အရာရာတိုင်းကို နက်ရှိုင်းစွာ ချစ်တတ်ပြီး ထိရှလွယ်သော မိန်းကလေးကို ချစ်သူတော်ထားတယ်ဆိုရင်

    အရာရာတိုင်းကို နက်ရှိုင်းစွာ ချစ်တတ်ပြီး ထိရှလွယ်သော မိန်းကလေးကို ချစ်သူတော်ထားတယ်ဆိုရင်

    0
    104

    အခြားသူတွေကို ချစ်မြတ်နိုးတယ်ဆိုတာ ကြီးမာသောလက်ဆောင်တစ်ခုပေးခြင်းပါပဲ။ သင်ဟာ အလွန်းအမင်းထိရှလွယ်သောသူတစ်ယောက်ဖြစ်နေမယ်ဆိုရင် သင်က တစ်ခြားသူတွေကို နက်ရှိုင်းစွာ ချစ်မြတ်နိုးတတ်ပါတယ်။ ဒါပေမယ့်လည်း သူတို့တွေက သင့်ကို စွန့်ခွာသွားသောအခါ အပြင်းအထန်ခံစားရနိုင်ပါတယ်။ နက်ရှိုင်းစွာချစ်တတ်သူတွေရဲ့ သဘာ၀စရိုက်ပါ

    -Advertisement-

    ကိစ္စအသေးအဖွဲလေးတွေကအစ သတိထားမိခြင်း

    သူမက သူမရောက်သွားတဲ့နေရာတိုင်းကို သူမရဲ့ မျက်လုံးတွေက အလှအပတွေကို ခံစားနိုင်တာကြောင့်မို့လို့ သင်dateတဲ့ နေရာကို အသေးစိတ်ကို ကြည့်ပါလိမ့်မယ်။ သူမဟာ သင့်နှုတ်ခမ်းနှင့် ရှန်ပိန်ခွက် ထိတွေ့တဲ့အခါ သူမခံစားနေရသလို ပြုံးပါလိမ့်မယ်။

    ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုခြင်း

    သင့်ရဲ့ ပန်းစည်းလေးတွေ၊ မသိမသာ ဂရုစိုက်မှုလေးတွေအပေါ်မှာ ၀မ်းမြောက်စွာ လက်ခံပါလိမ့်မယ်။ သူမက သင့်ရဲ့ လက်ရေးစာစောင်လေးတွေရဲ့ အတွင်းက ချိုမြိန်သော သတင်းစကားလေးတွေက သူမရဲ့ နေ့တွေက တောက်ပနေပါလိမ့်မယ်။ အရာရာတိုင်းကို နက်ရှိုင်းစွာ ခံစားတတ်သော မိန်းကလေးတွေဟာ သင်ရဲ့ အားထုတ်မှုအတွက် သင့်ကို အလွန်အမင်းကျေးဇူးတင်ပါလိမ့်မယ်။

    သင့်ကို နှစ်သိမ့်ပေးနိုင်ခြင်း

    ကမ္ဘာကြီး ဖိစီးမှုခံစားနေရသောအခါတိုင်း သူမကသင်ရဲ့ပခုံးပေါ်မှာ ဦးခေါင်းကို တင်ထားပါလိမ့်မယ်။ သူမကြောက်လန့်နေသောအခါ သင့်လက်ကို အနည်းငယ်တင်းတင်းကျပ်ကျပ်ကိုင်ထားပါလိမ့်မယ်။ သူမဟာ သူမရဲ့ မိန်းကလေးသဘာ၀အားနည်းချက်ကြောင့် သင်ကို အမှီပြုကောင်း ပြုပါလိမ့်မယ်။ ဒါဟာ နက်ရှိုင်းစွာ ချစ်တတ်သော မိန်းကလေးတွေက စွမ်းအားကြီးကြပါတယ်။ သတ္တိအပြည့်အ၀ရှိပါတယ်။ ခွန်အားကြောင့်သာ သတ္တိမှာ ကြောက်စိတ်များနှင့် ရင်ဆိုင်နေရခြင်းဖြစ်ပါတယ်။ သင့်အနားမှာ သူမရှိဘဲနေမယ်ဆိုရင် စိတ်ကူးကြည့်လို့ တောင် မရနိုင်လို့ သူမလက်ကို ကိုင်ထားပါ။ သူမရဲ့ ဦးခေါင်းကို သင်ရဲ့ ပခုံးပေါ်မှာ ညင်ညင်သာသာငြိမ်၀ပ်စွာနေပါစေ။ ပြီးတော့ သူမအေးဆေးတည်ငြိမ်ပြီး လုံခြုံစိတ်ချမှုရှိတယ်လို့ ခံစားပါ။

    သူမရဲ့ ကိုယ်ပိုင်ကမ္ဘာတွင် နေထိုင်ခြင်း

    သူမရဲ့ စိတ်နှင့် နှလုံးသားပြိုင်ပွဲမှာ နာရီပေါင်းများစွာ ကြာအောင် ပြတင်းပေါက်တစ်နေရာရာကနေပြီးတော့ ကြည့်နေပါလိမ့်မယ်။ သူမရဲ့ ဂျာနယ်မှာ သူမရဲ့ စိတ်နှလုံးကို ဖွင့်ဟတယ်။ သူမဟာ တိတ်ဆိတ်စွာ နေကောင်းနေနိုင်ပါတယ်။ သူမရဲ့ အချစ်ကို သံသယမ၀င်ပါနဲ့ ။ သူမအိပ်မက်မက်ဖို့ နေရာပေးပါ။ သူမဖွင့်ဟလိုသောအခါ သေချာနားထောင်ပါ။ သူမရဲ့ မျက်လုံးကနေတစ်ဆင့် ကမ္ဘာကြီးကို သင်မြင်ရမှာပါ။

    သင့်ဘ၀ကို ပြောင်းလဲပစ်နိုင်

    သူမဟာ သင့်အနေနဲ့ သူမနဲ့ မတွေ့ဆုံခင် သင်ဘယ်တော့မှ စိတ်ကူးမယဥ်ဘူးတဲ့ မရနိုင်သော တန်ဖိုးရှိသော ခရီးတစ်ခုကို ခေါ်ဆောင်သွားပါလိမ့်မယ်။ သူမက အကျွမ်းတ၀င်မရှိသောနေရာများမှာ လှပမှုကို တွေ့မြင်ရဖို့ သင့်အား ပေးပါလိမ့်မယ်။ သူမဟာ သေးငယ်သော အရာများအတွက် ကျေးဇူးတင်တတ်အောင် သင့်ကို သင်ပေးပါလိမ့်မယ်။ အရေးအကြီးဆုံးကတော့ အရာအားလုံးကို ခံစားသော မိန်းကလေးက သင့်ကို ပစ္စုပ္ပန်မှာ နေတတ်ဖို့ သင်ပေးပါလိမ့်မယ်။ နက်ရှိုင်းစွာခံစားတတ်သော မိန်းကလေးတွေကို သင်ချစ်မြတ်နိုးမယ်ဆိုရင် ကမ္ဘာကြီးဟာ ဘယ်လောက်အံ့ဩစရာကောင်းတယ်ဆိုတာ နားလည်လာပါလိမ့်မယ်။ သင့်ကို အံ့အားသင့်စေမယ်။ သင့်ကို စိန်ခေါ်ပြီး သင့်ကို ပြောင်းလဲစေမယ်။ အကြီးမြတ်ဆုံးဆုကျေးဇူးကို သင်ပိုင်ဆိုင်ရရှိပါလိမ့်မယ်။

    Lifestyle_Myanmar

    Nyein_Thu

    sources-.yourtango.com

    LEAVE A REPLY

    Please enter your comment!
    Please enter your name here