အရင္က အသက္ ၃၀အမ်ိဳးသမီးေတြထက္ ေခတ္သစ္ အသက္ ၃၀အမ်ိဳးသမီးေတြက ဘာ့ေၾကာင့္ ပိုႏုပ်ိဳၾကတာလဲ?

0
396

အရင္ေခတ္တုန္းက အမ်ိဳးသမီးတစ္ေယာက္ အသက္ ၃၀ထဲဝင္လာၿပီဆိုရင္ လူႀကီးစာရင္းဝင္သြားၿပီ။ အပ်ိဳဟိုင္းႀကီးျဖစ္သြားၿပီလို႔ ဆိုၾကပါတယ္ ဒါေပမယ့္ ယေန႔မွာ လူငယ္မိန္းကေလးတစ္ေယာက္က မွတ္ပုံတင္ကိုင္ၿပီး ကြၽန္မ အသက္ ၃၀ပါ လို႔ေျပာရင္ ယုံႏိုင္စရာမရွိပါဘူး။ ဘာ့ေၾကာင့္လဲဆိုေတာ့ ယေန႔အသက္ ၃၀အမ်ိဳးသမီးေတြဟာ အသက္ ၂၀အမ်ိဳးသမီးေတြလို႔ထင္ရေအာင္ ႏုပ်ိဳေနပါတယ္။ အသက္ ၃၀ေက်ာ္လာရင္ ပိုပိုၿပီးေတာ့ေတာင္ လွလာတာကို ေတြ႕ျမင္ရပါတယ္။ ဒါကဘာျဖစ္လို႔ပါလဲ?

သိပၸံပညာရွင္မ်ားက middle age ဟာ ၃၅ႏွစ္မွ စတင္ေၾကာင္း သက္ေသျပခဲ့ၾကပါတယ္။ ဒါ့ေၾကာင့္ သင့္အသက္ ၃၀ရွိေနၿပီဆိုရင္ တရားဝင္လူငယ္တစ္ဦး ျဖစ္ႏိုင္ပါေသးတယ္။ ယေန႔ေဆာင္းပါးမွာ ယခင္က အသက္ ၃၀အမ်ိဳးသမီးတစ္ေယာက္နဲ႔ ယေန႔ အသက္၃၀အမ်ိဳးသမီးတစ္ေယာက္တို႔ ဘာ့ေၾကာင့္ ျခားနားသြားတာလဲ? ဘယ္လိုအေၾကာင္းအရာေတြေၾကာင့္လဲ? ဆိုတာမွ်ေဝေပးခ်င္ပါတယ္။

၁။ အသက္အ႐ြယ္ ျခားနားမႈကို နားလည္လာၾကပါတယ္

ယခင္က အမ်ိဳးသမီးတစ္ေယာက္ဟာ အသက္ ၃၀ထဲဝင္လာၿပီဆိုရင္ ပ်ိဳျမစ္မႈေတြကုန္ဆုံးၿပီး အလွတရားေတြ ေမွးမွိန္သြားၿပီလို႔ ေျပာၾကပါတယ္။ ငါ အသက္ ၃၀ထဲေရာက္လာၿပီ။ သူငယ္ခ်င္းေတြ အိမ္ေထာင္က်လို႔ ကေလးေတြရေနၿပီ။ ငါခုထိ အပ်ိဳႀကီးျဖစ္ေနတုန္းလို႔ ေတြးေကာင္းေတြးႏိုင္ပါတယ္။ ဒါေပမယ့္ ယေန႔လူေနမႈပုံစံေတြက ေျပာင္းလဲလာခဲ့သလို ယခု အသက္၃၀အ႐ြယ္ဟာ အ႐ြယ္ေကာင္းျဖစ္ေၾကာင္း နားလည္လာၾကပါတယ္။ အရင္တုန္းကဆို အမ်ိဳးသမီးတစ္ေယာက္ အသက္ ၃၀ေက်ာ္လာရင္ ငါအိုေနၿပီ၊ အ႐ြယ္လြန္ေနၿပီလို႔ ထင္ၾကေပမယ့္ ယေန႔မွာေတာ့ ဒီကိန္းဂ႑န္းေတြနဲ႔ ပတ္သတ္ၿပီး ကြၽန္မတို႔ မစိုးရိမ္ၾကေတာ့ပါဘူး။ ကြၽန္မတို႔ဟာ ကိုယ့္ရဲ႕ အသြင္အျပင္ေပၚမွာ အျပဳသေဘာေဆာင္ၿပီး ကိုယ့္ကိုယ္ကို ငယ္႐ြယ္တယ္လို႔ပဲ ခံစားရပါတယ္။ ကိုယ့္ကိုယ္ကို ၾကည့္ေကာင္းေအာင္ျပင္ဆင္ၿပီး လန္းဆန္းတတ္ႂကြစြာ ေနထိုင္ၾကပါတယ္။ စိတ္ပ်ိဳလို႔ ကိုယ္ႏုတဲ့ သေဘာပါပဲ။

၂။ လြတ္လပ္စြာ ေ႐ြးခ်ယ္ခြင့္ေတြ ရွိလာပါတယ္

အရင္တုန္းက အမ်ိဳးသမီးတစ္ေယာက္ ၂၅ႏွစ္အ႐ြယ္ေရာက္လာၿပီဆိုရင္ ငါ ဒါေတြဝတ္လိုက္ရင္ အသက္ႀကီးတဲ့ပုံေပၚေနမလား? ဒါေတြက ကေလးကလားမ်ား ျဖစ္ေနမလားလို႔ ေတြးတာေၾကာင့္ ေတာက္ေတာက္ေျပာင္ေျပာင္ အဝတ္အစားေတြ၊ ဂါဝန္၊ စကတ္အတိုေတြနဲ႔ တျခားကေလးဆန္တဲ့အဝတ္အစားေတြဆို ေရွာင္ၾကပါတယ္။ ယေန႔ေခတ္ အသက္ ၃၀အ႐ြယ္ မိန္းကေလးေတြကေတာ့ အေရာင္ေတာက္ေတာက္ အဝတ္အစားေတြ၊ ဂ်င္းအၿပဲေတြ ဝတ္ဆင္ႏိုင္ၿပီး ဆံပင္ကို ဘယ္အေရာင္မဆို ဆိုးႏိုင္တုန္းပါပဲ။ ကိုယ္ ဝတ္ခ်င္တဲ့ အဝတ္အစားပုံစံ၊ ညႇပ္ခ်င္တဲ့ ဆံပင္ပုံစံ၊ ႀကိဳက္ႏွစ္သက္တဲ့ အရာေတြကို ေ႐ြးခ်ယ္ဖို႔ မတြန႔္ဆုတ္ေနပါဘူး။ ဒါ့ေၾကာင့္လဲ ယခုေခတ္ အသက္ ၃၀မိန္းကေလးေတြဟာ ႏုပ်ိဳၿပီး လန္းဆန္းတတ္ႂကြေနပုံေပၚတာပါ။

၃။ အလွကုန္ပစၥည္းေတြအေပၚမွာ မတူညီတဲ့ သေဘာထားေတြ ရွိပါတယ္

ကြၽန္မတို႔ အ႐ြယ္ေရာက္လာစဥ္က(ဒီေဆာင္းပါးေရးသူက အသက္ ၃၀ရွိၿပီျဖစ္ပါတယ္) ဗ်ဴးတီးဘေလာ့ဂါေတြ ၊ highlighter ေတြ၊ glittersေတြလည္း မရွိခဲ့ပါဘူး။ အလွကုန္ပစၥည္း ေ႐ြးခ်ယ္မႈက တကယ့္ကို အကန႔္အသတ္ျဖစ္ခဲ့ပါတယ္။ လြန္ခဲ့တဲ့ ၁၅ႏွစ္နဲ႔ ယေန႔အေျခအေနက သိသိသာသာ ေျပာင္းလဲခဲ့ၿပီး အလွကုန္ပစၥည္းဆိုလည္း ေ႐ြးခ်ယ္စရာေတြ အမ်ားႀကီးရွိလာပါၿပီ။ မိတ္ကပ္လိမ္းတဲ့ သေဘာထားေတြလည္း ေျပာင္းလဲခဲ့ပါၿပီ။ အရင္တုန္းက အသက္ ၃၀အမ်ိဳးသမီးေတြဟာ ပြဲလမ္းသဘင္ ေတြရွိမွသာ မိတ္ကပ္ကို လိမ္းျခယ္ၾကတာျဖစ္ၿပီး ယေန႔ အမ်ိဳးသမီးအမ်ားစုက ဘာအေၾကာင္းမွ မရွိတာေတာင္ ေန႔တိုင္း မိတ္ကပ္လိမ္းၾကပါတယ္။ ေခတ္သစ္အမ်ိဳးသမီးေတြ ေတာက္ပၿပီး ဆြဲေဆာင္မႈ ဘာ့ေၾကာင့္ ပိုရွိသလဲဆိုတာ ဒါ့ေၾကာင့္ပဲျဖစ္ပါတယ္။

၄။ ေငြေရးေၾကးေရး အေျခအေန ပိုၿပီးတည္ၿငိမ္လာတာေၾကာင့္လည္း ျဖစ္ပါတယ္

ေခတ္သစ္ အသက္ ၃၀အမ်ိဳးသမီးေတြက skin care ႏွင့္ အလွကုန္ပစၥည္းေတြအေၾကာင္း အမ်ားႀကီးသိလာပါၿပီ။ ကိုယ္ဘယ္မိတ္ကပ္ကို ေ႐ြးခ်ယ္သင့္သလဲ?၊ အသားအေရေကာင္းေအာင္ ဘယ္လိုထိန္းသိမ္းမလဲဆိုတာ အြန္လိုင္းကေနတဆင့္ သိလာသလို ကိုယ့္ကိုယ္ကို ဘယ္လိုဂ႐ုစိုက္ရမလဲဆိုတဲ့ အသိအျမင္ေတြ ပြင့္လာတာေၾကာင့္လည္း ျဖစ္ပါတယ္။ ဒီအသက္အ႐ြယ္မွာ ကိုယ္ပိုင္ဝင္ေငြကလည္း တည္ၿငိမ္ၿပီးသားဆိုေတာ့ ကိုယ္လိုခ်င္တာကို စတိုးဆိုင္မွာ သြားေ႐ြးခ်ယ္ယုံပါပဲ။ ေနရာတိုင္းမွာ gyms ေတြလည္း ရွိလာပါၿပီ။ Confidence ရွိလာတဲ့အတြက္ ကိုယ့္အတြက္ကိုယ္ ပိုက္ဆံသုံးဖို႔ တြန႔္ဆုတ္ မေနေတာ့ပါဘူး။ ရလဒ္တစ္ခုအေနနဲ႔ အမ်ိဳးသမီးေတြမွာ ယခင္ generation(မ်ိဳးဆက္) မွာမရွိတဲ့ ေငြေၾကးနဲ႔ ကိုယ့္ရဲ႕အသြင္အျပင္ကို ေစာင့္ေရွာက္မႈေကာင္းေတြယူၿပီး အားကစားေတြ လုပ္တဲ့အေလ့အထ ရွိလာပါတယ္။

၅။ အဆင့္ျမင့္ cosmetology လုပ္ငန္းေတြကို သုံးလာပါတယ္

အရင္ေခတ္တုန္းက ကြၽန္မတို႔မိခင္ေတြဟာ မိတ္ကပ္၊ ေပါင္ဒါ၊ ႏႈတ္ခမ္းနီေလာက္သာ သိခဲ့ၾကၿပီး မိတ္ကပ္ပစၥည္းေတြနဲ႔ ပတ္သတ္လို႔ ဘယ္လိုလိမ္းခ်ယ္ရတယ္၊ ဘယ္လိုျပင္ဆင္ရတယ္ဆိုတာ သိဖို႔မလြယ္ခဲ့သလို၊ အလြယ္တကူလည္း မလုပ္တတ္ခဲ့ၾကပါဘူး။ ယေန႔ေခတ္မွာေတာ့ မိတ္ကပ္လိမ္းျခယ္နည္းအဆင့္ဆင့္က ကေလးကအစ ဘယ္အသက္အ႐ြယ္မဆို လုပ္တတ္ေနပါၿပီ။ ေနရာတိုင္းမွာ (အလွအပဆိုင္ရာ ကြၽမ္းက်င္သူေတြ) Cosmetologists ေတြလည္းအမ်ားႀကီးရွိၿပီး ဒီဝန္ေဆာင္မႈေတြအတြက္ ေဈးႏႈန္းကလည္း ျမင့္မားမႈ မရွိပါဘူး။ ပလတ္စတစ္ ဆာဂ်ရီကိုသာ ရည္ၫြန္းတာ မဟုတ္ပါဘူး။ ေပါင္းတင္တာ ၊ႏွိပ္နယ္တာကစလို႔ ေခါင္းအစေျခအဆုံး ကိုယ့္ရဲ႕အသြင္အျပင္နဲ႔ ကိုယ့္ကိုယ္ကို ဂ႐ုစိုက္ဖို႔ တျခားနည္းလမ္းေတြ ရွိလာပါၿပီ။

၇။ ကိုယ့္ရဲ႕စတိုင္ကို ရွာေတြ႕လာၾကပါတယ္
ယေန႔ေခတ္ ေဈးဝယ္ထြက္ရတာက သက္သက္သာသာနဲ႔ ေပ်ာ္စရာေကာင္းပါတယ္။ ဝယ္ဝယ္မဝယ္ဝယ္ မ်က္စိအရသာခံၿပီး ဆိုင္ေတြ ပတ္ၾကည့္တတ္တဲ့ ၊ အခ်ိန္ကုန္ခံၿပီး ေဈးဝယ္ထြက္ရတာ ႏွစ္သက္တဲ့ ကြၽန္မတို႔အတြက္ shopping mall အႀကီးႀကီးေတြ ရွိလာပါၿပီ။ ဒီလိုေလွ်ာက္ဝယ္ရတာ မႏွစ္သက္သူေတြအတြက္ အိမ္အေရာက္ပို႔ေပးတဲ့ ဝန္ေဆာင္မႈႏွင့္အတူ အြန္လိုင္းစတိုးေတြ ရွိလာပါၿပီ။ ေမာ္ဒယ္မွာ သို႔မဟုတ္ ပုံမွာျပထားတဲ့ မူရင္းအဝတ္အစားနဲ႔ ကိုယ့္ရဲ႕စတိုင္ လိုက္မလိုက္ဆိုတာ ကြၽန္မတို႔အတြက္ စမ္းသပ္မႈတစ္ခု ျဖစ္လာပါတယ္။ ကိုယ့္ခႏၶာကိုယ္အခ်ိဳးအစားက ဘယ္စတိုင္ေလးနဲ႔ဆို လိုက္မလဲ? ဘယ္အက်ႌဆိုရင္ ဘယ္စကတ္ေလးနဲ႔ လိုက္မလဲ? ဘယ္ accessories နဲ႔ လိုက္မလဲဆိုတာ ကိုယ့္စိတ္ႀကိဳက္ ေ႐ြးခ်ယ္လာႏိုင္ပါၿပီ။ လြန္ခဲ့တဲ့ ႏွစ္ ၄၀ေလာက္က ဒီလိုေ႐ြးခ်ယ္ဖို႔ အဝတ္အစားေတြ အမ်ားႀကီးမရွိခဲ့ပါဘူး။ စိတ္ကူးၾကည့္တာေတာင္ ခဲယဥ္းပါတယ္။

၈။ ယုံၾကည္စိတ္ခ်မႈ နဲ႔ လိုက္ေလ်ာညီေထြ ေနတတ္မႈ ရွိလာပါတယ္

ေခတ္သစ္လူေနမႈပုံစံက အမ်ိဳးသမီးတစ္ေယာက္ရဲ႕ ဘဝရည္မွန္းခ်က္ပန္းတိုင္အေပၚ ႀကီးမားတဲ့ အက်ိဳးသက္ေရာက္မႈ ရွိလာပါတယ္။ အရင္ generation တုန္းက မိသားစုတစ္စု ရွိျခင္းဆိုတဲ့ ရည္မွန္းခ်က္တစ္ခုတည္းသာ ေတြ႕ျမင္ႏိုင္ပါတယ္။ မိန္းကေလးေတြဟာ အိမ္ေထာင္က်ၿပီးတဲ့အခ်ိန္မွာ အိမ္မွာပဲေန၊ အိမ္မႈကိစၥေတြနဲ႔ အခ်ိန္ကုန္ ကေလးထိန္းၿပီး ဘဝကို ျမႇဳပ္ႏွံလိုက္ၾကပါတယ္။ အသက္ေမြးဝမ္းေက်ာင္းတစ္ခုခုလုပ္မယ္ဆိုတာ အမ်ိဳးသမီးအနည္းငယ္ရဲ႕ စိတ္ကူးယဥ္အိမ္မက္သာ ျဖစ္ခဲ့ပါတယ္။ အရင္တုန္းက အမ်ိဳးသမီးေတြအတြက္ အခြင့္အလမ္း နည္းပါးခဲ့ၾကပါတယ္။ ယေန႔မွာေတာ့ အသက္ ၃၀ အမ်ိဳးသမီးေတြဟာ ပညာေရး၊ အသက္ေမြးဝမ္းက်ာင္းက အဆင္သင့္ ျဖစ္ေနပါၿပီ။ သူတို႔ဘဝမွာ ရည္မွန္းခ်က္ပန္းတိုင္ေတြ ပိုၿပီး ေရာက္ရွိဖို႔ အဆင္သင့္ျဖစ္ေနပါၿပီ။ သူတို႔ရဲ႕ မိမိကိုယ္ကိုယ္ ယုံၾကည္မႈကလည္း သူတို႔ကို ပိုၿပီး ဆြဲေဆာင္မႈ ရွိေစပါတယ္။

၉။ ကိုယ့္ရဲ႕ က်န္းမာေရးနဲ႔ ပတ္သတ္ၿပီး ပိုမို responsible ရွိလာပါတယ္

အရင္တုန္းက က်န္းမာေရးႏွင့္ပတ္သတ္ၿပီး ဗဟုသုတေတြ၊ ေဆး႐ုံေဆးခန္းေတြ၊ ဆရာဝန္ေတြနဲ႔ အလွမ္းေဝးခဲ့သလို ဆရာဝန္ျပဖို႔ေတာင္ ရက္ခ်ိန္းအခက္အခဲေတြ ရွိခဲ့ၾကပါတယ္။
ယေန႔မွာ စာအုပ္၊ စာေပေတြဖတ္ၿပီး ဗဟုသုတေတြရရွိတာေၾကာင့္ အလွအပပဲျဖစ္ျဖစ္၊ က်န္းမာေရးပဲျဖစ္ျဖစ္ ႏွံ႔စပ္စြာ သိရွိလာၾကပါၿပီ။ ဘယ္လိုလကၡဏာေတြရွိရင္ ဘာေရာဂါျဖစ္ႏိုင္သလဲ? ဆရာဝန္နဲ႔ သြားျပဖို႔လိုသလားဆိုတာ အြန္လိုင္းမွာ ရွာေဖြယုံနဲ႔ ကိုယ့္ရဲ႕ေရာဂါကို အခ်ိန္မွီသိရွိ ကုသမႈခံယူလို႔ ရပါၿပီ။ ကိုယ္အဆင္ေျပတဲ့ေန႔မွာ ဆရာဝန္နဲ႔ သြားျပဖို႔ လြယ္ကူလာၿပီး အရည္အေသြးျမင့္ ပုဂၢလိက ေဆး႐ုံ၊ ေဆးခန္းေတြလည္း အမ်ားႀကီးရွိလာပါၿပီ။

၁၀။ ကိုယ့္ကိုယ္ကို ေလးစားမႈရွိလာၿပီး ကိုယ့္ဘာသာ ရပ္တည္ႏိုင္လာပါတယ္

အရင္တုန္းက လူ႔အဖြဲ႕အစည္းက အမ်ိဳးသမီးေတြကို တျခားလူေတြရဲ႕ အျမင္ေတြ၊ အထူးသျဖင့္ ကိုယ့္ထက္အသက္ႀကီးတဲ့သူ ေျပာတာကို နားေထာင္ဖို႔၊ ေလးစားဖို႔(respect) ေျပာေလ့ရွိၾကပါတယ္။ ကိုယ့္ထက္အသက္ႀကီးတဲ့ သူတစ္ေယာက္ေယာက္က ကိုယ့္ကိုတခုခုေျပာရင္ ရွက္ၿပီး ကိုယ့္ရဲ႕ self-confidence လည္းကင္းမဲ့ပါတယ္။ ယေန႔မွာ ဒီsocial လူေနမႈပုံစံမ်ားက ေျပာင္းလဲသြားခဲ့ပါၿပီ။ အသက္ႀကီးသူတိုင္းက အရာရာကို တတ္သိတဲ့သူ၊ ကိုယ့္ထက္ ေသခ်ာေပါက္ေတာ္တဲ့သူ မဟုတ္တာကို ကြၽန္မတို႔ သိလာၾကပါၿပီ။ ဒါ့ေၾကာင့္ ြၽန္မတို႔က သူတို႔ရဲ႕ထင္ျမင္ယူဆခ်က္ေတြကို ဆန္းစစ္ေဝဖန္ၿပီးမွ ယူရပါမယ္။ ကိုယ့္ရဲ႕ထင္ျမင္ယူဆခ်က္နဲ႔ ကိုယ့္ကိုယ္ကိုလည္း ေလးစားမႈရွိရပါမယ္။

၁၀။ ေရအလုံအေလာက္ ေသာက္တာက ဘယ္ေလာက္အေရးႀကီးတယ္ဆိုတာ သိလာပါတယ္

လြန္ခဲ့တဲ့ ဆယ္စုႏွစ္မ်ားစြာက ကြၽန္မတို႔ဟာ သန႔္စင္တဲ့ေရကို ေသာက္တာက ဘယ္ေလာက္အေရးႀကီးလဲဆိုတာ မသိခဲ့ၾကပါဘူး။ ကြၽန္မတို႔ လက္ဖက္ရည္ကိုသာ ေသာက္ခဲ့ၾကပါတယ္။ ယခု အ႐ြယ္ေရာက္သူအမ်ိဳးသမီးတိုင္းက ကေလးဘဝမွာ ေရေသာက္တဲ့အေလ့အထ မရွိရင္ အသက္ႀကီးလာမွ ရယူပိုင္ဆိုင္ဖို႔ အရမ္းခက္ခဲတယ္ဆိုတာ သိလာပါၿပီ။ ကြၽန္မဆိုရင္ ငယ္ငယ္ထဲက ေရေသာက္တတ္တဲ့ အက်င့္မရွိတာေၾကာင့္ အသက္အ႐ြယ္ရလာတဲ့အခ်ိန္မွာ အသားအေရေျခာက္ေသြ႕ၿပီး စိုစိုေျပေျပမရွိတာ၊ အေရးအေၾကာင္းေတြေပၚတာ ျဖစ္လာပါတယ္။ အသက္ ၃၀မွာ အသားအေရကို ေရဓါတ္ျပန္လည္ျဖည့္တင္းေပးၿပီး ခႏၶာကိုယ္အတြက္ လုံေလာက္တဲ့အရည္ေတြ ရရွိေစတာေၾကာင့္ ေရအလုံအေလာက္ေသာက္တာက တကယ့္ကို အေရးႀကီးပါတယ္။

Bonus။ ယခင္က အသက္ ၃၀ အမ်ိဳးသမီးနဲ႔ ယခုအသက္ ၃၀ အမ်ိဳးသမီး ဘယ္လိုကြာျခားသလဲ?

ယခင္က အသက္ ၃၀ အမ်ိဳးသမီးတစ္ေယာက္က ဘယ္လိုပုံလဲဆိုတာ သိခ်င္ရင္ လက္ဝဲဘက္ပုံက Irina Muravyova (၁၉၇၀ခုႏွစ္)ကိုၾကည့္ပါ။ မင္းသမီးဟာ Moscow Does Not Believe in Tears ႐ုပ္ရွင္ ႐ိုက္ကူးေနစဥ္အတြင္း 1979ခုႏွစ္မွာ အသက္ ၃၀ ရွိပါၿပီ။ ညာဘက္ပုံထဲက မင္းသမီးကေတာ့ 1988 မွာေမြးဖြားၿပီး ယခုအသက္ 30ရွိၿပီျဖစ္တဲ့ Emma Stone ျဖစ္ပါတယ္။
အသက္အ႐ြယ္တိုင္းမွာ ၎တို႔ရဲ႕ကိုယ္ပိုင္အားသာခ်က္ေတြရွိပါတယ္။ ဒါ့ေၾကာင့္ သင့္ရဲ႕ IDေပၚက ကိန္းက႑န္းေတြနဲ႔ ပတ္သတ္ၿပီး မစိုးရိမ္သင့္ပါဘူး။ သင့္ရဲ႕ လက္ရွိအသက္အ႐ြယ္မွာ ဘာအားသာခ်က္ေတြ ရွိပါသလဲ? ေအာက္မွာ မွတ္ခ်က္ေလးေတြ ေရးေပးႏိုင္ပါတယ္။

LM_Nandar

Lifestyle_Myanmar

Source-brightside

အရင်က အသက် ၃၀အမျိုးသမီးတွေထက် ခေတ်သစ် အသက် ၃၀အမျိုးသမီးတွေက ဘာ့ကြောင့် ပိုနုပျိုရတာလဲ?
အရင်ခေတ်တုန်းက အမျိုးသမီးတစ်ယောက် အသက် ၃၀ထဲဝင်လာပြီဆိုရင် လူကြီးစာရင်းဝင်သွားပြီ။ အပျိုဟိုင်းကြီးဖြစ်သွားပြီလို့ ဆိုကြပါတယ် ဒါပေမယ့် ယနေ့မှာ လူငယ်မိန်းကလေးတစ်ယောက်က မှတ်ပုံတင်ကိုင်ပြီး ကျွန်မ အသက် ၃၀ပါ လို့ပြောရင် ယုံနိုင်စရာမရှိပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ယနေ့အသက် ၃၀အမျိုးသမီးတွေဟာ အသက် ၂၀အမျိုးသမီးတွေလို့ထင်ရအောင် နုပျိုနေပါတယ်။ အသက် ၃၀ကျော်လာရင် ပိုပိုပြီးတော့တောင် လှလာတာကို တွေ့မြင်ရပါတယ်။ ဒါကဘာဖြစ်လို့ပါလဲ?
သိပ္ပံပညာရှင်များက middle age ဟာ ၃၅နှစ်မှ စတင်ကြောင်း သက်သေပြခဲ့ကြပါတယ်။ ဒါ့ကြောင့် သင့်အသက် ၃၀ရှိနေပြီဆိုရင် တရားဝင်လူငယ်တစ်ဦး ဖြစ်နိုင်ပါသေးတယ်။ ယနေ့ဆောင်းပါးမှာ ယခင်က အသက် ၃၀အမျိုးသမီးတစ်ယောက်နဲ့ ယနေ့ အသက်၃၀အမျိုးသမီးတစ်ယောက်တို့ ဘာ့ကြောင့် ခြားနားသွားတာလဲ? ဘယ်လိုအကြောင်းအရာတွေကြောင့်လဲ? ဆိုတာမျှဝေပေးချင်ပါတယ်။

၁။ အသက်အရွယ် ခြားနားမှုကို နားလည်လာကြပါတယ်
ယခင်က အမျိုးသမီးတစ်ယောက်ဟာ အသက် ၃၀ထဲဝင်လာပြီဆိုရင် ပျိုမြစ်မှုတွေကုန်ဆုံးပြီး အလှတရားတွေ မှေးမှိန်သွားပြီလို့ ပြောကြပါတယ်။ ငါ အသက် ၃၀ထဲရောက်လာပြီ။ သူငယ်ချင်းတွေ အိမ်ထောင်ကျလို့ ကလေးတွေရနေပြီ။ ငါခုထိ အပျိုကြီးဖြစ်နေတုန်းလို့ တွေးကောင်းတွေးနိုင်ပါတယ်။ ဒါပေမယ့် ယနေ့လူနေမှုပုံစံတွေက ပြောင်းလဲလာခဲ့သလို ယခု အသက်၃၀အရွယ်ဟာ အရွယ်ကောင်းဖြစ်ကြောင်း နားလည်လာကြပါတယ်။ အရင်တုန်းကဆို အမျိုးသမီးတစ်ယောက် အသက် ၃၀ကျော်လာရင် ငါအိုနေပြီ၊ အရွယ်လွန်နေပြီလို့ ထင်ကြပေမယ့် ယနေ့မှာတော့ ဒီကိန်းဂဏ္ဍန်းတွေနဲ့ ပတ်သတ်ပြီး ကျွန်မတို့ မစိုးရိမ်ကြတော့ပါဘူး။ ကျွန်မတို့ဟာ ကိုယ့်ရဲ့ အသွင်အပြင်ပေါ်မှာ အပြုသဘောဆောင်ပြီး ကိုယ့်ကိုယ်ကို ငယ်ရွယ်တယ်လို့ပဲ ခံစားရပါတယ်။ ကိုယ့်ကိုယ်ကို ကြည့်ကောင်းအောင်ပြင်ဆင်ပြီး လန်းဆန်းတတ်ကြွစွာ နေထိုင်ကြပါတယ်။ စိတ်ပျိုလို့ ကိုယ်နုတဲ့ သဘောပါပဲ။

၂။ လွတ်လပ်စွာ ရွေးချယ်ခွင့်တွေ ရှိလာပါတယ်
အရင်တုန်းက အမျိုးသမီးတစ်ယောက် ၂၅နှစ်အရွယ်ရောက်လာပြီဆိုရင် ငါ ဒါတွေဝတ်လိုက်ရင် အသက်ကြီးတဲ့ပုံပေါ်နေမလား? ဒါတွေက ကလေးကလားများ ဖြစ်နေမလားလို့ တွေးတာကြောင့် တောက်တောက်ပြောင်ပြောင် အဝတ်အစားတွေ၊ ဂါဝန်၊ စကတ်အတိုတွေနဲ့ တခြားကလေးဆန်တဲ့အဝတ်အစားတွေဆို ရှောင်ကြပါတယ်။ ယနေ့ခေတ် အသက် ၃၀အရွယ် မိန်းကလေးတွေကတော့ အရောင်တောက်တောက် အဝတ်အစားတွေ၊ ဂျင်းအပြဲတွေ ဝတ်ဆင်နိုင်ပြီး ဆံပင်ကို ဘယ်အရောင်မဆို ဆိုးနိုင်တုန်းပါပဲ။ ကိုယ် ဝတ်ချင်တဲ့ အဝတ်အစားပုံစံ၊ ညှပ်ချင်တဲ့ ဆံပင်ပုံစံ၊ ကြိုက်နှစ်သက်တဲ့ အရာတွေကို ရွေးချယ်ဖို့ မတွန့်ဆုတ်နေပါဘူး။ ဒါ့ကြောင့်လဲ ယခုခေတ် အသက် ၃၀မိန်းကလေးတွေဟာ နုပျိုပြီး လန်းဆန်းတတ်ကြွနေပုံပေါ်တာပါ။

၃။ အလှကုန်ပစ္စည်းတွေအပေါ်မှာ မတူညီတဲ့ သဘောထားတွေ ရှိပါတယ်
ကျွန်မတို့ အရွယ်ရောက်လာစဉ်က(ဒီဆောင်းပါးရေးသူက အသက် ၃၀ရှိပြီဖြစ်ပါတယ်) ဗျူးတီးဘလော့ဂါတွေ ၊ highlighter တွေ၊ glittersတွေလည်း မရှိခဲ့ပါဘူး။ အလှကုန်ပစ္စည်း ရွေးချယ်မှုက တကယ့်ကို အကန့်အသတ်ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၅နှစ်နဲ့ ယနေ့အခြေအနေက သိသိသာသာ ပြောင်းလဲခဲ့ပြီး အလှကုန်ပစ္စည်းဆိုလည်း ရွေးချယ်စရာတွေ အများကြီးရှိလာပါပြီ။ မိတ်ကပ်လိမ်းတဲ့ သဘောထားတွေလည်း ပြောင်းလဲခဲ့ပါပြီ။ အရင်တုန်းက အသက် ၃၀အမျိုးသမီးတွေဟာ ပွဲလမ်းသဘင် တွေရှိမှသာ မိတ်ကပ်ကို လိမ်းခြယ်ကြတာဖြစ်ပြီး ယနေ့ အမျိုးသမီးအများစုက ဘာအကြောင်းမှ မရှိတာတောင် နေ့တိုင်း မိတ်ကပ်လိမ်းကြပါတယ်။ ခေတ်သစ်အမျိုးသမီးတွေ တောက်ပပြီး ဆွဲဆောင်မှု ဘာ့ကြောင့် ပိုရှိသလဲဆိုတာ ဒါ့ကြောင့်ပဲဖြစ်ပါတယ်။

၄။ ငွေရေးကြေးရေး အခြေအနေ ပိုပြီးတည်ငြိမ်လာတာကြောင့်လည်း ဖြစ်ပါတယ်
ခေတ်သစ် အသက် ၃၀အမျိုးသမီးတွေက skin care နှင့် အလှကုန်ပစ္စည်းတွေအကြောင်း အများကြီးသိလာပါပြီ။ ကိုယ်ဘယ်မိတ်ကပ်ကို ရွေးချယ်သင့်သလဲ?၊ အသားအရေကောင်းအောင် ဘယ်လိုထိန်းသိမ်းမလဲဆိုတာ အွန်လိုင်းကနေတဆင့် သိလာသလို ကိုယ့်ကိုယ်ကို ဘယ်လိုဂရုစိုက်ရမလဲဆိုတဲ့ အသိအမြင်တွေ ပွင့်လာတာကြောင့်လည်း ဖြစ်ပါတယ်။ ဒီအသက်အရွယ်မှာ ကိုယ်ပိုင်ဝင်ငွေကလည်း တည်ငြိမ်ပြီးသားဆိုတော့ ကိုယ်လိုချင်တာကို စတိုးဆိုင်မှာ သွားရွေးချယ်ယုံပါပဲ။ နေရာတိုင်းမှာ gyms တွေလည်း ရှိလာပါပြီ။ Confidence ရှိလာတဲ့အတွက် ကိုယ့်အတွက်ကိုယ် ပိုက်ဆံသုံးဖို့ တွန့်ဆုတ် မနေတော့ပါဘူး။ ရလဒ်တစ်ခုအနေနဲ့ အမျိုးသမီးတွေမှာ ယခင် generation(မျိုးဆက်) မှာမရှိတဲ့ ငွေကြေးနဲ့ ကိုယ့်ရဲ့အသွင်အပြင်ကို စောင့်ရှောက်မှုကောင်းတွေယူပြီး အားကစားတွေ လုပ်တဲ့အလေ့အထ ရှိလာပါတယ်။

၅။ အဆင့်မြင့် cosmetology လုပ်ငန်းတွေကို သုံးလာပါတယ်
အရင်ခေတ်တုန်းက ကျွန်မတို့မိခင်တွေဟာ မိတ်ကပ်၊ ပေါင်ဒါ၊ နှုတ်ခမ်းနီလောက်သာ သိခဲ့ကြပြီး မိတ်ကပ်ပစ္စည်းတွေနဲ့ ပတ်သတ်လို့ ဘယ်လိုလိမ်းချယ်ရတယ်၊ ဘယ်လိုပြင်ဆင်ရတယ်ဆိုတာ သိဖို့မလွယ်ခဲ့သလို၊ အလွယ်တကူလည်း မလုပ်တတ်ခဲ့ကြပါဘူး။ ယနေ့ခေတ်မှာတော့ မိတ်ကပ်လိမ်းခြယ်နည်းအဆင့်ဆင့်က ကလေးကအစ ဘယ်အသက်အရွယ်မဆို လုပ်တတ်နေပါပြီ။ နေရာတိုင်းမှာ (အလှအပဆိုင်ရာ ကျွမ်းကျင်သူတွေ) Cosmetologists တွေလည်းအများကြီးရှိပြီး ဒီဝန်ဆောင်မှုတွေအတွက် ဈေးနှုန်းကလည်း မြင့်မားမှု မရှိပါဘူး။ ပလတ်စတစ် ဆာဂျရီကိုသာ ရည်ညွန်းတာ မဟုတ်ပါဘူး။ ပေါင်းတင်တာ ၊နှိပ်နယ်တာကစလို့ ခေါင်းအစခြေအဆုံး ကိုယ့်ရဲ့အသွင်အပြင်နဲ့ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ တခြားနည်းလမ်းတွေ ရှိလာပါပြီ။

၇။ ကိုယ့်ရဲ့စတိုင်ကို ရှာတွေ့လာကြပါတယ်
ယနေ့ခေတ် ဈေးဝယ်ထွက်ရတာက သက်သက်သာသာနဲ့ ပျော်စရာကောင်းပါတယ်။ ဝယ်ဝယ်မဝယ်ဝယ် မျက်စိအရသာခံပြီး ဆိုင်တွေ ပတ်ကြည့်တတ်တဲ့ ၊ အချိန်ကုန်ခံပြီး ဈေးဝယ်ထွက်ရတာ နှစ်သက်တဲ့ ကျွန်မတို့အတွက် shopping mall အကြီးကြီးတွေ ရှိလာပါပြီ။ ဒီလိုလျှောက်ဝယ်ရတာ မနှစ်သက်သူတွေအတွက် အိမ်အရောက်ပို့ပေးတဲ့ ဝန်ဆောင်မှုနှင့်အတူ အွန်လိုင်းစတိုးတွေ ရှိလာပါပြီ။ မော်ဒယ်မှာ သို့မဟုတ် ပုံမှာပြထားတဲ့ မူရင်းအဝတ်အစားနဲ့ ကိုယ့်ရဲ့စတိုင် လိုက်မလိုက်ဆိုတာ ကျွန်မတို့အတွက် စမ်းသပ်မှုတစ်ခု ဖြစ်လာပါတယ်။ ကိုယ့်ခန္ဓာကိုယ်အချိုးအစားက ဘယ်စတိုင်လေးနဲ့ဆို လိုက်မလဲ? ဘယ်အင်္ကျီဆိုရင် ဘယ်စကတ်လေးနဲ့ လိုက်မလဲ? ဘယ် accessories နဲ့ လိုက်မလဲဆိုတာ ကိုယ့်စိတ်ကြိုက် ရွေးချယ်လာနိုင်ပါပြီ။ လွန်ခဲ့တဲ့ နှစ် ၄၀လောက်က ဒီလိုရွေးချယ်ဖို့ အဝတ်အစားတွေ အများကြီးမရှိခဲ့ပါဘူး။ စိတ်ကူးကြည့်တာတောင် ခဲယဉ်းပါတယ်။

၈။ ယုံကြည်စိတ်ချမှု နဲ့ လိုက်လျောညီထွေ နေတတ်မှု ရှိလာပါတယ်
ခေတ်သစ်လူနေမှုပုံစံက အမျိုးသမီးတစ်ယောက်ရဲ့ ဘဝရည်မှန်းချက်ပန်းတိုင်အပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှု ရှိလာပါတယ်။ အရင် generation တုန်းက မိသားစုတစ်စု ရှိခြင်းဆိုတဲ့ ရည်မှန်းချက်တစ်ခုတည်းသာ တွေ့မြင်နိုင်ပါတယ်။ မိန်းကလေးတွေဟာ အိမ်ထောင်ကျပြီးတဲ့အချိန်မှာ အိမ်မှာပဲနေ၊ အိမ်မှုကိစ္စတွေနဲ့ အချိန်ကုန် ကလေးထိန်းပြီး ဘဝကို မြှုပ်နှံလိုက်ကြပါတယ်။ အသက်မွေးဝမ်းကျောင်းတစ်ခုခုလုပ်မယ်ဆိုတာ အမျိုးသမီးအနည်းငယ်ရဲ့ စိတ်ကူးယဉ်အိမ်မက်သာ ဖြစ်ခဲ့ပါတယ်။ အရင်တုန်းက အမျိုးသမီးတွေအတွက် အခွင့်အလမ်း နည်းပါးခဲ့ကြပါတယ်။ ယနေ့မှာတော့ အသက် ၃၀ အမျိုးသမီးတွေဟာ ပညာရေး၊ အသက်မွေးဝမ်းကျာင်းက အဆင်သင့် ဖြစ်နေပါပြီ။ သူတို့ဘဝမှာ ရည်မှန်းချက်ပန်းတိုင်တွေ ပိုပြီး ရောက်ရှိဖို့ အဆင်သင့်ဖြစ်နေပါပြီ။ သူတို့ရဲ့ မိမိကိုယ်ကိုယ် ယုံကြည်မှုကလည်း သူတို့ကို ပိုပြီး ဆွဲဆောင်မှု ရှိစေပါတယ်။

၉။ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ ပတ်သတ်ပြီး ပိုမို responsible ရှိလာပါတယ်
အရင်တုန်းက ကျန်းမာရေးနှင့်ပတ်သတ်ပြီး ဗဟုသုတတွေ၊ ဆေးရုံဆေးခန်းတွေ၊ ဆရာဝန်တွေနဲ့ အလှမ်းဝေးခဲ့သလို ဆရာဝန်ပြဖို့တောင် ရက်ချိန်းအခက်အခဲတွေ ရှိခဲ့ကြပါတယ်။
ယနေ့မှာ စာအုပ်၊ စာပေတွေဖတ်ပြီး ဗဟုသုတတွေရရှိတာကြောင့် အလှအပပဲဖြစ်ဖြစ်၊ ကျန်းမာရေးပဲဖြစ်ဖြစ် နှံ့စပ်စွာ သိရှိလာကြပါပြီ။ ဘယ်လိုလက္ခဏာတွေရှိရင် ဘာရောဂါဖြစ်နိုင်သလဲ? ဆရာဝန်နဲ့ သွားပြဖို့လိုသလားဆိုတာ အွန်လိုင်းမှာ ရှာဖွေယုံနဲ့ ကိုယ့်ရဲ့ရောဂါကို အချိန်မှီသိရှိ ကုသမှုခံယူလို့ ရပါပြီ။ ကိုယ်အဆင်ပြေတဲ့နေ့မှာ ဆရာဝန်နဲ့ သွားပြဖို့ လွယ်ကူလာပြီး အရည်အသွေးမြင့် ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းတွေလည်း အများကြီးရှိလာပါပြီ။

၁၀။ ကိုယ့်ကိုယ်ကို လေးစားမှုရှိလာပြီး ကိုယ့်ဘာသာ ရပ်တည်နိုင်လာပါတယ်
အရင်တုန်းက လူ့အဖွဲ့အစည်းက အမျိုးသမီးတွေကို တခြားလူတွေရဲ့ အမြင်တွေ၊ အထူးသဖြင့် ကိုယ့်ထက်အသက်ကြီးတဲ့သူ ပြောတာကို နားထောင်ဖို့၊ လေးစားဖို့(respect) ပြောလေ့ရှိကြပါတယ်။ ကိုယ့်ထက်အသက်ကြီးတဲ့ သူတစ်ယောက်ယောက်က ကိုယ့်ကိုတခုခုပြောရင် ရှက်ပြီး ကိုယ့်ရဲ့ self-confidence လည်းကင်းမဲ့ပါတယ်။ ယနေ့မှာ ဒီsocial လူနေမှုပုံစံများက ပြောင်းလဲသွားခဲ့ပါပြီ။ အသက်ကြီးသူတိုင်းက အရာရာကို တတ်သိတဲ့သူ၊ ကိုယ့်ထက် သေချာပေါက်တော်တဲ့သူ မဟုတ်တာကို ကျွန်မတို့ သိလာကြပါပြီ။ ဒါ့ကြောင့် ျွန်မတို့က သူတို့ရဲ့ထင်မြင်ယူဆချက်တွေကို ဆန်းစစ်ဝေဖန်ပြီးမှ ယူရပါမယ်။ ကိုယ့်ရဲ့ထင်မြင်ယူဆချက်နဲ့ ကိုယ့်ကိုယ်ကိုလည်း လေးစားမှုရှိရပါမယ်။

၁၀။ ရေအလုံအလောက် သောက်တာက ဘယ်လောက်အရေးကြီးတယ်ဆိုတာ သိလာပါတယ်
လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာက ကျွန်မတို့ဟာ သန့်စင်တဲ့ရေကို သောက်တာက ဘယ်လောက်အရေးကြီးလဲဆိုတာ မသိခဲ့ကြပါဘူး။ ကျွန်မတို့ လက်ဖက်ရည်ကိုသာ သောက်ခဲ့ကြပါတယ်။ ယခု အရွယ်ရောက်သူအမျိုးသမီးတိုင်းက ကလေးဘဝမှာ ရေသောက်တဲ့အလေ့အထ မရှိရင် အသက်ကြီးလာမှ ရယူပိုင်ဆိုင်ဖို့ အရမ်းခက်ခဲတယ်ဆိုတာ သိလာပါပြီ။ ကျွန်မဆိုရင် ငယ်ငယ်ထဲက ရေသောက်တတ်တဲ့ အကျင့်မရှိတာကြောင့် အသက်အရွယ်ရလာတဲ့အချိန်မှာ အသားအရေခြောက်သွေ့ပြီး စိုစိုပြေပြေမရှိတာ၊ အရေးအကြောင်းတွေပေါ်တာ ဖြစ်လာပါတယ်။ အသက် ၃၀မှာ အသားအရေကို ရေဓါတ်ပြန်လည်ဖြည့်တင်းပေးပြီး ခန္ဓာကိုယ်အတွက် လုံလောက်တဲ့အရည်တွေ ရရှိစေတာကြောင့် ရေအလုံအလောက်သောက်တာက တကယ့်ကို အရေးကြီးပါတယ်။

Bonus။ ယခင်က အသက် ၃၀ အမျိုးသမီးနဲ့ ယခုအသက် ၃၀ အမျိုးသမီး ဘယ်လိုကွာခြားသလဲ?
ယခင်က အသက် ၃၀ အမျိုးသမီးတစ်ယောက်က ဘယ်လိုပုံလဲဆိုတာ သိချင်ရင် လက်ဝဲဘက်ပုံက Irina Muravyova (၁၉၇၀ခုနှစ်)ကိုကြည့်ပါ။ မင်းသမီးဟာ Moscow Does Not Believe in Tears ရုပ်ရှင် ရိုက်ကူးနေစဉ်အတွင်း 1979ခုနှစ်မှာ အသက် ၃၀ ရှိပါပြီ။ ညာဘက်ပုံထဲက မင်းသမီးကတော့ 1988 မှာမွေးဖွားပြီး ယထုအသက် 30ရှိပြီဖြစ်တဲ့ Emma Stone ဖြစ်ပါတယ်။
အသက်အရွယ်တိုင်းမှာ ၎င်းတို့ရဲ့ကိုယ်ပိုင်အားသာချက်တွေရှိပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ IDပေါ်က ကိန်းကဏ္ဍန်းတွေနဲ့ ပတ်သတ်ပြီး မစိုးရိမ်သင့်ပါဘူး။ သင့်ရဲ့ လက်ရှိအသက်အရွယ်မှာ ဘာအားသာချက်တွေ ရှိပါသလဲ? အောက်မှာ မှတ်ချက်လေးတွေ ရေးပေးနိုင်ပါတယ်။

LM_Nandar

Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here