အရမ်းအိပ်တဲ့ ဘေဘီလေးတွေကို ဘာ့ကြောင့်ပေးအိပ်သင့်သလဲဆိုတဲ့ အကြောင်းရင်း ၅ခု

0
45

သားသမီးရတနာ မွေးဖွားလာပြီဆိုရင် အံသြစရာတွေ ရေတွက်လို့မကုန်နိုင်အောင် မေမေတို့ဆီကို ရောက်လာပါလိမ့်မယ်၊။ မိခင်ဘဝကိုခံယူပြီဆိုကတည်းက ကိုယ်ဝန်ဆောင်နှင့်ပတ်သတ်တဲ့ ဆောင်ရန်/ရှောင်ရန်တွေ၊ မွေးကင်းစ ကလေးတစ်ယောက်ကို ပြုစုစောင့်ရှောက်နည်းတွေ၊ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်နည်းတွေ စသဖြင့် သင်ယူစရာ၊ လေ့လာစရာတွေလည်း အများကြီး ရှိပါလိမ့်မယ်။ ယနေ့မှာတော့ မေမေတို့ ဘေဘီလေးရဲ့ အိပ်စက်မှုအကြောင်းတွေကို ပြောပြပေးချင်ပါတယ်။

မွေးကင်းစ ဘေဘီလေးတွေဟာ အရမ်းအိပ်တတ်ကြပါတယ်။ နို့စို့နေတဲ့အချိန်မှာတောင် အိပ်ပျော်တာကို သတိထားမိမှာပါ။ သင့်ဘေဘီလေးက အရမ်းအိပ်နေလို့ မစိုးရိမ်ပါနဲ့နော်။ တကယ်တော့ ဘေဘီလေးတွေ အများကြီးအိပ်တာက သင်ထင်ထားတာထက် အများကြီး ပိုကောင်းလို့ပါပဲ။

၁။ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကို တိုးမြှင့်ဖို့ ကူညီပေးပါတယ်

မကြာသေးမီက လေ့လာမှုတစ်ခုမှာ အချိန်ကြာကြာအိပ်တဲ့ကလေးတွေဟာ သူတို့ရဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကို ပိုကောင်းစေတယ်လို့ တွေ့ရှိခဲ့ပါတယ်။ လေ့လာမှုအချက်အလက်တွေရဲ့ နှိုင်းယှဉ်ဆန်းစစ်ချက်အရ မွေးကင်းစကလေးတွေဟာ သူတို့ရဲ့ အလုံးစုံအိပ်ချိန်ကို တိုးမြှင့်တဲ့အခါ တစ်သမတ်တည်း မဟုတ်ဘဲ လျှင်မြန်စွာ ကြီးထွားမှု growth spurt တိုးလာစေတာကို တွေ့ကြုံရတယ်လို့ ပြသခဲ့ပါတယ်။

၂။ ဦးနှောက်အာရုံကြောစနစ်ကို ဖွံ့ဖြိုးစေပါတယ်

ကလေးရဲ့ ဗဟိုအာရုံကြောစနစ်ဟာ ပထမဆုံး ၂နှစ်အတွင်းမှာ သိသိသာသာ ဖွံ့ဖြိုးပါတယ်။ သင့်ကလေး အိပ်ပျော်နေတဲ့အခါ အိပ်စက်မှုက ကြီးထွားမှုကို အကူအညီပေးခြင်းအားဖြင့် သူ့ရဲ့ ဦးနှောက်အာရုံကြောစနစ်ကို လှုံ့ဆော်ပေးပါတယ်။ ဒီဖြစ်စဉ်က အိပ်စက်မှုရဲ့ REM (rapid eye movement) အဆင့်အတွင်းမှာ ဖြစ်ပေါ်ပါတယ်။

၃။ ဦးနှောက်ဖွံ့ဖြိုးမှုကို တိုးတတ်စေပါတယ်

ဦးနှောက်ရဲ့ ရင့်ကျက်မှုမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုကို brain plasticity(ဘဝတစ်လျှောက်လုံးအပြောင်းအလဲလုပ်ဖို့ ဦးနှောက်ရဲ့စွမ်းရည်) လို့သိကြပါတယ်။ ဒါက သဘာဝပတ်ဝန်းကျင်အပြောင်းအလဲများကို တုံ့ပြန်မှုမှာ ၎င်းရဲ့ ဖွဲ့စည်းပုံနှင့် function ကို ပြောင်းလဲဖို့ ဦးနှောက်ရဲ့ စွမ်းရည် ဖြစ်ပါတယ်။ တိရိစ္ဆာန်များအပေါ် ကောက်ယူထားတဲ့ လေ့လာမှုများမှာ အိပ်စက်မှု နည်းပါးတဲ့ တိရိစ္ဆာန်ငယ်လေးတွဟာ ဒီဦးနှောက်ရဲ့ စွမ်းရည်ဆုံးရှုံးတာကို တွေ့ကြုံရကြောင်း ပြသခဲ့ပါတယ်။ ဒီဆုံးရှုံးမှု ဦးနှောက်ရဲ့ အရွယ်အစားကို ကျုံ့စေပြီး သင်ယူခြင်းစွမ်းရည်ကို လျော့ကျစေပါတယ်။ အပြုအမှုပေါ်မှာလည်းမကောင်းတဲ့ သက်ရောက်မှုရှိပါတယ်။ ဒီလေ့လာမှုရဲ့ ရလဒ်တွေမှာ အိပ်စက်မှုဟာ ဦးနှောက် plasticityနှင့် ဦးနှောက်ရဲ့ ဖွံ့ဖြိုးမှုအတွက် အရမ်းအရေးပါကြောင်း ထင်ရှားခဲ့ပါတယ်။

၄။ လေ့လာသင်ယူမှု Skillsကို တိုးမြှင့်ခြင်းမှာ ကူညီပေးပါတယ်

သင့်ဘေဘီရဲ့ အိပ်စက်မှုက လေ့လာသင်ယူခြင်းမှာ ကူညီပေးတဲ့ မှတ်ဉာဏ် ခိုင်မာအောင် တည်ဆောက်ခြင်းမှာ အဓိကအခန်းကဏ္ဍမှ ပါဝင်ပါတယ်။ လေ့လာမှုမှာ သုတေသီများက ၁၅လသားအရွယ်ကလေးကို ဘာသာစကားအတုတစ်ခု သင်ပေးဖို့ ကြိုးစားခဲ့ပါတယ်။ ကလေးတွေကို အဖွဲ့ ၂ဖွဲ့ ခွဲခဲ့ပါတယ်။ပထမအဖွဲ့ကို စမ်းသပ်မှုနှင့် သင်ကြားခြင်းအကြားမှာ တရေးတမောပေးအိပ်ပါတယ်။ အခြားတစ်ဖွဲ့ကို ပေးမအိပ်ပါဘူး။ စမ်းသပ်မှု တစ်ခုစီမလုပ်ခင် တရေးတမောအိပ်ရတဲ့ ကလေးတွေမှာ မအိပ်ရတဲ့ကလေးတွေထက် စွမ်းဆောင်ရည်ပိုကောင်းကြောင်း သုတေသီများတွေ့ရှိခဲ့ပါတယ်။ သင်ပေးခဲ့တဲ့ စကားလုံးတွေကို သတိရယုံသာမက သူတို့အကြားက စိတ်ကူးသက်သက် ဆက်ဆံရေးကိုလည်း လေ့လာနိုင်ခဲ့ပါတယ်။

၅။ စိတ်နေစိတ်ထားကို တိုးတတ်ကောင်းမွန်စေပါတယ်

ကလေးတွေဟာ လူကြီးတွေလို မဟုတ်ပါဘူး။ သူတို့မှာ အိပ်စက်ချိန်ပမာဏ မလုံလောက်ရင် စိတ်တိုတာ၊ ဂျီကျတာတွေ ဖြစ်လာပါတယ်။ လေ့လာမှုတစ်ချို့မှာ အိပ်စက်မှု အလုံအလောက်မရတဲ့ကလေးတွေဟာ ဒေါသကြီးတာတွေ၊ စိတ်တိုတာတွေ ဖြစ်လာပါတယ်။ လေ့လာမှုတစ်ခုမှာ ၃ပတ်အတွင်းမှာ ညဘက်အိပ်စက်မှု နည်းပါးတဲ့ ကလေးတွေဟာ ၃လသားအရွယ်မှာတောင် မကြာခဏ ပိုပြီး စိတ်တိုတတ်ကြတယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဒါ့ကြောင့် မေမေတို့ရဲ့ကလေးကို အိပ်စက်ချိန် အလုံအလောက်သတ်မှတ်ပေးဖို့လိုပါတယ်။

Lifestyle_Myanmar

LM_Nandar

ZawGyi

အရမ္းအိပ္တဲ့ ေဘဘီေလးေတြကို ဘာ့ေၾကာင့္ေပးအိပ္သင့္သလဲဆိုတဲ့ အေၾကာင္းရင္း ၅ခု
သားသမီးရတနာ ေမြးဖြားလာၿပီဆိုရင္ အံၾသစရာေတြ ေရတြက္လို႔မကုန္ႏိုင္ေအာင္ ေမေမတို႔ဆီကို ေရာက္လာပါလိမ့္မယ္၊။ မိခင္ဘဝကိုခံယူၿပီဆိုကတည္းက ကိုယ္ဝန္ေဆာင္ႏွင့္ပတ္သတ္တဲ့ ေဆာင္ရန္/ေရွာင္ရန္ေတြ၊ ေမြးကင္းစ ကေလးတစ္ေယာက္ကို ျပဳစုေစာင့္ေရွာက္နည္းေတြ၊ ကေလးတစ္ေယာက္ကို ျပဳစုပ်ိဳးေထာင္နည္းေတြ စသျဖင့္ သင္ယူစရာ၊ ေလ့လာစရာေတြလည္း အမ်ားႀကီး ရွိပါလိမ့္မယ္။ ယေန႔မွာေတာ့ ေမေမတို႔ ေဘဘီေလးရဲ႕ အိပ္စက္မႈအေၾကာင္းေတြကို ေျပာျပေပးခ်င္ပါတယ္။

ေမြးကင္းစ ေဘဘီေလးေတြဟာ အရမ္းအိပ္တတ္ၾကပါတယ္။ ႏို႔စို႔ေနတဲ့အခ်ိန္မွာေတာင္ အိပ္ေပ်ာ္တာကို သတိထားမိမွာပါ။ သင့္ေဘဘီေလးက အရမ္းအိပ္ေနလို႔ မစိုးရိမ္ပါနဲ႔ေနာ္။ တကယ္ေတာ့ ေဘဘီေလးေတြ အမ်ားႀကီးအိပ္တာက သင္ထင္ထားတာထက္ အမ်ားႀကီး ပိုေကာင္းလို႔ပါပဲ။
၁။ ခႏၶာကိုယ္ဖြံ႕ၿဖိဳးမႈကို တိုးျမႇင့္ဖို႔ ကူညီေပးပါတယ္
မၾကာေသးမီက ေလ့လာမႈတစ္ခုမွာ အခ်ိန္ၾကာၾကာအိပ္တဲ့ကေလးေတြဟာ သူတို႔ရဲ႕ ခႏၶာကိုယ္ဖြံ႕ၿဖိဳးမႈကို ပိုေကာင္းေစတယ္လို႔ ေတြ႕ရွိခဲ့ပါတယ္။ ေလ့လာမႈအခ်က္အလက္ေတြရဲ႕ ႏႈိင္းယွဥ္ဆန္းစစ္ခ်က္အရ ေမြးကင္းစကေလးေတြဟာ သူတို႔ရဲ႕ အလုံးစုံအိပ္ခ်ိန္ကို တိုးျမႇင့္တဲ့အခါ တစ္သမတ္တည္း မဟုတ္ဘဲ လွ်င္ျမန္စြာ ႀကီးထြားမႈ growth spurt တိုးလာေစတာကို ေတြ႕ႀကဳံရတယ္လို႔ ျပသခဲ့ပါတယ္။

၂။ ဦးေႏွာက္အာ႐ုံေၾကာစနစ္ကို ဖြံ႕ၿဖိဳးေစပါတယ္

ကေလးရဲ႕ ဗဟိုအာ႐ုံေၾကာစနစ္ဟာ ပထမဆုံး ၂ႏွစ္အတြင္းမွာ သိသိသာသာ ဖြံ႕ၿဖိဳးပါတယ္။ သင့္ကေလး အိပ္ေပ်ာ္ေနတဲ့အခါ အိပ္စက္မႈက ႀကီးထြားမႈကို အကူအညီေပးျခင္းအားျဖင့္ သူ႔ရဲ႕ ဦးေႏွာက္အာ႐ုံေၾကာစနစ္ကို လႈံ႕ေဆာ္ေပးပါတယ္။ ဒီျဖစ္စဥ္က အိပ္စက္မႈရဲ႕ REM (rapid eye movement) အဆင့္အတြင္းမွာ ျဖစ္ေပၚပါတယ္။

၃။ ဦးေႏွာက္ဖြံ႕ၿဖိဳးမႈကို တိုးတတ္ေစပါတယ္

ဦးေႏွာက္ရဲ႕ ရင့္က်က္မႈမွာ အေရးပါတဲ့ အစိတ္အပိုင္းတစ္ခုကို brain plasticity(ဘဝတစ္ေလွ်ာက္လုံးအေျပာင္းအလဲလုပ္ဖို႔ ဦးေႏွာက္ရဲ႕စြမ္းရည္) လို႔သိၾကပါတယ္။ ဒါက သဘာဝပတ္ဝန္းက်င္အေျပာင္းအလဲမ်ားကို တုံ႔ျပန္မႈမွာ ၎ရဲ႕ ဖြဲ႕စည္းပုံႏွင့္ function ကို ေျပာင္းလဲဖို႔ ဦးေႏွာက္ရဲ႕ စြမ္းရည္ ျဖစ္ပါတယ္။ တိရိစာၦန္မ်ားအေပၚ ေကာက္ယူထားတဲ့ ေလ့လာမႈမ်ားမွာ အိပ္စက္မႈ နည္းပါးတဲ့ တိရိစာၦန္ငယ္ေလးတြဟာ ဒီဦးေႏွာက္ရဲ႕ စြမ္းရည္ဆုံးရႈံးတာကို ေတြ႕ႀကဳံရေၾကာင္း ျပသခဲ့ပါတယ္။ ဒီဆုံးရႈံးမႈ ဦးေႏွာက္ရဲ႕ အ႐ြယ္အစားကို က်ဳံ႔ေစၿပီး သင္ယူျခင္းစြမ္းရည္ကို ေလ်ာ့က်ေစပါတယ္။ အျပဳအမႈေပၚမွာလည္းမေကာင္းတဲ့ သက္ေရာက္မႈရွိပါတယ္။ ဒီေလ့လာမႈရဲ႕ ရလဒ္ေတြမွာ အိပ္စက္မႈဟာ ဦးေႏွာက္ plasticityႏွင့္ ဦးေႏွာက္ရဲ႕ ဖြံ႕ၿဖိဳးမႈအတြက္ အရမ္းအေရးပါေၾကာင္း ထင္ရွားခဲ့ပါတယ္။

၄။ ေလ့လာသင္ယူမႈ Skillsကို တိုးျမႇင့္ျခင္းမွာ ကူညီေပးပါတယ္

သင့္ေဘဘီရဲ႕ အိပ္စက္မႈက ေလ့လာသင္ယူျခင္းမွာ ကူညီေပးတဲ့ မွတ္ဉာဏ္ ခိုင္မာေအာင္ တည္ေဆာက္ျခင္းမွာ အဓိကအခန္းက႑မွ ပါဝင္ပါတယ္။ ေလ့လာမႈမွာ သုေတသီမ်ားက ၁၅လသားအ႐ြယ္ကေလးကို ဘာသာစကားအတုတစ္ခု သင္ေပးဖို႔ ႀကိဳးစားခဲ့ပါတယ္။ ကေလးေတြကို အဖြဲ႕ ၂ဖြဲ႕ ခြဲခဲ့ပါတယ္။ပထမအဖြဲ႕ကို စမ္းသပ္မႈႏွင့္ သင္ၾကားျခင္းအၾကားမွာ တေရးတေမာေပးအိပ္ပါတယ္။ အျခားတစ္ဖြဲ႕ကို ေပးမအိပ္ပါဘူး။ စမ္းသပ္မႈ တစ္ခုစီမလုပ္ခင္ တေရးတေမာအိပ္ရတဲ့ ကေလးေတြမွာ မအိပ္ရတဲ့ကေလးေတြထက္ စြမ္းေဆာင္ရည္ပိုေကာင္းေၾကာင္း သုေတသီမ်ားေတြ႕ရွိခဲ့ပါတယ္။ သင္ေပးခဲ့တဲ့ စကားလုံးေတြကို သတိရယုံသာမက သူတို႔အၾကားက စိတ္ကူးသက္သက္ ဆက္ဆံေရးကိုလည္း ေလ့လာႏိုင္ခဲ့ပါတယ္။

၅။ စိတ္ေနစိတ္ထားကို တိုးတတ္ေကာင္းမြန္ေစပါတယ္

ကေလးေတြဟာ လူႀကီးေတြလို မဟုတ္ပါဘူး။ သူတို႔မွာ အိပ္စက္ခ်ိန္ပမာဏ မလုံေလာက္ရင္ စိတ္တိုတာ၊ ဂ်ီက်တာေတြ ျဖစ္လာပါတယ္။ ေလ့လာမႈတစ္ခ်ိဳ႕မွာ အိပ္စက္မႈ အလုံအေလာက္မရတဲ့ကေလးေတြဟာ ေဒါသႀကီးတာေတြ၊ စိတ္တိုတာေတြ ျဖစ္လာပါတယ္။ ေလ့လာမႈတစ္ခုမွာ ၃ပတ္အတြင္းမွာ ညဘက္အိပ္စက္မႈ နည္းပါးတဲ့ ကေလးေတြဟာ ၃လသားအ႐ြယ္မွာေတာင္ မၾကာခဏ ပိုၿပီး စိတ္တိုတတ္ၾကတယ္လို႔ ေတြ႕ရွိခဲ့ပါတယ္။ ဒါ့ေၾကာင့္ ေမေမတို႔ရဲ႕ကေလးကို အိပ္စက္ခ်ိန္ အလုံအေလာက္သတ္မွတ္ေပးဖို႔လိုပါတယ္။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here