်ဆင်းရဲမှုတွေနဲ့ ကိုယ့်ကိုကိုယ် သိမ်ငယ်မှုတွေ ကြုံတွေ့နေသလို ခွဲခြားဆက်ဆံခြင်းကိုလည်း အတော်များများခံနေရပါတယ်။ Mr Joao ဆိုသူဟာလည်း အဆိုပါအရေပြားရောဂါကို ခံစားနေရသူတစ်ယောက်ဖြစ်ပါတယ်။

သူဟာ သူ့လိုမျိုးရောဂါခံစားနေရတဲ့ ကလေးငယ်လေးတွေ ပျော်ရွင်စေဖို့နဲ့ ကိုယ့်ကိုကိုယ်ပိုပြီးချစ်စေဖို့အတွက် အရေပြားရောဂါကလေးငယ်တွေလိုမျိုး ပုံစံတူ ချည်ထည်အရုပ်မလေးတွေကို ကိုယ်တိုင်ထိုးပြီး လက်ဆောင်ပေးခဲ့ပါတယ်။ Mr Joao ဟာ အသက် ၃၈ နှစ်လောက်ကတည်းက ယခုရောဂါရဲ့ လက္ခဏာတွေကို စတင်ခံစားခဲ့ရပြီး ယခုဆိုရင် သူ့အသက် ၆၄ နှစ်ရှိနေပါပြီ။

သူဟာ စားသောက်ကုန်လုပ်ငန်းမှာ အလုပ်လုပ်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်က သူ့ဘဝကို အကြီးအကျယ်ပြောင်းလဲခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Mr Joao ကတော့ သူဘဝထဲမှာ ဘယ်လို အတားအဆီးကိုမှ ဝင်ရောက်ခွင့်မပေးပါဘူး။ ဒါကြောင့် သူ့ရဲ့စိတ်ကို တက်ကြွစေဖို့နဲ့ ပျော်ရွင်စေဖို့အတွက် သူ့ရဲ့ဝါသနာကိုကြိုးစားပါတော့တယ်။ သူ့ရဲ့ဇနီးဖြစ်သူနဲ့ အတူ ချည်အရုပ်မလေးတွေကို ပြုလုပ်ဖို့အတွက် စတင်ပြီး လေ့လာခဲ့ပါတယ်။

အသက်ကြီးမှ စတင်လေ့လာရတာကြောင့် သူ့အတွက် အရမ်းကိုခက်ခဲခဲ့ပြီး လက်လျော့လိုက်ဖို့တောင်မှ စဉ်းစားမိခဲ့ပါသေးတယ်။ ဒါပေမယ့် ၅ ရက်မြောက်နေ့မှာတော့ သူ့ရဲ့ပထမဆုံး အရုပ်မလေးကို ပြုလုပ်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ကိုယ်ပိုင်အိုင်ဒီယာနဲ့ လုပ်ခဲ့တဲ့ အရုပ်မလေးကိုတော့ သူ့ရဲ့မြေးမလေးကို လက်ဆောင်ပေးခဲ့ပါတယ်။ ထိုနောက်မှာတော့ သူ့လိုမျိုး အရေပြားရောဂါခံစားနေတဲ့ ကလေးလေးတွေအတွက် အရေပြားရောဂါခံစားနေရတဲ့ ချစ်စရာအရုပ်မလေးတွေကို ပြုလုပ်ခဲ့ပါတယ်။

ဝှီးချဲပေါ်မှာ ထိုင်နေရတဲ့ ကလေးမလေးတွေအတွက်ကိုလည်း ဝှီးချဲပေါ်မှာ ထိုင်နေတဲ့ အရုပ်မလေးတွေကို ပြုလုပ်ပေးခဲ့ပါတယ်။ Mr Joao ရဲ့ အရေးအကြီးဆုံးကပန်းတိုင်က ငယ်ငယ်ရွယ်ရွယ်နဲ့ အရေပြားဝေဒနာရှင်ကလေးတွေကို အားပေးနှစ်သိမ့်နိုင်ဖို့ပါပဲ။ ဒါ့ကြောင့် သူ့ရဲ့ကျွမ်းကျင်မှုကို ပိုမိုတိုးတက်ဖို့အတွက် နေ့စဉ်ကြိုးစားခဲ့ပါတယ်။ သူ့ကိုအင်တာဗျူးတဲ့ အချိန်တိုင်းမှာလည်း သူ့မှာရှိတဲ့ အရေပြားအစက်အပြောက်တွေဟာ လှပကြောင်းနဲ့ လူတစ်ယောက်ရဲ့ သွင်ပြင်လက္ခဏာကြောင့် နာကျင်စရာ မလိုကြောင်းအမြဲတမ်းပြောခဲ့ပါတယ်။ 

LM_Naung_Naung

Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here