အရသာရှိပြီး အကောင်းဆုံးဆိုတဲ့ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေကို ရွေးချယ်နိုင်စေဖို့

0
310

ကိုယ်ပေးရတဲ့ပိုက်ဆံနဲ့တန်အောင်၊ ကိုယ့်မိသားစုဝင်တွေရဲ့ ကျန်းမာရေးအတွက် တာဝန်ယူထားရတဲ့ အိမ်ထောင်ရှင်မတွေအနေနဲ့ ဈေးသွားတဲ့အခါ အကောင်းဆုံးနဲ့ အရသာရှိဆုံး ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးဝလံတွေကို အကောင်းဆုံးရွေးချယ်လိုချင်ကြတာချည်းပါပဲ။ ဒါပေမယ့်လည်း တစ်ခါတစ်လေကျတော့ အချိန်မရှိလို့၊ သိပ်ပြီးသတိမထားမိလို့ ဝယ်လာမိလိုက်တဲ့ အမျိုးအမယ်တွေက ထင်သလောက်မကောင်းတဲ့အခါတွေလည်း ကြုံမိကြမှာပါ။

-Advertisement-

တစ်ခါတစ်လေက ကိစ္စမရှိပေမယ့်လည်း အမြဲတမ်းဆိုရင်တော့ ကိုယ်အပါအဝင် မိသားစုဝင်တွေရဲ့ လူနေမှုဘဝကိုပါ ထိခိုက်လာနိုင်တာကြောင့် အခုပြောပြပေးမယ့် အကြံပြုချက်လေးတွေကို မှတ်ထားစေချင်ပါတယ်။

ခရမ်းချဥ်သီး

အညှာပါတဲ့ခရမ်းချဥ်သီးတွေက ပိုပြီးလတ်ဆတ်တယ်လို့ လူအများစုက တွေးထင်တတ်ကြလို့ အဲ့လိုပုံစံတွေကိုပဲ ရွေးဝယ်တတ်ကြပါတယ်။ တကယ်တမ်းကျတော့ အညှာပါတိုင်း လတ်ဆတ်တာမဟုတ်ဘဲ ခရမ်းချဥ်သီးရဲ့အရောင်က လတ်ဆတ်မှုရှိမရှိကို ပြောပြနေတာပါ။ မှည့်နေတဲ့ခရမ်းချဥ်သီးတွေက အကိုင်းကနေပြီး သူတို့ဘာသာသူတို့ ကြွေကျတတ်ပါတယ်။ အကယ်လို့အကိုင်းက ခရမ်းချဥ်သီးမှာ ရှိနေသေးတယ်ဆိုရင်တော့ ထိုခရမ်းချဥ်သီးတွေက မမှည့်သေးခင် အညှပ်ခံထားရတာဖြစ်လို့ ဗီတာမင်တွေ နည်းနည်းသာပါဝင်နိုင်ပါတယ်။

ဖရဲသီး

အရသာရှိဆုံးနဲ့ အချိုဆုံးဖရဲသီးတွေ မှည့်ဝင်းကြတဲ့အချိန်က ဩဂုတ်လရဲ့ ဒုတိယအပတ်လောက်ကနေ စက်တင်ဘာကုန်ခါနီးလောက် အချိန်ပိုင်းအတွင်းဖြစ်ပါတယ်။ အပြင်အခွံရဲ့ အစင်းကြောင်းတွေက အရမ်းသိသာနေပြီး အရောင်ကပြောင်လက်လက်ဖြစ်နေတယ်ဆိုရင် ဖရဲသီးကမှည့်နေပါပြီ။ မြေကြီးကနေ အစိုဓာတ်ကို ဆက်ပြီးမစုပ်ယူတော့တဲ့အတွက် မှည့်နေတဲ့ဖရဲသီးရဲ့ အညှာကလည်း ခြောက်သွေ့နေပါတယ်။

ပန်းသီး

ပန်းသီးတစ်လုံးက တင်းတင်းလေးနဲ့ အလေးချိန်ကလည်း စီးနေရပါမယ်။ အရောင်တောက်တဲ့ပန်းသီးတွေကို မဝယ်ပါနဲ့။ တစ်ချို့စိုက်ပျိုးသူတွေက အသီးရဲ့အရောင်လှစေဖို့အတွက် ဖယောင်းတွေနဲ့သုတ်ထားတတ်လို့ ဖြစ်ပါတယ်။ အစိမ်းရောင်ပန်းသီးကိုဝယ်တဲ့အခါ အညှာနားက အညိုရောင်အကွက်ကိုသတိထားပါ။ အညိုရောင်လေးသမ်းနေပြီဆိုရင် အသီးကမှည့်နေပါပြီ။

သခွားသီး

လတ်ဆတ်တဲ့သခွားသီးဆိုရင် အခွံရဲ့အရောင်က တောက်တောက်ပြောင်ပြောင်မရှိနေပါဘူး။ အခွံရဲ့အရောင်က အရမ်းတောက်ပြောင်နေတယ်ဆိုရင် ထိုအသီးက နိုက်ထရိတ်ဓာတ်ဆားတွေနဲ့ မြေဩဇာကျွေးခံထားရပြီး ဖယောင်းနဲ့လည်းလောင်းခံထားရနိုင်ပါတယ်။ ဒါကြောင့် လတ်ဆတ်တဲ့သခွားသီးကို ရွေးဝယ်ချင်ရင်တော့ သခွားသီးရဲ့အဖျားကို သတိထားကြည့်ပါ။ အဖျားကညိုးပြီးခြောက်နေတယ်ဆိုရင် အမှည့်လွန်သွားတဲ့ လက္ခဏာဖြစ်ပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီးက အဝါရောင်တောက်တောက်နဲ့ အခွံမှာ အစက်သေးသေးလေးတွေရှိနေတယ်ဆိုရင် ငှက်ပျောသီးကမှည့်နေပြီး စားလို့ရနေပါပြီ။ သို့သော်လည်း ဒီလိုငှက်ပျောသီးမျိုးကို ၂ ရက်ထပ်ပိုပြီး မသိမ်းဆည်းထားသင့်ပါဘူး။ နောက်တစ်ခုက အမည်းစက်အကြီးကြီးတွေရှိနေတဲ့ ငှက်ပျောသီးတွေကို မဝယ်ပါနဲ့။

#Lifestyle_Myanmar

#Thinzar

Ref-brightside

Zawgyi

အရသာရွိၿပီး အေကာင္းဆုံးဆိုတဲ့ ဟင္းသီးဟင္း႐ြက္ေတြ၊ သစ္သီးေတြကို ေ႐ြးခ်ယ္ႏိုင္ေစဖို႔

ကိုယ္ေပးရတဲ့ပိုက္ဆံနဲ႔တန္ေအာင္၊ ကိုယ့္မိသားစုဝင္ေတြရဲ႕ က်န္းမာေရးအတြက္ တာဝန္ယူထားရတဲ့ အိမ္ေထာင္ရွင္မေတြအေနနဲ႔ ေဈးသြားတဲ့အခါ အေကာင္းဆုံးနဲ႔ အရသာရွိဆုံး ဟင္းသီးဟင္း႐ြက္ေတြ၊ သစ္သီးဝလံေတြကို အေကာင္းဆုံးေ႐ြးခ်ယ္လိုခ်င္ၾကတာခ်ည္းပါပဲ။ ဒါေပမယ့္လည္း တစ္ခါတစ္ေလက်ေတာ့ အခ်ိန္မရွိလို႔၊ သိပ္ၿပီးသတိမထားမိလို႔ ဝယ္လာမိလိုက္တဲ့ အမ်ိဳးအမယ္ေတြက ထင္သေလာက္မေကာင္းတဲ့အခါေတြလည္း ႀကဳံမိၾကမွာပါ။

တစ္ခါတစ္ေလက ကိစၥမရွိေပမယ့္လည္း အၿမဲတမ္းဆိုရင္ေတာ့ ကိုယ္အပါအဝင္ မိသားစုဝင္ေတြရဲ႕ လူေနမႈဘဝကိုပါ ထိခိုက္လာႏိုင္တာေၾကာင့္ အခုေျပာျပေပးမယ့္ အႀကံျပဳခ်က္ေလးေတြကို မွတ္ထားေစခ်င္ပါတယ္။

ခရမ္းခ်ဥ္သီး

အညႇာပါတဲ့ခရမ္းခ်ဥ္သီးေတြက ပိုၿပီးလတ္ဆတ္တယ္လို႔ လူအမ်ားစုက ေတြးထင္တတ္ၾကလို႔ အဲ့လိုပုံစံေတြကိုပဲ ေ႐ြးဝယ္တတ္ၾကပါတယ္။ တကယ္တမ္းက်ေတာ့ အညႇာပါတိုင္း လတ္ဆတ္တာမဟုတ္ဘဲ ခရမ္းခ်ဥ္သီးရဲ႕အေရာင္က လတ္ဆတ္မႈရွိမရွိကို ေျပာျပေနတာပါ။ မွည့္ေနတဲ့ခရမ္းခ်ဥ္သီးေတြက အကိုင္းကေနၿပီး သူတို႔ဘာသာသူတို႔ ေႂကြက်တတ္ပါတယ္။ အကယ္လို႔အကိုင္းက ခရမ္းခ်ဥ္သီးမွာ ရွိေနေသးတယ္ဆိုရင္ေတာ့ ထိုခရမ္းခ်ဥ္သီးေတြက မမွည့္ေသးခင္ အညႇပ္ခံထားရတာျဖစ္လို႔ ဗီတာမင္ေတြ နည္းနည္းသာပါဝင္ႏိုင္ပါတယ္။

ဖရဲသီး

အရသာရွိဆုံးနဲ႔ အခ်ိဳဆုံးဖရဲသီးေတြ မွည့္ဝင္းၾကတဲ့အခ်ိန္က ဩဂုတ္လရဲ႕ ဒုတိယအပတ္ေလာက္ကေန စက္တင္ဘာကုန္ခါနီးေလာက္ အခ်ိန္ပိုင္းအတြင္းျဖစ္ပါတယ္။ အျပင္အခြံရဲ႕ အစင္းေၾကာင္းေတြက အရမ္းသိသာေနၿပီး အေရာင္ကေျပာင္လက္လက္ျဖစ္ေနတယ္ဆိုရင္ ဖရဲသီးကမွည့္ေနပါၿပီ။ ေျမႀကီးကေန အစိုဓာတ္ကို ဆက္ၿပီးမစုပ္ယူေတာ့တဲ့အတြက္ မွည့္ေနတဲ့ဖရဲသီးရဲ႕ အညႇာကလည္း ေျခာက္ေသြ႕ေနပါတယ္။

ပန္းသီး

ပန္းသီးတစ္လုံးက တင္းတင္းေလးနဲ႔ အေလးခ်ိန္ကလည္း စီးေနရပါမယ္။ အေရာင္ေတာက္တဲ့ပန္းသီးေတြကို မဝယ္ပါနဲ႔။ တစ္ခ်ိဳ႕စိုက္ပ်ိဳးသူေတြက အသီးရဲ႕အေရာင္လွေစဖို႔အတြက္ ဖေယာင္းေတြနဲ႔သုတ္ထားတတ္လို႔ ျဖစ္ပါတယ္။ အစိမ္းေရာင္ပန္းသီးကိုဝယ္တဲ့အခါ အညႇာနားက အညိဳေရာင္အကြက္ကိုသတိထားပါ။ အညိဳေရာင္ေလးသမ္းေနၿပီဆိုရင္ အသီးကမွည့္ေနပါၿပီ။

သခြားသီး

လတ္ဆတ္တဲ့သခြားသီးဆိုရင္ အခြံရဲ႕အေရာင္က ေတာက္ေတာက္ေျပာင္ေျပာင္မရွိေနပါဘူး။ အခြံရဲ႕အေရာင္က အရမ္းေတာက္ေျပာင္ေနတယ္ဆိုရင္ ထိုအသီးက ႏိုက္ထရိတ္ဓာတ္ဆားေတြနဲ႔ ေျမဩဇာေကြၽးခံထားရၿပီး ဖေယာင္းနဲ႔လည္းေလာင္းခံထားရႏိုင္ပါတယ္။ ဒါေၾကာင့္ လတ္ဆတ္တဲ့သခြားသီးကို ေ႐ြးဝယ္ခ်င္ရင္ေတာ့ သခြားသီးရဲ႕အဖ်ားကို သတိထားၾကည့္ပါ။ အဖ်ားကညိဳးၿပီးေျခာက္ေနတယ္ဆိုရင္ အမွည့္လြန္သြားတဲ့ လကၡဏာျဖစ္ပါတယ္။

ငွက္ေပ်ာသီး

ငွက္ေပ်ာသီးက အဝါေရာင္ေတာက္ေတာက္နဲ႔ အခြံမွာ အစက္ေသးေသးေလးေတြရွိေနတယ္ဆိုရင္ ငွက္ေပ်ာသီးကမွည့္ေနၿပီး စားလို႔ရေနပါၿပီ။ သို႔ေသာ္လည္း ဒီလိုငွက္ေပ်ာသီးမ်ိဳးကို ၂ ရက္ထပ္ပိုၿပီး မသိမ္းဆည္းထားသင့္ပါဘူး။ ေနာက္တစ္ခုက အမည္းစက္အႀကီးႀကီးေတြရွိေနတဲ့ ငွက္ေပ်ာသီးေတြကို မဝယ္ပါနဲ႔။

LEAVE A REPLY

Please enter your comment!
Please enter your name here