အရမ်းဆင်းရဲတဲ့ မွေးစားမိဘနှစ်ပါးကို ချမ်းချမ်းသာသာထားနိုင်ဖို့ အလုပ်ကြိုးစားပြီး ကျေးဇူးဆပ်ခဲ့တဲ့ သား

0
387
- Advertisement -

ပိုက်ဆံက အရာအားလုံးကို ပြောင်းလဲနိုင်ပြီး သူတို့ရဲ့ပြဿနာအားလုံးကို ဖြေရှင်းနိုင်တယ်လို့ လူအတော်များများက ယုံကြည်ကြပါတယ်။ ဒါပေမယ့် ယခုအဖြစ်အပျက်လေးက ဒီလိုယုံကြည်မှုဟာ တကယ့်အဖြစ်မှန်နဲ့ ဘယ်လောက်ထိဝေးကွာနေတယ်ဆိုတာကို သက်သေပြခဲ့ပါတယ်။

-Advertisement-

Nanay နဲ့ Taytay တို့ဇနီးမောင်နှံနှစ်ယောက်ဟာ ဖိလစ်ပိုင်နိုင်ငံက ဆင်းရဲတဲ့အောင်ခြေမိသားစုကနေ မွေးဖွားလာခဲ့ကြတဲ့ ဇနီးမောင်နှံနှစ်ယောက်ဖြစ်ပြီး ဘဝကို ခက်ခဲပင်ပန်းစွာနဲ့ ရုန်းကန်ခဲ့ရသူတွေဖြစ်ပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့ ဖြူစင်တဲ့မေတ္တာနဲ့ အကြင်နာတရားက သူတို့နှစ်ယောက်ကို ပြန်အကျိုးပေးခဲ့တဲ့ ဖြစ်ရပ်လေးက ဖိလစ်ပိုင်နိုင်ငံသားတွေအတွက် အတုယူအားကျစရာလေးတစ်ခု ဖြစ်ခဲ့ပါတယ်။

သူတို့နှစ်ယောက်ဟာ ဆင်ရဲချို့တဲ့ဘဝနဲ့ပဲ Jayvee ဆိုတဲ့ကလေးလေးတစ်ယောက်ကို မွေးစားခဲ့ကြပြီး Jayvee လေးကို သူတို့ကိုယ်သူတို့ထက်တောင် ချစ်မြတ်နိုးပြီး ပြုစုယုယခဲ့ကြပါတယ်။ ယခုလို ဆင်းရဲချို့တဲ့စွာ ရုန်းကန်နေရတဲ့အချိန်မှာ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ဆိုတာ လွယ်ကူတဲ့အရာတော့ မဟုတ်ခဲ့ပေမယ့် သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ကျော်ဖြတ်ခဲ့တာကြောင့် အရမ်းကိုလိမ္မာရေးခြားရှိပြီး အဖိုးတန်တဲ့သားလေးတစ်ယောက်ကို ပိုင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ သူတို့ရဲ့သားလေး အကောင်းဆုံးဘဝကို ရရှိဖို့အတွက်ဆိုတာ သူတို့နှစ်ယောက်ရဲ့ ဘဝကိုရှေ့ဆက်ဖို့အတွက် ခွန်အားသစ်တွေပါပဲ။

ဒါကြောင့် သူတို့လင်မယားနှစ်ယောက် အလုပ်ကိုနှစ်ဆပိုကြိုးစားခဲ့ကြပြီး Jayvee လေးကိုတော့ ကျောင်းစာကိုသာ အာရုံစိုက်စေခဲ့ပါတယ်။ Jayvee လေးရဲ့ ငယ်ဘဝဟာ အခြားအတန်းဖော်တွေလောက် မပြည့်စုံခဲ့ပေမယ့် အခြားသူတွေမှာ မရှိနိုင်တဲ့ တုနှိုင်းမဲ့ မွေးစားမိဘနှစ်ပါးကို ပိုင်ဆိုင်ခွင့်ရခဲ့တာ သူ့အတွက်ကံအကောင်းဆုံး အရာတစ်ခုဖြစ်ပါတယ်။

ဒါကြောင့်ပဲ Jayvee ဟာ ကျောင်းမှာနှစ်တိုင်း အထူးချွန်ဆုံး ကျောင်းသားတစ်ယောက် ဖြစ်ခဲ့ပါတယ်။ Jayvee ဟာစီးပွားရေးပညာကို အထူးလေ့လာခဲ့ပြီး မိဘနှစ်ပါးကို ကျေးဇူးဆပ်နိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။

သူအောင်မြင်လာပြီး ငွေတွေအမြောက်အများ ရှာနိုင်လာတဲ့ အချိန်မှာတော့ သူ့ရဲ့အိမ်မက်တွေအတိုင်း မိဘနှစ်ပါးအတွက် ကြီးကျယ်ခမ်းနားတဲ့ ၃ ထပ်တိုက် အကြီးကြီးတစ်လုံးကို ဆောက်ခဲ့ပါတယ်။

သူဆောက်ခဲ့တဲ့ အိမ်ကြီးမှာ သူတို့မိသားစုသုံးယောက်ရဲ့ ချစ်ခြင်းမေတ္တာသံယောဇဉ်တွေ ပြည့်နှက်နေတယ်လို့ လာရောက်လည်ပတ်သူတွေက ခံစားပြောဆိုကြပါတယ်။

ယခုအချိန်မှာတော့ မွေးစားမိဘနှစ်ဦးဟာ ဘဝကိုခက်ခဲစွာရုန်းကန်ဖို့ မလိုတော့ပဲ သူ့တို့ရဲ့မြေးတွေနဲ့အတူ ပျော်ရွင်ချမ်းမြေ့စွာနဲ့ နေထိုင်လျှက် ရှိပါတယ်။

ဒီလိုဘဝမျိုးကို ရောက်လာလိမ့်မယ်လို့ သူတို့နှစ်ယောက်လုံး အိမ်မက်တောင်မမက်ဖူးခဲ့ပေမယ့် လက်ရှိမှာတော့ သူတို့ရဲ့မေတ္တာက သူတို့ကိုပြန်အကျိုးပေးခဲ့ပါပြီ။

Jayvee ဟာအခုဆိုရင် မိဘနှစ်ပါးကို တကမ္ဘာလုံးအလည်အပတ်ပို့ပေးနိုင်ဖို့ ကြိုးစားလျှက်ရှိပါတယ်။ 

#LM_Naung_Naung

#Lifestyle_Myanmar

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here