အရိုးခေါက်ခက်ကနေ ကောက်ကြောင်းလှလှလေးတွေပိုင်ဆိုင်သွားတဲ့ ဆယ်လီမမများ

0
860
ဆယ်လီမမများ
ဆယ်လီမမများ

Courtney Black

သူဟာ လွန်ခဲ့တဲ့ နှစ်ပိုင်းက ကိုယ်အလေးချိန် ၉၉ပေါင်ပဲရှိပါတယ်။ တစ်နေ့ကို ကယ်လိုရီ ၈၀၀ လောက်သာ စားသုံးခဲ့တာကြောင့် အစာရေဆာ မပြည့်ဖြိုးတဲ့သူလို ပိန်ကပ်နေပါတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ တစ်နေ့ကို ၂၀၀၀ ကယ်လိုရီလောက် စားသုံးပြီးခန္ဓာကိုယ်ကြံ့ခိုင်ရေးနည်းပြဆရာမအဖြစ် အလုပ်လုပ်နေပါတယ်။

Megan Jayne Crabbe

Megan Jayne Crabbe ဟာ အသက် ၁၃နှစ်အရွယ်မှာ သူမရဲ့ ကိုယ်အလေးချိန်က ၆၁ ပေါင်ပဲရှိတာကြောင့် လှောင်ပြောင်ခံခဲ့ရပါတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ ကျန်မာရေးနဲ့ အားကစားလိုက်စားမှုကြောင့် Instagram ပေါ်မှာ အကိတ်တစ်ယောက်လိုအများတကာရဲ့ စွဲမက်ခြင်းကို ခံနေရပါပြီ။

Sarah Ramadan

This image has an empty alt attribute; its file name is a3.jpg

ပုံမှာ ဖော်ပြထားတဲ့ Sarah Ramadan ရဲ့ ပုံနှစ်ပုံဟာ ၂နှစ်ပဲခြားပါတယ်။ သူမဟာ အရင်က စိတ်ကျဝေဒနာခံစားခဲ့ရပြီး ကိုယ်အလေးချိန်ဆို ၄၄ပေါင်ပဲရှိခဲ့ပါတယ်။ ၂နှစ်တာကာလအတွင်းမှာ အားကစားလိုက်စားခဲ့တာကြောင့် အခုအချိန်မှာဆို သူမဟာ ကာယဗလမယ်တစ်ယောက်အဖြစ် အလွန်ကြည့်ကောင်းနေသူတစ်ဦးဖြစ်နေပါပြီ။

Aroosha Nekonam

This image has an empty alt attribute; its file name is a4.jpg

Aroosha Nekonam ဟာ ယခုအချိန်မှာ ခန္ဓာကိုယ်ကြံ့ခိုင်ရေးနဲ့ ပတ်သတ်ပြီး နာမည်ကြီး blogger တစ်ယောက်ဖြစ်နေပါတယ်။ သူမဟာ instagram ပေါ်မှာ သူမ ပိန်ကပ်နေတုန်းက ပုံနဲ့ ယခုပုံတွဲတင်ထားပြီး အစားအစာ ပြောင်းလဲမှုနဲ့အားကစားလိုက်စားမှုကြောင့် ခုလို ကြံခိုင်သန်မာတဲ့ ခန္ဓာကိုယ်ကို ရရှိတယ်လို့ဆိုပါတယ်။

Connie Inglis

This image has an empty alt attribute; its file name is a5.jpg

Connie Inglis ဆိုတဲ့ သူမဟာ ဆယ်ကျော်သက်အရွယ်တုန်းက anorexia ခံစားခဲ့ရပြီး အရိုးပေါ် အရည်တင်ဘဝကိုရောက်ခဲ့ရပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ သူမရဲ့ ကြိုးစားအားထုတ်မှုကြောင့် ကြည့်ကောင်းတဲ့ ခန္ဓာကိုတစ်စုံကို ပိုင်ဆိုင်နေပါပြီ။

Erika

This image has an empty alt attribute; its file name is a6.jpg

Erika ဟာ အသက် ၁၆နှစ်အရွယ်မှာ anorexia နဲ့ bulimia ရောဂါကို ခံစားခဲ့ရပါတယ်။ တစ်နေ့တစ်နေ့ ပိန်ကပ်နေတဲ့ သူမခန္ဓာကိုယ်ကို မုန်းတီးလာပြီး မကြာခဏဆိုသလို လှောင်ပြောင်ခံရတာကိုလည်း ရှက်ကြောက်လာခဲ့ပါတယ်။ ဒါ့ကြောင့်ကျန်းမာရေးနဲ့ အားကစားလှုပ်ရှားမှုကို ခက်ခက်ခဲခဲ ကြိုးစားရပြီး လှပတဲ့ ခန္ဓာကိုယ်ကို ရရှိအောင် ကြိုးစားခဲ့ပါတယ်။

#Lifestyle_Myanmar

#Thr_Nage

အမျိုးသမီးများ မီးဖွားရန်လွယ်ကူပြီး သွေးလည်ပတ်မှုအားကောင်းစေသောယောဂကျင့်စဉ်

LEAVE A REPLY

Please enter your comment!
Please enter your name here