အရင်ခေတ်တုန်းက မိဘအများစုရဲ့ သားသမီးတွေကို ထိန်းကျောင်းပြုစုပျိုးထောင်နည်းများ

0
154

ယနေ့ခေတ် သားသမီးတွေကို ပြုစုပျိုးထောင်နည်းတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာနဲ့ယှဥ်မယ်ဆိုရင် အင်မတန်ကို ကွာခြားလွန်းလှပါတယ်။ အခုလိုမတူညီကြတော့လို့လည်း ယခင်တုန်းက လုပ်ထုံးလုပ်နည်းလေးတွေကို ပြန်ရှာဖွေလို့မရတော့တာမျိုး၊ သူတို့အကျိုးကျေးဇူးလေးတွေကို ပြန်လည်ခံစားလို့မရတော့ဘူးလို့ မဆိုလိုပါဘူး။ အခုအချိန်လိုမျိုး အရာရာတိုးတက်ပြောင်းလဲပြီး နည်းပညာကခေတ်ရှေ့ပြေးနေတဲ့အချိန်မှာ သားသမီးတွေကို အကောင်းဆုံးပြုစုပျိုးထောင်နိုင်ဖို့အတွက် ရွှေခေတ်တုန်းက အချိန်လေးတွေကို ပြန်ပြီးလေ့လာပေးနိုင်ပါတယ်။

-Advertisement-

၁။ အရိုးရှင်းဆုံးက ပျော်စရာအကောင်းဆုံးပါ

ကျွန်မတို့ ငယ်စဥ်တုန်းကတော့ အခုလိုမျိုး နည်းပညာပိုင်းဆိုင်ရာ ကစားစရာတွေအများကြီးမရှိခဲ့ပေမယ့်လည်း ပျော်စရာအချိန်တွေ၊ စွန့်စားခန်းတွေကို ကိုယ်ပိုင်ဖန်တီးနိုင်ကြပါတယ်။ ငယ်ငယ်တုန်းက မိဘတွေပေးခဲ့တဲ့ အရိုးရှင်းဆုံးပျော်ရွှင်မှုကတော့ မေမေကိုယ်တိုင်လုပ်မုန့်လေးတွေ၊ ဖေဖေဖန်တီးပေးတဲ့ ကစားစရာအရုပ်လေးတွေ၊ စတဲ့ အသေးအဖွဲအရာလေးတွေက ကျွန်မတို့အတွက်တော့ တစ်ကမ္ဘာကြီးလိုပါပဲ။

၂။ အတူတူဆော့ကစားပေးတယ်

ယနေ့ခေတ်မိဘတွေက အင်မတန်အလုပ်ရှုပ်လှတဲ့အတွက်ကြောင့် အလုပ်နဲ့သားသမီးတွေကြားမှာ အချိန်ပေးဖို့ကို အခက်အခဲတွေ့တတ်ကြပါတယ်။ သားသမီးတွေကောင်းစားဖို့အတွက် ကြိုးစားပမ်းစား ပိုက်ဆံရှာနေကြတာ မှန်ပေမယ့်လည်း သူတို့နဲ့အတူ ဆော့ကစားခြင်း၊ စာဖတ်ခြင်း စတဲ့အရာလေးတွေလုပ်ပေးခြင်းကလည်း မိဘနဲ့သားသမီးကြားက ဆက်ဆံရေးကို ပိုပြီးကောင်းမွန်စေဖို့အတွက် အင်မတန်လိုအပ်ပါတယ်။

၃။ အရှုံးနဲ့စိတ်ပျက်မှုတွေ ကြုံတွေ့ခွင့်ပေးတယ်

မိဘတိုင်းကတော့ သားသမီးတွေကို အကောင်းဆုံးတွေပဲဖြစ်စေချင်ကြပြီး သူတို့ဘဝမှာလည်း ပျော်စရာကိစ္စတွေ၊ အောင်မြင်မှုတွေကိုပဲ ကြုံတွေ့စေချင်ကြတာချည်းပါပဲ။ ဒါပေမယ့်လည်း ကိုယ့်ဆန္ဒတစ်ခုတည်းကြောင့်နဲ့ သားသမီးတွေအခက်ကြုံတိုင်း ရှေ့ကနေ ကာဆီးပြီး ဖြေရှင်းပေးရမယ်လို့ မဆိုလိုပါဘူး။ ကြိုးစားတတ်ရမယ်၊ ကြုံလာတဲ့အရှုံးနဲ့ စိတ်ပျက်မှုကိုလည်း ရင်ဆိုင်တတ်ရမယ်။ ထိုမှသာလျှင် သင်ယူကြီးထွားနိုင်မယ့် အခွင့်အရေးကို ရရှိမှာဖြစ်ပါတယ်။

၄။ ပိုက်ဆံရဲ့တန်ဖိုးကို သင်ကြားပေးတယ်

ဒီနေ့ခေတ် ကလေးငယ်တွေက သူတို့လိုချင်တာနဲ့ တကယ်လိုအပ်တဲ့ကြားမှာ သေချာမခွဲခြားတတ်တဲ့အတွက်ကြောင့် ပိုက်ဆံနဲ့ပတ်သက်လို့ စည်းစနစ်ကျကျ မသုံးတတ်ကြတော့ပါဘူး။ ယခင်တုန်းက မိဘတွေကတော့ ပိုက်ဆံရဲ့အရေးပါအရာရောက်ပုံနဲ့ တန်ဖိုးရှိရှိ သုံးတတ်အောင်လည်း သင်ကြားပေးပါတယ်။ မလိုတဲ့နေရာမှာမသုံးဘဲ စုဆောင်းတတ်အောင်ကိုလည်း တပါတည်း အကြံပေးတတ်ကြပါတယ်။

၅။ အိမ်အလုပ်တွေ ကူလုပ်ခိုင်းတယ်

ကျွန်မတို့ ငယ်စဥ်တုန်းက အိမ်အလုပ်လေးတွေ ကူလုပ်ပေးရတာကို အများစုက မှတ်မိဦးမယ်လို့ ထင်ပါတယ်။ ပန်းကန်ဆေး၊ ထမင်းစားပွဲပြင်၊ အိမ်သာဆေး၊ အိပ်ရာသိမ်း၊ အိပ်ရာပြင်၊ မြက်နှုတ် စတဲ့ အိမ်အလုပ်လေးတွေ ကူလုပ်စေခြင်းအားဖြင့် မိသားစုထဲမှာ ကိုယ်ဟာ တစ်ဖက်တစ်လမ်းကနေ အကူအညီဖြစ်စေတယ်ဆိုတဲ့ အဓိပ္ပာယ်ကို နားလည်သဘောပေါက်စေပါတယ်။

စာဖတ်သူတို့ရော ကိုယ့်ရဲ့မိဘတွေဆီကနေ သင်ယူခဲ့ဖူးတဲ့ အကောင်းဆုံးအရာက ဘာဖြစ်မလဲ။ ထိုနည်းလမ်းတွေထဲကနေရော ဘယ်တစ်ခုကို ကိုယ့်သားသမီးလေးတွေအလှည့်ကျရင် ပြန်လည်အသုံးချဖြစ်မလဲဆိုတာကို ပြန်လည်ဝေမျှပေးခဲ့ကြပါဦး။

#Lifestyle_Myanmar

#Thinzar

Ref-brightside

Zawgyi

အရင္ေခတ္တုန္းက မိဘအမ်ားစုရဲ႕ သားသမီးေတြကို ထိန္းေက်ာင္းျပဳစုပ်ိဳးေထာင္နည္းမ်ား

ယေန႔ေခတ္ သားသမီးေတြကို ျပဳစုပ်ိဳးေထာင္နည္းေတြဟာ လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာနဲ႔ယွဥ္မယ္ဆိုရင္ အင္မတန္ကို ကြာျခားလြန္းလွပါတယ္။ အခုလိုမတူညီၾကေတာ့လို႔လည္း ယခင္တုန္းက လုပ္ထုံးလုပ္နည္းေလးေတြကို ျပန္ရွာေဖြလို႔မရေတာ့တာမ်ိဳး၊ သူတို႔အက်ိဳးေက်းဇူးေလးေတြကို ျပန္လည္ခံစားလို႔မရေတာ့ဘူးလို႔ မဆိုလိုပါဘူး။ အခုအခ်ိန္လိုမ်ိဳး အရာရာတိုးတက္ေျပာင္းလဲၿပီး နည္းပညာကေခတ္ေရွ႕ေျပးေနတဲ့အခ်ိန္မွာ သားသမီးေတြကို အေကာင္းဆုံးျပဳစုပ်ိဳးေထာင္ႏိုင္ဖို႔အတြက္ ေ႐ႊေခတ္တုန္းက အခ်ိန္ေလးေတြကို ျပန္ၿပီးေလ့လာေပးႏိုင္ပါတယ္။

၁။ အ႐ိုးရွင္းဆုံးက ေပ်ာ္စရာအေကာင္းဆုံးပါ

ကြၽန္မတို႔ ငယ္စဥ္တုန္းကေတာ့ အခုလိုမ်ိဳး နည္းပညာပိုင္းဆိုင္ရာ ကစားစရာေတြအမ်ားႀကီးမရွိခဲ့ေပမယ့္လည္း ေပ်ာ္စရာအခ်ိန္ေတြ၊ စြန႔္စားခန္းေတြကို ကိုယ္ပိုင္ဖန္တီးႏိုင္ၾကပါတယ္။ ငယ္ငယ္တုန္းက မိဘေတြေပးခဲ့တဲ့ အ႐ိုးရွင္းဆုံးေပ်ာ္႐ႊင္မႈကေတာ့ ေမေမကိုယ္တိုင္လုပ္မုန႔္ေလးေတြ၊ ေဖေဖဖန္တီးေပးတဲ့ ကစားစရာအ႐ုပ္ေလးေတြ၊ စတဲ့ အေသးအဖြဲအရာေလးေတြက ကြၽန္မတို႔အတြက္ေတာ့ တစ္ကမာၻႀကီးလိုပါပဲ။

၂။ အတူတူေဆာ့ကစားေပးတယ္

ယေန႔ေခတ္မိဘေတြက အင္မတန္အလုပ္ရႈပ္လွတဲ့အတြက္ေၾကာင့္ အလုပ္နဲ႔သားသမီးေတြၾကားမွာ အခ်ိန္ေပးဖို႔ကို အခက္အခဲေတြ႕တတ္ၾကပါတယ္။ သားသမီးေတြေကာင္းစားဖို႔အတြက္ ႀကိဳးစားပမ္းစား ပိုက္ဆံရွာေနၾကတာ မွန္ေပမယ့္လည္း သူတို႔နဲ႔အတူ ေဆာ့ကစားျခင္း၊ စာဖတ္ျခင္း စတဲ့အရာေလးေတြလုပ္ေပးျခင္းကလည္း မိဘနဲ႔သားသမီးၾကားက ဆက္ဆံေရးကို ပိုၿပီးေကာင္းမြန္ေစဖို႔အတြက္ အင္မတန္လိုအပ္ပါတယ္။

၃။ အရႈံးနဲ႔စိတ္ပ်က္မႈေတြ ႀကဳံေတြ႕ခြင့္ေပးတယ္

မိဘတိုင္းကေတာ့ သားသမီးေတြကို အေကာင္းဆုံးေတြပဲျဖစ္ေစခ်င္ၾကၿပီး သူတို႔ဘဝမွာလည္း ေပ်ာ္စရာကိစၥေတြ၊ ေအာင္ျမင္မႈေတြကိုပဲ ႀကဳံေတြ႕ေစခ်င္ၾကတာခ်ည္းပါပဲ။ ဒါေပမယ့္လည္း ကိုယ့္ဆႏၵတစ္ခုတည္းေၾကာင့္နဲ႔ သားသမီးေတြအခက္ႀကဳံတိုင္း ေရွ႕ကေန ကာဆီးၿပီး ေျဖရွင္းေပးရမယ္လို႔ မဆိုလိုပါဘူး။ ႀကိဳးစားတတ္ရမယ္၊ ႀကဳံလာတဲ့အရႈံးနဲ႔ စိတ္ပ်က္မႈကိုလည္း ရင္ဆိုင္တတ္ရမယ္။ ထိုမွသာလွ်င္ သင္ယူႀကီးထြားႏိုင္မယ့္ အခြင့္အေရးကို ရရွိမွာျဖစ္ပါတယ္။

၄။ ပိုက္ဆံရဲ႕တန္ဖိုးကို သင္ၾကားေပးတယ္

ဒီေန႔ေခတ္ ကေလးငယ္ေတြက သူတို႔လိုခ်င္တာနဲ႔ တကယ္လိုအပ္တဲ့ၾကားမွာ ေသခ်ာမခြဲျခားတတ္တဲ့အတြက္ေၾကာင့္ ပိုက္ဆံနဲ႔ပတ္သက္လို႔ စည္းစနစ္က်က် မသုံးတတ္ၾကေတာ့ပါဘူး။ ယခင္တုန္းက မိဘေတြကေတာ့ ပိုက္ဆံရဲ႕အေရးပါအရာေရာက္ပုံနဲ႔ တန္ဖိုးရွိရွိ သုံးတတ္ေအာင္လည္း သင္ၾကားေပးပါတယ္။ မလိုတဲ့ေနရာမွာမသုံးဘဲ စုေဆာင္းတတ္ေအာင္ကိုလည္း တပါတည္း အႀကံေပးတတ္ၾကပါတယ္။

၅။ အိမ္အလုပ္ေတြ ကူလုပ္ခိုင္းတယ္

ကြၽန္မတို႔ ငယ္စဥ္တုန္းက အိမ္အလုပ္ေလးေတြ ကူလုပ္ေပးရတာကို အမ်ားစုက မွတ္မိဦးမယ္လို႔ ထင္ပါတယ္။ ပန္းကန္ေဆး၊ ထမင္းစားပြဲျပင္၊ အိမ္သာေဆး၊ အိပ္ရာသိမ္း၊ အိပ္ရာျပင္၊ ျမက္ႏႈတ္ စတဲ့ အိမ္အလုပ္ေလးေတြ ကူလုပ္ေစျခင္းအားျဖင့္ မိသားစုထဲမွာ ကိုယ္ဟာ တစ္ဖက္တစ္လမ္းကေန အကူအညီျဖစ္ေစတယ္ဆိုတဲ့ အဓိပၸာယ္ကို နားလည္သေဘာေပါက္ေစပါတယ္။

စာဖတ္သူတို႔ေရာ ကိုယ့္ရဲ႕မိဘေတြဆီကေန သင္ယူခဲ့ဖူးတဲ့ အေကာင္းဆုံးအရာက ဘာျဖစ္မလဲ။ ထိုနည္းလမ္းေတြထဲကေနေရာ ဘယ္တစ္ခုကို ကိုယ့္သားသမီးေလးေတြအလွည့္က်ရင္ ျပန္လည္အသုံးခ်ျဖစ္မလဲဆိုတာကို ျပန္လည္ေဝမွ်ေပးခဲ့ၾကပါဦး။

LEAVE A REPLY

Please enter your comment!
Please enter your name here