ပါဝင်ပစ္စည်းတွေကတော့ အချင်း ၁၀စင်တီမီတာ၊ အထူ ၁၀စင်တီမီတာရှိတဲ့(1kg) မုန်လာဥအဖြူ ၊ ကြက်သွန်ဖြူ (၂၀၀ဂရမ်)၊ ကြက်သွန်မိတ် ၇ခု (၅၆ဂရမ်)၊ အရသာအတွက် ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း (၆)ဇွန်း၊ နှုတ်နှုတ်စင်းထားတဲ့ ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၁ဇွန်း၊ fish sauce စားပွဲတင်ဇွန်း (၄)ဇွန်း၊ ဇီးသီးရည်( Plum syrup) စားပွဲတင်ဇွန်း ၂-၃ဇွန်း( ရိုးရိုးသကြားလည်း ထည့်နိုင်ပါတယ်)၊ ဆားလက်ဖက်စားဇွန်း 1/2(လိုအပ်လျှင်ပိုထည့်ပါ)
#Lifestyle_Myanmar
#TB_Nandar
Source-my.castko
Unicode
အရိုးရှင်းဆုံးနဲ့ အမြန်ဆုံး မုန်လာဥကင်ချီ လုပ်စားကြမယ်
ဒါကအရိုးရှင်းဆုံးနဲ့ အမြန်ဆုံးချက်နည်းဖြစ်တာကြောင့် မုန်လာဥကင်ချီ ပြုလုပ်ဖို့ ပါဝင်ပစ္စည်းအနည်းငယ်သာလိုအပ်ပါတယ်။ မိနစ် ၂၀-၃ဝလောက်သာ အချိန်ပေးရမှာပါ။ ၂ပတ်အထိ ရေခဲသေတ္တာထဲမှာ သိမ်းဆည်းထားနိုင်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ အချင်း ၁ဝစင်တီမီတာ၊ အထူ ၁ဝစင်တီမီတာရှိတဲ့(1kg) မုန်လာဥအဖြူ ၊ ကြက်သွန်ဖြူ (၂ဝဝဂရမ်)၊ ကြက်သွန်မိတ် ရခု (၅၆ဂရမ်)၊ အရသာအတွက် ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း (၆)ဇွန်း၊ နှုတ်နှုတ်စင်းထားတဲ့ ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၁ဇွန်း၊fish sauce စားပွဲတင်ဇွန်း (၄)ဇွန်း၊ ဇီးသီးရည်( Plum syrup) စားပွဲတင်ဇွန််း ၂-၃ဇွန်း( ရိုးရိုးသကြားလည်း ထည့်နိုင်ပါတယ်)၊ ဆားလက်ဖက်စားဇွန်း 1/2(လိုအပ်လျှင်ပိုထည့်ပါ)
၁။ မုန်လာဥကို ၂ခြမ်းခြမ်းပြီး တစ်ကိုက်စာ အနေတော်လေးတွေ လှီးပါ။
၂။ ပန်းကန်လုံးတစ်လုံးထဲမှာ ဆား စားပွဲတင်ဇွန်း ၁ဇွန်းနှင့် မုန်လာဥကို ရောပါ။ ၁၅မိနစ်လောက် ထားပြီး မုန်လာဥမှ အရည်တွေ စစ်ထုပ်ပါ။
၃။ ကြက်သွန်မြိတ်ကို (၃စင်တီမီတာခန့်အရှည်နှင်)့ ကြက်သွန်ဖြူကို (၀.၅ စင်တီမီတာအထူ) လှီးထားပါ။
၄။ ပန်းကန်တစ်လုံးထဲမှာ အရသာ အကုန်လုံးကို ရောထားပါ။
၅။ အရသာတွေကို မုန်လာဥပန်းကန်ထဲလောင်းထည့်ပြီး ကောင်းစွာနယ်ပေးပါ။ ပြီးမှ အိုးတစ်လုံးထဲမှာ ထည့်ပြီး တစ်ရက်လောက် ထားပေးပါ။ ဒါဆိုရင် လွယ်ကူ ရိုးစင်းတဲ့ ကင်ချီစားဖို့ အသင့်ဖြစ်ပါပြီ။
#Lifestyle_Myanmar
#TB_Nandar
Source-my.castko