လူတစ်ယောက်ဟာ အသက်၂၅နှစ်ထိ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးလျှင် အရပ်ရှည်ဖို့အတွက် မျှော်လင့်ချက်ရှိပါတယ်။ အရပ်ရှည်ခြင်းဟာ ကျွန်တော်တို့နေ့စဉ်လုပ်ရှားနေတဲ့ ကာယလှုပ်ရှားမှုအပေါ်မှာလဲ အများကြီး သက်ရောက်ပါတယ်။ အလုပ်မှာ အထိုင်များသူအတွက်တော့ လေ့ကျင့်ခန်းပြုလုပ်ဖို့အတွက် အချိန်သီးသန့်ပေးနေရမှာဖြစ်ပြီး သာမန်ကာယလုပ်သားအများစုကတော့ အရပ်ရှည်ဖို့အတွက် အထူးတလဲ လေ့ကျင့်ခန်းလုပ်စရာမလိုပါဘူး။ ဒီလေ့ကျင့်ခန်းဟာ တစ်ပတ်အတွင်း ကျောရိုးကို ၁.၅ စင်တီမီတာလောက်ကို ဆန့်ထုတ်ပေးပါတယ်။
၁။စက်ဘီးနင်းခြင်း
စက်ဘီးစီးတဲ့အခါမှာ သင့်ရဲ့ ခြေထောက်ကို ဆန့်ထုတ်ပြီး နင်းနိုင်ရန်ဖို့အတွက် စက်ဘီးဖင်ထိုင်ခုန်ကို ချိန်ညှိပေးပါ။ သင်စက်ဘီးနင်းတဲ့အခါမှာလဲ အတတ်နိုင်ဆုံး ခြေကိုဆန့်ထုတ်ပြီးနင်းပါ။
၂။ ဘားခို
ဘားဆွဲတဲ့အခါမှာ ဘားတန်းက မေးစေ့အောက်ရောက်မှမဟုတ်ပါဘူး။ ဘားတန်းပေါ်မှာ တွဲလွဲခိုထားပြီး လွဲပေးခြင်းကလဲ သင့်ရဲ့ ကျောရိုးနဲ့ ဝမ်းဗိုက်ကြွက်သားမားကို ပိုပြီး သန်မာဖို့ အထောက်အကူဖြစ်စေပါတယ်။
၃။ ခြေဆန့်ပြီး မိုးပေါ်သို့ ထောင်ထားခြင်း
ပုံမှာပြထားတဲ့အတိုင်းခြေထောက်ကိုမိုးပေါ်ထောင်ပြီး အတတ်နိုင်ဆုံးခြေကို ဆန့်ထုတ်ခြင်းကလဲ သင်အရပ်ရှည်ဖို့အတွက် နည်းလမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။
၎။ ဝမ်းလျှာမှောက်ပြီး ဦးခေါင်းမော့ထားခြင်း
ပုံမှာဖော်ပြထားတဲ့အတိုင်း ဝမ်းလျှာမှောက်ပြီး ဦးခေါင်းကို အပေါ်သို့ မော့ထားတဲ့ အနေအထားဟာ ကျောရိုးနဲ့ တင်ပါးရှိ ကြွက်သားများကို ဆန့်ထုတ်ပေးပါတယ်။
၅။ ခန္ဓာကိုယ်ကို ညွှတ်ကွေးခြင်း
ဒူးကိုတည့်မတ်စွာထားပြီး ခန္ဓာကိုယ်ကို ဖြည်းဖြည်းခြင်းကွေးချပါ။ လက်ချောင်းများက အောက်ကြမ်းပြင်နဲ့ ထိတဲ့ အထိ ကိုယ်ကို ညွှတ်ကိုင်းပေးရပါမယ်။
၆။ ကြိုးခုခြင်း (သို့) ဘတ်စကက်ဘောကစားခြင်း
ကြိုးခုန်ခြင်းသို့မဟုတ် ဘတ်စကက်ဘောကစားခြင်းဟာ အရိုးနဲ့ ကြွက်သားတွေကို သန်မာစေဖို့အတွက် အကူညီပေးပြီး သင့်ရဲ့ အရပ်ကိုလဲ ရှည်စေဖို့အတွက်များစွာအထောက်အကူဖြစ်စေပါတယ်။
အစားအစာနှင့် အိပ်ခြင်း
သင့်ခန္ဓာကိုယ်ကြီးထွားပြီး အရပ်ရှည်ဖို့အတွက် လေ့ကျင့်ခန်းအပြင်အခြားလုပ်ဆောင်ရမဲ့အချက်များရှိပါတယ်။ အစာစားတဲ့အခါမှာလဲ ကယ်လစီယမ်၊ သံဓာတ်၊ ဗီတာမင် D နဲ့ အခြား ဗီတာမင်များ မျှတဖို့လိုအပ်ပြီး အိပ်ချိန်ကိုလဲ အပြည့်အဝရရှိအောင် လုပ်ဆောင်သင့်ပါတယ်။ အစားအသောက်နဲ့ အိပ်ချိန်အပြည့်အဝရရှိခြင်းကလဲ သင့်ခန္ဓာကိုယ်ကြီးထွားမှုနဲ့ အရပ်ရှည်နှုန်းကို ပိုပြီးမြန်ဆန်စေပါတယ်။
အချိန်တိုအတွင်း ထိရောက်မှုရှိတဲ့ အိမ်တွင်းသုံးဆေးစွမ်းများ