နည်းပညာတွေတိုးတက်လာတာကြောင့် ယခင်တုန်းက လူနေမူပုံစံနဲ့ ယနေ့ခေတ်လူနေမှုပုံစံ အမျိုးမျိုးပြောင်းလဲလာခဲ့ပါတယ်။ အဓိကပြောင်းလဲသွားတဲ့ အကြောင်းအရင်းကတော့ နည်းပညာတွေ တိုးတက်လာတာကြောင့်ဖြစ်ပါတယ်။ ဒါပေမဲ့ နည်းပညာတွေတိုးတက်လာတာဟာ ကျွန်တော်တို့အတွက် ကောင်းကျိုးကိုရရှိနိုင်သလို ယခင်က ကောင်းမွန်တဲ့ အပြုအမူအချို့လည်း ပျောက်ကွယ်သွားပါတယ်။ ဒါ့ကြောင့် ယခင်က ကျွန်တော်တို့ရဲ့ ကောင်းမွန်တဲ့ဘယ်အချက်တွေ ဆုံးရှုံးသွားပြီလဲဆိုတာ သိရှိစေဖို့ Lifestyle_Myanmar ပရိတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်။
၁။ ယခင်က အားကစားကို ရူးသွပ်ခဲ့ပေမဲ့ အခုအချိန်မှာတော့ ဂိမ်းတွေကိုပဲရူးသွပ်တော့တယ်။
၂။ အရင်အချိန်က အားလပ်ရက်ခရီးထွက်တဲ့အခါ သူငယ်ချင်းမိတ်ဆွေတွေနဲ့အတူပျော်ပါးခဲ့ပေမဲ့ အခုအချိန် ခရီးထွက်တဲ့အခါ ဖုန်းတစ်လုံးနဲ့ Selfie ဆွဲနေရရင်ကျေနပ်နေတယ်။
၃။ အရင်က ပစ္စည်းတစ်ခုရောင်းချဖို့အတွက် အခက်အခဲအနည်းငယ်ရှိနေပေမဲ့ အခုအချိန်မှာတော့ Social Network ကြောင့် ပိုမိုလွယ်ကူလာတယ်။
၎။ နည်းပညာတွေ တိုးတက်လာတာကြောင့် အကူအညီတောင်းပုံချင်းလဲ တဖြေးဖြေးကွာခြားလာခဲ့တယ်။
၅။ အရင်က မိမိမလုပ်တတ်တာကို အမေ့ကိုမေးပြီး အကူအညီတောင်းနေရပေမဲ့ အခုအချိန်မှာတော့ အမေထက် Google က ပိုအရေးပါလားတယ်။
၆။ အရင်က အပြင်မှာ အချင်းချင်းနောက်ပြောင်ကျီစယ်ကြပေမဲ့ အခုအချိန်မှာတော့ Online ပေါ်မှာ အချင်းအချင်း နောက်ပြောကျီစယ်ကြတယ်။
၇။ အရင်က ပင်လယ်ဓားပြနဲ့ အခုခေတ်ပင်လယ်ဓားပြ
၈။ အရင်ကကောင်မလေးတွေရဲ့ အဓိကသဝန်တိုတာ ကိုယ့်ကောင်လေးအခြားကောင်မလေးအပေါ် အာရုံစူးစိုက်တာ။ အခုကောင်မလေးတွေကတော့ ကိုယ့်ကောင်လေး အခြားကောင်မလေးဓာတ်ပုံကို Like ပေးတာ။
၉။ ယောက်ျားလေးဆိုတာ – ယခင်ကဘိုကေလေးသပ်သပ်ရပ်ရပ်ဘီးထားရင် ယောက်ျားပီသတယ်၊ ခန့်တယ်လို့ဆိုပေမဲ့ အခုအခါမှာတော့ တက်တူးနဲ့ ခေါင်းကဘေးနှစ်ဖက်ပြောင်မှ ယောက်ျားပီသတယ်၊ ခန့်တယ်လို့ ထင်ကြတယ်။
၁၀။ ယခင်က တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးသထက်ရင်းနှီးအောင်/အဆက်အသွယ်ရရှိသထက်ရရှိအောင် အပြန်အလှန်ဖန်တီးယူပေမဲ့ အခုအချိန်မှာတော့ ဖုန်းလာရင်တောင် စိတ်အနှောင့်အယှက်ဖြစ်နေကြတယ်။
၁၁။ တကယ့်အရေးပါတဲ့ အရာတွေထက် အရေးမပါတဲ့အရာတွေအပေါ် ပိုပြီး အာရုံစိုက်လာကြတယ်။
ကလေးရှိတဲ့ မိသားစုလေးတစ်ခုရဲ့ ပျော်စရာအခိုက်အတန့်လေးများ
#Lifestyle_Myanmar
#Thar_Nage