အရမ္းခ်စ္ၾကၿပီးမွ ေသကြဲ ကြဲရတဲ့ အျဖစ္ေလာက္ ေၾကကြဲစရာေကာင္းတာမရွိဘူး။

0
13221
Janica Nam Floresc

Janica Nam Floresca နဲ႔ Franco Hernandez ဟာ ဖိလစ္ပိုင္ရဲ႕ ဆယ္လီအတြဲတစ္တြဲျဖစ္ၿပီး ျမင္သူတကားအားက်ေလာက္တဲ့ စုံတြဲတစ္တြဲပဲျဖစ္ပါတယ္။ Janica Nam Floresca ဟာ ေမာ္ဒယ္တစ္ဦးျဖစ္ၿပီး Franco Hernandez ကေတာ့ ဖိလစ္ပိုင္ႏိုင္ငံမွာ ေရပန္းစားတဲ့ ေယာက်္ားေလးအဆိုေတာ္တစ္ဦးပဲျဖစ္ပါတယ္။ အရမ္းကို လိုက္ဖက္တဲ့အတြဲတစ္တြဲျဖစ္ၿပီး အရမ္းကို ခ်စ္ၾကလြန္းလို႔ မီဒီယာေပၚမွာ ခဏခဏ ေဖာ္ျပျခင္း ခံရတာေၾကာင့္ ျမင္သူတကာက မနာလိုေလာက္ေအာင္ ျဖစ္ၾကပါတယ္။

မၾကာခဏဆိုသလို သူတို႔ရဲ႕ ေန႔စဥ္လႈပ္ရွားမႈေလးေတြ၊ ႏွစ္ေယာက္စလုံး ၾကည္ႏူးစရာေကာင္းတဲ့ ခရီးစဥ္ေလးေတြ အတူတူသြားၿပီး ဓာတ္ပုံေတြမွ်ေဝေလ့ရွိပါတယ္။ ျမင္သူတကာ တကယ့္ကို ၾကည္ႏူးစရာေကာင္းတဲ့ ဘဝကို ပိုင္ဆိုင္ထားတာေၾကာင့္ဇာတ္သိမ္းမွာလည္းေပ်ာ္ရႊင္ေအးခ်မ္းတဲ့ပုံစံမ်ိဳးနဲ႔ အဆုံးသတ္သြားမယ္လို႔ လူတိုင္းက ယုံၾကည္ေနၾကပါတယ္။ ဒါေပမဲ့ ကံၾကမၼာက သူတို႔ႏွစ္ေယာက္အတြက္ေတာ့ အရမ္းကို ရက္စက္ခဲ့ၾကတယ္။ ၿပီးခဲ့တဲ့ ၂၀၁၇ခုႏွစ္ ႏိုဝင္ဘာလ ၁၁ ရက္ေန႔မွာFranco Hernande ဟာ ေရနစ္ေသဆုံးမႈျဖစ္ပြားခဲ့ပါတယ္။ Lamidan ေျမာက္ပိုင္း Don Marcelino ၿမိဳ႕ရဲ႕ ကမ္းေျခတစ္ခုမွာျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ သက္ကယ္ဝတ္စုံဝတ္ဆင္ထားျခင္းမရွိဘဲ ျပင္းထန္တဲ့ လိႈင္း႐ိုက္ခတ္မႈေၾကာင့္ ေရနစ္ခဲ့တာျဖစ္ၿပီး ေလွျဖင့္ သြားေရာက္ကယ္ဆယ္ခ်ိန္မွာေတာ့ သူက သတိလစ္ေမ့ေမွ်ာေနပါတယ္။ မၾကာမီ အေရးေပၚ ေဆး႐ုံကို ေခၚေဆာင္သြားၿပီးေနာက္ ေသဆုံးသြားခဲ့တာျဖစ္ပါတယ္။

က်န္ခဲ့တဲ့ Hernande ရဲ႕ ခ်စ္သူ Floresca ကေတာ့ သူေသဆုံးၿပီး ၂လအၾကာမွာ သူ႔တို႔ႏွစ္ေယာက္ရဲ႕ ပုံေဟာင္းေလးကို တင္ၿပီး သူမရဲ႕ ခံစားရမႈေတြကို ထုတ္ေဖာ္ထားခဲ့ပါတယ္။ ဒါအျပင္ Hernande ကြယ္လြန္သြားတဲ့အခ်ိန္ကစၿပီးသူတို႔ရဲ႕ ပထမဦးဆုံးေတြ႕ဆုံခဲ့တဲ့ရက္စြဲေတြ၊ ႏွစ္ပတ္လည္ေန႔ ေရာက္တုိင္း သူတို႔ႏွစ္ဦးရဲ႕ ပုံေဟာင္းေလးေတြကို တင္ျဖစ္ခဲ့ပါတယ္။

#Lifestyle_Myanmar

#Thar_Nage

ေဆး႐ုံနဲ႔ေဝးလို႔ ေသဆုံးခဲ့ရတဲ့ ဇနီးသည္အတြက္ ရည္စူးၿပီး ေဆး႐ုံနဲ႔နီးေအာင္ ၂၂ႏွစ္လုံးလုံး ေတာင္ကိုၿဖိဳၿပီး လမ္းေဖာက္ခဲ့သူ

Unicode

အရမ်းချစ်ကြပြီးမှ သေကွဲ ကွဲရတဲ့ အဖြစ်လောက် ကြေကွဲစရာကောင်းတာမရှိဘူး။
Janica Nam Floresca နဲ့ Franco Hernandez ဟာ ဖိလစ်ပိုင်ရဲ့ ဆယ်လီအတွဲတစ်တွဲဖြစ်ပြီး မြင်သူတကားအားကျလောက်တဲ့ စုံတွဲတစ်တွဲပဲဖြစ်ပါတယ်။ Janica Nam Floresca ဟာ မော်ဒယ်တစ်ဦးဖြစ်ပြီး Franco Hernandez ကတော့ ဖိလစ်ပိုင်နိုင်ငံမှာ ရေပန်းစားတဲ့ ယောကျ်ားလေးအဆိုတော်တစ်ဦးပဲဖြစ်ပါတယ်။ အရမ်းကို လိုက်ဖက်တဲ့အတွဲတစ်တွဲဖြစ်ပြီး အရမ်းကို ချစ်ကြလွန်းလို့ မီဒီယာပေါ်မှာ ခဏခဏ ဖော်ပြခြင်း ခံရတာကြောင့် မြင်သူတကာက မနာလိုလောက်အောင် ဖြစ်ကြပါတယ်။

မကြာခဏဆိုသလို သူတို့ရဲ့ နေ့စဉ်လှုပ်ရှားမှုလေးတွေ၊ နှစ်ယောက်စလုံး ကြည်နူးစရာကောင်းတဲ့ ခရီးစဉ်လေးတွေ အတူတူသွားပြီး ဓာတ်ပုံတွေမျှဝေလေ့ရှိပါတယ်။ မြင်သူတကာ တကယ့်ကို ကြည်နူးစရာကောင်းတဲ့ ဘဝကို ပိုင်ဆိုင်ထားတာကြောင့်ဇာတ်သိမ်းမှာလည်းပျော်ရွှင်အေးချမ်းတဲ့ပုံစံမျိုးနဲ့ အဆုံးသတ်သွားမယ်လို့ လူတိုင်းက ယုံကြည်နေကြပါတယ်။ ဒါပေမဲ့ ကံကြမ္မာက သူတို့နှစ်ယောက်အတွက်တော့ အရမ်းကို ရက်စက်ခဲ့ကြတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့မှာFranco Hernande ဟာ ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။ Lamidan မြောက်ပိုင်း Don Marcelino မြို့ရဲ့ ကမ်းခြေတစ်ခုမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ သက်ကယ်ဝတ်စုံဝတ်ဆင်ထားခြင်းမရှိဘဲ ပြင်းထန်တဲ့ လှိုင်းရိုက်ခတ်မှုကြောင့် ရေနစ်ခဲ့တာဖြစ်ပြီး လှေဖြင့် သွားရောက်ကယ်ဆယ်ချိန်မှာတော့ သူက သတိလစ်မေ့မျှောနေပါတယ်။ မကြာမီ အရေးပေါ် ဆေးရုံကို ခေါ်ဆောင်သွားပြီးနောက် သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

ကျန်ခဲ့တဲ့ Hernande ရဲ့ ချစ်သူ Floresca ကတော့ သူသေဆုံးပြီး ၂လအကြာမှာ သူ့တို့နှစ်ယောက်ရဲ့ ပုံဟောင်းလေးကို တင်ပြီး သူမရဲ့ ခံစားရမှုတွေကို ထုတ်ဖော်ထားခဲ့ပါတယ်။ ဒါအပြင် Hernande ကွယ်လွန်သွားတဲ့အချိန်ကစပြီးသူတို့ရဲ့ ပထမဦးဆုံးတွေ့ဆုံခဲ့တဲ့ရက်စွဲတွေ၊ နှစ်ပတ်လည်နေ့ ရောက်တိုင်း သူတို့နှစ်ဦးရဲ့ ပုံဟောင်းလေးတွေကို တင်ဖြစ်ခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here